Sunday, 12 June 2011

[လွပ်လပ်ခြင်း]  ပြည်တွင်းဈေးကွက်တွင် ပြည်ပသို့ တင်ပို့နေသော...

 ပြည်တွင်းဈေးကွက်တွင် ပြည်ပသို့ တင်ပို့နေသော လယ်ယာထွက်ကုန် ပစ္စည်းဈေးနှုန်းများ ကျဆင်းနေသောကြောင့် တောင်သူများ၏၀င်ငွေ များစွာထိခိုက်နေ  ပြည်တွင်းဈေးကွက်တွင် ပြည်ပသို့ တင်ပို့နေသော လယ်ယာထွက် ကုန်ပစ္စည်းများ ဈေးနှုန်းကျဆင်းနေ သောကြောင့် တောင်သူများ၏၀င်ငွေ များစွာ ထိခိုက်နေကြောင်းနှင့် လက်ရှိ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီ ၂၂ ခု တို့မှ တစ်ဧကလျှင် ပျမ်းမျှ ကျပ် သုံးသောင်းမှ ငါးသောင်းအထိ ထုတ်ချေးပေးလျက်ရှိသော်လည်း တစ်ဧက ပျမ်းမျှကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းခွဲနှင့် နှစ်သိန်းကြားတွင် ရှိနေသောကြောင့် လယ်ယာလုပ်ငန်းခွင်တွင် အရင်းအနှီးရှားပါးမှုနှင့် ကြုံ တွေ့နေရကြောင်း သိရှိရသည်။  နိုင်ငံတော်အစိုးရ အနေဖြင့် လယ်ယာစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာတွင်၂၀၁၀- ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ကျပ် ၁၉၀ ဒသမ ၆၈ ဘီလျံခန့်ရှိ ကြောင်း၊ သို့သော် ယင်းပမာဏမှာ တစ်ဧကလျှင် ကျပ် တစ်သောင်းမှ နှစ်သောင်းနှုန်းဖြင့်သာ ချေးပေးနိုင်သည့် ပမာဏဖြစ်သောကြောင့် အကျိုး သက်ရောက်သည့် စုစုပေါင်းပမာဏ မှာ ၁၂ ဒသမ ၅ သန်း(ဧက) သာ ရှိကြောင်း၊ တစ်နိုင်ငံလုံးအတွက် စုစုပေါင်းချေးငွေကို တစ်နိုင်ငံလုံး စုစုပေါင်းသီးနှံဧရိယာ ၅၇ သန်းဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပျမ်းမျှ တစ်ဧကလျှင် ကျပ် ၃၅၀၀ ခန့်သာ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
Thway Thitsar 12 June 17:39

ပြည်တွင်းဈေးကွက်တွင် ပြည်ပသို့ တင်ပို့နေသော လယ်ယာထွက်ကုန် ပစ္စည်းဈေးနှုန်းများ ကျဆင်းနေသောကြောင့် တောင်သူများ၏၀င်ငွေ များစွာထိခိုက်နေ

ပြည်တွင်းဈေးကွက်တွင် ပြည်ပသို့ တင်ပို့နေသော လယ်ယာထွက် ကုန်ပစ္စည်းများ ဈေးနှုန်းကျဆင်းနေ သောကြောင့် တောင်သူများ၏၀င်ငွေ များစွာ ထိခိုက်နေကြောင်းနှင့် လက်ရှိ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီ ၂၂ ခု တို့မှ တစ်ဧကလျှင် ပျမ်းမျှ ကျပ် သုံးသောင်းမှ ငါးသောင်းအထိ ထုတ်ချေးပေးလျက်ရှိသော်လည်း တစ်ဧက ပျမ်းမျှကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းခွဲနှင့် နှစ်သိန်းကြားတွင် ရှိနေသောကြောင့် လယ်ယာလုပ်ငန်းခွင်တွင် အရင်းအနှီးရှားပါးမှုနှင့် ကြုံ တွေ့နေရကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် လယ်ယာစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာတွင်၂၀၁၀- ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ကျပ် ၁၉၀ ဒသမ ၆၈ ဘီလျံခန့်ရှိ ကြောင်း၊ သို့သော် ယင်းပမာဏမှာ တစ်ဧကလျှင် ကျပ် တစ်သောင်းမှ နှစ်သောင်းနှုန်းဖြင့်သာ ချေးပေးနိုင်သည့် ပမာဏဖြစ်သောကြောင့် အကျိုး သက်ရောက်သည့် စုစုပေါင်းပမာဏ မှာ ၁၂ ဒသမ ၅ သန်း(ဧက) သာ ရှိကြောင်း၊ တစ်နိုင်ငံလုံးအတွက် စုစုပေါင်းချေးငွေကို တစ်နိုင်ငံလုံး စုစုပေါင်းသီးနှံဧရိယာ ၅၇ သန်းဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပျမ်းမျှ တစ်ဧကလျှင် ကျပ် ၃၅၀၀ ခန့်သာ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

"လယ်ယာလုပ်ငန်းခွင်မှာ အရင်းအနှီးရှားပါးတဲ့ ပြဿနာကို ယခုနှစ်ပိုင်းမှာ ပိုပြီးကြုံတွေ့လာရပါ တယ်။ ရာသီဥတု ဖောက်ပြန်မှုအပြင် ပြည်ပ၀ယ်လိုအား ကျဆင်းတာက တစ်ကြောင်း၊ အရည်အသွေးကျဆင်း တာတွေကတစ်ကြောင်း ဒီလိုအကြောင်းတွေကြောင့် လယ်ယာလုပ်ငန်းခွင် လည်ပတ်နိုင်မှုအားတွေ ကျဆင်းလာပါတယ်။ ဒီနှစ်တော့ ပဲဈေးနှုန်းတွေ သိသိသာသာ ထိုးဆင်းနေတယ်။ အရင်နှစ်က ပဲစင်းငုံတစ်တန် ဈေးဟာ ကုန်စည်ဒိုင်မှာ ကျပ် ၁၇ သိန်းလောက်အထိ ပေါက်ခဲ့ရာကနေ ဒီနှစ်မှာတော့ ဇွန်လ ပထမအပတ် ပေါက်ဈေးက ကျပ်လေးသိန်းဝန်းကျင်မှာပဲ ရှိပါတယ်။ ပဲတီစိမ်းဆိုရင်လည်း တစ်တန်ကို ကျပ် ၁၂ သိန်း၊ ၁၃ သိန်းအထိ မြင့်တက်ခဲ့ရာကနေ အခုဆိုရင် ကျပ် ရှစ်သိန်းဝန်းကျင်လောက်ပဲ ရှိပါတယ်။ မတ်ပဲကတော့ ရှစ်သိန်း၊ ကိုးသိန်းလောက် ပေါက်ခဲ့ရာကနေ အခု ကျပ်ခြောက်သိန်း ၀န်းကျင်လောက်ပဲ ရှိပါတယ်။ ဒီပဲသုံးမျိုးက အဓိက နိုင်ငံခြားကိုတင်ပို့ နေရတဲ့ပဲတွေပါ။ ပဲကရတဲ့ဝင်ငွေက အရမ်းနည်းသွားတဲ့အခါ ဒီလယ်ယာ လုပ်ငန်းခွင်မှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံဖို့ အရင်းအနှီးတွေ ရှားပါးနေပါပြီ"ဟု ရန်ကုန်တိုင်း ဒေသကြီးမှစပါးနှင့် ပဲစိုက်သော တောင်သူတစ်ဦးက ပြောပြခဲ့သည်။

သို့သော် လယ်ယာထွက်ကုန် ပစ္စည်းပြည်ပတင်ပို့မှုနှင့် ပတ်သက်၍ မျှော်မှန်းထားသည့်အတိုင်း တိုးချဲ့ တင်ပို့နိုင်ခြင်း မရှိသေးကြောင်း ဆန်ထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှာ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၅၀ သိန်းခန့်သာ တင်ပို့နိုင်သေးကြောင်းနှင့် ပဲမျိုးစုံ ပြည်ပတင်ပို့မှု အခြေအနေမှာမူ ၁၉၉၀ ပြည့်နှစ်တွင် တန်ချိန် နှစ်သိန်းဝန်းကျင် ခန့်တင်ပို့နိုင်ခဲ့ရာမှာ ၂၀၁၀ ပြည့်နှစ် တွင် ၁ ဒသမ ၅၀ သန်းအထိ တိုးချဲ့ တင်ပို့လာနိုင်သော်လည်း လတ်တလောတွင် ပဲမျိုးစုံထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေမှာ ကျဆင်းနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ ၌ စုစုပေါင်းလူဦးရေ၏ ၆၇ ဒသမ ၀ ရာခိုင်နှုန်း ရှိနေကြောင်း စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု အဆပေါင်းများစွာ တိုးမြှင့်လာသော်လည်း လယ်ယာ အလုပ်သမားဦးရေမှာ စက်မှုမဖွံ့ဖြိုးသော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက သိသာစွာ နည်းပါးနေကြောင်း ထုတ်လုပ်မှု မြင့်မားသော်လည်း အလုပ်သမား အသုံးချသည့် ဦးရေနည်းနေကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာ စစ်မဖြစ်မီက ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့နိုင်ခဲ့သော်လည်း လက်ရှိ ဆန်တင်ပို့ရောင်းချမှုတွင်မူ တစ်နှစ်လျှင် ထိုင်းက ပျမ်းမျှ ဆန်တန်ချိန်ကိုးသန်းဖြင့် ပထမ၊ ဗီယက် နမ်က ခြောက်သန်းဖြင့် ဒုတိယ၊ ပါကစ္စတန်က ၃ ဒသမ ၅ သန်းဖြင့် တတိယ၊ အိန္ဒိယက ပျမ်းမျှ တန်ချိန် ၂ ဒသမ ၅ သန်းဖြင့် စတုတ္ထ ဖြစ်နေကြောင်း သိရသည်။

"လက်ရှိ စပါးစိုက်ပျိုးနေတဲ့ ဧကနဲ့နှိုင်းယှဉ်ရင် ထုတ်လုပ်မှု အားနည်းနေတာတွေ ရှိပါတယ်။ အဓိက က မျိုးရွေးချယ်မှု၊ နည်းပညာ၊ အရင်းအနှီး ထည့်ဝင်နိုင်မှုတွေမှာ အားနည်းချက်တွေ ရှိနေတုန်းပါပဲ။ လယ်ယာကဏ္ဍ တိုးမြှင့်ဖို့အတွက် အစွမ်းကုန် လုပ်ဆောင်ဖို့လိုလာပါပြီ။ ဘာကြောင့်လဲဆိုတော့ မြန်မာ နိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းရဲ့ လယ်ယာလုပ်ငန်းခွင်နဲ့ ဆက်စပ်ပြီး မှီခိုအားထားနေရတဲ့ အရေအတွက် ဖြစ်နေတဲ့အတွက် လယ်ယာ လုပ်ငန်းခွင် တိုးတက်မှ ပြည်သူတွေရဲ့ ဘ၀ကတိုးတက်မှာပါ"ဟု ဆန် စပါး လုပ်ငန်းပညာရှင်တစ်ဦးက ပြောပြခဲ့သည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment