Sunday, 19 June 2011

[Big Brothers & Sisters] New link

Rozoner King 19 June 18:36

မွေးနေ့တူတို့၏ဒါန
 
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် မွေးနေ့တူဇွန်လ (၁၉) ရက်နေ့ဖွားမွေးနေ့ရှင်များယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ထူးခြားစွာလာရောက်ကုသိုလ်ဒါန ပြုခဲ့ကြသည်။
 
          မောင်ခွန်မင်းသန့် အသက် (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) ကို နှစ်စဉ်နှစ်တိုင်းလာရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာယနေ့ ဇွန်လ (၁၉) ရက်နေ့နံနက် (၅း၀၀) နာရီအချိန်၌ လာရောက်ကာ နို့စိမ်းခေါက်ဆွဲချက်ပြုတ်ပြီးဘုန်းကြီးကျောင်းသို့ အာရုံဆွမ်းဆက်ကပ် လှူဒါန်းကာနာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားဆင်းတုတော်အားဆွမ်းဆက်ကပ်ကာနာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၀န်ထမ်းများ၊ လုပ်အားပေးအသင်းသူ/သားများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသသောလူနာများ၊ လူနာရှင်များ အပါအ၀င် လူဦးရေ (၂၅၀) ခန့်အားဒါနပြုလုပ်ကျွေးမွေးလှူဒါန်းခဲ့သည်။ ထို့အပြင် ဦးတင်ထွန်းအောင်၏ မွေးနေ့အတွက် ဇနီးဖြစ်သူ ဒေါ်ဝင်းညွှန့်နွယ်တို့ကလည်းအလှူငွေကျပ် (၁) သိန်း၊ သမီးငယ်လေးမအိမ့်မှူးခင် ကလည်းအသက် (၅) နှစ်မြောက် မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၁) သိန်းနှင့် ဒေါ်အေးမြင့်ဟန် အသက် (၄၀) နှစ်ပြည့် မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၁) သိန်းတို့အားနာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အသီးသီးလာရောက် လှူဒါန်းခဲ့ကြသည်။
 
          လှူဒါန်းမှုအစုစုတို့အတွက် တိုင်းပြည်၏ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ပြည်သူ့ ဘက်သားဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး၊ ဘာသာသာသနာအကျိုးစွမ်းစွမ်းတမံထမ်းဆောင်နိုင်သောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များ ဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းပို့သပေးလိုက်ပါသည်။








View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment