Sunday, 12 June 2011

[လွပ်လပ်ခြင်း] စီးပွားရေးဆိုင်ရာ လက်ဝါးကြီးအုပ်မှုကို...

စီးပွားရေးဆိုင်ရာ လက်ဝါးကြီးအုပ်မှုကို တားဆီးနိုင်ရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေစတင် ရေးဆွဲနေ  စီးပွားရေး နယ်ပယ်အသီးသီး ရှိ လက်ဝါးကြီးအုပ် အမြတ်ထုတ်မှုများကို တားဆီးနိုင်ရန် ယှဉ်ပြိုင်မှု ဆိုင်ရာဥပဒေကို စတင်ရေးဆွဲနေပြီး လာမည့်နှစ်နှစ်အတွင်း ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ပါဝင်ရေး ဆွဲနေသည့် ပညာရှင်များ အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
Thway Thitsar 12 June 18:54
စီးပွားရေးဆိုင်ရာ လက်ဝါးကြီးအုပ်မှုကို တားဆီးနိုင်ရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေစတင် ရေးဆွဲနေ

စီးပွားရေး နယ်ပယ်အသီးသီး ရှိ လက်ဝါးကြီးအုပ် အမြတ်ထုတ်မှုများကို တားဆီးနိုင်ရန် ယှဉ်ပြိုင်မှု ဆိုင်ရာဥပဒေကို စတင်ရေးဆွဲနေပြီး လာမည့်နှစ်နှစ်အတွင်း ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ပါဝင်ရေး ဆွဲနေသည့် ပညာရှင်များ အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

"ပြင်ဆင်ဖို့လိုအပ်တဲ့ ဥပဒေတွေနဲ့ အသစ်ပြဋ္ဌာန်းဖို့လိုတဲ့ ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ဖို့ ရေးဆွဲ နေပါပြီ။ စီးပွားရေးဆိုင်ရာ ဥပဒေတွေ ပိုများပါတယ်။ ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေကိုလည်း ရေးဆွဲနေပါပြီ။ ဥာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေကိုလည်း မကြာမီပြဋ္ဌာန်းတော့မှာပါ"ဟု ဥပဒေရေးဆွဲရာတွင် ပါဝင်ပြီး စီးပွားရေးဆိုင်ရာ ၀န်ကြီးဌာနတစ်ခု၏ အကြံပေးပညာရှင်တစ်ဦးက ပြောကြားပါသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးမည်ဟု ဦးတည်ချက်ထားရှိပြီး ပြုပြင်ရန်လိုအပ်သော ဥပဒေများနှင့် အသစ်ပြဋ္ဌာန်းရန် လိုအပ်သော ဥပဒေများကို ပြင်ဆင်ရေးဆွဲနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်း အများစုမှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများသာဖြစ်ပြီး ပြည်တွင်း ရှိ အခြားနယ်ပယ်စုံ စီးပွားရေး လုပ်ငန်းကြီးများနှင့် ပြည်ပရင်းနှီးမြှုပ်နှံ သူများ၏စီးပွားရေး လက်ဝါးကြီးအုပ်မှုနှင့် ဈေးကစား အမြတ်ထုတ်မှုကို တားဆီးကာကွယ်နိုင်ရန်၊ လုပ်ငန်း အားလုံး ယှဉ်ပြိုင်နိုင်သော ပတ်ဝန်းကျင်တစ်ရပ်ဖြစ်ရန်၊ စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်လုပ်ကိုင်မှုမှတစ်ဆင့် စားသုံးသူများ ရွေးချယ်နိုင်စွမ်း မြင့်တက်စေရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် မူဝါဒများချမှတ်ရန် လိုအပ်ကြောင်း သိရပါသည်။
ပင်ဆင်ဖို့လိုအပ်တဲ့ ဥပဒေတွေနဲ့ အသစ်ပြဋ္ဌာန်းဖို့လိုတဲ့ ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ဖို့ ရေးဆွဲ နေပါပြီ။ စီးပွားရေးဆိုင်ရာ ဥပဒေတွေ ပိုများပါတယ်။ ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေကိုလည်း ရေးဆွဲနေပါပြီ။ ဥာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေကိုလည်း မကြာမီပြဋ္ဌာန်းတော့မှာပါ

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်း အချို့အနေဖြင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ အရည်အသွေး၊ ဈေးနှုန်း၊ ၀န်ဆောင်မှု စသည်တို့ဖြင့် ဈေးကွက်ယှဉ်ပြိုင်ခြင်း မပြုဘဲ အရောင်းအ၀ယ်စာချုပ် များ၊ ကတိက၀တ်များ၊ ထိန်းချုပ်မှုများ၊ ဆွဲဆောင်သိမ်းသွင်းမှုများ စသည်တို့ဖြင့် လုပ်ငန်းတူများဈေးကွက် အတွင်း ၀င်ရောက်မှု နည်းပါးစေရန် နှင့် အခြားကုန်စည်များ ထပ်မံဝင် ရောက်နိုင်ခြင်း မရှိစေရန် တားဆီး ပိတ်ပင်နေသော အခြေအနေများ ဖြစ်ပေါ်နေကြောင်း၊ ထို့ပြင် အချို့ကုန် စည်များကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ဖြန့်ဖြူးနေသည့်အပြင် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့တစ်ဖွဲ့တည်းသာ ရောင်းချခွင့်ရသော အနေအထားမျိုးကြောင့် စားသုံးသူများ၏ ရွေးချယ်ခွင့်၊ ငြင်းပယ်ခွင့်၊ တောင်းဆိုပိုင်ခွင့် စသည့်အခွင့်အရေးများ ဆုံးရှုံးနစ်နာစေကြောင်း လုပ်ငန်းရှင်အချို့နှင့် စားသုံးသူများ၏ ပြောကြားချက်အရ သိရပါသည်။

"ပြည်တွင်း စားသုံးသူဈေးကွက်နဲ့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အခြေအနေတို့နဲ့ လိုက်လျောညီထွေရှိတဲ့ ပြိုင်ဆိုင်မှုဆိုင်ရာမူဝါဒနဲ့ ဥပဒေတွေ ချမှတ်ပေးဖို့ လိုပါတယ်။ လုပ်ငန်းတွေမှာ အသေး၊အလတ်၊ အကြီး မျိုးစုံရှိတာကြောင့် လုပ်ငန်းအားလုံး လည်ပတ်နိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ ပြင်ဆင်ပေးရမယ်။ နိုင်ငံတော်တော်များများမှာ ဥပဒေရောမူဝါဒပါ ရှိပြီးသားပါ။ မြန်မာနိုင်ငံအနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲကတည်း က ဒီဥပဒေကိုရေးဆွဲပြဋ္ဌာန်းဖို့ စီးပွားရေးပညာရှင်တွေ တင်ပြထားတာ ပါ။ ဥပဒေပြဋ္ဌာန်းဖို့က အချိန်ယူရတာဆိုတော့ မူဝါဒအရင်ချမှတ်ပြီး ယှဉ်ပြိုင်မှုကို ပံ့ပိုးပေးသင့်ပါတယ်" ဟု ပါမောက္ခဒေါ်ရီရီမြင့်က သုံးသပ်ပါသည်။

ပါမောက္ခ ဒေါ်လှမြင့်ကလည်း "လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်မှာယှဉ်ပြိုင်မှုက အနှစ်သာရပါ။ ပြိုင်ဆိုင်မှုများမှ ကုန်စည်တွေရဲ့ အရည်အသွေးကောင်းမယ်၊ ဈေးနှုန်း သက်သာမယ်၊ ၀န်ဆောင်မှုကောင်းပါမယ်။ ယှဉ်ပြိုင်မှုက အရည်အသွေးကို မြင့်တက်စေတယ်။ မြန်မာပြည် ရဲ့စီးပွားရေးစနစ်မှာ ပါဝင်လာဖို့ လိုပါတယ်။ ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေ ရှိလာရင် လက်ရှိ လက်ဝါးကြီးအုပ် လုပ်ဆောင်တာမျိုးတွေ၊ ဈေးနှုန်းညှိ နှိုင်းသတ်မှတ်မှုတွေကို တိုက်ဖျက် သွားနိုင်မှာပါ။ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုရှိရင် စားသုံးသူနဲ့ တခြား စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်မှု ရှိပါတယ်။ လွတ်လပ်တဲ့ အာဆီယံ ဈေးကွက်ကလည်းမကြာမီလာတော့ မယ်၊ မြန်မာပြည်ထဲကို ပြည်ပလုပ်ငန်းတွေလည်း ၀င်ရောက်လာနိုင်တာဆိုတော့ လိုအပ်တဲ့ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းသွားရမှာပါ"ဟု ပါမောက္ခဒေါ်လှမြင့်က ထင်မြင်ချက် ပေးပါသည်။

နိုင်ငံ၏စီမံအုပ်ချုပ်မှု၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ တရားဥပဒေ စသည့် အကြောင်းတရားများကို အခြေခံ၍ပြိုင်ဆိုင်မှုဆိုင်ရာ မူဝါဒကို ရေးဆွဲပြဋ္ဌာန်းနိုင်သည်။ ပြိုင်ဆိုင်မှု မူဝါဒသည် လက်ဝါးကြီးအုပ်မှု သို့ မဟုတ် မတော်မတရားလွှမ်းမိုးမှုကို ထိန်းချုပ်ခြင်း၊ ကန့်သတ်မှုများ ရှိ နေသော ကုန်သွယ်ရေးမူဝါဒများနှင့် အခြားလက်ဝါးကြီးအုပ်မှုဆိုင်ရာ သဘောတူညီချက်များကို ပယ်ဖျက် နိုင်ခြင်း၊ လုပ်ငန်းတစ်ခုနှင့်တစ်ခု ပေါင်းစည်းသည့်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း စသည်တို့ကို ပြုလုပ်ကာကွယ်နိုင်သည့် အားသာချက်များရှိပါသည်။

ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေကို ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြဋ္ဌာန်းထားခဲ့ပြီးဖြစ်သည်။ ဒုတိယကမ္ဘာ စစ်မတိုင်မီက အမေရိကန်၊ ကနေဒါ နှင့် သြစတြေးလျတို့တွင် ပြဋ္ဌာန်းခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ဥ ရောပနိုင်ငံများ၊ အခြားဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြဋ္ဌာန်းခဲ့ပါသည်။ အာရှနိုင်ငံများအနေ ဖြင့် ၁၉၈၀ ကျော်နှင့် ၁၉၉၀ ကျော် နှစ်များတွင် အများအပြား ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး မြန်မာမှလွဲ၍ ကျန်အာဆီယံ နိုင်ငံအားလုံးတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment