Wednesday, 29 June 2011

[Big Brothers & Sisters] ရောင်းစားခံရသူ မြန်မာ ၃ ဦးကို ထိုင်းရဲ ကယ်တင်

ရောင်းစားခံရသူ မြန်မာ ၃ ဦးကို ထိုင်းရဲ ကယ်တင် Published on June 29, 2011 by အေးနိုင် ထိုင်းနိုင်ငံ ဘန်ကောက်မှာ အလုပ်လုပ်နေရာကနေ ဖမ်းဆီးရောင်းစားခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) ဦးကို ရဲက ဒီကနေ့ နေ့ခင်းမှာ လူကုန်ကူးသူတွေ လက်ကနေ ကယ်ထုတ်နိုင်ပြီး ပတ်သက်သူတွေကိုလည်း ဖမ်းဆီးလိုက်ပါတယ်။  ဘန်ကောက်မြိုနဲ့ မဟာချိုင်ကိုအသွား လမ်းမှာရှိတဲ့ ဘန်ဘော်အရပ်က ငါးသေတ္တာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာသုံးဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေက လမ်းလျှောက်ထွက်ရာ ရဲကဖမ်းဆီးပြီး စခန်းကို ခေါ်သွားရာကနေ လူကုန်ကူးသူတွေ လက်ထဲကိုရောက်ပြီး လွှဲပြောင်းရောင်းချမှု ဖြစ်ခဲ့တာပါ။  ဖြစ်စဉ်က ရဲက သူတို့သုံးဦးကို ထပ်ခန်းရဲစခန်းကို ခေါ်ပြီး အထောက်အထား ပြခိုင်းလို့ ပါလာတဲ့ ဆေးစစ်လက်မှတ်ထုတ်ပြပြီး လက်မှတ်လုပ်ထားဆဲလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။  ထို့နောက် ဖမ်းတဲ့ရဲတွေက သူတို့သုံးဦးကို မြန်မာပြည်ပေါက် ကုလားလေးနှစ်ဦးထံ ငွေရှစ်ထောင်နဲ့ ရောင်းစားခဲ့ပါတယ်။  ရောင်စားခံရပြီး ပြန်လွတ်လာသူ (၃) ဦးက မောင်ဗျောက်အိုး-၁၈ နှစ်၊ ကိုကျော်- ၃၀ နှစ် နဲ့ မောင်အိုး ၁၉ နှစ် တို့ ဖြစ်ပါတယ်။  သူတို့သုံးဦး ပြန်လွတ်အောင် ရဲအကူအညီနဲ့ အန္တရာယ်ကြားကို စွန့်စားပြီး လူပွဲစားတွေ ချိန်းဆိုတဲ့နေရာကို သွားရောက်ခဲ့သူ မောင်ဗျောက်အိုးရဲ့ အစ်မ မမေသဇင်ဦးက ဖြစ်စဉ်ကို ခုလို ပြောပါတယ်။
Burma Freedom 29 June 18:59
ရောင်းစားခံရသူ မြန်မာ ၃ ဦးကို ထိုင်းရဲ ကယ်တင်
Published on June 29, 2011 by အေးနိုင်
ထိုင်းနိုင်ငံ ဘန်ကောက်မှာ အလုပ်လုပ်နေရာကနေ ဖမ်းဆီးရောင်းစားခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) ဦးကို ရဲက ဒီကနေ့ နေ့ခင်းမှာ လူကုန်ကူးသူတွေ လက်ကနေ ကယ်ထုတ်နိုင်ပြီး ပတ်သက်သူတွေကိုလည်း ဖမ်းဆီးလိုက်ပါတယ်။

ဘန်ကောက်မြိုနဲ့ မဟာချိုင်ကိုအသွား လမ်းမှာရှိတဲ့ ဘန်ဘော်အရပ်က ငါးသေတ္တာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာသုံးဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေက လမ်းလျှောက်ထွက်ရာ ရဲကဖမ်းဆီးပြီး စခန်းကို ခေါ်သွားရာကနေ လူကုန်ကူးသူတွေ လက်ထဲကိုရောက်ပြီး လွှဲပြောင်းရောင်းချမှု ဖြစ်ခဲ့တာပါ။

ဖြစ်စဉ်က ရဲက သူတို့သုံးဦးကို ထပ်ခန်းရဲစခန်းကို ခေါ်ပြီး အထောက်အထား ပြခိုင်းလို့ ပါလာတဲ့ ဆေးစစ်လက်မှတ်ထုတ်ပြပြီး လက်မှတ်လုပ်ထားဆဲလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် ဖမ်းတဲ့ရဲတွေက သူတို့သုံးဦးကို မြန်မာပြည်ပေါက် ကုလားလေးနှစ်ဦးထံ ငွေရှစ်ထောင်နဲ့ ရောင်းစားခဲ့ပါတယ်။

ရောင်စားခံရပြီး ပြန်လွတ်လာသူ (၃) ဦးက မောင်ဗျောက်အိုး-၁၈ နှစ်၊ ကိုကျော်- ၃၀ နှစ် နဲ့ မောင်အိုး ၁၉ နှစ် တို့ ဖြစ်ပါတယ်။

သူတို့သုံးဦး ပြန်လွတ်အောင် ရဲအကူအညီနဲ့ အန္တရာယ်ကြားကို စွန့်စားပြီး လူပွဲစားတွေ ချိန်းဆိုတဲ့နေရာကို သွားရောက်ခဲ့သူ မောင်ဗျောက်အိုးရဲ့ အစ်မ မမေသဇင်ဦးက ဖြစ်စဉ်ကို ခုလို ပြောပါတယ်။

"သူတို့ကို ဖမ်းတဲ့ပုလိပ်နှစ်ယောက်က မော်တော်ဆိုင်ကယ်နဲ့။ တယောက်က ပုလိပ်အင်္ကျီနဲ့၊ တယောက်က အရပ်သားအင်္ကျီနဲ့။ ဘတ် (အလုပ်သမားလက်မှတ်) ရှိလား မေးတော့ မောင်လေးတို့က မရသေးဘူး။ ဆေးစစ်ထားတာရှိတယ်ဆိုပြီးပြတော့ ဖြဲလိုက်တယ်။ အဲဒီနောက် ကားတစီးနဲ့ ထပ်ခန်းပုလိပ်ရုံးကို ခေါ်သွားတယ်။ စခန်းရောက်တော့ မောင်နှမတွေနဲ့ ဆက်သွယ်ခိုင်းတယ်။ မောင်လေးတို့က ဗြုန်းခနဲဆို ဖုန်းနံပါတ်လည်း မရဘူး။ ဖုန်းလည်းမရှိဘူးဆိုတော့ ပုလိပ်က သူ့အချိတ်အဆက်နဲ့ ပဲပေါ့နော်၊ ကုလားနှစ်ယောက်က မောင်လေးတို့ကို လာရွေးသွားတယ်တဲ့။ အဲဒီကုလားလေးတွေက ကျမတို့ကို ဖုန်းဆက်လာတယ်။ မောင်လေးတို့ကို ပုလိပ်ဆီကနေ သွားရွေးလာတယ်။ အခု တယောက်ငါးထောင်နဲ့ လာပြန်ရွေးတဲ့။ ကျမမောင်လေးရဖို့ သွားစောင့်ပေမယ့် မတွေ့ဘူး။"

ဒီနောက် အဲဒီကုလားလေးတွေက မွန်လူပွဲစားတွေထံ တခါထပ်ရောင်းပါတယ်။
အဲဒီ မွန်လူပွဲစားတွေက တယောက်ကို တသောင်းခြောက်ထောင်နဲ့ ပြန်လာရွေးဖို့ မိသားစုကို ကမ်းလှမ်းပြီး လာမရွေးရင် ပင်လယ်ပြင် ငါးဖမ်းလှေတွေမှာ ပြန်လည်ရောင်းစားလိုက်မယ်လို့ ခြိမ်းခြောက်တယ်လို့ အစ်မဖြစ်သူက ပြောပါတယ်။

ဒီလိုနဲ့ ရဲကိုအကူအညီတောင်းပြီး မဟာချိုင်က လူပွဲစားတွေရဲ့ ချိန်းဆိုတဲ့အတိုင်း မမေသဇင်ဦးက ငွေသွားအပေးမှာ နောက်ယောင်ခံလိုက်တဲ့ ရဲက ရောင်စားခံရသူ (၃) ဦးလုံးကို ပြန်လည်ကယ်တင်နိုင်ခဲ့တာ ဖြစ်ပြီး မွန်ပွဲစား (၃) ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

မြန်မာတွေကို ဖမ်းပြီး လူပွဲစားထံကနေ ငွေယူ လွှဲပေးခဲ့တဲ့ ထိုင်းရဲတွေဟာလည်း မမေသဇင်တို့ သွားရောက် အကူအညီတောင်းတဲ့ ထပ်ခန်းရဲစခန်းကပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရဲတွေက စခန်းတာဝန်ရှိရဲတွေရဲ့ ဓာတ်ပုံအယ်လ်ဘန်ကို ရောင်းစားခံရတဲ့ လူငယ်တွေကို ပြသခိုင်းပြီး ဆက်လက်စိစစ်နေတယ်လို့ ဆိုပါတယ်။

မမေသဇင်ဦးက မြန်မာပြည်သားသုံးဦး ပြန်လည်လွတ်မြောက်အောင် ကူညီဆောင်ရွက်ပေးတဲ့ ထိုင်းရဲတွေရဲ့ ကူညီမှုအပေါ် ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment