Tuesday, 28 June 2011

[Big Brothers & Sisters] New doc: ပြည်တွင်းစစ် သံသရာ

created the doc: "ပြည်တွင်းစစ် သံသရာ"
BigBrother Myanmar created the doc: "ပြည်တွင်းစစ် သံသရာ"

[By Lu Cifer]

 

ဗမာနိုင်ငံ နေရာ အနှံ့အပြားမှာ စစ်ရိပ်စစ်ငွေ့တွေကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့နေရပြန်ပါပြီ။ ကမ္ဘာပေါ်မှာ

ပြည်တွင်းစစ် ဒဏ်ကို အရှည်ကြာဆုံး ခံရဖူးတဲ့ နိုင်ငံတခုနဲ့ ပြည်သူတရပ်အဖို့ ဒီအခြေအနေထက် ဆိုးတာ မရှိတော့ဘူးလို့တောင် ဆိုနိုင်ပါတယ်။ ဒီအခါမှာ ဘာကြောင့် သေနတ်သံတွေ ပြန်ကြားရတာလဲလို့ မေးသံတွေကို

ပြည်တွင်း ပြည်ပ နေရာတကာက ကြားလာနေရပါတယ်။ အားလုံးက စိတ်မကောင်းစွာ၊ စိုးရိမ်ပူပန်ကြီးစွာနဲ့

မေးကြတာပါ။

 

တကယ်က ပြည်တွင်းစစ်ဟာ ဘယ်တုန်းက ပြီးဆုံးသွားလို့လဲ လို့မေးစရာ ရှိနေပါတယ်။ အပစ်အခတ် ရပ်စဲကြောင်း၊ ထာဝရ ရပ်စဲကြောင်း ရေးထားတာ၊ လက်မှတ်ရေးထိုးထားတာ ဘယ်မှာများ ရှိလို့လဲ။ တိုင်းပြည်တပြည်ထဲမှာ ဘာသဘော တူညီချက်မှ တိတိကျကျ၊ ရေရေရာရာမရှိပဲ လက်နက်ကြီး ငယ်ကိုင်ထားတဲ့ အုပ်စုတွေ အများကြီး တည်ရှိနေတာဟာ ငြိမ်းချမ်းရေးလား။

 

 

 

ဗမာပြည်လို ဆယ်စုနှစ်ပေါင်း တိုက်လာကြတာ မပြောနဲ့ သာမန် ရန်ပွဲလေးတခုတောင်မှ သွေးထွက်ဖူးတယ်၊ အသက် ထွက်ဖူးတယ်ဆိုရင် ရန်စက ပြေခဲလှပါတယ်။ အာဖရိက

 နိုင်ငံတွေက ပြည်တွင်းစစ်တွေ၊ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲ၊ ကျေအေးကြောင်း အကြိမ်ကြိမ်

 ပြောခဲ့ကြပေမယ့် ပြန်တိုက်နေကြတာပဲ မဟုတ်လား။

 

စစ်ပွဲတရပ်ကို ဖြေရှင်းမယ်ဆိုရင် စစ်ဖြစ်တဲ့ အကြောင်းရင်းကို ဖြေရှင်းမှ တကယ်တမ်း ပြေလည်ပါတယ်။ တခါတလေ တဘက်က အပြတ်နိုင်၊ တဘက်က အပြတ်ရှုံးသွားရင်လည်း ပြတ်တတ်ပါတယ်။ ဗမာပြည် ပြည်တွင်းစစ်က

အဲဒီအခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရေး ပြဿနာကို မဖြေရှင်းပဲ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ စစ်အစိုးရ အဆက်ဆက် သမိုင်းအတွင်းမှာ သူတို့နဲ့ ပြေလည်သွားတဲ့ လက်နက်ကိုင် အင်အားစုတွေ ရှိဖူးပါတယ်။ ဥပမာ မူဆိုးကော့က ဆာဟံတာသာမွှေးတို့တတွေ။ ဒါပေမဲ့ အဲဒါတွေက နိုင်ငံရေးအရ ဖြေရှင်းခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီအင်အားစုတွေ လှုပ်ရှားခဲ့တဲ့ နေရာတွေမှာ အဲဒီလူတွေ မရှိတော့ပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။

 

 

ဒီနေ့ ဗမာပြည်မှာ တွေ့မြင်နေရတဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ စစ်အစိုးရအကြားက "အပစ်အခတ် ရပ်စဲရေး" ဆို တာကို ပြန်စဉ်းစားကြည့်ပါ။ စပေါ်လာကတည်းက နိုင်ငံရေး ပြဿနာဖြေရှင်းပြီး ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ပထမဆုံး ပေါ်လာတဲ့ "အပစ်အခတ် ရပ်စဲရေး"ဆိုတာတွေဟာ ဗကပကို ချေမှုန်းဖို့အတွက် ဗိုလ်ချုပ်အောင်ကြီး၊

လော်စစ်ဟန်တို့ အကူအညီနဲ့ ဖော်ထုတ်ခဲ့တာပါ။ ဘာစာချုပ်စာတန်း၊ ဘာတရားဝင် ရေးသားချက်မှ မရှိပါဘူး။ အကုန်နှုတ်နဲ့ပါ။ နောက်ပီး "နိုင်ငံရေးကိစ္စကို နောက်တက်လာတဲ့ နိုင်ငံရေး အစိုးရနဲ့မှ ဆွေးနွေးကြပါ" ဆိုတဲ့ နှစ်သိမ့်စကားလည်း ပါဝင်ပါတယ်။ အဲဒီ နောက်ပေါ်လာတဲ့ "အပစ်အခတ် ရပ်စဲရေး" ဆိုတာတွေကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးတည် တိုက်နိုင်ရေး အတွက် ယာယီ ဖြေရှင်းခဲ့တာတွေ ဖြစ်ပါတယ်။ အထက်တုန်းက ဟာလိုပဲ ဘာတရားဝင် ရေးသားချက်မှ မရှိပါဘူး။

 

 

 

တကယ်ကျတော့ နအဖစစ်အစိုးရရဲ့ နိုင်ငံရေး အမွေကို ဆက်ခံထားတဲ့ ကြံ့ဖွတ်အစိုးရဟာ နအဖရဲ့အဓိက ဦးတည်ချက် ရန်သူ သတ်မှတ်ချက်ကိုလည်း ဆက်ခံထားပါတယ်။ ဒါကြောင့် သူတို့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ချေမှုန်းရေး ဦးတည်ချက်ကိုလည်း ကိုင်စွဲမြဲကိုင်စွဲထားပါတယ်။ ဒီတော့ နဝတ-နအဖ ဖန်တီးခဲ့တဲ့ "အပစ်အခတ် ရပ်စဲရေး" စကားကိုလည်း အခုအထိတော့ ဆက်ပြောနေရဆဲ ဖြစ်နေပါတယ်။ လောလော ဆယ်ဆယ်တော့ ပိုနေမြဲ ကျားနေမြဲနဲ့ ထိန်းထားဖို့ ကြိုးစားနေပါတယ်။

 

ဒီနေရာမှာ ဖြတ်ပြောဖို့ လိုတာတခုက စစ်အစိုးရတွေ လုပ်ခဲ့တဲ့ ဒီ "အပစ်အခတ် ရပ်စဲရေး" တိုင်း၊ "ငြိမ်းချမ်းရေး" တိုင်းမှာ ရုပ်ဝတ္ထု အခွင့်အရေးတွေနဲ့ ချွေးသိပ်တာ ဖြစ်ပါတယ်။ စောဟံတာသာမွှေးကို သံအမတ်ရာထူး ပေးခဲ့သလို

လော်စစ်ဟန်ကို ငွေစက္ကူတွေ တရားဝင် ခဝါချခွင့်၊ မြို့တက်သူဌေးလုပ်ခွင့်တွေ ပေးခဲ့ပါတယ်။ အလားတူပဲ လက်ရှိ "အပစ်ရပ်" အဖွဲ့တွေကိုလည်း စီးပွားရေး လုပ်ကိုင်ခွင့်ပေါင်းများစွာနဲ့ အာစေးထည့်ခဲ့ပါတယ်။ ဆိုလိုတာ စစ်အစိုးရ အဆက်ဆက် လုပ်ခဲ့တဲ့ "အပစ်အခတ် ရပ်စဲရေး"တို့၊ "ငြိမ်းချမ်းရေး"တို့ ဆိုတာတွေဟာ `ရိုးသားမှု လုံးဝမရှိဘူးဆိုတာ

ဖြစ်ပါတယ်။

 

 

နောက်ပြောသင့်တဲ့ အချက်တခုက နဝတ၊ နအဖ၊ ကြံ့ဖွတ်စတဲ့ စစ်အစိုးရတွေ အနေနဲ့ အဲဒီ "အပစ်အခတ်ရပ်စဲမှု"

တွေကနေ ပိုမိုပြည့်ဝတဲ့၊ ပီပြင်တဲ့ အပစ်အခတ် ရပ်စဲမှု၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို တည်ဆောက်မယ်၊ တက်လှမ်းမယ် စသဖြင့် စကားမျိုးကို သူတို့ပါးစပ်က မကြားရတော့တာပါ။ နိုင်ငံရေးစကား ပြောရေး ဆိုတာမျိုးကတော့ ပိုလို့တောင်

ဝေလာဝေး ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ပြောခဲ့တဲ့ နောက်တက်လာတဲ့ အစိုးရနဲ့ကျမှ ဆွေးနွေးကြပါဆိုတဲ့ စကားဟာ

လေထဲမှာပဲ ပျောက်ကွယ်သွားပြီလို ဆိုရတော့မလို ဖြစ်ပါတယ်။

 

 

 

စစ်အစိုးရတွေဘက်က တဆင့်တက်လှမ်းလာတာက နယ်ခြားစောင့်တပ် လုပ်ရေးဆိုတာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၄၈ ခုနှစ်ကစလို့ ကနေ့အထိ အစိုးရ အဆက်ဆက်၊ စစ်အုပ်စု အဆက်ဆက်တို့ ကိုင်စွဲထားတဲ့ လက်နက်ချခိုင်းတဲ့ သဘောထား ကို ပုံစံတမျိုးနဲ့ အကောင်အထည် ဖော်တာ

သာ ဖြစ်ပါတယ်။ နိုင်ငံရေးစကား တခွန်းမှ မပါ၊ နိုင်ငံရေးအရ

 စေ့စပ်ညှိနှိုင်းတဲ့ လက္ခဏာ လုံးဝမပါတဲ့ ဖြေရှင်းနည်းသာ

အထက်ကရေးခဲ့တာတွေကို ပြန်ချုပ်ရရင် စစ်အစိုးရ အဆက်ဆက်ဟာ ပြည်တွင်းစစ်ကို တကယ်ပြေလည်အောင်

ဖြေရှင်းဖို့ ဆန္ဒ လုံးဝမရှိဘူး၊ သူတို့ဟာ ဘယ်နေရာမှာ မဆို၊ ဘယ်အချိန်မှာ မဆို၊ စစ်တိုက်လို့ ရအောင်၊ စစ်ဖြစ်လို့ ရအောင် ဖန်တီးထားပါတယ်။ နိုင်ငံရေး ပြဿနာကို မဖြေရှင်းတာဟာ လောင်စာတွေကို ချန်ထားတာပါပဲ။ ဒီလိုစစ်လည်း မဟုတ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်တဲ့ အခြေအနေတရပ်ကို ဖန်တီးထားခြင်းအားဖြင့် သူတို့စစ်အုပ်စုရဲ့ ပြည်သူအပေါ် စိုးမိုးမှုကို ပိုခိုင်မြဲစေမယ်၊ သူတို့ အကျိုးစီးပွားတွေ အတွက် ပိုအကျိုးရှိစေမယ်လို့ ယူဆနေသရွေ့တော့ သူတို့ဟာ အခုလို အခြေအနေကို ထိန်းသိမ်းထားမှာသာ ဖြစ်ပါတယ်။

 

 

ပြည်တွင်းစစ်ကြောင့် ပြည်သူလူထုနဲ့ အောက်ခြေ တပ်မှူးတပ်သားတွေ သေကြေ ဒုက္ခရောက်လည်း အဲဒီလို လူတွေ၊ ကြပ်ပြေးက လူတွေထဲမှာက ပြည်တွင်းစစ်ကြောင့် အိပ်ရေးပျက်တဲ့ လူဆိုတာတောင် မရှိပါဘူး။ ဒါနဲ့ပြောင်းပြန် ဒီပြည်တွင်းစစ်ကြီးကြောင့် ကိုယ့်အတွက် ဘယ်လိုအကျိုးရှိတယ် ဆိုတာကို ဒီနေ့ဗမာပြည်မှာ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန် တို့လောက် သဘောပေါက် နားလည်တာ ဘယ်သူမှ မရှိပါဘူး။

 

မုန့်သာတဖဲ့စီ ဝေစားမယ်၊ အာဏာကို တပြားဖို့မှ ဝေမစားနိုင်တဲ့ စစ်အုပ်စုဟာ နောင်မှာလည်း နိုင်ငံရေးအရ

 ဖြေရှင်းနည်းတွေကို ငြင်းပယ်နေအုန်းမှာပါ။ ဒီအတိုင်းသာဆိုရင် ဗမာပြည်မှာ စစ်အုပ်စုဆိုတာ ရှိနေသရွေ့ ပြည်တွင်းစစ် ဆိုတာလည်း ဆက်လက် တည်ရှိနေအုန်းမယ့် သဘော ဖြစ်နေပါတယ်။

 ဖြစ်ပါတယ်။ ဒီသဘောထားကို ကြံ့ဖွတ် "အစိုးရသစ်"ဟာ ၏-သည်မချန် အကုန် ဆက်ခံထားပါတယ်။

 

ရဲဘော်ဖိုးသံချောင်း

အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၀၇ မိနစ်

 

http://www.mizzimaburmese.com/edop/songpa/7827-2011-06-28-05-55-12.html


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment