Friday, 17 June 2011

[Big Brothers & Sisters] New doc: အာဆီယံ ၊ တရုတ် ၊ မြန်မာ ပထ၀ီဝင်နိုင်ငံရေး

created the doc: "အာဆီယံ ၊ တရုတ် ၊ မြန်မာ ပထ၀ီဝင်နိုင်ငံရေး"
Rozoner King created the doc: "အာဆီယံ ၊ တရုတ် ၊ မြန်မာ ပထ၀ီဝင်နိုင်ငံရေး"

[By Yannaing Thanpe]

 

ဒီပို့စ်လေးကို မဖတ်ရသေးခင် ကျနော်တို့မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းများအား ပထမဦးစွာ

လေ့လာလိုက်ကြပါစို့………..။

ကျနော်တို့မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ထွန်းကားပြီး လူဦးရေ များပြားသည့် အိန္ဒိယနှင့်

ကွန်မြူနစ်စနစ်ထွန်းကားပြီး လူဦးရေများပြားသည့် တရုတ်နိုင်ငံတို့အကြား သဘာဝသယံဇာတ ပေါ်

ကြွယ်ဝသည့်နိုင်ငံတခုဖြစ်ပါသည် ။

 

အာဆီယံနိုင်ငံတချို့နှင့် မဟာအင်အားကြီး နိုင်ငံတခုဖြစ်ရန် တာစူနေသည့် တရုတ်နိုင်ငံတို့အကြား

ပြီးပြည့်စုံသည့် မဟာဗူဟာ မိတ်ဖက်နိုင်ငံတခုဖြင့်ရန်အတွက် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီအား

တစေ့တစောင်းလေ့လာ သင့်ပါသည် ။

 

အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံ ဖူကီအန်း ကမ်းခြေမှတိုင် မလက္ကာရေလက်ကြား ၊ စင်ကာပူ ၊ တိုင်ပေ

အထိ ဧရိယာ စတုရန်းကီလိုမီတာပေါင်း ၄သန်း ၂သိန်းကျော် ကျယ်ဝန်းသည့် တောင်တရုတ် ပင်လယ်ရေပြင်

အတွင်း ကျွန်းပေါင်း ၇၅၀ကျော် ဖွဲ့စည်းထားသည့် စပရက်လီ ကျွန်းစု အရေးခင်းကြောငိ့ ဖြစ်သည် ။

 

ထိုကျွန်းစုသည် တောင်တရုတ်ပင်လယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ သယံဇတကြွယ်ဝသောကြောင့်

လည်ကောင်း ပင်လယ်ရပ်ဝန်းရှိ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ တရုတ် ၊ မလေးရှား ၊ တိုင်ပေ ၊ ဘရူနိုင်း နှင့် စင်ကာပူ

နိုင်ငံတို့အကြား ပိုင်နက်အငြင်းပွားမှု ရှိခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ ။

 

တရုတ်နိုင်ငံ၏ ရေတပ်တိုးချဲ့ဖွဲ့စည်းခြင်းကလည်း အာဆီယံနိုင်ငံတို့အတွက် သတိထားရမည့် အချက်တခု

ဖြစ်နေပြီး ၊ အာဆီယံနိုင်ငံ အချို့အတွက် အင်အားသုံး ( Dangerous ) ဖြေရှင်းမည့် စကားလုံးနှင့် (Dia –

logue ) ဆိုသည့် D နှစ်လုံးအကြား လိုအပ်သလို ရွှေးချယ် အသုံးချတက်ဖို့ လိုနေသည့် အချိန်လည်း ဖြစ်သည်

အာဆီယံနိုင်ငံများနှင့် မဟာအင်အားကြီး ဖြစ်ရန်တာစူနေသည့် တရုတ်နိုင်ငံတို့အကြား  အမျိုးသား

အကျိုးစီးပွား လုံခြုံရေး ၊ ပိုင်နက်နယ်မြေ မထိပါးခံရေး ၊ အမျိုးသား ဂုဏ်သိက္ခာထိပါးမခံရေး ၊ စသည့်

အကြောင်း အရာများအတွက် ဖြေရှင်းညှိနှိုင်းရေးသည် အတိမ်းစောင်း မခံနိုင်သည့်  အခြေအနေတခု

ဖြစ်နေသည် ။

 

ယန်ဇီမြစ်ကြောင်းတလျှောက် ဓာတု စက်ရုံပေါင်း ၉၀၀၀၀ကျော် ရှိနေပြီး ကမ္ဘာ့လေထု အညစ်ညမ်းဆုံး

မြို့တော်ဖြစ်ရသည့် အကြောင်းတရားများကလည်း ဘေဂျင်း အစိုးရ၏ ပထ၀ီနိုင်ငံရေးအရ အရေးပါသည့်

အာဆီယံနိုင်ငံများနှင့် ဗျူဟာကျကျ မိတ်ဖက်နိုင်ငံများ ဖြစ်ရေးကလည်း အရေးပါသည် ။

 

အထူးသဖြင့် သဘာဝသယံဇတ ပေါ်ကြွယ်ဝကာ နိုင်ငံဧရိယာ ကျယ်ပြန့်ပြီး ပင်လယ် ကမ်းရိုးတန်း

ရှည်လျှားသည့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အတွက် အရေးပါဆုံးသော နိုင်ငံတခု ဖြစ်နေသည်မှာ

ယုံမှားဖွယ်ရာ မရှိတော့ ။

 

မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခြေအနေများကလည်း တရုတ်တို့အတွက် စိုးရီမ်စရာ တခုဖြစ်နေသည်

မဟုတ်ပါလား ။ ထိုအကြောင်းအရာများကြောင့် " ဘေဂျင်း " အစိုးရသည် ၊ မြန်မာနိုင်ငံ၏ ဘောင်းဘီချွတ်

နေပြည်တော် အစိုးရအား မဟာဗျူဟာကျကျ ချည်းကပ် သိမ်းသွင်း စည်းရုံးနေပြီး လိုအပ်သလို အသုံးချခံနေ

ရသည့် နယ်ရုပ်ကလေးများပမာ ဖြစ်နေသည်ကို ပထ၀ီနီုင်ငံရေး စိတ်ဝင်စားသည့် မြန်မာနိုင်သားများက အိမ်နီး

ချင်းတရုတ်နိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီအား လေ့လာသင့်ပါသည်ဟု တိုက်တွန်းလိုက်ရခြင်းဖြစ်ပေသည် ။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment