Wednesday, 22 June 2011

[Big Brothers & Sisters] New doc:  နိုင်ငံအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန်...

created the doc: " နိုင်ငံအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန်..."
Zaw Win Tun created the doc: " နိုင်ငံအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန်..."

မြန်မာနိုင်ငံအတွင်း ရေအား လျှပ်စစ်စီမံကိန်းများ တည်ဆောက် ရန် ဖြစ်နိုင်စွမ်းရှိသည့် ရေအရင်း အမြစ် ၉၂ ခုရှိပြီး ယင်းရေအရင်း အမြစ်များမှာ ကချင်ပြည်နယ်တွင် အများဆုံးတည်ရှိနေကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

 

လျှပ်စစ်စွမ်းအင်မှာ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့်စက်မှုကဏ္ဍများ တွင် အဓိကလိုအပ်ချက်ဖြစ်နေပြီး ပြည်သူများ၏ နေ့စဉ်လူနေမှုဘ၀ အတွက်လည်း မရှိမဖြစ် လိုအပ် ကြောင်း သိရှိရသည်။   

နိုင်ငံအတွင်း ရေအားလျှပ်စစ် စီမံကိန်းများတည်ဆောက်ရန်ဖြစ်နိုင် စွမ်းရှိသည့် ရေအရင်းအမြစ် ၉၂ ခု အနက် ၁၉ ခုမှာ ကချင်ပြည်နယ် တွင်တည်ရှိနေခြင်းဖြစ်ကြောင်းနှင့် အဆိုပါ တည်ဆောက်ရန်ဖြစ်နိုင် စွမ်းရှိသည့် ရေအားလျှပ်စစ်စီမံကိန်း များ၏ စက်တပ်ဆင်အားမှာ စုစု ပေါင်း ၄၆၀၉၉ ဒသမ ၃ မဂ္ဂါဝပ် ရှိကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်းတွင် လက်ရှိတည်ဆောက်ဆဲရေအားလျှပ် စစ်စီမံကိန်းများဖြစ်သည့် ဧရာဝတီ မြစ်ဆုံ၊ တာပိန်(၁)၊ ချီဖွေငယ်၊ ယီနန်၊ ခေါင်လံဖူး၊ ဖီဇော၊ ၀ူဆောက်၊ ချီဖွေ၊ လိုင်ဇာ၊ တာပိန်(၂)၊  နော် ချမ်းခ၊ ထာခ စီမံကိန်း ၁၂ ခုအပြင်  တည်ဆောက်မည့်ရေအားလျှပ်စစ်စီမံ ကိန်းများမှာ အူမွန်ခ၊  မလိချောင်း၊ တဘက်ရန်၊ တရွန်ခ၊ တနိုင်းခ၊ တ၀မ်ခ၊ နမ့်မလိခနှင့် ဗန်းမော်စီမံ ကိန်းများဖြစ်ကြောင်း သိရှိရပါ သည်။

မြန်မာနိုင်ငံ၏ လက်ရှိဓာတ် အားပေးစနစ်အတွင်းတွင် ၂၀၁၀ ပြည့်နှစ်နှစ်ကုန်ပိုင်းအထိ လျှပ်စစ် ဓာတ်အားသုံးစွဲသူများအတွက် ဓာတ် အားအပြည့်အ၀ပေးနိုင်ရန် လိုအပ် ချက်ပမာဏမှာ စုစုပေါင်းမဂ္ဂါဝပ် ၁၅၅၅ ဒသမ ၂၅ ရှိသော်လည်း နွေရာသီတွင်ရေသိုလှောင်နိုင်မှုနည်း လာ၍ရေအားလျှပ်စစ်စက်ရုံများမှ ထုတ်လုပ်မှုလျော့နည်းခြင်း၊ အချို့ စက်များမှာသက်တမ်းကြီးရင့်သဖြင့် ထုတ်လုပ်မှုစွမ်းအား ကျဆင်းလာ ခြင်းများ ဖြစ်နေကြောင်း သိရှိရ ပါသည်။

ယင်းအခြေအနေများကြောင့် လျှပ်စက်ဓာတ်အားဖြန့်ဝေရာတွင် ယခင်နှစ်များက နွေရာသီတွင် အုပ်စုများခွဲကာ အလှည့်ကျစနစ်ဖြင့် ဓာတ်အား ဖြန့်ဖြူးခဲ့ရကြောင်း လည်းသိရသည်။ E.M.G

 

http://www.news-eleven.com/index.php?option=com_content&view=article&id=9048:2011-06-22-09-35-39&catid=45:2009-11-10-07-45-41&Itemid=11


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment