Thursday, 30 June 2011

[Big Brothers & Sisters] New doc: လေးစားပါတယ်ဖေဖေ တိုင်းပြည်အတွက် သမီး သေသွားပြီ

created the doc: "လေးစားပါတယ်ဖေဖေ တိုင်းပြည်အတွက် သမီး သေသွားပြီ"
Rozoner King created the doc: "လေးစားပါတယ်ဖေဖေ တိုင်းပြည်အတွက် သမီး သေသွားပြီ"

[By Robina Lwin]

 

အရာရာတိုင်းမှာ ကိုယ်ကျိုးက ပထမဖြစ်နေလေတော့

ဆုံးရှုံးမှူုကို အရင်းတည်ပြီး

အောင်မြင်မှူုတခုကို ရအောင်လုပ်ပါမယ် ဖေဖေ…

တိုင်းပြည်ကိုချစ်တဲ့စိတ်က အခြားအရာအားလုံးထက်

တမူထူးတဲ့ အဖေတူ သမီးပါ…

သမီးကို သူတို့ အနိုင် ယူနိုင်ပေမဲ့ သမီးရဲ့ မူဝါဒကိုတော့

ဘယ်တော့မှ သူတို့ မနိုင်ပါဘူး ဖေဖေ…

သတ္တိနည်းတဲ့ သူတွေက ရက်စက်တက်ကြတယ်

ရက်စက်ခြင်းနဲ့ ကြောက်ရွှံခြင်းက ဒွန်တွဲနေတက်ပေမဲ့

အကြောက်တရားဆိုတာ ဆိုးဝါးတဲ့ ငရဲ မဟုတ်လား…

အသိတရားရှိမှ ဘ၀ရဲ့ အဓိပါယ် ပြည့်စုံမှာမို့ 

ယုံကြည်ချက်တွေ အရှုံးခံပြီး

ဂုဏ်သိက္ခာတွေ မငြိမ်းစေရပါဘူး ဖေဖေ…

ကံတရား ယိမ်းယိုင်လာတော့မှ

မိတ်ဆွေစစ် မိတ်ဆွေမှန် ဆိုတာ သမီးတွေ့ ခဲ့ရတာပါ…

သမီးရဲ့ အမှားတွေကို နှောင်တ တရားနဲ့ 

ဆေးကြောပါ့မယ် ဖေဖေ..

ရဲရင့်တဲ့သူတွေ နေတဲ့နေရာက လွတ်လပ်တဲ့မြေတဲ့

ဖေဖေ့ရဲ့ စကားတွေက သမီးအတွက်

အသက်ရှုကောင်းတဲ့ အားဆေးတခွက်ပါ….

ကိုယ့်သမိုင်း ကိုယ်ရေးလေတော့

ပြည်သူကို သစ္စာဖေါက်ပြီး..သမီးကျေးဇူးမကန်းပါဘူး ဖေဖေ…

သတ်ဖြတ်တဲ့ လက်နက်တွေလည်း

သမီး မတည်ထွင်ခဲ့ပါဘူး….

ရက်စက်ကြမ်းကြုတ်တဲ့ နှလုံးသားကို…

အရှည်ဆုံး.... ဓါးနဲ…ပိုင်းတိုင်း..အနိုင်ရမှာ…မဟုတ်တဲ့အတွက်

သတ္တိနဲ့ ..အလှဆင်ပြီး .. စိတ်ဓါတ်နဲ့  ပြုံးထားတဲ့

အရှူုံးသမားဓါးနဲ့ 

ခုတ်လိုက်ပါ့မယ် ..ဖေဖေ

 

Robina


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment