Monday, 13 June 2011

[Big Brothers & Sisters] New doc: သဲပုံစေတီ

created the doc: "သဲပုံစေတီ"
Rozoner King created the doc: "သဲပုံစေတီ"

သဲပုံစေတီ

[By La Angel ]

သဲပုံစေတီ

 

ဒီပို့စ်ကိုတော့ အရေးပေါ် အမြန်တင်လိုက်ရလို့ အချက်အလက် စုံစုံလင်လင် မဖော်ပြတော့ဘဲ ပြောချင်တဲ့ သဲပုံစေတီ အကြောင်းကို အကြမ်းဖျင်းပြောကာ ကျွန်မတို့ စင်္ကာပူတွင် နေထိုင် ရုန်းကန်နေကြသော ဗမာတစ်စု၏ လုပ်ဆောင်ချက်လေးကို အသိပေးမှတ်တမ်းချင်လို့ Notes မှာ မှတ်ယူထားလိုက်တာပါ။

စေတီဆိုတာ ပါဠိစကားလုံးပါ။ "စေတိယ"ဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာပါ။ မြန်မာလိုအဓိပ္ပါယ်က အမြတ်တနိုးကိုကွယ်ရာလို့အဓိပ္ပါယ်ထွက်ပါတယ်။ ရှေးကလူတွေဟာ သစ်ပင်၊ တောတောင်၊စတာတွေကိုလည်း ကိုးကွယ်ကြတော့ အဲဒီသစ်ပင်၊ တောတောင်တွေကိုလည်း စေတီ လို့ခေါ်နိုင်ပါတယ်၊ နောက် ကိုယ့်ရဲ့ဘာသာအလိုက်အထွတ်အမြတ်ထားကြတဲ့ အဆောက်အဦးတွေ၊ အုတ်ပုံတွေ၊ သဲပုံစတာတွေလည်း စေတီစာရင်းမှာပါဝင်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အမြတ်တနိုးနဲ့ ကိုးကွယ်တဲ့အရာတွေဖြစ်နေလို့ပါပဲ၊ နောက်စေတီနဲ့တွဲပြီး စေတီပုထိုးလို့အခေါ်အဝေါ်လေးရှိနေပါသေးတယ်။

ပုထိုးဆိုတာကတော့ ယိုးဒယားကနေဆင်းသက်လာတဲ့စကားလုံးပါ။ အရှည်တော့ မပြောတော့ပါဘူး။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် မြတ်စွာဘုရား၏ ကိုယ်စား၊ ရတနာသုံးပါးကို ဦးထိပ်ထားလျက် စေတီတော်များတည်ထား ကိုးကွယ်လာကြပါတယ်။ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ ဟူ၍ စေတီ အမျိုးအစားလေးမျိုးရှိပါတယ်။  ဘုရားရှင်လက်ထက်တော်တုန်းက ဓမ္မစေတီ မပါဘဲ ၃ မျိုးလို့လဲ သိထားပါတယ်။

ဓာတုစေတီ။  ။ ဘုရားရှင်၏ ဓာတ်တော်၊ မွေတော်များ၊ ရဟန္တာများ၏ အရိုးဓာတ်တော်များ ဌာပနာထားလျက် တည်ထားသောစေတီ။

 

ဓမ္မစေတီ။ ။ ဘုရားရှင်ဟောကြားတော်မူခဲ့သော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ စသော တရားပိဋကတ်တော်များကို၊ ရွှေပြား၊ ငွေပြား၊ ကြေးပြားများပေါ်တွင် ရေးသားထွင်းထုပြီး ဌာပနာထားလျက် တည်ထားသော စေတီ။

 

ဥဒ္ဒိဿစေတီ။  ။ ဘုရားရှင်၏ ကိုယ်ပွား ရုပ်ပွားတော်များကို အုတ်၊ ကျောက်၊ ကြေး၊ သစ်သားတို့ဖြင့် ထုဆစ် သွန်းလုပ်ပြီး ဌာပနာထားလျက် တည်ထားသောစေတီ။

 

ပရိဘောဂစေတီ။ ။ ဘုရားရှင်နှင့်တကွ သံဃာတော်များ၏ အသုံးအဆောင်များဖြစ်သော သင်္ကန်း၊ သပိတ်တော်များနှင့် ဗောဓိပင်၊ ရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ပြဿဒ်၊တန်ဆောင်းများ ဌာပနာထားလျက် တည်ထားသောစေတီ။

 

မြတ်စွားဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းက ဘုရားရှင် ဒေသစာရီ ကြွချီတဲ့အခါမှာ ဘုရားအား ပူဇော်စရာ ဘုရားကိုယ်စား ပူဇော်စရာလေးများ ရှိရင် ကောင်းမှာလို့ အနာထပိဏ်သူဌေးကြီးရဲ့ ပူဆာမှုကြောင့် ရှင်အာနန္ဒာက မြတ်စွာဘုရားရှင်ထံမှာခွင့်တောင်းပီး ဥဒ္ဒိဿစေတီ နဲ့ ပရိဘောဂစေတီတို့ကို တည်ထားကိုးကွယ်ခဲ့တာပါ။

 

ဥဒ္ဒိဿ ဆိုတဲ့ပါဠိဟာ-

ရည်စူးအပ် ရည်ညွန်းအပ်တဲ့ အရာဝတ္ထုကို ဟောပါတယ်။ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ ပုံတော်ကို အတုပြုလုပ် ထားတဲ့ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူပုံကို ဥိဒ္ဒိဿစေတီ လို့ခေါ်ပါတယ်။ ရုပ်ပုံတော်ကို အတုပွားထားတဲ့အတွက် ရုပ်ပွားတော် လို့ အမည်ပေးပြီး ဘုရားရှင်ရဲ့ အဆင်းပုံသဏ္ဍာန်ကို အတုလုပ်ထားသောကြောင့် ဆင်းတုတော် လို့ အမည်ပေး ထားခြင်း ဖြစ်ပါတယ်။ ရုပ်ပွားဆင်းတုတော် မပါလည်း စိတ်ထဲကနေ အာရုံပြုအပ်တဲ့ ပုံတော်ကိုလည်း ဥဒ္ဒိဿစေတီ လို့ ခေါ် နိုင်ပါတယ်။

 

ဥဒ္ဒိဿ- ရည်စူးအပ်တဲ့၊ ရည်ညွန်းအပ်တဲ့ အရာဝတ္ထု။ စေတီ = ပူဇော်သင့် ပူဇော်ထိုက်တာ။

 

သဲပုံစေတီဆိုတာဟာလဲ ဥဒ္ဒိဿစေတီ အမျိုးအစားထဲမှာပါသွားပါတယ်။ စေတီ ပုထိုးတည်ဆောက်လှူဒါန်းတဲ့ကုသိုလ်ကို ဒီနေရာ အကျဉ်းချုံးဖော်ပြပေးပါ့မယ်။

 

စေတီဘုရားတည်မှုနှင့် ပတ်သက်၍ အင်္ဂတေများ၊ အုတ်များ၊ ရွှေသင်္ကန်းများကပ်၍ (ရွှေချ၍) အမြဲအစွဲ တည်ထားပူဇော်ကြသော စေတီများကို မဆိုထားဘိ-

သဲပုံစေတီတည်၍ ပူဇော်ရသော အကျိုးသည်ပင် အလွန်ကြီးမားလှပါတယ်။ ၀ိပဿီမြတ်စွာဘုရား ပရိနိဗ္ဗာန် စံသွားတော့ မမီလိုက်တဲ့ ဟိမ၀န္တာရသေ့တပါးက ချောင်းရိုးထဲတွင် သဲပုံစေတီတည်ပြီး ဘုရားအုတ်၊ ဓာတ်တော် ဌာပနာထားသော စေတီအမှတ်ဖြင့် တောပန်း၊ တောင်ပန်းတို့ဖြင့် အမြဲပူဇော်ခဲ့တယ်။ အဲ့ဒီကောင်းမှုကြောင့် လူ့ပြည်၊ နတ်ပြည် အစုန်အဆန် စည်းစိမ်ခံစား၍ သိကြားမင်း၊ စကြာမင်းအဖြစ် အကြိမ်များစွာဖြစ်ပြီး ဂေါတမဘုရားရှင်လက်ထက်၌ အဘိညာဏ် ၆-ပါးနှင့် ပြည့်စုံသော ရဟန္တာဖြစ်ရတယ်လို့ မှတ်ယူဖူးပါတယ်။

(အပါဒါန်၊ ဋ္ဌ-ဒု-၈၇)

 

ထို့ပြင် ၀ိပဿီဘုရားလက်ထက်မှာပဲ ဟိမ၀န္တာ ကုက္ကုရတောင်အနီး ရသေ့ကျောင်း၌ နေထိုင်သော တပည့်ငါးထောင်တို့ရဲ့ ဆရာရသေ့ကြီးက ရောဂါကြောင့် ဘုရားထံ မသွားနိုင်သဖြင့် ဂုဏ်တော်ကို ကြည်ညို၍ ပန်းစေတီပြုကာ ၀ိပဿီဘုရားအား ရည်မှန်း၍ ပူဇော်လှူဒါန်းခဲ့တယ်။ ထိုကောင်းမှုကြောင့် ဗြဟ္မာ့ပြည်၌ ဖြစ်ရပြီး ဂေါတမဘုရားလက်ထက်၌ ပုပ္ဖထူပိယထေရ် (ပန်းစေတီတည်ထားပူဇော်သော မထေရ်) ဟု ကျော်ကြားသော ရဟန္တာဖြစ်လေသည်။

 

သဲပုံစေတီ၊ ပန်းစေတီများပင် ဤမျှ အကျိုးကြီးလျှင် ထူးကဲစွာ ပူဇော်နိုင်သမျှ ထူးကဲစွာ အကျိုးပေးတယ်လို့ စိတ်ထဲမှာ ယုံကြည်မှတ်ထားစေချင်ပါတယ်။

ကျေးဇူးရှင် ထူးကြီးဆရာတော် ဘဒ္ဒန္တဏ္ဍန္ဒာဝုဓာဘိဝံသ စင်္ကာပူနိုင်ငံသို့ ကြွရောက်ခဲ့တော်မူတုန်းက ဆုံးမစကားတစ်ခွန်းရှိပါတယ်။ ယုံကြည်မှ သန္ဒါပါ။ အလုပ်တစ်ခုဟာ ယုံကြည်မှ စွမ်းတာပါတဲ့။ ဒါကြောင့် ခုဒီစာလေးကို ဖတ်ပီးတယ်ဆိုရင်ပဲ ဘာကြောင့် စေတီတည်၊ ရုပ်ပွားတော်တွေ ဌာပနာပီး ကိုးကွယ်ဆည်းကပ်နေလဲဆိုတာ မိမိဥာဏ်နဲ့ စဉ်းစား စူးစမ်းဆင်ခြင်ပီး ကုသိုလ်ပွားနိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

ခုလာမယ့် ၁၈.၀၆.၂၀၁၁ (စနေနေ့)မှာ East Cost, Car Park (E) မှာ ဗုဒ္ဓဘာသာဝင်အားလုံး အထ္ပွဋ်အမြတ်ထားတဲ့ မြတ်စွာဘုရား သက်တော်ထင်ရှားရှိသကဲ့သို့ မှတ်ယူပူဇော်ကာ မြတ်စွာဘုးရားရဲ့ ဂုဏ်တော်၊ တရားရဲ့ဂုဏ်တော်၊ သံဃာ့ ဂုဏ်တော်တွေ ရွတ်ဆိုကာ "ရွှေတိဂုံပုံတော်တူ ကိုးတောင်ပြည့် သဲပုံစေတီ" တည်ထားမှာဖြစ်တယ်လို့ သတင်းပေးကာ ကုသိုလ်ပါဝင်နိုင်ရန်အတွက် အပေါင်းအသင်းတွေ အားလုံးနဲ့ ဓမ္မမိတ်ဆွေ များအားလုံးကို ဤစာဖြင့် ဒါနပြု ကုသိုလ်ပွားလိုက်ရပါတယ်။

East Cost ကသဲတွေက သဲကြမ်းတွေ ဖြစ်တဲ့အပြင် သဘာဝမဟုတ်တဲ့အတွက်ကြောင့်မို့ သဲတွေက အလေးချိန်မရှိ ဖွာကာ ခုအစမ်းတည်ချိန်မှာတင် ပြိုကျနေတယ်လို့သိရပါတယ်။ ဒါကြောင့် ကျွန်မတို့ မြို့ပြ အင်ဂျင်နီယာ နဲ့ ဘူမိ အစ်ကို အစ်မတွေရဲ့ ကာယအား၊ ဥာဏအားတွေ အလှူခံ ကုသိုလ်လိုနေပါတယ်။

လိုအပ်တဲ့ နွံပါသောသဲများ ရှာရန် နောက် ၀ါး၊ ရွှေစက္ကူ၊ ငွေစက္ကူ၊ စက္ကူနဲ့ပြုလုပ်ထားတဲ့ ယပ်တောင်၊ စေတီရဲ့ပစ္စယံတိုင်းမှာ ကပ်လှူပူဇော်မယ့်ဘုရားပန်းတွေ၊ ဆီမီး နဲ့ သန္ဒါအားတွေ အတွက် လူအား ၀တ္ထုအားတွေ လိုအပ်နေသေးလို့ နိဗာန်ဆော်လုပ်လိုက်ရခြင်းဖြစ်ပါတယ်။ အချိန်ကလဲ သိပ်ကပ်နေပီမို့ လိုအပ်တဲ့ အကြံဥာဏ်နဲ့ အလှူဆန္ဒများကို အောက်တွင်ဖော်ပြထားသော ပုဂ္ဂိုလ်များထံဆက်သွယ် အကူအညီပေးနိုင်ဖို့ တောင်းဆိုပါတယ်။

အဓိကက ယောင်္ကျားလေး အင်အားနဲ့ ပစ္စည်းသယ်ယူနိုင်ရန် ကား လဲလိုအပ်နေပါသေးတယ်။ လောလောဆယ် ကား ၃ စီးရထားပီလို့ သိရပါတယ်။ ကျွန်မကိုယ်တိုင် သောကြာနေ့ညနေ အဆင်ပြေလျှင် လုပ်အားပေး ရှိနေမည်ဖြစ်ပီး ဦးမြင့်သိန်းနှင့် အဖွဲ့မှာ ညအိပ်ကာ ပစ္စည်းများစောင့်ရှောက်ထားမည် ဖြစ်ပါတယ်။

စနေနေ့ နံနက် စောစောမှစ၍ သဲပုံစေတီတော်အား သီလ သမာဓိအားများဖြင့် စုပေါင်း ၀ိုင်းဝန်းတည်ထားတာ သံဃာတော် ၃ပါး သို့မဟုတ် ၄ပါး ပင့်ဖိတ်ကာ ဘုရား အနေကဇာတင်မည်ဖြစ်ပီး ညဦးပိုင်း၌ ဆီမီးများဆပ်ကပ်လှူဒါန်းကာ ဗမာတို့ရဲ့ယုံကြည်မှုနှင့် သန္ဒါအားကို ဘာသာခြား၊ လူမျိုးခြားတို့ရဲ့အလည်မှာ ပြသနိုင်မယ့် အခွင့်အရေးကြီးတစ်ခုလဲ ဖြစ်ပါတယ်။

 

ဆက်သွယ်ရန်

ဦးကျော်ဝဏ္ဏ - 8236 9159

ဦးမြင့်သိန်း - 8159 3989

 

မေတ္တာဖြင့်

မိုးသူ

13.06.11 (11:04pm)


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment