Sunday, 26 June 2011

[Big Brothers & Sisters] အီးယူအထောက်အပံ့ လျှော့ချမှုကြောင့် ဒုက္ခသည်များ...

အီးယူအထောက်အပံ့ လျှော့ချမှုကြောင့် ဒုက္ခသည်များ ပိုအခက်တွေ့လာ Published on June 22, 2011 by မန်းစိုင်းမွန်  မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ ရိုက်တာ) ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို ပုံမှန်ပေးအပ်နေတဲ့ အထောက်အပံ့ အကူအညီတွေကို အီးယူခေါ် ဥရောပသမဂ္ဂက လျှော့ချလိုက်တာကြောင့် မဲလဒုက္ခသည်စခန်းနဲ့ အုန်းဖျန်ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာကြရပါတယ်။  မေလဆန်းပိုင်းက စတင်ပြီး နေအိမ်အမိုးအကာတွေ လုံလောက်စွာ မရတော့တဲ့အပြင် အခြေခံစားသုံးကုန်တွေလည်း အရင်ကထက် လျှော့နည်းရရှိနေတဲ့အတွက် ဒုက္ခသည်မိသားစုတွေ အကျပ်အတည်း ကြုံနေကြရတာလည်း ဖြစ်ပါတယ်။  ဒီလိုကြုံတွေ့နေကြရတာနဲ့ ပတ်သက်ပြီး အုန်းဖျန်ဒုက္ခသည်စခန်းနဲ့ မဲလ ဒုက္ခသည်စခန်း တာဝန်ခံတွေက အခုလို ပြောပြကြပါတယ်။
Richelle Mon 26 June 21:16
အီးယူအထောက်အပံ့ လျှော့ချမှုကြောင့် ဒုက္ခသည်များ ပိုအခက်တွေ့လာ
Published on June 22, 2011 by မန်းစိုင်းမွန်

မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ ရိုက်တာ)
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို ပုံမှန်ပေးအပ်နေတဲ့ အထောက်အပံ့ အကူအညီတွေကို အီးယူခေါ် ဥရောပသမဂ္ဂက လျှော့ချလိုက်တာကြောင့် မဲလဒုက္ခသည်စခန်းနဲ့ အုန်းဖျန်ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာကြရပါတယ်။

မေလဆန်းပိုင်းက စတင်ပြီး နေအိမ်အမိုးအကာတွေ လုံလောက်စွာ မရတော့တဲ့အပြင် အခြေခံစားသုံးကုန်တွေလည်း အရင်ကထက် လျှော့နည်းရရှိနေတဲ့အတွက် ဒုက္ခသည်မိသားစုတွေ အကျပ်အတည်း ကြုံနေကြရတာလည်း ဖြစ်ပါတယ်။

ဒီလိုကြုံတွေ့နေကြရတာနဲ့ ပတ်သက်ပြီး အုန်းဖျန်ဒုက္ခသည်စခန်းနဲ့ မဲလ ဒုက္ခသည်စခန်း တာဝန်ခံတွေက အခုလို ပြောပြကြပါတယ်။

"မနှစ်ကတော့ လုံလုံလောက်လောက် ရကြတယ်။ ဒီနှစ်မှာ အိမ်တလုံးက တိုင် ၂ တိုင် ၃ တိုင်တို့ အဲဒီလို ဝယ်ပေးတယ်ဆိုတော့ အခြေအနေက တခုမှမလောက်ဘူး။ အိမ်မိုးဖက်ဆိုရင်လည်း အပျစ် ၃၀ ပေးတဲ့အိမ် ရှိတယ်။ အိမ်သာတလုံး ဆောက်ရင်တောင်မှ အိမ်သာတလုံးဆောက်လို့မှ မတာ။"

"တခုလုံးအတိုင်းအတာအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ၂၀ ရာခိုင်နှုန်းလောက် အခက်အခဲ ရှိတယ်။ ရိက္ခာရော၊ ကျန်းမာရေး ပရောဂျက်ရော၊ ပညာရေးပရောဂျက်ရော၊ လူမှုရေးပရောဂျက်တွေရော အကုန်လုံး အဖြတ်ခံရတယ်ဗျ။ ငရုတ်သီး မရတော့ဘူးနော်။ ဆန်လည်း ၁၃ ကီလိုခွဲပဲရတယ်။ ဟိုအရင်တုန်းက ၁၅ ကီလို ရတာ။"

အီးယူ ဥရောပသမဂ္ဂကပေးနေတဲ့ အထောက်အပံ့တွေကို လျှော့ချလိုက်တဲ့ နောက်ပိုင်း အခြား လူမှုရေးအဖွဲ့အစည်းတွေကပါ အကူအညီပေးတာတွေ လျှော့လိုက်တဲ့အတွက် အခုလို ဖြစ်လာရတာလို့ TCR ခေါ် ထိုင်းနိုင်ငံ ဒုက္ခသည်ကော်မတီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဝီရဝစ်က ပြောပါတယ်။

အီးယူ ကိုယ်စားလှည်တဦးကလည်း ပြီးခဲ့တဲ့ မတ်လက မယ်လဒုက္ခသည်စခန်းကို လာရာက်ကြည့်ရှုပြီး ဒုက္ခသည်တွေ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ အသက်မွေး သင်တန်းတွေပေးပြီး အကူအညီတွေ လျှော့ချမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်မပို့ရေးအတွက် ထိုင်းအစိုးရ အဆက်ဆက်ကို တောက်လျှောက် အတိုက်အခံပြု တောင်းဆိုလာတဲ့ ထိုင်းရှေ့နေများကောင်စီ ဒုက္ခသည်ရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာ စူရဖုန်းကတော့ အီးယူရဲ့ ဒုက္ခသည် အကူအညီလျှော့ချမှုကိုရော၊ ထိုင်းက လျစ်လျူရှုနေမှုကိုပါ ခုလို ဝေဖန်ပြောဆိုလိုက်ပါတယ်။

"ဒီကိစ္စမှာတော့ အီးယူကလုပ်တာ အစီအစဉ်မကျဘူးလို့ဆိုရမှာပဲ။ ဒုက္ခသည်တွေကို နေသာထိုင်သာရှိ စေချင်ရင် သူတို့ကို သက်မွေးဝမ်းကျောင်း သင်တန်းပေးတာတွေ အရင်လုပ်ရမယ်။ အရင်ဆုံး သူတို့ ကိုယ့်အားကိုယ်ကိုး နိုင်လာစေရမယ်။ အဲဒီနောက်မှာမှ ထောက်ပံ့မှုတွေကိုလျှော့ချပေါ့။ ထောက်ပံ့မှုတွေကို ခုလို အရင်လျှော့ချလိုက်ပြီးတော့မှ အသက်မွေးသင်တန်းတွေ သွားပေးတာမျိုးကတော့ မဟုတ်သေးဘူးဗျ။ သူတို့က ဒီသင်တန်းတွေကိုလည်း သေသေချာချာ စီမံကိန်းကြီးတွေ ရေးဆွဲချမှတ်ပြီး တကယ်လုပ်ကြတာ မတွေ့ပါဘူးဗျာ။ ဒီတော့ နိုင်ငံခြားကလည်း မကူညီချင်တော့ဘူး။ ထိုင်းအစိုးရကလည်း လူတွေလာကူဖို့တံခါးမဖွင့်ဘူး၊ ကိုယ်တိုင်လည်း မကူချင်ဘူး။ ဒီတော့ ဒုက္ခသည်တွေရဲ့ ရှေ့ရေးက ပိုပြီးစိတ်ပူစရာ ဖြစ်လာနေတယ်။"

မဲလဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ငါးသောင်းကျော်နဲ့ အုန်းဖျန်ဒုက္ခသည်စခန်းမှာတော့ ဒုက္ခသည်ဦးရေ တသောင်းခွဲကျော် ရှိပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment