Sunday, 19 June 2011

[လွပ်လပ်ခြင်း] "ကျနော်တို့တွင် ကနောင်မင်းသားကြီးကို ရခဲ့ဖူး၏။...

"ကျနော်တို့တွင် ကနောင်မင်းသားကြီးကို ရခဲ့ဖူး၏။ တန်ဖိုးထားရကောင်းမှန်း မသိသူတို့ လက်ချက်ဖြင့် သူရော သူ့နိုင်ငံပါ ဆုံးရှူံးခဲ့ရဖူး၏။ ကျနော်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကို ရခဲ့ဖူး၏။ အထွဋ်တင်ရကောင်းမှန်း မသိသူတို့ လက်ချက်ဖြင့် သူရော သူ့တိုင်းပြည်ပါ နစ်နာနေရ၏။ ကျနော်တို့တွင် ယခုခေါင်းဆောင် တယောက်ရပြန်၏။ ယခုတိုင် ရှင်သန်နေရဆဲသည် ကောင်းပါ၏။ သို့သော် ပြည်ဖျက်သူတို့၏ လက်ဖျစ် တတွက်တွင် ထိုခေါင်းဆောင်၏ အသက်တာသည် ရေပွက်ပမာ ဖြစ်မသွားဟု မည်သူမှ မဆိုနိုင်ကြ။ သောကဖြင့် အကောင်းကို မျှော်ကြည့်ရခြင်းသည် ပူလောင်၏။ ဒွိဟစိတ်ဖြင့် မျှော်ကိုးရခြင်းသည် မချင့်မရဲ ဖြစ်ရ၏။ အပူကင်းအကောင်းမြင်၊ ဧကစိတ် ချင့်ချင့်ရဲရဲဖြင့် ကိုးစားရခြင်း၌ အသက်ရာကျော်ပါစေဟုသာ ဆိုချင်၏။" (မျိုးမြင့်ချို)
Strong Hammer 19 June 18:51

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment