Thursday, 23 June 2011

[Big Brothers & Sisters] New doc: ဒီမိုကရေစီ တတိယလှိုင်း ပါရာဒိုင်း

created the doc: "ဒီမိုကရေစီ တတိယလှိုင်း ပါရာဒိုင်း"
Rozoner King created the doc: "ဒီမိုကရေစီ တတိယလှိုင်း ပါရာဒိုင်း"

[By cherrymyodaw]

 

(၂၀၁၁ ခုနှစ် ဇွန်လ (၃) ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာ့ အဆိုအရဆိုရင် မြန်မာနိုင်ငံ ကတော့ အာဏာရှင် အဆင့်ကနေ Hybrid regimes ဒီမိုကရေစီ ကပြားအဆင့် ကို ကူးပြောင်းနေဆဲပဲ ရှိသေးတယ်လို့ ဆိုရမယ် ထင်ပါတယ်။)

 

၂၀ ရာစု ကုန်ခါနီးတွင် နိုင်ငံအများ၌ အနောက်တိုင်း စတိုင် ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက် စီးပွားရေးစနစ် အကြောင်းတွေ လှုပ်ခတ်စ ပြုလာသည်။ ဒီမိုကရေစီ ရှိပါသည် ဆိုသော ကွန်မြူနစ် စနစ်လည်း ကမ္ဘာတွင် မယုံနိုင်လောက်အောင် ပျက်သုန်း ချေမှုန်းခံလိုက်ရပြီး၊ တစ်ပါတီ အာဏာရှင် စနစ်များ အလျှိုအလျှို နိဂုံးချုပ် သွားခဲ့ရသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်လည်း IMF နှင့် World Bank တို့၏ ဖိအားပေးမှု၊ နိုင်ငံတကာ တွန်းအား၊ ပြည်တွင်း အင်အားစုတို့ လှုပ်ရှားမှုတို့က အရှိန်အဟုန် ရလာပြီး ဒီမိုကရေစီရေးနှင့် ဈေးကွက် စီးပွားရေး စသည့် အရေးနှစ်ပါးကို အဓိက တောင်းဆို လာကြသည်။

ဒီမိုကရေစီသည် လှိုင်းလုံးကြီး သုံးလှိုင်းဖြင့် ရိုက်ခတ်ခဲ့သည်။ ပထမလှိုင်းသည် ၁၈၂၈ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၂၆ တွင် ပြီးဆုံး သွားခဲ့သည်။ အမေရိကန်နှင့် ပြင်သစ် တော်လှန်ရေးတို့သည် ဒီမိုကရေစီ ပထမလှိုင်းတွင် အရေးအပါဆုံး ဖြစ်ရပ်များ ဖြစ်ခဲ့သည်။ ဒီမိုကရေစီ ပထမလှိုင်း ကာလတွင် ကမ္ဘာ့ နိုင်ငံပေါင်း ၃၃ နိုင်ငံခန့် ဒီမိုကရေစီ နိုင်ငံများ ဖြစ်သွားသည်။

ဒီမိုကရေစီလှိုင်း တစ်လှိုင်း တက်ပြီးတိုင်း လှိုင်းတို့ သဘောတရား အရ နောက်ပြန် ဆွဲတတ်သည်ကိုလည်း တွေ့ရပါသည်။ ယင်းကို ဒီမိုကရေစီ နောက်ပြန်လှိုင်း (reverse wave) ဟု တင်စား ခေါ်ဝေါ်ကြသည်။ ဒီမိုကရေစီ ပထမလှိုင်း တက်ပြီး ချိန်တွင် ပထမဦးဆုံး ဒီမိုကရေစီ နောက်ပြန်လှိုင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၂၂ ခုနှစ်တွင် အီတလီမှ အာဏာရှင် မူဆိုလိုနီ တက်လာပြီး မပီပြင်သော ဒီမိုကရေစီတို့ကို အာဏာရှင် စနစ်ဖြင့် ဝါးမျိုလိုက်သည်။ ၁၉၂၂ ခုနှစ်မှ စတင်ခဲ့သော အာဏာရှင်တို့၏ အရှိန်အဝါသည် ၁၉၄၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ခန့် ကြာသွားသည်။ ဒီမိုကရေစီလှိုင်း နောက်ပြန်ခြင်း ဒဏ်ကို နိုင်ငံ ၂၂ နိုင်ငံ ခံလိုက်ရသဖြင့် ဒီမိုကရေစီ ပထမလှိုင်း ခေတ်တွင် နိုင်ငံ ၁၁ နိုင်ငံသာ ဒီမိုကရေစီကို ထူထောင် နိုင်ခဲ့သည်။

အာဏာရှင်တို့ ပျက်သုဉ်းချိန် ၁၉၄၃ ခုနှစ်ခန့်တွင် ဒီမိုကရေစီ ပြန်ပြီး ခေါင်းထောင် လာပြန်သည်။ ဒုတိယ ဒီမိုကရေစီ လှိုင်းကာလသည် ၁၉၄၃ ခုနှစ်မှ ၁၉၆၃ ခုနှစ်လောက် အထိ ဖြစ်သည်။ ထိုနှစ်ပေါင်း ၂၀ နီးပါးကာလတွင် ဒီမိုကရေစီ နိုင်ငံပေါင်း ၅၂ နိုင်ငံ ပေါ်ထွန်းခဲ့သည်။ ၁၉၈၅ ခုနှစ်လောက်မှ စတင်ပြီး ဒုတိယ နောက်ပြန်လှိုင်းဒဏ်ကို ခံလာရသည်။ ဒုတိယ နောက်ပြန်လှိုင်း ကာလသည် ၁၉၅၈ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိစြဖ်သည်။ ထိုကာလတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံသည် လှိုင်းထဲ ပါသွားသဖြင့် ဒီမိုကရေစီပေါင်း ၃၀ ခန့်သာ ကျန်ခဲ့တော့သည်။

ဒီမိုကရေစီ တတိယလှိုင်းသည် ၁၉၇၄ ခုနှစ် လောက်ကတည်းက စတင်ခဲ့သည်ဟု ဆိုပါသည်။ ၁၉၇၄ မှ ၁၉၉၁ ခုနှစ် ကာလကို ဒီမိုကရေစီ တတိယလှိုင်း ကာလဟု ဆိုနိုင်ပါသည်။ ထိုကာလတွင် ဒီမိုကရေစီနိုင်ငံ ၃၅ နိုင်ငံ ထပ်တိုးလာသဖြင့် နိုင်ငံပေါင်း ၆၅ နိုင်ငံ ဖြစ်လာသည်။ ဤကာလအတွင်း နိုင်ငံပေါင်း ၂၀ ခန့် ဒီမိုကရေစီ ဘဝမှသည် အာဏာရှင် နိုင်ငံများ ဘဝသို့ ပြန်ရောက်သွားသဖြင့် တတိယ ဒီမိုကရေစီ နောက်ပြန်လှိုင်း စနေပြီလောဟု စစ်ကြောလာခဲ့ကြသည်။ "The Spirit of Democracy" ကိုရေးသားသည့် Larry Diamond က ၁၉၉၉ ခုနှစ်မှ စတင်ပြီး ဒီမိုကရေစီ ဆုတ်ကပ် (Democratic Recession) ဖြစ်နေပြီဟု ဖော်ထုတ်ခဲ့ပါသည်။

ကမ္ဘာပေါ်တွင် ဒီမိုကရေစီ နိုင်ငံပေါင်း ၁၆၇ နိုင်ငံ ရှိပါသည်။ ထို ၁၆၇ နိုင်ငံထဲတွင် ၁၆၆ နိုင်ငံသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံများ ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆၅ နိုင်ငံဖြစ်သည်။ ဒီမိုကရေစီကို အဆင့် လေးဆင့်ဖြင့် တိုင်းတာပြီး

- ဒီမိုကရေစီ အပြည့် (full democracies)

- ဒီမိုကရေစီ မရှိတရှိ (flawed democracies)

- ဒီမိုကရေစီ ကပြား (hybrid regimes)

- ဒီမိုကရေစီ အာဏာရှင် (authoritarian regimes) ဟူ၍ ပိုင်းခြား ထားပါသည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံသည် အစိုးရစနစ်ဖြင့် အုပ်ချုပ်သည့် ဒီမိုကရေစီ နိုင်ငံများအဖြစ် အသွင်ကူးပြောင်းခဲ့ကြသည်။ ထိုကာလများတွင် ဒီမိုကရေစီ နောက်ပြန်လှိုင်းမိပြီး နိုင်ငံ ၁၁ နိုင်ငံသည် မူလ အနေအထားသို့ ပြန်ရောက် သွားခဲ့ရသည်။ ဤကာလအတွင်း ပြင်သစ်နိုင်ငံသည် full democracy မှ flaw democracy သို့ ကျဆင်းသွားခဲ့သည်။ အီတလီ နိုင်ငံသည်လည်း flaw အဆင့်သို့ ကျဆင်းသွားသည့် နိုင်ငံများ စာရင်းတွင် ပါသွားသည်။ ဝန်ကြီးချုပ် ဆီဗီရိုဘာလူစကော်နီ အာဏာ ပြန်ရလာသည့် လက်ထက် ၂၀၀၈ ခုနှစ်တွင် မီဒီယာအပေါ် အာဏာရှင် ဆန်ဆန် အမိန့်ထုတ်ပြီး တားမြစ်ခဲ့မှုများကြောင့် ထိုသို့ အဆင့်နိမ့် သွားရသည်ဟု ဆိုသည်။ အာဖရိက ဆာဟာရ လက်အောက်ခံ နိုင်ငံနှစ်နိုင်ငံ ဖြစ်သည့် ဂါနာနှင့် မာလီ နှစ်နိုင်ငံသာ အဆင့်မြင့် တိုးတက် သွားသည့် နိုင်ငံများ ဖြစ်လာသည်။ ထိုနှစ်နိုင်ငံသည် hybrid အဆင့်မှ flaw အဆင့်သို့ တိုးသွားခြင်း ဖြစ်သည်။

နိုင်ငံတို့အပေါ် ဒီမိုကရေစီ ပိုင်းဖြတ်ရာတွင် အချက် ၄ ချက်ဖြင့် စံထားကာ သတ်မှတ်လေ့ ရှိပါသည်။ ထိုအချက်များမှာ-

၁။ နိုင်ငံအတွင်း ကျင်းပပေးသည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိ-မရှိ

၂။ မဲဆန္ဒပေးသည့် ပြည်သူများ လုံခြုံ အေးချမ်းစွာဖြင့် မဲပေးခွင့် ရှိ-မရှိ

၃။ နိုင်ငံတစ်နိုင်ငံ၏ အစိုးရအပေါ် ပြည်ပနိုင်ငံများမှ သြဇာ အာဏာ လွှမ်းမိုးမှု ရှိ-မရှိ

၎။ နိုင်ငံဝန်ထမ်းများသည် နိုင်ငံတော်က ချမှတ် ပေးထားသည့် မူဝါဒများအတိုင်င်း လိုက်နာ ဆောင်ရွက်နိုင်ခြင်း ရှိ-မရှိတို့ဖြင့် တိုင်းတာ ကြပါသည်။

ဒီမိုကရေစီ စံချိန်စံညွှန်းများကို တိုင်းတာရာတွင် အမှတ် ၁၀ မှတ် ပေးထားပါသည်။

- ၈ မှတ်မှ ၁၀ မှတ် ရလျှင် Full democracy

- ၆ မှတ်မှ ၇ ဒသမ ၉ မှတ် ရလျှင် Flawed democracy

- ၄ မှတ်မှ ၅ ဒသမ ၉ မှတ် ရလျှင် Hybrid regimes

- ၄ မှတ်အောက်ဖြစ်သွားလျှင် Authoritarian regimes ဟုသတ်မှတ်ပါသည်။

၂၀၁၀ ခုနှစ်တွင် စစ်ဆေး သုတေသန ပြုချက်များအရ ဒီမိုကရေစီ အညွှန်းကိန်းကို အောက်ပါအတိုင်း တွေ့ရပါသည်။

 

စနစ်အမျိုးအစား   နိုင်ငံပေါင်း   နိုင်ငံပေါင်း (ရာခိုင်နှုန်း)  ကမ္ဘာ့လူဦးရေ (ရာခိုင်နှုန်း)

Full democracy     26           15 ဒသမ 6                 12 ဒသမ 3

Flaw democracy    53          31 ဒသမ 7                  37 ဒသမ 2

Hybrid regimes     33          19 ဒသမ 8                   14 ဒသမ 0

Authoritarian        55          32 ဒသမ 9                   36 ဒသမ 5

 

Full democracy အဖြစ် သတ်မှတ်ခြင်း ခံရသော နိုင်ငံ ၂၆ နိုင်ငံရှိပါသည်။ အစဉ်လိုက် ပြောရလျှင် နော်ဝေ၊ အိုက်စ်လန်း၊ ဒိန်းမတ်၊ ဆွီဒင်၊ နယူးဇီလန်၊ သြစတေးလျ၊ ဖင်လန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ နယ်သာလန်၊ လူဇင်းဘတ်၊ အိုင်ယာလန်၊ သြစတီးယား၊ ဂျာမနီ၊ မော်လ်တာ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ စပိန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဥရုဂွေး၊ ဂျပန်၊ ဘယ်လ်ဂျီယမ်၊ မောရစ်သျှ၊ ကော့စ်တာရီကာ၊ ပေါ်တူဂီနိုင်ငံများ ဖြစ်သည်။

ဒီမိုကရေစီ တတိယလှိုင်းသို့ ရောက်ချိန်တွင် ကူးပြောင်းမှု ဖြစ်စဉ် ၃ မျိုးကို တွေ့ရှိရပါသည်။

၁။ အသွင်ကူးပြောင်းခြင်း (Transformation)

၂။ အစားထိုးခြင်း ( Replacement)

၃။ ပြောင်းရွှေ့ခြင်း( Transplacement) တို့ဖြစ်သည်။

အသွင် ကူးပြောင်းခြင်း ဆိုသည်မှာ အာဏာယူထားသည့် အုပ်ချုပ်ရေးအဖွဲ့ အတွင်းသို့ ပြုပြင် ပြောင်းလဲရေး သမားများ ဝင်ရောက် ကြီးစိုးလာခြင်း ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး ဝါဒီများ၏ စွမ်းဆောင်မှုများကြောင့် အာဏာရ အဖွဲ့အစည်းသည် ဒီမိုကရေစီ ကူးပြောင်းခြင်းကို လက်ခံလာပြီး လုပ်ဆောင် လာတတ်ပါသည်။

အစားထိုးနည်း ဆိုသည်မှာ အတိုက်အခံ အင်အားစုများ အားကောင်းလာပြီး အာဏာ လက်ရှိ အစိုးရ သို့မဟုတ် အာဏာရှင်ကို ဖယ်ရှား ဖြုတ်ချကာ အာဏာရှင် စနစ်နေရာကို ဒီမိုကရေစီဖြင့် အစားထိုးခြင်းနည်း ဖြစ်သည်။ အာဏာ လက်ရှိ အဖွဲ့အစည်း အတွင်း၌ ပြုပြင် ပြောင်းလဲလိုစိတ် မရှိသည့် အစဉ်အလာ သမားများ ကြီးစိုးမှု ကာလ ကြာလာလျှင် အစိုးရ အဖွဲ့အတွင်း စည်းလုံး ညီညွတ်မှုများ ပျက်ပြား လာတတ်သည်။ အစဉ်အလာ သမားတွေက တစ်ဖက်၊ မော်ဒန်သမားတွေက တစ်ဖက် ဖြစ်လာသည်။ နောက်ပိုင်း မော်ဒန် သမားတွေက အတိုက်အခံ တွေဖြစ်လာပြီး ခေတ်ပြောင်း စနစ်ပြောင်းကို လိုလား တောင့်တ လာကြသည်။ အတိုက်အခံတို့ အင်အားကောင်းလာပြီး အာဏာ ရလာလျှင် အစားထိုး အုပ်ချုပ်ခြင်းများ ရှိလာနိုင်သည်။

The Structure of Scientific Revolutions (1962) စာအုပ်တွင် Thomas Kuhn က တော်လှန်ရေး နည်းဖြင့် အခြေအနေ တစ်ခုမှ အခြား အခြေအနေ တစ်ခုသို့ ကူးပြောင်းမှု အောင်မြင်ခြင်းသည် ရင့်ကျက်လာမှုကြောင့် ဖြစ်သည်ဟု ဆိုခဲ့သည်။ သူက သိပ္ပံနည်းပညာကို ရည်ညွှန်းသော်လည်း နိုင်ငံရေး သဘောတရား အရပါ မှန်ကန်နေကြောင်း တွေ့ရသည်။ အခြေအနေ တစ်ခုသည် တည်ငြိမ်လာမည်၊ ထိုတည်ငြိမ်နေစဉ် အတွင်း ရင့်ကျက်မှုတွေ ပေါင်းစုမည်၊ ယင်းမှ အခြား အခြေအနေ တစ်ခုသို့ ကူးပြောင်းခြင်းကို paradigm shift အနေဖြင့် ခေတ်သစ် နိုင်ငံရေး လောကတွင် သုံးစွဲလာကြသည်။

 

Ref: The Spirit of Democracy, by Larry Diamond

 

(တင်ညွန့်)


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment