Saturday, 18 June 2011

[Aung San Suu Kyi] New link

Ko Baloi 18 June 19:47

လောကဓံနဲ့ အာဏာရှင်စနစ်ဆိုးဆိုးရဲ့
ထိုးနှက် ရိုက်ပုတ်တဲ့ ဒဏ်တွေကို
မတုန်မလှုပ် ခံနိုင်စွမ်းတဲ့
ငါတို့...အားလုံးရဲ့အမေ ။
သူမ- ဆီမှာ
မြင့်မြတ်သူတို့ရဲ့ နှလုံးသား
ခွင့်လွှတ်ခြင်းနဲ့ အဃာသ မထား
သဘောထားကြီးတဲ့ နှူးည စိတ်ထား
အကောင်းမြင်ဝါဒနဲ့ ခံသီပါရမီ
ပြည်ချစ်စိတ်နဲ့ မကြောက်တရား
အဲဒါတွေအကုန်လုံး
သူမ...ရင်ထဲအပြည့်ရှိတယ် ။
တက္ကသိုလ်ရိပ်သာရဲ့ ခြံအမှတ် ၅၄
ငါတို့ မနေတဲ့ အမေ့ရဲ့အိမ်
အဲဒီ- အိမ်ကိုလေ
တခါးမရှိ  ဓါးမရှိ ဗီဇာမလို ခွင့်မဆိုပဲ
ဝင်ချင် ထွက်ချင်စမ်းပါဘိ...အို မိခင် ။
သဘောထားကြီးပြီး
မေတ္တာတရား လွှမ်းရစ်ခြုံသိုင်းထားတဲ့
ငါတို့...အားလုံးရဲ့ အမေ ၊
လောကဓံကို ခံနိုင်စွမ်းတဲ့
ငါတို့...အားလုံးရဲ့ အမေ ၊
အာဏာရှင်စနစ်ဆိုးကြီးကို တွန်းလှန်ဖြိုဖျက်နေတဲ့
ငါတို့...အားလုံးရဲ့ အမေ ၊
ဇရာရွယ်လွန်ပေမယ့် ကျနော်တို့ အတွက်ကတော့
တည်ကြည်ခန့်ညား အမေ့ရုပ်ရည်ဟာ
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျှက်မြဲပါ...အို မိခင် ။
မတွေ့တာကြာတော့လည်း သားကိုတွေ့ချင်နေတဲ့ အမေတွေ
အမေကိုတွေ့ချင်နေတဲ့ သားတွေ
ဒီ-နှစ်ခုရဲ့ကြားမှာ
အဖြေညှိုလို့မရတဲ့ ပဟေဋိပုစ္စာတော့ ရှိနေမယ် ။
အမေနဲ့သား
ခိုင်မြဲတဲ့ မေတ္တာပေါင်းကူးတံတားကြားမှာ
မသွားရဘူး မလာရဘူး မဖြတ်ရဘူး
ဘယ်သူတားတား ရရိုးတဲ့...လား ။
ကဲ...ဒီ-မနက်ခင်းလေးထဲမှာပဲ
ငါတို့ သွားကြပါစို့ လား
ငါတို့ မနေတဲ့ အမေ့ရဲ့ အိမ်
ခြံအမှတ် ၅၄
တက္ကသိုလ်ရိပ့်သာရဲ့ အမေနေတဲ့
အမေ့ရဲ့ အိမ်ကိုလေ ။



View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment