Monday, 20 June 2011

[Big Brothers & Sisters] ကောင်လေး

ကောင်လေး တိုင်းပြည်ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးတဲ့ကာလရောက်တော့မယ် (ရဲဘော်ဖိုးသံချောင်း)  တိုင်းပြည်တပြည်မှာနိုင်ငံရေးအကြပ်အတည်း၊ ဒါမှမဟုတ်ရှေ့ မတိုးသာနောက်မဆုတ်သာအခြေအနေမျိုးကြုံလာရရင် ဆေးမြီး တိုက အစတဘောင်ပေး၊ နတ်လမ်းညွှန်ပေးတာတွေ၊ ရွှေငုံးမင်းအမြီးမျော်သလို မျော်ခိုင်းတာစတာတွေ ဟိုကဒီကပေါ်လာတတ်ပါတယ်။ ပုံမှန်အခြေအနေမှာ နိုင်ငံရေးစကားပြောနေသူ မဟုတ်သူတွေတောင် ဒီလိုအခါမှာ ခုန်ထွက်လာတတ်ပါတယ်။ ဒါမဆန်းပါဘူး။ တကမ္ဘာလုံးမှာ ဖြစ်တတ်တာပါပဲ။  ဒါပေမဲ့ အဲဒီလိုသဘောတရားတွေထုတ်လာသူတွေဟာ ဘယ်လိုသဘောထားနဲ့ပေးတယ်ဆိုတာကိုတော့ သေချာစိစစ်ဖို့လိုပါတယ်။ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်မှာ စေတနာရှိသူတွေပါတတ်သလို တချို့ကတော့ ဒီတကွေ့မှာဖြင့်ငါ့အကွက်ပေါ်ပြီလို့ယူဆပြီး ထွက်လာတာပါ။ ငါ့အကွက်ဆိုတာမှာ အတိုက်အခံနိုင်ငံရေးလောကမှာဆိုရင် ခေါင်းဆောင်ဖြစ်ဖို့၊ ထင်ပေါ်ကျော်စောဖို့၊ အလိုတော်ရိလောကမှာ ဆိုရင် ငါမျက်နှာရအောင်လုပ်ဖို့၊ ရာထူးနေရာရဖို့၊ စတာမျိုးတွေပါတတ်ပါတယ်။ စစ်အစိုးရကိုဆန့်ကျင်ရတဲ့ ဒီမိုကရေစီတိုက်ပွဲသက်တမ်း ရှည်ကြာလာတာနဲ့အမျှဒီလိုထူးထူးဆန်းဆန်း အယူအဆတွေတွေ့လာရပါတယ်။ တချို့ဆိုရင်အနောက်တိုင်းက စာအုပ်တွေထဲမှာပါတာ တွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့သင့်တော်သည်၊ မသင့်တော်သည်မစဉ်းစားပဲ အတင်းဆွဲယူပြီး သဘောတရားဖန်တီးကြတာတွေ့ရ ပါတယ်။ ဖိနပ်မတော်ရင် ဖနောင့်ဖြတ်မယ့်သဘောပါ။  ဗမာပြည်ရဲ့လက်ရှိအနေအထားမျိုးမှာ အာဏာရလူတန်းစားဟာ
Kaung Myat 20 June 18:52
ကောင်လေး
တိုင်းပြည်ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးတဲ့ကာလရောက်တော့မယ် (ရဲဘော်ဖိုးသံချောင်း)

တိုင်းပြည်တပြည်မှာနိုင်ငံရေးအကြပ်အတည်း၊ ဒါမှမဟုတ်ရှေ့ မတိုးသာနောက်မဆုတ်သာအခြေအနေမျိုးကြုံလာရရင် ဆေးမြီး တိုက အစတဘောင်ပေး၊ နတ်လမ်းညွှန်ပေးတာတွေ၊ ရွှေငုံးမင်းအမြီးမျော်သလို မျော်ခိုင်းတာစတာတွေ ဟိုကဒီကပေါ်လာတတ်ပါတယ်။ ပုံမှန်အခြေအနေမှာ နိုင်ငံရေးစကားပြောနေသူ မဟုတ်သူတွေတောင် ဒီလိုအခါမှာ ခုန်ထွက်လာတတ်ပါတယ်။ ဒါမဆန်းပါဘူး။ တကမ္ဘာလုံးမှာ ဖြစ်တတ်တာပါပဲ။

ဒါပေမဲ့ အဲဒီလိုသဘောတရားတွေထုတ်လာသူတွေဟာ ဘယ်လိုသဘောထားနဲ့ပေးတယ်ဆိုတာကိုတော့ သေချာစိစစ်ဖို့လိုပါတယ်။ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်မှာ စေတနာရှိသူတွေပါတတ်သလို တချို့ကတော့ ဒီတကွေ့မှာဖြင့်ငါ့အကွက်ပေါ်ပြီလို့ယူဆပြီး ထွက်လာတာပါ။
ငါ့အကွက်ဆိုတာမှာ အတိုက်အခံနိုင်ငံရေးလောကမှာဆိုရင် ခေါင်းဆောင်ဖြစ်ဖို့၊ ထင်ပေါ်ကျော်စောဖို့၊ အလိုတော်ရိလောကမှာ ဆိုရင် ငါမျက်နှာရအောင်လုပ်ဖို့၊ ရာထူးနေရာရဖို့၊ စတာမျိုးတွေပါတတ်ပါတယ်။ စစ်အစိုးရကိုဆန့်ကျင်ရတဲ့ ဒီမိုကရေစီတိုက်ပွဲသက်တမ်း ရှည်ကြာလာတာနဲ့အမျှဒီလိုထူးထူးဆန်းဆန်း အယူအဆတွေတွေ့လာရပါတယ်။ တချို့ဆိုရင်အနောက်တိုင်းက စာအုပ်တွေထဲမှာပါတာ တွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့သင့်တော်သည်၊ မသင့်တော်သည်မစဉ်းစားပဲ အတင်းဆွဲယူပြီး သဘောတရားဖန်တီးကြတာတွေ့ရ ပါတယ်။ ဖိနပ်မတော်ရင် ဖနောင့်ဖြတ်မယ့်သဘောပါ။

ဗမာပြည်ရဲ့လက်ရှိအနေအထားမျိုးမှာ အာဏာရလူတန်းစားဟာ "ခွင်လုံးကျွတ်နိုင်ချင်နေသမျှ"၊ ဒါမှမဟုတ် "ခွင်လုံးကျွတ် အနိုင်ယူဖို့ပဲတွေးခေါ်လုပ်ဆောင်နေသမျ" ဘယ်တော့မှ နှစ်ဖက်အနိုင်ရရှိတဲ့ "Win - Winဖြေရှင်းနည်း" ဖြစ်ပေါ်မလာနိုင်ပါဘူး။ "Win - Winဖြေရှင်းနည်း"ဆိုတာဟာ နှစ်ဖက်စလုံးကသဘောရိုးနဲ့၊ အဖြေကောင်းရလိုတဲ့ဆန္ဒအစပြုချက်နဲ့ ဆွေးနွေးကြမှရတာပါ။ အာဏာရလူတန်းစားက "သူ့ဘက်က အနိုင်ရနေတယ်"လို့ထင်နေသမျှ "ဂိမ်းသီဝရီ" ဆိုတာအလုပ်မဖြစ်နိုင်ပါဘူး။

ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ရန်သူဟာ ဘယ်လိုလူလဲဆိုတာကို အကဲဖြတ်တာမှာကိုပဲ ပြဿနာရှိနေပါတယ်။ စစ်ဗိုလ်ချုပ်တွေကို ပန်းပန်၊ သနပ်ခါးလိမ်းပေးနေပြီး ဒီချုပ်ကိုအိုးမည်းသုပ်ဖို့ကြိုးစားနေတာတွေလည်းတွေ့ရပါတယ်။ ကိုယ့်ဖက်ကသူ့ကိုကြည့်ရင်တမျိုး၊ သူ့ဖက်က ကိုယ့်ကိုကြည့်ရင် တမျိုးဆိုတာမဆန်းပါဘူး။ ဒါပေမဲ့ဘယ်ဖက်မှာရပ်တယ်ဆိုတဲ့ကိစ္စကိုတော့ ပြောရပါမယ်။
ဒီနေ့ဗမာပြည်ကြုံတွေ့နေရတဲ့ အကြပ်အတည်းဟာ လက်နက်ကိုင်ထားတဲ့ အာဏာရလူတန်းစားက အာဏာကိုပြည်သူကရွေးကောက်တင်မြှောက်သူတွေလက်ထဲ လွှဲပြောင်းဖို့မပြောနဲ့ တဖဲ့တစတောင် ခွဲမပေးချင်လို့ဖြစ်ပါတယ်။

တချို့သော ကိုယ့်ကိုယ်ကို နိုင်ငံရေးပရောဟိတ်လို့ သတ်မှတ်ယူဆနေသူတွေပြောသလို အတိုက်အခံတွေဖက်က၊ အထူးသဖြင့် အမျိုးသားဒီမိုကရေစီဖက်က အလျော့မပေးလို့၊ တင်းခံနေလို့လုံးဝမဟုတ်ပါဘူး။ ဒါကြားထဲကပဲ"ကိုယ်ကလျော့ပေးရင် သူကလည်းလျော့ပေးလာမယ်"ဆိုတဲ့ အံ့သြစရာစဉ်းစားတွေးခေါ်နည်းတွေ တောင် ကြားရ ဖတ်ရပါတယ်။ သူတို့ဟာ နအဖကိုဖားချင်လွန်းတာလား၊ နုံအလွန်းတာလား စဉ်းစားစရာဖြစ်နေပါတယ်။ ဒီထက်ဒီသာဆက်ပြီး အလျော့ ပေးရမယ်ဆိုရင်တော့ခါးပါ,ပါယုံမက "ကျားရှေ့ခံတွင်းရှေ့မှာ ကိုယ်ကိုစင်းပေး" တာပဲဖြစ်မှာတော့မှာပါ။

ဒီအတွေးအခေါ်တွေနဲ့ တဆက်ထဲတချို့က ဗမာပြည်ရဲ့ "ပြည်တွင်းစစ်သမိုင်းကိုလည်း သူတို့ဖြစ်စေချင်သလိုဆွဲတွေး၊ ဆွဲရေးနေတာတွေပေါ်လာနေပါတယ်။ နအဖပေးထားတဲ့ဒီမိုကရေစီဟာ သူတို့ရဲ့အဲဒီလိုရေးသားမှုတွေအတွက်တော့ တကယ့်ကိုအံကိုက်ပါ။ ပြန် စဉ်းစားကြည့်ပါ။

စေ့စပ်ဆွေးနွေးပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ထောင်ဖို့ ဗကပက ၁၉၅၅ခုနှစ်မှာ ကမ်းလှမ်းတုန်းက 'စစ်အုပ်စု'ဟာ တပ်မတော်ရဲ့တစိတ်တပိုင်းမှာပဲ ဘန်ကာတူး၊ အခြေစိုက်နေရတုန်းပဲဖြစ်ပါတယ်။ 'မဆလ ဆိုရှယ် လစ်အတွေးအခေါ်'"ဆိုတာကို စတင်ပြီးတော့ ကြံဆနေရတုန်းဖြစ်မှာပါ။ စစ်အုပ်စုအပိုင်စီးထားတဲ့ 'စိတ်ဓာတ်စစ်ဆင်ရေးဌာန'ကို အသုံးပြုပီး'ခေတ်ရေး' စာစောင်ကလေးတွေထုတ်နေပြီး တပ်ကိုတလက်ကိုင်ဖြစ်အောင် ကြိုးစားစည်းရုံးနေတုန်းဖြစ်ပါတယ်။ (အဲဒီ 'ခေတ်ရေး' စာစောင်ကလေးတွေကို ပြန်လည်လေ့လာကြည့်ရင် ရှင်းပါလိမ့်မယ်။ သောင်းနဲ့ချီရိုက်ပြီးအလကားဝေခဲ့တာမို့ အခုရှာရင် ရနိုင်ပါသေးတယ်။) ဒါကြောင့်အဲဒီတုန်းကတည်းက 'ဖဆပလ အစိုးရ'ရဲ့တရားဝင်ပေါ်လစီ'နဲ့'စိတ်ဓာတ်စစ်ဆင်ရေး'ရဲ့ ပေါ်လစီဟာ အတိအလင်းကွဲပြားနေတာကိုလည်း တွေ့ကြရမှာပါ။ စစ်တပ်ဟာဦးနုကို မျက်လုံးထဲတောင်မထားပါဘူး။

ဗကပထဲမှာလည်း အဲဒီတုန်းကတည်းက ကိုယ့်ဘက်ကလျော့ပေးလိုက်ရင် သူ့ဘက်ကလည်းလျော့ပေးလိမ့်မယ်ဆိုတဲ့ အတွေး အခေါ်ကို စစ်တမ်းတွေပလူပျံအောင်ရေးပြီး ဖြန့်နေကြတာပါ။ အလွယ်ဆုံးဥပမာပြရရင်"ချမ်းအေးစစ်တမ်း"ပါ။ ဒါကတခုပဲဖြစ်ပါတယ်။ တခြားစစ်တမ်းတွေလည်းရှိပါသေးတယ်။
ဒါပေမဲ့ အဲဒါတွေအားလုံးမှာ အခြေခံအတွေးအခေါ်ကတော့ တခုတည်းပါ။ အဲဒါက "ကိုယ့်ဘက်ကလျော့ပေးမှ သူ့ဘက်ကလျော့လာမယ်"ဆိုတဲ့အတွေးအခေါ်ဖြစ်ပါတယ်။ အဲဒီအယူအဆရှင်တချို့က"ဆုတ်မယ့်ဆုတ် ကတုတ် ထိအောင်ဆုတ်ရမယ်" လို့ပြောပြီးလက်နက်ချအညံ့ခံဖို့ပြောကြပါတယ်။ သူတို့ မစဉ်းစားမိတာက "ခွင်လုံးကျွတ် အနိုင်ယူချင်သူဟာ လျော့ပေးရင် ကမ်းတက်တတ်တယ်" ဆိုတာပါပဲ။

"ဒီမိုကရေစီကို လက်နက်နဲ့လဲ"လို့ မရခဲ့တာကိုတော့ "ပြည်သူ့ရဲဘော်"တွေ "အလံနီ"တွေရဲ့ ဖြစ်ရပ်ကသက်သေပြခဲ့ပါပြီ။ "ဒီမိုကရေစီကို 'မဲပြား'နဲ့ရအောင်လုပ်ရင်ရမယ်။ 'အကြမ်းမဖက်ရေး'နဲ့ လုပ်ရင်ရမယ်ထင်တဲ့ 'ထင်ယောင်မှားမှု'ကိုတော့ ပထစ နဲ့ ဒီချုပ်အတွေ့အကြုံတွေက ပြသွားခဲ့ပြီမဟုတ်ပါလား။ အခုတော့ 'စိတ်ဓာတ်စစ်ဆင်ရေး'မှာ အောက်သက်ကျေခဲ့တဲ့ ဗိုလ်သန်းရွှေက "တရားခံအဖြစ်ခံပြီး"အခြေခံဥပဒေ ရေးဆွဲလိုက်ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နောက်ဆုံးလက်သီးချက်သွင်းတဲ့ coup de graceအဆင့်ကို ရောက်နေပြီ။

စစ်အုပ်စုဟာ 'စစ်တပ်နဲ့အာဏာသိမ်း' coup de graceနဲ့ စခဲ့ပြီး coup de graceနဲ့ စစ်အုပ်စုမင်းဆက်ကို ထူထောင်ချင်ကြောင်းဖော်ပြနေတာဖြစ်ပါတယ်။ဒိထက်ထပ်လျော့ရင်ဘာဖြစ်မလဲ။ ပြားပြားဝပ်တဲ့ဘ၀ပဲရောက်မှာပါ ။အညွန့်တုံးတဲ့ဘ၀ပဲရောက်မှာပါ။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်၊ ဒီ ၂ နှစ်အတွင်းမှာ အဖြစ်အပျက်တွေဟာ ဗမာပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပါလိမ့်မယ်။ ဘာဖြစ်မလဲ။ အကောင်းလား၊ အဆိုးလားတွေ့ရတော့မှာပါ။ ကြာကြာစောင့်ရမယ် မထင်ပါဘူး။ တွေဝေနေရင် တသက်တာလုံး ခံရပါလိမ့်မယ်။
ဖဆပလ - ပထစ - မဆလ တို့ရဲ့ဇာတ်သိမ်းမျိုးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မသိမ်းရလေအောင် ကျနော်တို့တတွေအားလုံး ကြိုးစားကြရပါမယ်။ ဒါဟာ နောက်မြီးဆွဲလုပ်တာမဟုတ်ပါဘူး။ သမိုင်းတခေတ်မှာရင်ဆိုင်ရတဲ့ အခြေအနေမှာ ကိုယ့်ကျတဲ့အခန်းကနေ ၀င်ပါတာဖြစ်ပါတယ်။

တကယ်တော့ဗမာပြည်ရဲ့အဖြစ်ဟာ ဖွတ်မိကျောင်းဖြစ်လာလို့ ဖွတ်ကျောပြာစုဘ၀ရောက်ရတာပါ။ ၁၉၅၅ခုနှစ် လောက်တုန်းက စစ်အုပ်စုဟာအိမ်မြှောင်အဖြစ်ကနေ ပြည်တွင်းစစ်ကြောင့် ကြီးထွားလာတဲ့'ဖွတ်ဘ၀'ပဲရှိပါသေးတယ်။ ဒီလိုနဲ့ ၁၉၅၈ ခုနှစ်မှာ ဖဆပလကွဲတော့ တဆင့်တက်လာပါတယ်။ စစ်အုပ်စုဟာ 'နိုင်ငံတော်အာဏာပိုင်'အဖြစ် ယာယီဖြစ်လာပါတယ်။ အာဏာရဲ့အရသာကို လျာနဲ့လျက်ခွင့်ရလိုက်ပါတယ်။ နေသေးသပခြုံထဲက၊ ချိုသွေးသပတမြမြလုပ်နေပါတယ်။

ဗိုလ်နေ၀င်းနဲ့သူ့တပ်မှူးတွေဟာ ၁၉၅၈ခုနှစ်မှာ သူတို့ကို"အာဏာလွှဲပေးခဲ့တဲ့" ဦးနုရဲ့ပထစအစိုးရကို ခဏစောင့်ကြည့်ပြီး ၁၉၆၂ ခုနှစ်မှာကျတော့ သူတို့အာဏာသိမ်းရင် ပထစတွေလွန်ဆန်နိုင်မှာမဟုတ်ဘူးလို့တွက်မိပြီး တဆင့်တက်လိုက်တာပါပဲ။ အာဏာကို အပြီးအပိုင်သိမ်းလိုက်တာပါ။ ကမ္ဘာတည်သရွေ့အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် 'မဆလအလံ'ကိုလည်း အတိအလင်းထူပြလိုက်ပါတယ်။

၁၉၈၈ မှာ စစ်အုပ်စုဟာမျိုးဆက်သစ်ကို အာဏာအမွေလွှဲပေးပါတယ်။ ရှစ်လေးလုံးတိုက်ပွဲကြီးကြောင့် ဗိုလ်နေ၀င်း ပန်းပေးသွားတာပါ။ ၁၉၈၈ ခုနှစ်ကနေ အခု၂၀၀၈ ခုနှစ်အထိမှာတော့ အာဏာကိုလဲလွှဲမပေး၊ စစ်တန်းလျားကိုလည်းမပြန်တော့ပါဘူး။ နေပြည်တော်အသစ်ထူထောင်ပြီး အာဏာကိုရာသက်ပန် သိမ်းထားမယ်ဖြစ်နေပါပြီ။ အခုဗမာပြည်သူတွေရင်ဆိုင်နေရတာဟာအာဏာကို တရားဝင်ရာသက်ပိုင်ဆုပ်ကိုင်ထားဖို့အတွက် ဥပဒေပြုနေတာနဲ့ စစ်အင်အားတည်ဆောက်နေတဲ့ အနေအထားဖြစ်ပါတယ်။

၂၀၀၀ ခုနှစ် ၀င်လာကတည်းက နိုင်ငံတကာ့အခြေအနေကလည်း တစတစပြောင်းလာလိုက်တာ အခုတော့ ဗမာပြည်ဟာ အင်အားကြီးတွေရဲ့ကြားမှာ ကစားစရာဖြစ်နေပါပြီ။ ကုလသမဂ္ဂကိုပြေးတိုင်လိုက်၊ ကုလသမဂ္ဂကိုရန်ထောင်လိုက်နဲ့ လူရီစရာတွေ ဖြစ်လာပါလိမ့်မယ်။ ပြည်ပမှာသူများတွေက အမှိုက်လှည်းကြီးလို့ ထင်စရာဖြစ်လာနေချိန်မှာ ပြည်တွင်းမှာကျတော့ ဖွတ်ကမိကျောင်း ဖြစ်တာ ကြာပြီဖြစ်တဲ့အတွက် မြစ်ပြင်တခုလုံး မချမ်းသာရုံမက မြစ်ပြင်တခုလုံး မီးဟုန်းဟုန်းတောက်မယ့် အခြေအနေဆိုက်နေပါပြီ။

နိုင်ငံရေးဘ၀မှာ ဇာတ်ဆရာ မရှိပါဘူး။ ကိုယ်တိုင်ပါဝင် ကကြရတာပါ။ လူတိုင်း၊ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်နဲ့ နိုင်ငံရေး သမားတိုင်းဟာ
ပွဲကြည့်တွေမဟုတ်ပါဘူး။ ကိုယ်တိုင်ကပြနေကြတာပါ။ ဘာမှမလုပ်ပဲထိုင်နေရင် အဲဒါလည်းသရုပ်ဆောင်နေတာပဲ ဖြစ်တယ်ဆိုတာကို မမေ့ဖို့ပါပဲ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment