Wednesday, 29 June 2011

[Big Brothers & Sisters] သံဖြူဇရပ်မြို့နယ်တွင် မှန်လုံကားနှစ်စီးမီးရှို့ခံရ .

သံဖြူဇရပ်မြို့နယ်တွင် မှန်လုံကားနှစ်စီးမီးရှို့ခံရ . ဗုဒ္ဓဟူးနေ့၊ ဇွန်လ 29 ရက် 2011 ခုနှစ် လွတ်လပ်သော မွန်သတင်းအေဂျင်စီ သတင်း -   အာဏာပိုင် များမှ လက်နက်အပ်ရမည့် ကိစ္စအား နှိုးဆော်နေ သည့် ကာလတွင် ယနေ့နံနက်မှာရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် ကားနှစ်စီးကို အမည်မသိလက်နက် ကိုင်အဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်ရသည်ဟုရွှေလီ ရတနာမှန်လုံယာဉ် ခရီးသည်ပို့ဆောင်ရေးက ပြောသည်။  ရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် အမြန်ယာဉ်များ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
Burma Freedom 29 June 19:21
သံဖြူဇရပ်မြို့နယ်တွင် မှန်လုံကားနှစ်စီးမီးရှို့ခံရ .
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 29 ရက် 2011 ခုနှစ် လွတ်လပ်သော မွန်သတင်းအေဂျင်စီ သတင်း -

အာဏာပိုင် များမှ လက်နက်အပ်ရမည့် ကိစ္စအား နှိုးဆော်နေ သည့် ကာလတွင် ယနေ့နံနက်မှာရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် ကားနှစ်စီးကို အမည်မသိလက်နက် ကိုင်အဖွဲ့မှ မီးရှို့ဖျက်ဆီးလိုက်ရသည်ဟုရွှေလီ ရတနာမှန်လုံယာဉ် ခရီးသည်ပို့ဆောင်ရေးက ပြောသည်။

ရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် အမြန်ယာဉ်များ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
"ရွှေလီကားတစ်စီးနဲ့ ရာဇာမင်းတစ်စီး မီးရှို့ခံလိုက်ရတယ်၊ အရင်တပတ်ကဆက်ကြေးတောင်းထားကိုမပေးလို့ အခုလိုမီးရှို့လိုက်တယ်၊ ဆက်ကြေးတောင်းတဲ့လူတွေကတော့ အမြဲတောင်းနေကြပဲ၊ ဒီလိုမလုပ်ဘူးထင်လို့ပေါ့၊ ဆက်ကြေးကကားတစ်စီးဆို ၁၀ သိန်းတောင်းတယ်" ဟုရွှေလီရတနာခရီးသည် ပို့ဆောင်ရေးမှတာဝန်ရှိသူ တစ်ဦးကပြောသည်။

ရန်ကုန်မှ ဆင်းလာသည့် ရွှေလီရတနာကားတစ်စီးနှင့် ရေးမှ တက်လာသည့်ရာဇာမင်းကားတစ်စီးကို သံဖြူဇရပ်မရောက်ခင် အနင်းကျေးရွာနှင့် လိမ္မော်ခြံကျေးရွာကြားမှာဆက်ကြေးတောင်းသည့်အဖွဲ့က ကားကိုမီးရှို့လိုက်သည်။

ကား၌ပါလာသည့် ခရီးသည်များကိုကားပေါ်မှဆင်းခိုင်းပြီးကားကိုမီးရှို့လိုက်ကာကားမောင်းသူနှစ်ဦးကိုခေါ် ဆောင်သွာသည်ဟုသိရသည်။

"ဆက်ကြေးတောင်းတဲ့လူတွေကတော့ ဘယ်သူဘယ်ဝါဆိုတာမသိဘူး၊ ဒါပေမယ့် အဲဒီသံဖြူဇရပ်-ရေးကား လမ်းတလျှောက်မှာတော့ ကရင်အဖွဲ့ တွေဆက်ကြေးတောင်းတာရှိတယ်၊ ကျမတို့ကားသမားမောင်ငြိမ်း လည်းပါသွားတယ်၊ လောလောဆယ်မှာတော့ ဘာလုပ်ရမှန်းမသိသေးဘူး" ဟုအထက်ပါတာဝန်ရှိသူက ပြောသည်။

ကားနှစ်စီးမီးလောင်ပျက်စီးပြီးနောက် သံဖြူဇရပ်မှရဲကားများရောက်ရှိသွားပြီးစစ်ဆေးမှုပြုနေသည်ဟု ကားမီးလောင်အပြီးထိုနေရာသို့ ရောက်သွားသူမျက်မြင်တစ်ဦးကပြောပါသည်။

"ကျနော်တို့ ဆင်းသွားတုန်းကဘာမှတော့ မတွေ့ဘူးအပြန်မှာတော့ မီးလောင်ထားတဲ့ကားနှစ်စီးနဲ့ ရဲတွေ ရဲကားတွေ စစ်ဆေးမှုလုပ်နေတာတွေ့တယ်၊ ကြည့်ရတာကားကိုမီးရှို့ထားတဲ့ပုံပဲ၊ ဒါပေမယ့်အကြောင်းစုံကို တော့ ကျနော်လည်းအတိအကျမသိဘူး" ဟုကားမီးလောင်းခဲ့သည့် မြင်ကွင်းကိုမြင်တွေ့ခဲ့သူသံဖြူဇရပ် မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့မှာလည်းရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့် ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ ရွှေဝါဖူး၊ ကြယ်စင်ဟိန်းနှင့် ရာဇာမင်းခရီးသည်တင် မှန်လုံယာဉ် ၅ စီးကိုမွန်ပြည်နယ် ရေးသံဖြူဇရပ်လမ်းပိုင်းကနင် ကမော့ရွာနှင့် လိမ္မော်ခြံရွာကြားတွင် လက်နက်ကိုင်လူတစုကယာဉ်များကိုပစ်ခတ်ပြီးရပ်တန့်စေပြီးဆက်ကြေး တောင်းကာယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၆ ဦးကိုဖမ်းဆီးသွားခဲ့သည်။

ထားဝယ်- ရန်ကုန်၊ ထားဝယ်-မော်လမြိုင် ပြေးဆွဲနေသည့် မော်တော်ယာဉ်များလမ်းပိုင်းများတွင် မွန် ကရင် လက်နက်ကိုင်တပ်များလှုပ်ရှားတတ်ပြီး၎င်းတို့ မှအလျဉ်းသင့်သကဲ့သို့ ဆက်ကြေး (သို့မဟုတ်)နှစ်စဉ်ကြေး တောင်းလေ့ရှိသည်။

ပြီးခဲ့သည့်လတွင် မွန်လက်နက်ကိုင်အဖွဲ့ တဖွဲ့ မုဒုံမြို့ တွင် အိပ်ချိန်းတိုင်ကိုဖောက်ခွဲခဲ့ပြီး ယခုတွင်လည်း ခရီးသည်တင်ကားကိုထပ်မံမီးရှို့ လိုက်သည်။ ထိုကိစ္စနှစ်ရပ်လုံးအားလုံခြုံရေးတပ်မှအချိန်မီအကူအညီ မပေးနိုင်ပေ။
..

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment