Sunday, 19 June 2011

[Big Brothers & Sisters] New doc: ခင်သာဇာတိ မောင်သာဂိ(၁၄)

created the doc: "ခင်သာဇာတိ မောင်သာဂိ(၁၄)"
Rozoner King created the doc: "ခင်သာဇာတိ မောင်သာဂိ(၁၄)"

[By Mg Gwa Zar]

 

အခန်း(၁၄) ဦးအာဒိစ္စ နဲ့ ကိုရင်သာဂိ

 

မိုးဦးသို့ဝင်ရောက်စပြုပြီဖြစ်၍ လေပြင်းများလည်းတိုက်ခတ်၏။လျှပ်စီးများလည်း လက်၏။မိုးများ

လည်းချုန်း၏။ထစ်ချုန်းမိုးသည် ရွာမလိုဟန်ပြင်ထားသော်လည်း  လေပြင်းများကသာလျှင် တရဆက်

တိုက်ခတ်နေ၏။သစ်ကိုင်းခြောက်များကျိုးကျ၏။စိုစွတ်စွတ် သစ်ရွက်ခြောက်များသည် လေနှင့်အတူ

တိုက်ခတ်လွင့်မျော၏။ကိုရင်သာဂိသည် မိမိ၏စိတ်ကို ၄င်းလေပြင်းများနှင့်အတူ လွင့်မျောမသွားစေ

ရန် သတိကပ်ထားလိုက်သည်။''လူ့ဘဝအဓိပ္ပါယ်ဆိုတာ အကောင်းဆုံးပန်းတိုင်တခုကိုဦးတည်ထား

ပြီး ဆင်ခြင်တုံတရားနဲ့အညီ မရောက်ရောက်အောင်လျှောက်လှမ်းနိုင်ခြင်း''ဆိုပါလား…။တိုက်ခတ်လာ

သော လေပြင်းတချက်နဲ့ အတူမိုးသားနှင့်ဖုန်မှုန့်များရောယှက်မှုကြောင့်ဖြစ်ပေါ်လာသော မြေသင်းရနံ့

ကိုရှူရှိုက်မိလိုက်သည်။ငယ်စဉ်အခါနွားကျောင်းခဲ့စဉ်ကာလက ပျောက်သွားသောနွားငယ်တစ်ကောင်

ကိုရှာဖွေရင်း စိတ်ပျက်လက်ပျက်နှင့် ဟိုပြစ်ဒီပြစ် ပြစ်ဖေါ်လုပ်ပေးခဲ့သော လေးဂွလေးကို သတိရလိုက်

သည်။အော် ငါ့လေးဂွလေးနဲ့ဝေးကွာခဲ့တာတောင် နွေတခုကိုကုန်လွန်ပြီး နွေအသစ်တခုကို ရောက်

နေပါရော့လား…..လေးဂွဆိုတာ လက်နက်တစ်ခုဖြစ်တယ်....သူတပါးရဲ့အသက်ဇီဝိန်ကို ချွေချပြစ်နိုင်

သလို ကိုယ့်အသက်ရဲ့အန္တရာယ်ကိုလဲ ကာကွယ်နိုင်တယ်…သူတပါးရဲ့အသက်ကိုလဲ

ကယ်တင်နိုင်တယ်……အသုံးချတဲ့လူရဲ့အပေါ်မှာမူတည်ပြီးတော့ တန်ဖိုးသက်ရောက်မှုရှိတယ်........

မဟုတ်ဘူး....မဟုတ်သေးဘူး…………………………..သူတပါးကိုထိခိုက်နာကျင်စေတာမှလက်နက်မဟုတ်ဘူး….

သူတပါးကို ကြင်နာယုယခြင်း…ရံခါအညံ့ခံပေးခြင်း…အညံ့ခံတာမဟုတ်ဘူး..

အရှူံးပေးတာ….ဟာ…အရှူံးပေးတာလဲမဟုတ်သေးဘူး…ခွင့်လွှတ်နားလည်ပြီး သည်းခံပေးတာ…အဲ့ဒါ

ဟာလည်း လက်နက်ပဲ…မေတ္တာလက်နက်နဲ့ခန္တီလက်နက်……..ဒါပေမဲ့ မေတ္တာနဲ့ခန္တီဆိုတာ အရှူံးပေးတာမဟုတ်ဘူး…..အနိုင်ယူတာ…….မေတ္တာဆိုတာ သူတပါးအကျိုးကိုလိုလားတာ……ခန္တီဆို

တာ….နားလည်ပြီးခွင့်လွှတ်ပေးတာ….လောကမှာ အမှားလုပ်တဲ့သူတွေရှိတယ်…အမှန်ကိုမမြင်တဲ့သူ

တွေရှိတယ်..အဲ့ဒိလူတွေက သူတို့ရဲ့အမှားကို အမှားလို့မမြင်နိုင်ရှာဘူး…သနားဖို့အတော်ကောင်း

တယ်…အဲ့ဒိသနားစရာလူတွေကိုပဲ သနားရမှန်းမသိ…ထောက်ခံတဲ့သူတွေရှိသလို…ဆန့်ကျင်ရန်ဖြစ်

နေသူလဲရှိတယ်….ပြီးတော့…သူတော့အမှန်ကိုသိပါစေ…သူ့ရဲ့နောက်လိုက်တွေလဲ…အမှန်တရားကို

နားလည်ဆည်းကပ်နိုင်ပါစေ…သူ့ကြောင့်ဒုက္ခရောက်ကြရမဲ့သတွါတွေလဲ…အဲ့ဒိဆင်းရဲခြင်းမှလွတ်

မြောက်ပါစေ..ဆိုတဲ့စေတနာမေတ္တာနဲ့သည်းခံနေတဲ့သူတွေ….စောင့်ကြည့်ဆုံးမနေတဲ့သူတွေ….အနစ်

နာခံနေတဲ့သူတွေ စသဖြင့်လောကမှာ အများကြီးရှိတယ်….မင်းကဘယ်လူတန်းစားထဲမှာပါမှာလဲ….

အမိုက်အမဲပုဂ္ဂိုလ်တွေထဲမှာလား၊အမိုက်အမဲတွေကို ထောက်ခံတဲ့လူတန်းစားထဲမှာလား၊ရန်တုဖြစ်

နေတဲ့လူတန်းစားထဲမှာလား……..ဒါမှမဟုတ်..အဲ့ဒိလူသားတွေကို အသက်နဲ့ရင်းပြီး စောင့်ကြည့်

သည်းခံဆုံးမပြီးလောကကိုကူညီဆောင်မမဲ့လူတန်းစားထဲမှာပါမလား…မင်းရွေးချယ်ခွင့်ရှိတယ်…။ပြီး

တော့…………ပြီးတော့…..။

ကိုရင်သာဂိ၏ တွေးလက်စ အတွေးစလေးများမပြက်ပြယ်သေးခင် ဝေါခနဲရွာချလာသောမိုးကြောင့်

လမ်းသွားလမ်းလာများသည် ကိုရင်သာဂိ သီတင်းသုံးရာဖြစ်သော ရွာဦးကျောင်းမုဒ်ဦးသို့ပြေး၍မိုးခို

လိုက်ကြသည်။ကိုရင်သာဂိသီတင်းသုံးသော ကျောင်းဆောင်ကြီးသည် မုဒ်ဦးနှင့်သိပ်မဝေးလှပေ။အမိုး

ကာရံထားသော စောင်းတန်းကြီးကလဲရှိနေ၍ မိုးရွာနေသော်လည်း မုဒ်ဦးမှစောင်းတန်းသို့သော်လည်း

ကောင်း၊စောင်းတန်းမှမုဒ်ဦးသို့သော်လည်းကောင်း သွားလာနိုင်၏။မိုးသည် သည်းထန်စွာရွာသွန်းနေ

သော်လည်းနွားကျောင်းသားများ၊တရွာဝင်တရွာထွက် လှည့်လည်နေသော ဈေးသည်များ၊ဆော့ကစား

နေသော ကလေးငယ်များစသည်ဖြင့် များပြားလှသောကြောင့် ၄င်းတို့၏အသံများသည် ကိုရင်သာဂိ၏

နားသို့ပဲ့တင်ထပ်ရိုက်ခတ်လာလေသည်။

စောင်းတန်းထဲမှာလူတွေရောက်နေကြပါလား….သူတို့သောက်စရာ သောက်ရေရော ရှိရဲ့လားမသိဘူး

သွားကြည့်ဦးမှပဲ ..ဟုတွေးမိ၍ ကျောင်းအောက်သို့ဆင်းလာခဲ့သည်။

''အဲ့ဒိဆရာတော်က အသက်ငယ်ငယ်လေးနဲ့ ဘုန်းတန်ခိုးသိပ်ကြီးတာပဲ...အေ့…ပြီးတော့ ဘုန်းကြီး

ဝတ်တာလဲ သိပ်မကြာသေးဘူးတဲ့…စာတောင်ကောင်းကောင်းရေးတတ် ဖတ်တတ်တာမဟုတ်ဘူး..ဒါ

ပေမဲ့..မြို့ကအရာရှိကြီးတွေ ကိုယ်တိုင်ကိုးကွယ်တာတဲ့တော့…''

သောက်ရေအိုးကို ရေဖြည့်ရန် မုဒ်ဦးသို့ရောက်လာခဲ့သော ကိုရင်သာဂိသည် မိုးခိုသူများပြောနေ

သောစကားကို ကြားလိုက်ရ၍ အနည်းငယ်စိတ်ဝင်စားသွားသည်။သို့သော် ဝင်ရောက်မေးမြန်းခြင်း

မပြုပဲ မသိလိုက်ဘာသာနေ၍ ဘာဆက်ပြောကြမည်ကို အကဲခတ်နားထောင်နေလိုက်သည်။

''ပြီးတော့ အဲ့ဒိဆရာတော်က တို့ရွာမှာ စေတီတထောင်တည်မှာတဲ့တော့''

''ဟုတ်လား…စေတီတွေ အဆူပေါင်း တထောင်တောင်တည်မှာ…ဟုတ်ရဲ့လားအေ ကြည့်ကြက်လဲ

ပြောပါဦး…ဒို့ရွာမှာ စေတီတထောင်တည်ဖို့နေနေသာသာ…စေတီတဆူတည်ဖို့တောင် ခဲရာခဲဆစ် ဥစ္စာကြီးကို….''

''အေး..ဟုတ်တယ်…မိကြည်ရေ…အခုစေတီတထောင်တည်မယ်ဆိုတဲ့ ဆရာတော်က သာမညရိုးရိုး

ဆရာတော်မှ မဟုတ်တာ….ဝတ်တာကသာမကြာသေးပေမဲ့ သူက ဟိုးအရင်ရှေးဘဝပေါင်း ငါးရာလောက်

တုန်းက ဘာတဲ့ ဘာစေတီမင်းကြီးဆိုတာလားပဲ…ထားပါတော့ အဲ့ဒိဘုရင်ကြီးနဲ့ဆွေမျိုး

တော်တယ်ဆိုပဲ…အေ့''

၎င်းဈေးသည်များအချင်းချင်းပြောနေသောစကားများမှာ အမှီးအမှောက်မတည့်လှသော်လည်း ကိုရင်သာဂိက

အလွန်စိတ်ဝင်စားနေသည်။ထို့ကြောင့်..ဒကာမကြီးတို့က ဘယ်ရွာကလဲ ဒကာမကြီး

တို့''ဟု ဝင်ရောက်မေးမြန်းလိုက်သည်။

''ဒီခင်သာရွာကနေ ချောင်းကိုဖြတ်ကျော်လိုက်ရင် တပည့်တော်တို့ရွာပဲ လေ ကိုရင်ရဲ့''

''အော် ဟိုဘက်ရွာကလား''

ကိုရင်သာဂိသည် တခုခုဆက်ပြောရန်စဉ်းစားပြီးမှ ဘာမှဆက်မပြောတော့ပဲလှည့်ထွက်လာခဲ့သည်။

''ပြီးတော့ အဲ့ဒိဆရာတော်လေးက ဗေဒင်လည်း သိပ်ပြီးတော့ တော်တာပဲတဲ့..တော်ရေ..''

လှည့်ထွက်လာခဲ့သော်လည်း တောသူများပီပီ အော်ကြီးဟစ်ကျယ်ပြောနေကြခြင်းဖြစ်၍ ခပ်လှမ်းလှမ်း

ရောက်တဲ့အထိကြားနေရဆဲပင်ဖြစ်သည်။မထင်မှတ်ပဲ ကြားသိလိုက်ရသောဝမ်းနည်းဖွယ်သတင်း

စကားများကြောင့် သာသနာနဲ့ရပ်ရွာအတွက်တခုခုလုပ်ရန်ဆုံးဖြတ်လိုက်သည်။

ထစ်ချုန်းမိုးသည်မကြာမှီအချိန်ကာလ အတောအတွင်းလေးမှာပင် ရပ်တန့်သွားခဲ့သည်။သို့သော်

လေများကတော့ တဖြူးဖြူးတိုက်ခတ်နေဆဲ။စိုတဝက်ခြောက်တဝက်ဖြင့် စိုထိုင်းထိုင်းဖြစ်နေသော

မြေသားများသည် ရွှံဗွက် အသွင်သို့ပြောင်းလဲသွားသည်။ပြင်းထန်သော လေအဟုန်ကြောင့်ကြွေကျ

သွားသော သရက်သီးများအားလည်း ရွာသားငယ်များက အပြေးအလွှားလာရောက် ကောက်ယူကြ

သည်။ခုနစ်လွှာရောင်စင် ဖြန့်ကျက်ကွန့်မြူးတောက်ပနေသော သက်တန့်ကြီးကလည်း ပဲခူးရိုးမနှင့်

ကောင်းကင်ပြာကိုတံတားထိုးပေးထားသည့် အလား။တိမ်များလည်းကင်းစင်နေပေပြီ။ထို့ကြောင့်

ခရီးဆက်မည့်သူများကလဲ ခရီးဆက်သွားကြသလို နွားကျောင်းသားများကလည်း မိမိနွားများအား

လှည့်လည် ထိန်းကျောင်းရန်ထွက်ခွါသွားကြပေပြီ။

''ဆရာတော်ဘုရား တပည့်တော် ရွာထဲခဏသွားပါရစေဘုရား''

သင်္ကန်းကိုလက်ကတော့ထိုး၍ ရိုသေစွာလျှောက်ထားလိုက်ခြင်းဖြစ်သည်။ကိုရင်သာဂိသည် ကိုရင်စ

ဝတ်သည့်နေ့မှစ၍ ရွာထဲသို့သွားလာခြင်းလုံးဝမရှိခဲ့၍ ဆရာတော်ကလည်း ကြည်ကြည်ဖြူဖြူပင်သွား

ခွင့်ပြုလိုက်သည်။

''သွားလေ ကိုရင်သာဂိ..မိုးတော့မချုပ်စေနဲ့ပေါ့..''

''တင်ပါဘုရား..''

ရိုသေစွာလျှောက်ထားပြီး နောက်သို့ခြေလှမ်းသုံးလှမ်းဆုတ်၍ ထွက်ခွါခဲ့သည်။

ဆရာတော်ကတော့ ကိုရင်သာဂိ၏ နောက်ကြောကိုကြည့်၍ အတွေးစတခုနဲ့အတူ ခေါင်းတငြိမ့်ငြိမ့််

လုပ်ရင်း ကျန်ရစ်ခဲ့သည်။

''တခုခုတော့ မှားနေပြီ…ဘုန်းကြီးဝတ်တာမကြာသေးဘူး..စာတွေပေတွေလဲ မတတ်ဘူး..ဘယ်လို

လုပ်ပြီးဆရာတော်ဖြစ်ရတာလဲ…ကျောင်းထိုင်မယ့်ဘုန်းကြီးတပါးက အနည်းဆုံးဆယ်ဝါရှိရမယ်..

ပြီးတော့ ဘိက္ခုဝိဘင်း၊ဘိက္ခုနီဝိဘင်းဆိုတဲ့ ဝိဘင်းနှစ်ပါးကိုလဲ ကောင်းကောင်းကြီးတတ်သိနားလည်

ထားရမယ်…စာမတတ်ဘဲနဲ့ဒီဝိဘင်းဆိုတာတွေကိုဘယ်လိုလုပ်ပြီးနားလည်မှာလဲ….ဒါပေမဲ့..ကျောင်း

ထိုင်ဆရာတော်ဖြစ်နေတယ်တဲ့…ပြီးတော့ ဗေဒင်လည်းတွက်တယ်ဆိုပါလား….ရဟန်းသံဃာဆိုတာ

ဗေဒင်တွက်ခြင်းဆေးကုခြင်းကိုအထူးရှောင်ရှားရမယ်…လို့စာမှာရှိတယ်…ပြီးတော့ ဗေဒင်တွက်ဆေး

ကုလို့ရလာတဲ့ အလှူငွေနဲ့ကျောင်းဆောက်ရင် အဲ့ဒိကျောင်းပေါ်တက်တဲ့ရဟန်းတိုင်းဟာတခါတက်

ရင် တခါအာပတ်သင့်တယ်…ဗေဒင်တွက်ဆေးကုပြီးရလာတဲ့လာဘ်လာဘကိုသာသနာအတွက်မသုံး

ကောင်းဘူး….ဒါကြောင့်ဗေဒင်တွက်ဆေးကုတဲ့ရဟန်းကလဲ သာသနာဖျက်တဲ့ရဟန်းဖြစ်တယ်…အဲ့ဒိ

ဗေဒင်တွက်ဆေးကုခြင်းပြုလုပ်နေတဲ့ရဟန်းဆီမှာ သွားပြီးဗေဒင်တွက်ခိုင်းဆေးကုခိုင်းတဲ့ဒကာ ဒကာမ

ဟာလဲ သာသနာဖျက်ဒကာ ဒကာမတွေပဲဖြစ်တယ်….မဖြစ်ဘူး..မဖြစ်ဘူး…သူတို့ကို ငါအချိန်မှီတား

မြစ်မှဖြစ်မယ်….''ကိုရင်သာဂိသည် ဤသို့မီးခိုးကြွက်လျှောက်တွေးမဆုံးနိုင်သော အတွေးများကို ထမ်းပိုး

လျှက် စေတီတထောင်တည်မည့် ရွာဘက်သို့ဦးတည်လျှောက်လှမ်းလာခဲ့သည်။၎င်း အတွေး

များထဲတွင် သာသနာတော်ကြီးကို ဝိုင်းဖျက်မည့်အရေးအား မလိုလားခြင်းဒေါသ၊လမ်းမှားနေသည်ဟု

တွက်ချက်ရသော ဆရာတော်ငယ်ဆိုသူအား လမ်းမှန်သို့ရောက်စေလိုသော စေတနာ၊အယူမှားလိုက်

၍ ဒုက္ခရောက်ကြမည့် ဒကာ ဒကာမများအား ကယ်တင်လိုသည့်..ကရုဏာနှင့်မေတ္တာတရားများက

ရှေ့ဆောင်ဦးရွက်အဖြစ်ပါဝင်သည်။

ကိုရင်သာဂိသည် ခင်သာရွာလေး၏ တောင်ဘက်ခြမ်းရှိသဲချောင်းကြီးကိုဖြတ်ကျော်လာခဲ့သည်။

၎င်းသဲချောင်းတွင် ရာသီအလိုက်ဆန်စပါးကောက်ပဲသီးနှံများကို စိုက်ပျိုးကြပြီး မိုးရာသီတွင် ချောင်း

အတွင်း၌ရေများပြည့်လျံနေ၍ မည်သည့်ကောက်ပဲသီးနှံကိုမျှမစိုက်ပျိုးနိုင်ကြချေ။ယခုလည်း မိုးဦးရွာ

သီဖြစ်၍ ချောင်းရေလျံတော့မည် ဖြစ်သောကြောင့် ကောက်ပဲသီးနှံများအားလုံးကို ရိပ်သိမ်းထားပြီးဖြစ်

သည်။နွေရာသီတွင်တော့ ရေသည်ရှိသည်ဆိုရုံမျှသာရှိ၍ သောက်ရေသုံးရေခပ်လိုလျှင် ၄င်းသဲများကို

တွင်းငယ်လေးများတူ၍ ရယူကြသည်။ချောင်းနံရံ ကမ်းပါးများသည် အနီတရစ် အဝါတရစ် အညိုတရစ်

လိမ္မော်ရောင်တရစ်စသည့်ဖြင့် ရောင်စုံအရစ်များကြောင့် သဘာဝအတိုင်းလှချင်တိုင်းလှနေသည်။

ကမ်းပါးနံရံများတွင် တွင်းများတူး၍ငှက်မျိုးစုံစွာလည်းပျော်စံကြသည်။၎င်းတွင်းအောင်းငှက်များ၏

တွန်ကျူးသံနှင့် ကုန်းပေါ်ရှိချုံပုတ်များမှ ဘုတ်ငှက်တို့၏အော်မည်သံများကိုပေါင်းစပ်လိုက်လျှင် နား

ဝင်ချိုသော ဂီတသံစဉ်တခုဖြစ်ပေါ်လာ၏။၎င်းဂီတသံစဉ်များကို ကိုရင်သာဂိ နွာကျောင်းသားဖြစ်ခဲ့

စဉ်ကာလက မကြာမကြာလာရောက်ခံစားခဲ့ဘူးသည်။တခါတရံ ရွှေရီနှင့်အတူ၊တခါတရံ တကိုယ်

တည်း။

ကိုရင်သာဂိသည် ၄င်းရှုခင်းများ တေးသံများကို ပြန်လည်ခံစားလိုက်ရ၍ ရင်ထဲတွင်စို့နင်လာအောင်ခံ

စားလိုက်ရသည်။ဤ၍ ဤမျှလှပ ပါသော၊သာယာနာပျော်ဖွယ်အတိဖြင့်ပြီးသော ဤရပ်ဤမြေဤဒေ

သလေးသည် လူမိုက် လူဖျင်း လူအ လူ့ဗာလ ပညာမဲ့လောဘသား အကြံသမားတို့၏လက်ချက်ဖြင့်

သာသနာကိုဖျက်စီးသောနယ်မြေဖြစ်ရပေတော့မည်။အမိုက်တရားတို့ထွန်းကားရာနယ်မြေဖြစ်ခြေ

တော့မည်။အဓမ္မဝါဒီများကြီးစိုးရာနယ်မြေအဖြစ်ဖြင့် အလှတရားများကို တိမ်ကောပျောက်ကွယ်အောင်

ပြုကြပေတော့မည်။

''လက်မခံဘူး..လုံးဝ လက်မခံဘူး..ဒါဟာငါ့မြေဖြစ်တယ်..ဒါဟာ ငါ့ရွာဖြစ်တယ်…ဒီလိုအဖြစ်မျိုးငါလုံးဝ

အဖြစ်မခံဘူး…ငါကိုယ်တိုင်ကာကွယ်မယ်''စသဖြင့် ဇာတိမာန်များလည်းနိုးကြွလာသည်။

ကိုရင်သာဂိသည် ပေါက်တူးဖြင့် ပေါက်၍ပြုလုပ်ထားသော ချောင်းကမ်းပါးအတက်မြေနီလှေကား

လမ်းကလေးအတိုင်းတက်လာခဲ့သည်။၎င်းရွာသည် ကိုရင်သာဂိ နွားကျောင်းသားဘဝဖြင့်မွှေနှောက်

သွားလာခဲ့သည် အရပ်ဒေသများဖြစ်သော်လည်း ဘုန်းကြီးကျောင်းအသစ်မည်သည့်နေရာတွင်ရှိသည်

ကို မသိသေး၍စုံစမ်းရဦးမည်။ထိုရွာတွင် အရင်က ဘုန်းကြီးကျောင်းမရှိသေး။သို့သော် မုဒ်ဦးတွင် မိုးခို

ခဲ့သော ဒကာ ဒကာမများ၏ ပြောဆိုချက်အရ ဘုန်းကြီးကျောင်းအသစ်ရှိကိုရှိရမည်။ထွေထွေထူးထူးမ

စုံစမ်းလိုက်ရ။ချောင်းကမ်းပါးပေါ်သို့ရောက်ရောက်ခြင်း အိမ်သစ်ကြီးတလုံးနှင့် လူများစည်ကားနေ

သည်ကိုတွေ့လိုက်ရသည်။

အိမ်သစ်ကြီးဆိုသော်လည်း သစ်သားအိမ်မျှသာဖြစ်သည်။အမိုးအသစ်၊အကာအရံအသစ်၊ပြီးတော့ အရင်က

ထိုနေရာတွင် ဘာအိမ် ဘာအဆောက်အဦးမျှမရှိသေးပေ။၎င်းလူစည်ကားရာ အိမ်သစ်ကြီး

ကို ကိုရင်သာဂိစိတ်ဝင်စားမိသည်။ဘာကြောင့်လူတွေစည်နေတာပါလိမ့် ဟုလဲတွေးမိသည်။ထို့

ကြောင့် ထိုနေရာသို့ဦးတည်လျှောက်လှမ်းခဲ့သည်။ကိုရင်သာဂိသည် အနီးသို့ရောက်သောအခါ

တွေ့မြင်လိုက်ရသော မြင်ကွင်းကြောင့် လွန်စွာပင် အံ့သြထိတ်လန့်တုန်လှုပ်သွားသည်။

မဟာအတုလ ဆရာတော်ကျောင်းဆိုပါလား…ဗုဒ္ဓသာသနာ ကမ္ဘာကိုလွှမ်းစေရမည်တဲ့….အကြမ်းဗျဉ်း

မျှသာ ရေးခြစ်ထားပြီး မချိတ်ဆွဲရသေးပဲ နံရံတွင်ကပ်လျက်ထောင်ထားသောဆိုင်းဘုတ်ကို တွေ့မြင်

လိုက်သည်။အော်..ဒါဘုန်းကြီးကျောင်းပဲ..အိမ်မှမဟုတ်တာ ဟု သိလိုက်သည်။ဘုန်းကြီးကျောင်းအ

သစ်တည်မယ်ဆိုရင် ရွာနီးချုပ်စပ်ဆရာတော် သမတော်တွေကို အသိပေးရတယ် မဟုတ်ပါလား…။

ဘာဖြစ်လို့…..။အတွေးများမဆုံးသေးခင်မှာပင် အတွင်းသို့လှမ်းကြည့်လိုက်သည်။မြင်လိုက်ရသော

မြင်ကွင်းကြောင့် စိုးရိမ်ထိတ်လန့်မှုများနဲ့အတူ ကြီးမားသောပေါက်ကွဲသံစဉ်တခုကိုသည် ကိုရင်သာဂိ

၏ နှလုံးအိမ်ကို ရိုက်ခတ်သွားသည်။ငယ်စဉ်က စိတ်မျိုး အခြေနေမျိုးနဲ့ဆိုရင် လက်ထဲမှာ အမြဲရှိနေ

သည် လေးဂွနှင့်စွဲပြစ်မိလိမ့်မည် ။သို့သော် သင်္ကန်းနဲ့ဒေါသ၊ဗုဒ္ဓတရားတော်နှင့် ရန်လိုခြင်း၊ငြိမ်းချမ်း

ရေးခရီးနှင့် စိတ်လိုက်မာန်ပါပြုမူခြင်း ဘယ်လိုမှ မအပ်စပ် ဟူသောအသိတစ်ချက်   ကြောင့် အရာရာ

ကိုထိမ်းချုပ်နိုင်ခဲ့သည်။သူတို့ဘာတွေဆက်လုပ်မည်၊ဘာတွေပြောဆိုကြမည်ကို အပြင်မှ လှမ်း၍ ရပ်

ကြည့်နေလိုက်သည်။

အတွင်းသုံးဆယ့်ခုနစ်မင်း၊အပြင်သုံးဆယ့်ခုနစ်မင်း၊ရှိရှိသမျှနတ်အားလုံးတွင် မနှဲလေး ကိုအောင်နိုင်

အစ ဝိရူဠက ဝိရူပက္ခအဆုံး အားလုံးသောနတ်ရုပ်မှန်သမျှကို စင်ပေါ်သို့တင်ထားသည်။ဆရာတော်

ငယ်ဆိုသူက ၄င်းနတ်စင်အောက်တွင် ဒူးတုတ်လက်အုပ်ချီ၍ မည်သူမျှနားလည်နိုင်မည်မဟုတ်သော

ဘာသာစကားများကို လျှင်မြန်စွာ ရွတ်ဆိုနေသည်။အခြံရံ ပရိတ်သတ်များက ၄င်းအား ယပ်ခပ်ပေးကြ

သည်။ဆရာတော်ငယ်ကို ရှိခိုးရမလား၊နတ်တွေကိုပဲ ရှိခိုးရမလား၊မည်သူ့ကိုရှိခိုးဦးတိုက်ရမည်မှန်း မဝေ

ခွဲနိုင်၍ ၄င်းနှင့်နတ်များအားတလှည့်စီလှည့်၍ ရှိခိုးနေသူများလည်း ရှိသည်။အထူးခြားဆုံးမှာ ပ

ရိတ်သတ်အားလုံး ဖိနပ်များကို ခါးခြားထိုးထားကြခြင်းပင်ဖြစ်သည်။မိန်းမများကလည်း ဖိနပ်များကို

လက်ထဲတွင်ကိုင်ထားကြသည်။ဆရာတော်ငယ်အား လာရောက်ပူဇော်သူအားလုံးမှာ ရွာနီးချုပ်စပ်မှ

မဟုတ်ကြဘဲ မြို့နေလူတန်းစားများပုံပေါ်သည်။ရွှေတွဲလဲ ငွေတွဲလဲ များပင်ဖြစ်ကြသည်။နှုတ်ခမ်းနီရဲ

ရဲ ဝပြဲပြဲများမိန်းမကြီးများနှင့် သပ်သပ်ရပ်ရပ်နာရီလက်ပတ်များ ၊ယောပုဆိုး အင်္ကျီလက်ရှည်လည်ကု

တုံးဝတ်ဆင်ထားသော သူများဖြစ်ကြသည်။ဆရာတော်ငယ်ဆိုသူ၏ရွတ်ဆိုသံမှာ မြန်မာအသံထွက်

ထွက်လာသောကြောင့် နားစိုက်ထောင်လိုက်သည်။

ဘုရားငါဆူ၊နှစ်ကျိပ်ရှစ်ဆူ၊ဂင်္ဂါဝဠုသဲစုမက ပွင့်တော်မူပြီးကုန်သောဘုရားရှင်အားလုံးရဲ့အမိန့်တော်

တန်ခိုးတော်၊စွမ်းပကားတို့ကြောင့် ယခုရောက်လာကြကုန်သော ဘုန်းရှင်ကံရှင် ဒါယကာ ဒါယိကာ

များ၏ ဒုက္ခခပ်သိမ်းသည်လွတ်စရာ လွတ်၊ကျွတ်စရာကျွတ်စေသတည်း။

ဟာ ဘယ်နှယ့် သူတို့ဘာသာအေးအေးဆေး နိဗ္ဗာန်ရောက်သွားတဲ့ ဘုရားရှင်တွေကိုတောင် အလွတ်မပေးပဲ

အမိန့်ခေါ်ပေးခိုင်းနေရတာလဲ၊ဘုရားရှင်တွေ သက်ရှိထင်ရှားရှိစဉ်ကာလကတောင် ဒီ

လူဒီပုဂ္ဂိုလ်တော့ နိဗ္ဗာန်၊ နတ်ပြည်ကို ချက်ချင်းရောက်စေသတည်းလို့အမိန့်မပေးခဲ့ပါပဲ …သူကများ…

ကိုရင်သာဂိသည် မြင်ကွင်းနှင့်ကြားလိုက်ရသော အသံများကြောင့် ဒေါပွမိသလိုလို ခံစားမိလိုက်သည်။

ဝိဇ္ဇာ ဇော်ဂျီ တပသီ နဲ့ရွာတော်ရှင် ကိုးမြို့ရှင် အဘဦးရှင်ကြီး၊အဘဘိုးဘိုးအောင်၊အဘအောင်မင်း

ခေါင်ပါမကျန်အားလုံးသော တန်းခိုးရှင်သူတော်စင်ကြီးတို့သည် ယနေ့လာရောက်ကြကုန်သော ဒါယ

ကာ ဒါယိကာများ၏ အသက်အိုးအိမ်စည်းစိမ်မှန်သမျှကို နှမ်းစေ့မျှအရွေ့အပျောက်မခံပဲ ကြည့်ရှုစောင်

မကြပါစေကုန်သတည်း။

''ဟာ…လုပ်ပြန်ပြီ…လုပ်ပြန်ပြီ…..ဘုန်းကြီးတစ်ပါးက ကိုယ့်လောက်မှအကျင့်သိက္ခာမရှိ နိမ့်ကျတဲ့ဘိုး

တော်ဆိုတာတွေ နတ်ဆိုတာတွေကို အဘလိုက်ခေါ်နေတယ်…သွားပါပြီ..သွားပါပြီ….။မပြီးသေးဘူး။

ဘာတွေဆိုနေပြန်ပြီလဲမသိဘူးနားထောင်ကြည့်လိုက်ဦးမယ်''။ကိုရင်သာဂိလည်း အံ့သြထိတ်လန့်

မှုများနဲ့အတူ တယောက်တည်း တိတ်တိတ်လေး ရေရွတ်ရင်း ဆက်လက်နားထောင်နေလိုက်သည်။

အတွင်းသုံးဆယ်ခုနစ်မင်း၊အပြင်သုံးဆယ့်ခုနစ်မင်းနှင့်တကွ နတ်ပြည်ခြောက်ထပ်မှာနတ်မင်းကြီးများ၊

ဗြဟ္မပြည်ဆယ့်ခြောက်ထပ်မှ ဗြဟ္မာမင်းကြီးများ၏တန်းခိုးရှိန်စော်အာဏုဘော်ကြောင့်လည်းကောင်း၊

ကျနုပ်အရှင် အာဒိစ္စ၏ ဒါယကာ ဒါယကာများအပေါ်ထားရှိသော မေတ္တာစေတနာနှင့်သီလသမာဓိ

ပညာ သိက္ခာသုံးပါး စွမ်းပကားတို့ကြောင့် ယနေ့ရောက်လာကြကုန်သော ဒါယကာ ဒါယိကာမအ

ပေါင်း သူတို့ကောင်းတို့၏စီ်းပွားဥစ္စာ ဂုဏ်သိက္ခာနှင့် ရာထူးဌာနန္တရ အဝဝတို့သည်တနေ့တခြား

ဒီရေအလားကဲ့သို့တိုးတက်ပွားများပြီးသကာလ ဘယ်ဘက်ကတဆုတ်ကျဲ ညာဘက်ကတလှည်းဝင်၍

လှူနိုင်တန်းနိုင်သာသနာပြုနိုင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများဖြစ်ကြပါစေသတည်း။

အော် …သူ့နာမည်က ဦးအာဒိစ္စတဲ့လား….တောက်…ယုတ်မာလိုက်တာ…သူ့ရဲ့သိက္ခာသုံးပါးဆိုပဲ…

လုပ်ထားဦးပေါ့..တွေ့မယ်…ဒင်း..တော့ ငါနဲ့တွေ့မယ်…ဟုစိတ်ထဲတွင်ကျိတ်၍ ကြိမ်းဝါးလိုက်ပြီးမှ

အော် ..ငါဟာ ..ဘုရားသားတော်..ရှင်သာမဏေတပါးဖြစ်နေပြီပဲ..ဒေါသတွေ့မသင့်တော်ပါလား…

ဟူသော အသိတချက်နဲ့အတူ မိမိ၏ဒေါသလေးများကို ပြန်လည်ထိမ်းသိမ်းနိုင်ခဲ့သည်။ု

ထို့နောက် ဦးအာဒိစ္စသည် ၄င်းရွတ်ဆိုရာရှေ့တွင်ချထားသော ရေအိုးများထဲမှရေကိုရောက်လာကြ

သော ပရိသတ်များအားသောက်စေသည်။ကိုယ်တိုင်လည်း ၄င်းရေများကိုရေခွက်တွင်ထည့်၍ လက်နဲ့

စွတ်လိုက် ယောက်ျားမိန်းမအားလုံး၏ ဆံပင်ထိပ်ဖျားများ၊ဂုတ်ကျောများကို လိုက်လံသပ်ချပေးသည်။

ခပ်ငယ်ငယ်အရွယ်ရှိသောအမျိုးသမီးလေးများကိုတော့ ပုခုံးလေးတွေကိုပါ လေးငါးချက်ဆင့်ပြီးပုတ်

ပေးလိုက်သေးသည်။ကိုရင်သာဂိသည်၎င်းတို့၏သာသနာနှင့်မအပ်စပ်သော လုပ်ရပ်များ၊ဘာသာ

ခြားတို့ရှေတွင် ဒါဟာ ဗုဒ္ဒဘာသာဝင်တွေပါဗျာ ဟု လက်ညှိုးညွှန်ကာ ဂုဏ်ယူစရာမဖြစ်သော လုပ်ရပ်များကို

ဆက်လက်၍ သည်းခံစောင့်ကြည့်ခြင်းငှာ မစွမ်းနိုင်တော့သည့် အဆုံး၌ စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်

ကျလျှက်ြပန်လာခဲ့သည်။ချောင်းကမ်းနှဖူးနားအရောက် လှေခါးထစ်များကိုဆင်းမည်အပြုတွင် နောက်မှ

လှမ်းခေါ်သံတခုကိုကြားလိုက်၍ ပြန်ကြည့်လိုက်သည်။

ကိုရင်လေး..ကိုရင်လေး ဆရာတော်က ခဏပြန်ကြွခဲ့ဖို့ အမိန့်ရှိလိုက်တယ်…ပြန်လာခဲ့ပါဦးခဏ

လောက်….။

ကိုရင်သာဂိသည် ၄င်းတို့နှင့်အဖက်လုပ်၍ စကားပြောဆိုချင်စိတ်မရှိသော်လည်း တစုံတရာတော့ထူး

နိုင်ကောင်းရဲ့ဟူသော စူးစမ်းလိုစိတ်ကြောင့်လှည့်ပြန်လာလိုက်သည်။

ထိုင်လေ ကိုရင်…ဒီမှာငါကသာသနာပြုလုပ်ငန်းတွေလုပ်နေရလို့ ဧည့်သည်ကို ဧည့်ခံဖို့လင်း

ဟင်းသွားတယ်…ဟုပြောရင်းကိုရင်သာဂိအား နေရာပေး၍ထိုင်စေသည်။သို့သော်ကိုရင်သာဂိသည်

နတ်ရုပ်များ၏ အောက်တွင်ထိုင်ရမည်ကိုမလိုလားသောကြောင့်လည်းကောင်း၊ဦးအာဒိစ္စဆိုသူအား

ဒူးထောက်ခယ ဦးတိုက်ရမည်ကို ပို၍မလိုလားသောကြောင့်လည်းကောင်း ထိုင်ခြင်းပြုခြင်းမရှိဘဲ မတ်

တတ်သာ ရပ်နေလိုက်သည်။

ဟေ့ ..ဒကာလှစိုး..ဟိုဘီဒိုထဲက သင်္ကန်းတစ်စုံထုတ်ခဲ့စမ်းကွ…ငါဒီကိုရင်ကိုလှူချင်လို့…ဟုကျယ်

လောင်သော အသံဖြင့်လှမ်းအော်လိုက်၍ လှစိုးဆိုသူမှ သင်္ကန်းတစုံယူလာခဲ့သည်။၎င်းသင်္ကန်းကို

ဦးအာဒိစ္စဆိုသူက ကိုရင်သာဂိ၏ရှေ့တည့်တည့်တွင်ခေတ္တချထားလိုက်ပြီး..ဒီမှာကိုရင်…ဒီရွာမှာအရင်

တုန်းက ဘုန်းကြီးကျောင်းဆိုတာ မရှိခဲ့ဘူး၊အခုတော့ရှိပြီ..ပြီးရင် ဒီနားမှာပဲ ငါကိုယ်တိုင်ဦးဆောင်ပြီး

တော့ စေတီတထောင်တည်ဦးမှာကွ..အဲ့ဒါကိုသာသနာတော်တိုးတက်ပြန့်ပွားတယ်လို့ခေါ်တယ်

…ဟုပြောပြီးဆက်လက်၍ ကဲကဲရော့ မင်းအတွက်ငါသင်္ကန်းတစ်စုံလှူလိုက်မယ်…ယူသွား…ပြောရင်း

သင်္ကန်းကိုကိုရင်သာဂိအားလှမ်းပေးသည်။စိတ်ထဲမှာလဲပြောချလိုက်ချင်သည့်စကားလုံးပေါင်းများစွာ

ကရှိနေသည်။ ကိုရင်သာဂိသည် ပထမတွင် ကြောင်အန်းအန်းဖြစ်သွားပြီးအားနာပါးနာနှင့်ယူလိုက်ရမ

လိုလို၊သူ့ရပ်သူ့နယ်ပယ်ထဲတွင်ရှိနေ၍ ကြောက်ကြောက်နဲ့ပဲယူလိုက်ရတော့မလိုလို ဖြစ်နေမိသည်။

သို့သော် ''အားမနာနဲ့ မကြောက်နဲ့ပြောစရာရှိရင် ပြောသင့်ရင်ရဲရဲပြော၊လုပ်စရာရှိရင် လုပ်သင့်ရင် ရဲ

ရဲလုပ်''ဟူသော ဆရာတော်၏ ဆုံးမစကားတခွန်းသည် နားထဲသို့ဝုန်းဒိုင်းကျဲပြေးဝင်လာ၍………..

''ဒီမှာကိုယ်တော်…သာသနာတိုးတက်တယ၊်ပြန်ပွားတယ်၊ထွန်းကားတယ်ဆိုတဲ့နေရာမှာ လူတွေဟာ

အနည်းဆုံးငါးပါးသီလတော့လုံကြတယ်၊အခုဒီမှာရှိနေတဲ့လူတွေအားလုံးဟာ ကိုယ့်ဖိနပ်ကို

ခါးကြားထိုးသူထိုးထားရတယ်..အိပ်နဲ့ထုတ်သူထုတ်ထားရတယ်…ဒီထဲမှာ သူခိုးတွေရှိနေတယ်ဆိုတဲ့

အဓိပ္ပါယ်ကို ပြနေတယ်..ပြီးတော့ ကိုယ်တော်တို့လိုသာသနာနဲ့မအပ်စပ်တဲ့အကျင့်တွေနဲ့ရလာတဲ့

ဟော ဒိသင်္ကန်းကို လုံးဝမလိုချင်ဘူး..

ရွံတယ်…ပြီးတော့ ထပ်ပြောဦးမယ်…ဒီရပ်..ဒီရွာ..ဒီဒေသ ဟာ

စိုက်ပျိုးရေးကို အခြေခံပြီးအသက်ရှင်ရပ်တည်နေကြတာ..ဒီမြေ..ဒီရေနဲ့ဒီလယ်တောတွေဟာ ဒီရပ်ရွာ

ရဲ့စပါးကျီပဲ…အဲ့ဒိမြေတွေမှာ ဘယ်သူမှတောင် ဆွမ်းနပ်မှန်အောင်ကပ်နိုင်မှာမဟုတ်သလို

ထုံးသင်္ကန်းတောင်နှစ်စဉ်ပုံမှန်ကပ်နိုင်မှာမဟုတ်တဲ့စေတီတွေကိုတည်မယ်ဆိုရင်လယ်မြေလဲဆုံးရှုံးတယ်..

ဘုရားလဲဆွမ်းငတ်လိမ့်မယ်…ဘုရားကိုလဲရေညှိတက်လိမ့်မယ် ဒီတော့ အဲ့ဒိကိစ္စကို

လည်းလုံးဝသာဓုမခေါ်နိုင်ဘူး…ကိုယ်တော်ဆက်လုပ်မယ်ဆိုရင် တပည့်တော်ရအောင်ဖျက်ဖို့အစဉ်

သင့်ပဲ ဟုပြောပြီးလှည့်ထွက်မည် အပြုတွင် ဦးအာဒိစ္စဆိုသူက ဒုတ်ကိုပြေးစွဲ၍ ကိုရင်သာဂိကို

ရိုက်မည့်ဟန်ပြင်သည်။ကိုရင်သာဂိကလည်း မျက်နှာကျောကိုတင်းထားလိုက်ပြီး ခပ်စပ်စပ်ပြန်ကြည့်

သည့်အနေနှင့် ခေါင်းကိုပါထိုးပေးထားလိုက်သည်။ဦးအာဒိစ္စသည် ရိုက်မည့်ဟန်ပြင်ထားပြီးမှ ကိုရင်သာဂိ၏

ရဲရင့်တည်ကြည်စွာ ပြန်လည်ရင်ဆိုင်လိုက်မှုကြောင့် ဘာဆက်လုပ်ရမည်မသိပဲ ကြောင်

စီစီဖြင့်ရပ်တန့်သွားသည်။လူပုဂ္ဂိုလ်များအားလုံးသည်လည်းမှင်သက်၍ဘာမျှမပြောမဆို မလှုပ်မယှက်

ဘဲ ငြိမ်သက် ရပ်ကြည့်နေကြသည်။ကိုရင်သာဂိလည်း မျက်လွှာကိုချရင်း မိမိဒေါသကို မိမိပြန်ငြှိမ်း

လိုက်နိုင်သည့် ဟန်ဖြင့်လှည့်ထွက်လာသည်။ဦးအာဒိစ္စ၏ ကျယ်လောင်စူးရှလှသော တောက်ခတ်

သံကတော့ချောင်းထဲသို့ ပြုတ်ကျပြီး ပဲ့တင်ထပ်သွားသည်ဟု ထင်ရသည်။

ဆက်လက်ရေးသားပါဦးမည်။ ..................ရေးသားသူ။   ။နန်းရှင်


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment