Sunday, 12 June 2011

[လွပ်လပ်ခြင်း] မော်တော်ယာဉ် မှတ်ပုံတင် သက်တမ်းတိုးရာတွင်...

မော်တော်ယာဉ် မှတ်ပုံတင် သက်တမ်းတိုးရာတွင် ယာဉ်ပိုင်ရှင်များ အနေဖြင့် အလွယ်တကူ သက်တမ်းမတိုးနိုင်ဘဲ ခက်ခဲနေစေသည့် အချက်များကို လျှော့ချကာ အလွယ်တကူ သက်တမ်းတိုးနိုင်သည့် ပုံစံသို့ ပြောင်းလဲလုပ်ကိုင် ပေးနေကြောင်း ယာဉ်ပိုင်ရှင်များထံမှ သတင်းရရှိပါသည်။  ယာဉ်မှတ်ပုံတင်တွင် ပါရှိသည့် အမည်ပေါက်၏ မှတ်ပုံတင်၊ ယာဉ်ရောင်းချ/၀ယ်ယူအပေါ် အခွန်စိစစ်ပြီးဖြစ်ကြောင်း အထောက် အထားဖြစ်သည့် အခွန်ပုံစံ (၁)နှင့် (၃)တို့အားတင်ပြရန် မလိုပဲ မော်တော်ယာဉ် သက်တမ်းတိုးခွင့် ပြုပေးနေကြောင်း သိရသည်။  ယခုအခါတွင် ယာဉ်မှတ်ပုံတင် စာအုပ်နှင့် ယာဉ်သက်တမ်းတိုးရန် လာရောက်သူ၏ မှတ်ပုံတင် သာ လိုအပ်တော့ကြောင်း သိရသည်။ ယခု ပြောင်းလဲလိုက်သည့် ပုံစံမှာ ယခင် ၁၉၉၉ ခုနှစ်မတိုင်မီက မော်တော်ယာဉ်မှတ်ပုံတင် သက်တမ်းတိုးသည့် ပုံစံအတိုင်းပြန်လည်ပြောင်းလဲ လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်က ယာဉ်မှတ်ပုံတင် သက်တမ်းတိုးရာတွင် အခွန်ဆိုင်ရာ အထောက်အထားများ၊ မူလယာဉ် ပိုင်ရှင် မှတ်ပုံတင်ရယူရသည့် ကိစ္စရပ်များကြောင့် များစွာနှောင့်နှေးရ
Thway Thitsar 12 June 17:30
မော်တော်ယာဉ် မှတ်ပုံတင် သက်တမ်းတိုးရာတွင် ယာဉ်ပိုင်ရှင်များ အနေဖြင့် အလွယ်တကူ သက်တမ်းမတိုးနိုင်ဘဲ ခက်ခဲနေစေသည့် အချက်များကို လျှော့ချကာ အလွယ်တကူ သက်တမ်းတိုးနိုင်သည့် ပုံစံသို့ ပြောင်းလဲလုပ်ကိုင် ပေးနေကြောင်း ယာဉ်ပိုင်ရှင်များထံမှ သတင်းရရှိပါသည်။

ယာဉ်မှတ်ပုံတင်တွင် ပါရှိသည့် အမည်ပေါက်၏ မှတ်ပုံတင်၊ ယာဉ်ရောင်းချ/၀ယ်ယူအပေါ် အခွန်စိစစ်ပြီးဖြစ်ကြောင်း အထောက် အထားဖြစ်သည့် အခွန်ပုံစံ (၁)နှင့် (၃)တို့အားတင်ပြရန် မလိုပဲ မော်တော်ယာဉ် သက်တမ်းတိုးခွင့် ပြုပေးနေကြောင်း သိရသည်။

ယခုအခါတွင် ယာဉ်မှတ်ပုံတင် စာအုပ်နှင့် ယာဉ်သက်တမ်းတိုးရန် လာရောက်သူ၏ မှတ်ပုံတင် သာ လိုအပ်တော့ကြောင်း သိရသည်။ ယခု ပြောင်းလဲလိုက်သည့် ပုံစံမှာ ယခင် ၁၉၉၉ ခုနှစ်မတိုင်မီက မော်တော်ယာဉ်မှတ်ပုံတင် သက်တမ်းတိုးသည့် ပုံစံအတိုင်းပြန်လည်ပြောင်းလဲ လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ယခင်က ယာဉ်မှတ်ပုံတင် သက်တမ်းတိုးရာတွင် အခွန်ဆိုင်ရာ အထောက်အထားများ၊ မူလယာဉ် ပိုင်ရှင် မှတ်ပုံတင်ရယူရသည့် ကိစ္စရပ်များကြောင့် များစွာနှောင့်နှေးရ

"၁၉၉၉ ခုနှစ်မတိုင်ခင်က မော်တော်ယာဉ် သက်တမ်းတိုးတဲ့အတိုင်း ပြောင်းလဲလိုက်တဲ့ သဘောပေါ့။ မှတ်ပုံတင်စာအုပ်နဲ့ လာရောက်တဲ့သူရဲ့ မှတ်ပုံတင်ပဲ လိုတော့တယ်။ အခွန်စိမ်းလို့ခေါ်တဲ့ ယာဉ်ရောင်းဝယ်တဲ့ အပေါ်စိစစ်ထားတဲ့ အခွန်ပုံစံ(၁)၊ အခွန်ပုံစံ(၃)တွေ တင်ပြစရာမလိုတော့ ပဲဒီရက်ပိုင်းမှာ သက်တမ်းတိုးခွင့်ပြု ပေးလာတယ်။ အခွန်ပုံစံတွေကတော့ သက်တမ်းတိုးတဲ့နေရာမှာ တင်ပြစရာမလိုတာကိုပြောတာ။ ကျန်တဲ့နေ ရာတော့ မပြောတတ်ဘူး။ ပြီးတော့ မော်တော်ယာဉ်မှတ်ပုံတင် စာအုပ်မှာပါ တဲ့ အမည်ပေါက်ရဲ့ မှတ်ပုံတင်လည်း တင်ပြစရာ မလိုတော့ဘူး။ နှစ်တိုင်း ကားပိုင်ရှင်တိုင်းလိုလို ဒုက္ခဖြစ်ရတာကလည်း ယာဉ်အမည်ပေါက်ရဲ့ မှတ်ပုံတင်နဲ့ အခွန်ပုံစံမျိုးစုံယူရတဲ့ အလုပ်တွေပဲလေ။ ဒီတော့အရမ်းလွယ်ကူ သွားပြီလို့ ပြောရမှာပေါ့"ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

ယခင်က ယာဉ်မှတ်ပုံတင် သက်တမ်းတိုးရာတွင် အခွန်ဆိုင်ရာ အထောက်အထားများ၊ မူလယာဉ် ပိုင်ရှင် မှတ်ပုံတင်ရယူရသည့် ကိစ္စရပ်များကြောင့် များစွာနှောင့်နှေးရကြောင်း၊ ယခုကဲ့သို့ ပြောင်းလဲပေးခြင်းအပေါ် ကြိုဆိုကြောင်း ယာဉ်ပိုင်ရှင်များက ပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့ဆီမှာ ယာဉ်မှတ်ပုံတင် သက်တမ်းတိုးတဲ့အခါ အခက်အခဲဆုံးက အမည်ပေါက်ရဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမိတ္တူပဲ။ ဘာလို့လည်းဆိုတော့ လိုသလို တင်သွင်းဝယ်ယူလို့ ရတာမဟုတ်တဲ့ အတွက် အဆင့်ဆင့်လွှဲပြောင်း ၀ယ်ယူထားကြတာ များတယ်။ အကြောင်းကြောင်းကြောင့် အများစုက အမည်ပေါက်လုပ်ဖို့ ခက်ကြတယ်လေ။ နှစ်တိုင်း အမည်ပေါက်မဟုတ်တဲ့ ယာဉ်ပိုင်ရှင်တွေ တွေ့ရတဲ့ဒုက္ခ ပေါ့ဗျာ။ ကျွန်တော်ဆိုရင် အိမ်ကားအတွက် အမည်ပေါက်ရဲ့မှတ်ပုံတင်ရဖို့ကို နှစ်တိုင်း ကျပ်သုံးသိန်းပေး ရတယ်၊ ဆလွန်းကားလေ။ အခွန်ပုံစံကလည်း ခက်ခဲတာပါပဲ။ ဘာလို့လည်းဆိုတော့ ပထမယာဉ်ပိုင်ရှင် တွေက အခွန်တွေ မရှင်းသွားရင် ပိုဆိုးသေးတယ်။ ပွဲစားနဲ့အပ်ရ ဘာရနဲ့ ဒုက္ခဖြစ်တာပေါ့ဗျာ။ အခုလို ကညန က ကောင်းတဲ့ဘက်ကို ပြောင်းလဲခွင့် ပြုပေးတာတော့ ကြိုဆိုပါတယ်ဗျာ။ နှစ်စဉ်နှစ်တိုင်းခံနေရ တဲ့ ဒုက္ခတွေ လျော့သွားမှာမို့လို့ပါ" ဟု ယာဉ်ပိုင်ရှင်တစ်ဦး ကလည်း ပြောကြားခဲ့ပါသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment