Monday, 20 June 2011

[Big Brothers & Sisters] New doc: လက်တစ်ဘက်နှင့် အချစ်သက်သေ

created the doc: "လက်တစ်ဘက်နှင့် အချစ်သက်သေ"
Rozoner King created the doc: "လက်တစ်ဘက်နှင့် အချစ်သက်သေ"

[By Nyi Thit]

"လက်တစ်ဘက်နှင့် အချစ်သက်သေ"

 

စစ်အတွင်းမှာ ဗိုလ်မှူးတစ်ယောက်ဟာ သူ့ဇနီးဆီက စာတစ်စောင်ရပြီး စာထဲမှာ ဇနီးဖြစ်သူက သူ့ကို ဘယ်လောက်လွမ်းကြောင်းနဲ့ သူ့ကို မမြင်လိုက်ရဘဲသေမှာ စိုးရိမ်တာကြောင့် သူမလာနိုင်ဘူးလားလို့ ရေးထားတယ်။ အဲဒီစာကို ရရချင်း ဗိုလ်မှူးဟာ ချက်ချင်းခွင့်တင်တယ်။ သူဟာ လွန်ခဲ့တဲ့ သုံးရက်အတွင်းကပဲ ဆုချီးမြှင့်ခံထားရတာဖြစ်တော့ ခွင့် သုံးရက် ရသွားသတဲ့။

 

သူ အိမ်ကို လေယာဉ်နဲ့ ပြန်ပေမယ့် သူမရောက်ခင် တစ်နာရီအလိုမှာပဲ သူ့ဇနီးဟာ ဆုံးသွားရှာတယ်။ သူ့ခမျာလည်း ၀မ်းနည်းငိုယို ဇနီးကိုမြေချပြီး သူ့တပ်အခြေစိုက်စခန်းကို ရထားစီးပြီး ပြန်ခဲ့တယ်။ ဒါပေမယ့် သူ့အတွက် အရေးကြီးတဲ့ ၀န်ထမ်းကတ် ပျောက်နေတယ်ဆိုတာ သိလိုက်ရတယ်။ သူ့မှာရှိတာ မှန်သမျှတွေထဲမှာ ပိုက်စိတိုက်ရှာတာလည်း မတွေ့ဘူး။ သူ့ခမျာ ခက်ခက်ခဲခဲနဲ့ သူစီးလာခဲ့တဲ့ ရထားဘူတာရုံအထိ ပြန်လာရှာတော့လည်း မတွေ့ပြန်ဘူး။ နောက်ဆုံး သူ့အိမ်အထိပါ ပြန်လိုက်ရတယ်။ အိမ်မှာ သူ အိပ်နေရင်းကနေ ဇနီးဖြစ်သူကို အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ ဇနီးက သူ့ရဲ့ ၀န်ထမ်းကပ်ဟာ သူ့ အခေါင်းထဲမှာ ရှိကြောင်း၊ သူ့ကို မြေချစဉ်က သူ့ကို ကုန်းနမ်းလိုက်ချိန်မှာ ထွက်ကျခဲ့တာလို့ ပြောတယ်။ အဲဒီ အိပ်မက်ထဲမှာ ဇနီးဖြစ်သူက ကတ်ပြန်လာယူရင် သူ့မျက်နှာမှာ ဖုံးထားတဲ့ ဇာပုဝါကို လှစ်မကြည့်ပါနဲ့လို့လည်း ပြောတယ်။

 

ဗိုလ်မှူးကလည်း သူ့ကို အိပ်မက်ထဲမှာ ပြောထားတဲ့အတိုင်းလုပ်တယ်။ အခေါင်းကို ပြန်ဖော်ဖွင့်ပြီးကြည့်လိုက်တော့ အထဲမှာ သူ့ကတ်ကို တွေ့ရတယ်။ ဒါပေမယ့် သူ့စိတ်ကို ထိန်းမထားနိုင်ဘူး။ ဒါကြောင့် သူ့ဇနီးဖြစ်သူရဲ့ မျက်နှာမှာ လွှားထားတဲ့ ဇာပုဝါကို လှပ်ကြည့်မိတယ်။ ဇနီးဖြစ်သူဟာ ဘယ်ဘက်ပါးပေါ်မှာ လောက်တစ်ကောင် တက်နေတာကလွဲရင် အသက်ရှင်နေတုန်းကလိုပဲ ရှိနေတယ်။ ဗိုလ်မှူးက အဲဒီ လောက်ကောင်လေးကို သူ့လက်နဲ့ ဖယ်ပေးလိုက်ပြီး အခေါင်းကို ပြန်မြှုပ်ခဲ့တယ်။

 

ခုတော့ သူ့မှာ ခွင့်ရက်က နည်းနည်းပဲ ရှိတော့တာမို့ လေတပ်စခန်းဆီကိုပဲ တိုက်ရိုက်သွားရတော့တယ်။ ဒါပေမယ့် သူသွားမယ့်ခရီးစဉ်အတွက် လေယာဉ်က အဲဒီမှာ ရှိမနေဘူး။ ဒါပေမယ့် မည်းတူးနေတဲ့ ဂျာကင် ၀တ်ထားတဲ့ လေယာဉ်မှူးတစ်ယောက်က သူ့ကို ဆွဲခေါ်ပြီး သူသွားမယ့် ခရီးစဉ်က ဗိုလ်မှူးသွားမယ့် ခရီးစဉ် ဖြစ်နေတာကြောင့် သူလိုက်ပို့ပေးလို့ရတယ်လို့

ပြောတယ်။ သူ ဘယ်သွားမလဲဆိုတာ လေယာဉ်မှူးက သိနေတဲ့အတွက် ဗိုလ်မှူးက အံ့အားသင့်သွားပေမယ့် လေယာဉ်မှူးကို ကြည့်လိုက်တော့မှ သူ ခွင့်အတွက်ပြန်တုန်းက မောင်းပို့တဲ့ လေယာဉ်မှူးပဲဆိုတာ မှတ်မိသွားတယ်။

"မင်း တစ်ခုခုဖြစ်နေတာလား" လို့ ဗိုလ်မှူးက မေးတယ်။

"ကျွန်တော် အပြန်ခရီးစဉ်တုန်းကတော့ တိုက်ပွဲ နည်းနည်း ဖြစ်သေးတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး။ လမ်းသင့်နေတာပဲ ကျွန်တော် ဗိုလ်မှူးကို ပို့ပေးပါ့မယ်" လို့ လေယာဉ်မှူးက ပြောတယ်။

 

သူတို့ ညမှာ လေယာဉ်နဲ့ ထွက်ခဲ့တယ်။ ဗိုလ်မှူးကလေယာဉ်ဘေးနဲ့ အပြိုင်တန်းထားတဲ့ သံတန်းခုံမှာ ထိုင်ပြီး လိုက်ပါလာတယ်။ လေယာဉ်က ပျံနိုင်သေးတဲ့အတွက်တော့ သူ အံ့သြမိတာ အမှန်ပဲ။ လေယာဉ်တစ်ခုလုံးက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကိုး။ နေရာအနှံ့မှာ သမျှင်သံစတွေကလည်း တွဲလောင်း ဖြစ်လိုဖြစ်၊ မီးသွေးတုံးလိုဟာမျိုးတွေကလည်း ဗိုလ်မှူးခြေထောက်ကို လာလာတိုက်မိနေတယ်။ အသားမီးလောင်ထားတဲ့ အနံ့စူးစူးကြီးကိုလည်း ရနေတယ်။ မကြာခင်မှာ သူတို့လေယာဉ် ဆင်းတယ်။ ဗိုလ်မှူးက ဒီနေရာက သူသွားချင်တဲ့နေရာ သေချာရဲ့လားလို့ လေယာဉ်မှူးကိုမေးတော့။ လုံးဝသေချာတယ်လို့ လေယာဉ်မှူးက ပြန်ဖြေတယ်။

 

"ငါတို့လေယာဉ်က ဘယ်လိုဖြစ်လို့ ဒီလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာလဲကွ" ဗိုလ်မှူးက မေးတော့ လေယာဉ်မှူးကလည်း သူ့လေယာဉ်မောင်းဟာ အရင်တုန်းက လေယာဉ်ကို သန့်ရှင်းရဲ အမြဲလုပ်နေသူဖြစ်ပြီး အခု တိုက်ပွဲကျသွားပြီလို့ ပြန်ဖြေတယ်။ နောက် လေယာဉ်ပေါ်ကနေ မည်းမည်းလိုဟာမျိုးတွေဆွဲချနေပြီး "ဟိုမှာလေ၊ ကျွန်တော့် လေယာဉ်မောင်း" ဆိုပြီး ပြောတယ်။

 

လေယာဉ်ဆိုက်ထားတဲ့နေရာက လယ်ကွင်းတစ်ခုထဲမှာ။ လယ်ကွင်းတစ်ခုလုံးလည်း ဒဏ်ရာရတဲ့လူတွေ အပြည့်နဲ့။ ပတ်ဝန်းကျင် တစ်ခုလုံးကလည်း သစ်တောတွေချည်းပဲ။ အဝေးမှာ မီးဖိုထားတာတစ်ခု တွေ့နေရတယ်။ မီးလောင်ပြီး ပြာဖြစ်နေတဲ့ ကားတွေနဲ့ စစ်ယာဉ်တွေကြားထဲမှာ လဲကျနေသူတွေရှိသလို ထိုင်နေသူတွေရော၊ မတ်တပ် ရပ်နေသူတွေပါ အပါ အ၀င် ဟိုဟိုဒီဒီ သွားနေသူတွေပါ ရှိနေတယ်။

"မင်း ငါ့ကို ဘယ်ခေါ်လာတာလဲ။ ဒါက  ငါ့စခန်းမဟုတ်ဘူးကွ" လို့ ဗိုလ်မှူးက ပြောတယ်။

"ဒါ ဗိုလ်မှူးရဲ့ စခန်းပါပဲ။ ဗိုလ်မှူးကို လိုက်ပို့ခဲ့တဲ့ နေရာကိုပဲ အခု ပြန်ခေါ်လာတာပါ" လို့ လေယာဉ်မှူးက ပြောတယ်။

ဗိုလ်မှူးကလည်း သူ့နယ်မြေဟာ အ၀ိုင်းခံလိုက်ရပြီး ချေမှုန်းခံလိုက်ရပြီဆိုတာ သိလိုက်ရတယ်။ အားလုံးက သေရင်သေ၊ မသေလည်း ဒဏ်ရာရ ဖြစ်နေပြီကိုး။ ဒါကြောင့် သူဟာ မီးသွေးလိုမည်းတူးနေတဲ့ အရာတွေကို သူ့ လေယာဉ်မောင်းလို့ ပြောနေရင်း အလုပ်များနေတဲ့ လေယာဉ်မှူး အပါအ၀င် ရှိသမျှ လူတွေအကုန်လုံးကို ဆဲရေး တိုင်းထွာနေတယ်။ လေယာဉ်မှူးကလည်း မီးသွေးခဲလိုအရာတွေကို သူ့ လေယာဉ်မောင်းဆိုပြီး တောင်းတောင်းပန်ပန်ပြောဆိုရင်း ထပြီး သွားဖို့ ပြောနေတယ်။

 

"ငါတို့ အကုန်လုံးကို ကယ်တင်မှ ဖြစ်မယ်။ စစ်မှတ်တမ်းတွေအရ ရာထူးအကြီးအငယ်အလိုက်၊ ဒဏ်ရာ အကြီးအသေးလိုက် ကယ်တင်ရမယ်" လို့ ဗိုလ်မှူးက အမိန့်ပေးတယ်။

"လေယာဉ်က ပျံလို့ မရတော့ဘူး"လို့ လေယာဉ်မှူးက ပြောတယ်။

ဒီတော့ ဗိုလ်မှူးက သူ့ ပစ္စတိုကိုထုတ်ပြီး အမိန့် မနာခံရင် ပစ်သတ်မယ်လို့ သေသေချာချာ ပြောနေတယ်။ ဒါပေမယ့် လေယာဉ်မှူးကတော့ သူ့ကို ဂရုမစိုက်ဘဲ မည်းတူးနေတဲ့အရာကို မြေပြင်မှာ ရပ်တန့်ဖို့ ကြိုးစားပေးနေရင်း "လာလေ၊ ငါတို့ သွားကြရအောင်" ဆိုပြီး ပြောနေတယ်။

 

ဗိုလ်မှူးက သူ့ ပစ္စတိုကို ခလုတ်နှိပ်လိုက်တယ်။ ဒါပေမယ့် ပစ်မှတ်က လွဲသွားပုံရတယ်။ ဘာလို့လဲဆိုတော့ လေယာဉ်မှူးက "လာကွာ၊ လာကွာ" ဆိုပြီး သူ့ လေယာဉ်မောင်းကို ပြောနေတဲ့အသံ ဆက်ကြားနေရတုန်းပဲမို့လေ။ အဲဒီအချိန်မှာပဲ ယာဉ်တွေ သွားလာသံတွေကို ကြားလိုက်ရတယ်။ ရုတ်တရက် ကွင်းပြင်ထဲမှာ ဂျာမန်တပ်တွေရဲ့ ယာဉ်တွေနဲ့ ပြည့်နှက်သွားတယ်။

 

ဗိုလ်မှူးက မြက်တောထဲမှာ ပုန်းနေရင်း အဆက်မပြတ်လာနေတဲ့ ထရပ်ကားသံတွေကြားနေရပေမယ့် ပစ်ခတ်သံတွေ၊ အမိန့်ပေးသံတွေကို မကြားရပေမယ့် ကားအင်ဂျင်သံတွေကိုတော့ ကြားနေရတယ်။ ဆယ်မိနစ်လောက်ကြာတော့ ကားတန်းကြီး ပြန်ထွက်သွားတယ်။ ဗိုလ်မှူး ခေါင်းထောင်ကြည့်ချိန်မှာတော့ လေယာဉ်မှူးဟာ သူ့လေယာဉ်မောင်းဆိုတဲ့ မီးသွေးလို မည်းတူးနေတဲ့ဟာနဲ့ စကားတွေ ပြောနေတုန်းပဲ။ မီးလောင်နေတဲ့ မြင်ကွင်းထဲမှာလည်း လဲသူလဲ၊ ထိုင်သူထိုင်၊ လျှောက်သွားသူသွားနဲ့ ရှိနေတယ်။ ဗိုလ်မှူးက မတ်တပ်ရပ်ပြီး မီးပုံနားကို တိုးကပ်သွားတယ်။ သူ ဘယ်တပ်သားကိုမှလည်း မမှတ်မိဘူး။ နောက်ပြီး သူ အုပ်ချုပ်ရတဲ့ တပ်လည်း မဟုတ်ပြန်ဘူး။လေ။ ဟိုဟိုဒီဒီနေရာတွေမှာ ယူနီဖောင်းတွေ ၀တ်ပြီး လက်၊ ခြေထောက်၊ ၀မ်းဗိုက်တွေမှာ ဒဏ်ရာရသူတွေ ရှိနေတယ်။ သူတို့ မျက်နှာတွေပဲ ကြည်လင်နေတယ်။ သူတို့အချင်းချင်းကြားမှာလည်း တီးတိုး ပြောဆိုနေကြတယ်။ မီးပုံဘေးမှာ ဗိုလ်မှူးကို ကျောပေးပြီး ထိုင်နေတာက အမျိုးသမီးတစ်ယောက်။ အရပ်သားဝတ်စုံကို ၀တ်ထားပြီး ခေါင်းမှာတော့ ပုဝါ စည်းထားတယ်။

 

"ဒီမှာ တာဝန်ခံအရာရှိက ဘယ်သူလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ချက်ချင်း သတင်းပို့တာ လိုချင်တယ်" လို့ ဗိုလ်မှူးက ပြောတယ်။

သူကသာ အဲလို အောပြောနေပေမယ့် ဘယ်သူကမှ သူ့ကို သတိမထားကြဘူး။ နောက်ဆုံး လေယာဉ်မှူးက သူ့ရဲ့ မီးသွေးလို မည်းတူးနေတဲ့ဟာကို မီးပုံထဲ ထည့်မယ်လုပ်တော့ အားလုံးက ၀ိုင်းပြီး ကူညီကြတယ်။ အဲဒီတော့မှပဲ မီးလည်း ငြိမ်းသွားပြီး လုံးဝ အမှောင်အတိကျသွားတော့တယ်။

 

ရာသီဥတု အေးတာကြောင့် ဗိုလ်မှူးလည်း တဆတ်ဆတ်တုန်နေပြီး နွေးနွေးထွေးထွေး နေဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ အခုရှိနေတဲ့ သစ်တုံးလောက်နဲ့ မီးဖိုလို့မရကြောင်း ဆဲရေးတိုင်းထွာနေတော့တယ်။

မီးဖိုနားမှာ ရှိနေတဲ့ အမျိုးသမီးက နောက်ကို လှည့်မကြည့်ဘဲနဲ့ "ရှင်ဘာဖြစ်လို့ ကျွန်မ မျက်နှာကို ကြည့်ရတာလဲ၊ ဘာဖြစ်လို့ ကျွန်မ မျက်နှာပေါ်က ပုဝါကို ဖယ်လိုက်ရတာလဲ။ အခုဆို ရှင့် လက်ဟာ ခြောက်ကပ်ပြီး သုံးမရ ဖြစ်တော့မယ်လေ" လို့ ပြောတယ်။

 

အသံက ဗိုလ်မှူး ဇနီးရဲ့ အသံ ဖြစ်နေတယ်။

အဲဒီနောက် ဗိုလ်မှူးလည်း သတိလစ်သွားပြီး သူ သတိရလာချိန်မှာတော့ ဆေးရုံတစ်ခုမှာ ရောက်နေတာ သိလိုက်ရတယ်။ သူ့ကို သင်္ချီုင်းထဲက သူ့ဇနီးဂူဘေးနားမှာတွေ့ခဲ့ကြတာ ဖြစ်ကြောင်း၊ သူ လဲနေတဲ့အချိန်မှာ လက်မောင်း တစ်ဘက်တည်းကိုသာ ဖိပြီး လဲနေခဲ့တာကြောင့် အဲဒီလက်မောင်းဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်လောက်တဲ့အထိ ဒဏ်ရာ ရနေကြောင်းနဲ့ ဖြတ်ထုတ်ရမယ့် အခြေအနေအထိ ရှိကြောင်း သိလိုက်ရပါတော့တယ်။

 

ညီသစ်


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment