Tuesday, 21 June 2011

[Big Brothers & Sisters] New doc: FaceBook ရဲ့ policy

created the doc: "FaceBook ရဲ့ policy "
Yarzar Yeni created the doc: "FaceBook ရဲ့ policy "

(From A Forward Mail)

FaceBook ရဲ့ policy အသစ်အကြောင်းပါ။ FaceBook F8 Event ပြီးတော့ အသစ်ဖြစ်လာတဲ့ Terms & Conditions တွေတော်တော်များများကို အားလုံး သိထားသင့်တယ်ထင်လို့ပါ။

Policy အသစ်ရဲ့ Section 2.1 အရ FaceBook မိတ်ဆွေ တင်သမျှ Data including status update, photos, videos အားလုံးက FaceBook က ပိုင်တယ်ဆိုတာ သဘောတူထားပြီးသား အလိုလျောက်ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ အဲဒီ messages တွေကို လိုသလိုသုံးနိုင်တယ်။ ဥပမာ – Live Search လုပ်ချင်လဲ လုပ်လို့ရတယ်.. ဓာတ်ပုံဆိုလဲ သူတို့ပိုင်သွားတယ်ဆိုတော့ ကြိုက်တာလုပ်ချင်တာလုပ်မယ်ဆိုတဲ

့ သဘောပါပဲ။ Wink.com လို Person Search Engine လုပ်ချင် လုပ်လို့ရသွားနိုင်တယ်  ဥပမာ DeviantArt လို ဆိုဒ်မှာ ကျွန်တော်တို့ art work သွားတင်ထားလဲ ကိစ္စမရှိပါဘူး Right က ကျွန်တော်တို့ဆီမှာပဲ အပြည့်ရှိတယ်.. သူတို့ ဟာက free service ဖြစ်တာတောင် အဲဒီ art work, photo ကို print လုပ်ချင်ရင် ရောင်းချင်ရင် ကျွန်တော်တို့ကို ဆက်သွယ်ရပါတယ်။ FaceBook policy အရဆိုရင် Right တင်မက အားလုံး exact data ကိုပိုင်တယ်ဆိုတဲ့ သဘောပါ။ ဒါမျိုးက ဘယ် social networking ဆိုဒ်မှာမှ policy မရှိပါဘူး။ Flickr လိုမျိုးမှာလဲမရှိဘူး Stock Photo ရောင်းတဲ့ iStockPhoto မျိုးမှာတောင် ကိုယ့် photo တင်ထားရောင်းဦးတော့ သူတို့ မပိုင်ပါဘူး ကော်မရှင်ခပဲ ယူလို့ရပါတယ်။

Section 4.6 အရ မိတ်ဆွေဟာ FaceBook မှာ up to date မဖြစ်ရင် status update မလုပ်ရင် notice မပေးပဲ ဖျက်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။   FaceBook founder, CEO Zukerbag ရဲ့ Ethic ပြသနာလဲ ရှိပါသေးတယ်။ Founder ကိုယ်တိုင်က အရင်တုန်းက users တွေရဲ့ အကောင့်က password ကိုကြည့်ပြီး personal email တွေ ၀င်ဖတ်ဖူးတဲ့ ပြသနာရှိတယ်လို့ ပြောပါတယ်။

FaceBook က F8 Conference မှာ Open Graph ဆိုတဲ့ API ကို စပြီး မိတ်ဆက်ပေးပါတယ် အမှန်တော့  personally ကို အခြားနိုင်ငံခြားက ဘလော့ဂ်တွေမှာရော ကွန်မန့်တွေမှာပါ လူတွေ မကြိုက်တာတွေ့ပါတယ်။ Open Graph ထပ်စာရင် Open Grab ဆိုပြီးပြောင်းလိုက် ရင်ကောင်းမယ်။ ဘာတွေပြသနာ ရှိလဲဆိုတော့ FaceBook Like button ပါတဲ့ အခြားဆီက blog တစ်ခုခုမှာ ကျွန်တော် Like ကို နှိပ်လိုက်တယ်ဆိုရင် ကျွန်တော့် FaceBook သူငယ်ချင်းတွေဆီက timeline မှာ ကျွန်တော် အဲဒီ link မှာ like လုပ်တဲ့ အကြောင်းသွားပြတယ်.. ကျွန်တော် အဲဒီ ပို့စ်ကို ကျွန်တော့်ကို သူငယ်ချင်းတွေဆီကို share လုပ်မှာလားဆိုတာမျိုးလဲ မမေးဘူး။ နောက်ဆို Like မနှိပ်ခင် အဲဒီကိစ္စပါ စဉ်းစားဖို့လိုလာတယ်.. FaceBook အထဲမှာက friend ဆိုပြီးသာပါတာ ကိုယ်နဲ့ မသိတဲ့ သူက အများကြီးရယ်…

 

FaceBook မှာ status message က အရင်ကတည်းက public လုပ်မှာလား private လုပ်မှာလားဆိုပြီး ရှိပါတယ်။ ကျွန်တော်ကတော့ friend only private လုပ်ထားတော့ message အောက်တွေမှာ lock ပုံလေး အမြဲပါတယ်။ အခုချိန်မှာတော့ public ဆိုတာက friend တင်မဟုတ် friend of friend တင်လဲမဟုတ်တော့ဘူး FaceBook Society အကုန်ပါသွားပြီ facebook API သုံးထားတဲ့ နေရာမှန်သမျှကို public လို့ ဆိုလိုတာ ဖြစ်သွားပါပြီ။ အဲဒါကိုလဲသတိထားဖို့ လိုပါတယ်။

နောက်တစ်ခုက FaceBook Application တွေက user data တော်တော်များများကို access လုပ်ခွင့်ရနေတယ်လို့ ဆိုပါတယ်။ သတင်းတွေတိုင်းလိုလိုမှာလဲ တွေ့နေရတော့ သတိထားဖို့လိုတယ်လို့ ထင်တယ်။ တချို့ application တွေဆို ကိုယ့်ဓာတ်ပုံဖိုင်တွေထဲ ၀င်မွှေပြီး Idiot of the Day လုပ်လို့လုပ်နဲ့ အဲဒီပုံတွေ access လုပ်လို့ ရကတည်းက နဲနဲတော့ လန့်နေပြီ F8 လဲပြီးရော ကြော်ငြာတွေက အစ Google Adsense ထက်ပို တိကျတာမျိုးတွေ ညာဘက်မှာ ပေါ်နေပြီ ဥပမာ – Singapore မှာ Rock Concert ရှိတယ်ဘာညာနဲ့ Advertiser ကလဲ ကျွန်တော့် profile data ကို access လုပ်လို့ရနေတဲ့ သဘောပဲ ဘယ်မှာနေတယ်.. ဘာ movie ကြိုက်တယ်.. ဘာ music ကြိုက်တယ် အကုန်ယူထားတယ်။ 

 Technical problems တွေ holes တွေလဲ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ technical problems တွေ အသာထားပြီး social problems တွေပဲ ဆက်ပြောတော့မယ်..  

နောက်ပြသနာတွေရှိသေးတယ် အဲဒါက photo တွေမှာ tag လုပ်ရင် profile album ထဲမှာ လာလာပေါ်တာကလဲ ပြသနာ.. ငယ်ငယ်တုန်းကလို သောင်းကျန်းတုန်းက ပုံတွေ ဘော်ဒါတွေက ပြန်တင်ပြီး tag ကြရင် profile ထဲမှာ လာပြီး ခန့်ခန့်ကြီးပေါ်လို့ဗျာ.. ကျွန်တော့် ဘော်ဒါဆို ညဘက်ကြီး အကျီကျွတ်တွေနဲ့ လမ်းဘေးမှာ ဂစ်တာတီးနေတဲ့ ပုံတွေ သူများတင်တော့ tag ခံရပြီး profile ထဲမှာ အခန့်သားပေါ်လာတော့ အောက်က comment ပေးသွားတယ်။ အကိုတို့ ငယ်ငယ်က တော်တော် စရိုက်ကျတာပဲနော်တဲ့..  ဒီကြားထဲ application များက fake tag ကြတာက အပြွတ်လိုက်ပါသေးတယ်။ အဆိုးဆုံးကတော့ My SIM ဆိုလားပဲ တစ်ခါ tag ရင် အများကြီးပဲ.. ကြည့်မရတဲ့ facebook က ဘော်ဒါများကို နောက် အရှက်ခွဲချင်ရင် ငယ်ငယ်က ပုံတွေသာတင်ပြီး ပြန် tag ပေးလိုက်ဗျာ သူတို့ timeline ထဲမှာ သွားပေါ်ပြီး အခြားသူတွေပါ ကြေငြာပြီးသားဖြစ်သွားမယ်.. တစ်ခုတော့ သတိထားဗျ တင်သမျှပုံ FaceBook က သူပိုင်တယ် လုပ်မှာနော်..

ပြသနာတွေထဲမှာ FaceBook icons တွေလို လိုက်လုပ်ထားတဲ့ fake Applications တွေကလဲ ရှိသေးတယ်။ နောက်သတိထားစရာက FaceBook က avatar, Profile Photo ဟာ လုံးဝ public ဖြစ်တယ်ဆိုတာပါ web site တွေ blog တွေက side bar မှာ Like လုပ်ထားရင် နောက်လူတွေလာဖတ်ရင် သိသိမသိသိ Fan အနေနဲ့ ပြမှာပါ။ Post ကို Like လုပ်တာကတော့ friend only ပြပေမယ့် အဲဒီ Fan Like ကတော့ public ဖြစ်သွားတာမို့ ကောင်မလေးနဲ့ တွဲရိုက်ထားတာမျိုးတွေ ပုံတွေ တင်ရင် သတိထားဖို့လိုပါတယ် ယောက်ဖတွေ ယောက္ခမတွေတွေ့သွားရင် လုံးဝ မလွယ်ပါဘူး 

မြန်မာလို အများဆုံးရေးပြီး status messages update လုပ်တာတွေက သူတို့လဲ တချိန်သုံးလို့ ရမရ မသေချာပေမယ့် photos တွေ videos တွေပါ ပိုင်တယ်ဆိုတဲ့ policy ကို အများသိအောင် အသိပေးတာပါ။ FaceBook အနေနဲ့တော့ အချိန်မှီ Google Buzz လို မဖြစ်အောင် ပြန်ပြင်သင့်တယ် ထင်တာပါပဲ။ လောလောဆယ်တော့ FaceBook အကောင့် delete လုပ်ဖို့ campaign တွေလဲ ရှိနေတာတွေ့ရတယ်။ ဖျက်ဖို့ အထိကတော့ မလွယ်ပါဘူး ဓာတ်ပုံတွေ ဘာတွေတင်တာ ဆင်ခြင်နိုင်တာကောင်းပါတယ်။ လောလောဆယ်တော့ US Congress ကလဲ စာပို့ပြီး စုံစမ်းနေတယ် ပြောပါတယ်။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment