Saturday, 18 June 2011

[Big Brothers & Sisters] New doc: FEC ကို ဈေးပိုရသည့် Account Transfer အဖြစ် ရောင်းချ

created the doc: "FEC ကို ဈေးပိုရသည့် Account Transfer အဖြစ် ရောင်းချ"
Rozoner King created the doc: "FEC ကို ဈေးပိုရသည့် Account Transfer အဖြစ် ရောင်းချ"

[By Zegyo Mandalay]

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၁၉၉၃ ခုနှစ်မှစတင်ပြီး ထုတ်ဝေသုံးစွဲ အသုံးပြုလျက်ရှိသော FEC ငွေကြေးတန်ဖိုး နိမ့်ကျလျက်ရှိသောကြောင့် FEC နှင့် တရားဝင်လစာ ရရှိနေသူများသည် FEC ကို ငွေသားအဖြစ် ဈေးပိုရပြီး သွင်းကုန်များ တင်သွင်းနိုင်သော ပို့ကုန်ရငွေအဖြစ် အသွင်ပြောင်းနိုင်သည့် Account Transfer အဖြစ် ရောင်းချကြကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ "အစိုးရက ပြည်တွင်းမှ တရားဝင်ရနေတဲ့ နိုင်ငံခြားငွေကို သွင်းကုန်တင်သွင်းနိုင်တဲ့ ပို့ကုန်ရငွေအဖြစ် ၂၀၁၀ ခုနှစ်ကတည်းက အသိအမှတ် ပြုထားတယ်။ INGO တွေ၊ နိုင်ငံခြားကုမ္ပဏီတွေမှာ FEC နဲ့ တရားဝင် လစာရနေတဲ့ သူတွေက အခွန် ၁၀ရာခိုင်နှုန်း ဆောင်ထားပြီးသား သူတွေဆိုတော့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှာ ဘဏ်စာရင်းဖွင့် FEC ကို ဘဏ်စာရင်း ထဲထည့်ပြီး Account Transfer အဖြစ် ပြန်ရောင်းလို့ရတယ်။ အဲဒါကို ဈေးကွက်မှာ လစာ Earning လို့လည်းခေါ်တယ်" ဟု မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံရှိ ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုတို့ ပူးပေါင်းပြီး ရန်ကုန်မြို့တော်တွင် ဖွင့်လှစ်ထားသော ဘဏ္ဍာရေးဆိုင်ရာ ဖက်စပ်ကုမ္ပဏီတွင် အလုပ်လုပ်နေသည့် မြန်မာဝန်ထမ်းတစ်ဦးက ရှင်းလင်းပြောကြားသည်။ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ အရောင်းအဝယ် ဈေးကွက်တွင် FEC နှင့် လစာတရားဝင် ရရှိထားသူများထံမှ Account Transfer (လစာ Earning) ကို ဝယ်ယူ စုဆောင်းသူများရှိကြောင်း၊ စုဆောင်း ရရှိလာသည်များကို သွင်းကုန်တင်သွင်းရန် ပို့ကုန်ရငွေအဖြစ် ပြန်လည် အသုံးပြုကြသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရကြောင်း ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment