Sunday, 26 June 2011

[Big Brothers & Sisters] ဦးသိန်းညွန့်ပါတီသစ်တွင် အဆိုတော် ရသ ပါဝင်မည်

ဦးသိန်းညွန့်ပါတီသစ်တွင် အဆိုတော် ရသ ပါဝင်မည်  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးသိန်းညွန့်က လာမယ့် ဇူလိုင်လ ပထမအပတ်တွင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီတည်ထောင်ခွင့်လျှောက်ဖို့ရှိတယ်လို့ ပြောပါတယ်။  လောလောဆယ်မှာ ပါတီထူထောင်သူ (၁၅) ယောက်စာရင်းပြုစုထားပြီး၊ ပါတီအမည်၊ ပါတီအလံ၊ တံဆိပ်တွေကို ကော်မရှင်မှာ စလျှောက်တဲ့အခါကျမှပဲ ကြေညာမယ်လို့ ပြောပါတယ်။  ပါတီတည်ထောင်သူတွေအဖြစ် လျှောက်ထားသူတွေထဲမှာ လူငယ်ဟစ် ဟော့ပ်အဆိုတော် ရသလည်း ပါဝင်မှာ ဖြစ်ပါတယ်။  အသက် (၂၉) နှစ်အရွယ် ဟစ်ဟော့အဆိုတော် ရသဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဦးသိန်းညွန့်အတွက် သယင်္န်းကျွန်းမြို့နယ် မဲဆန္ဒနယ်မြေမှာ မဲဆွယ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။  အဆိုတော်ရသက အသက်ရှင်နေတဲ့ အချိန်မှာ တိုင်းပြည်အတွက် တန်းဖိုးရှိတာ ဖြစ်ချင်လို့ နိုင်ငံရေးလုပ်ဖို့ ဆုံးဖြတ်တာလို့ ပြောပါတယ်။  မြန်မာပြည် ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်လို့ လောလောဆယ်မှာ ကမ္ဘာပေါ်က ပညာရေးစနစ်တွေအကြောင်း လေ့လာနေတယ်လို့ ပြောပါတယ်။  နိုင်ငံရေးမှာ သူ အလေးစားဆုံး ပုဂ္ဂိုလ်တွေထဲမှာ အိန္ဒိယခေါင်းဆောင်တွေ ဖြစ်တဲ့ မဟတ္တမဂန္ဒီ၊ နေရူးတို့ ပါဝင်သလို၊ မြန်မာနိုင်ငံရေးသမားတွေထဲမှာတော့ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို လေးစားတယ်လို့ ပြောပါတယ်။
Richelle Mon 26 June 21:24
ဦးသိန်းညွန့်ပါတီသစ်တွင် အဆိုတော် ရသ ပါဝင်မည်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးသိန်းညွန့်က လာမယ့် ဇူလိုင်လ ပထမအပတ်တွင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီတည်ထောင်ခွင့်လျှောက်ဖို့ရှိတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ ပါတီထူထောင်သူ (၁၅) ယောက်စာရင်းပြုစုထားပြီး၊ ပါတီအမည်၊ ပါတီအလံ၊ တံဆိပ်တွေကို ကော်မရှင်မှာ စလျှောက်တဲ့အခါကျမှပဲ ကြေညာမယ်လို့ ပြောပါတယ်။

ပါတီတည်ထောင်သူတွေအဖြစ် လျှောက်ထားသူတွေထဲမှာ လူငယ်ဟစ် ဟော့ပ်အဆိုတော် ရသလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အသက် (၂၉) နှစ်အရွယ် ဟစ်ဟော့အဆိုတော် ရသဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဦးသိန်းညွန့်အတွက် သယင်္န်းကျွန်းမြို့နယ် မဲဆန္ဒနယ်မြေမှာ မဲဆွယ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

အဆိုတော်ရသက အသက်ရှင်နေတဲ့ အချိန်မှာ တိုင်းပြည်အတွက် တန်းဖိုးရှိတာ ဖြစ်ချင်လို့ နိုင်ငံရေးလုပ်ဖို့ ဆုံးဖြတ်တာလို့ ပြောပါတယ်။

မြန်မာပြည် ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်လို့ လောလောဆယ်မှာ ကမ္ဘာပေါ်က ပညာရေးစနစ်တွေအကြောင်း လေ့လာနေတယ်လို့ ပြောပါတယ်။

နိုင်ငံရေးမှာ သူ အလေးစားဆုံး ပုဂ္ဂိုလ်တွေထဲမှာ အိန္ဒိယခေါင်းဆောင်တွေ ဖြစ်တဲ့ မဟတ္တမဂန္ဒီ၊ နေရူးတို့ ပါဝင်သလို၊ မြန်မာနိုင်ငံရေးသမားတွေထဲမှာတော့ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို လေးစားတယ်လို့ ပြောပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment