Sunday, 19 June 2011

[လွပ်လပ်ခြင်း]  မြန်မာ-တရုတ်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွင်...

 မြန်မာ-တရုတ်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွင် အသုံးပြုမည့် ပိုက်သယ်ယူခြင်း လုပ်ငန်းများကို ထူးနှင့်အေးရှားဝေါလ် ကုမ္ပဏီတို့ ဆောင်ရွက်ခွင့်ရရှိ PDF Print Sunday, 19 June 2011 10:18 AddThis Social Bookmark Button  မြန်မာ-တရုတ်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာတွင် အသုံးပြုမည့်ပိုက်များ သယ်ယူတင်ပို့ခြင်း လုပ်ငန်းများကို ထူးကုမ္ပဏီ နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ဆောင်ရွက်ခွင့်ရရှိကြောင်း အဆိုပါ စီမံကိန်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။  အလားတူပိုက်လိုင်း သွယ်တန်းရာတွင်လည်း အိန္ဒိယနှင့် တရုတ် ကုမ္ပဏီတို့မှ ထုတ်လုပ်ပြီး ပိုက်များ ကို အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
De Nay 19 June 19:35

မြန်မာ-တရုတ်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွင် အသုံးပြုမည့် ပိုက်သယ်ယူခြင်း လုပ်ငန်းများကို ထူးနှင့်အေးရှားဝေါလ် ကုမ္ပဏီတို့ ဆောင်ရွက်ခွင့်ရရှိ PDF Print
Sunday, 19 June 2011 10:18
AddThis Social Bookmark Button

မြန်မာ-တရုတ်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာတွင် အသုံးပြုမည့်ပိုက်များ သယ်ယူတင်ပို့ခြင်း လုပ်ငန်းများကို ထူးကုမ္ပဏီ နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ဆောင်ရွက်ခွင့်ရရှိကြောင်း အဆိုပါ စီမံကိန်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။

အလားတူပိုက်လိုင်း သွယ်တန်းရာတွင်လည်း အိန္ဒိယနှင့် တရုတ် ကုမ္ပဏီတို့မှ ထုတ်လုပ်ပြီး ပိုက်များ ကို အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

"ဒီစီမံကိန်းမှာ သုံးမယ့်ပိုက်တွေက အိန္ဒိယနဲ့တရုတ်ကုမ္ပဏီက ပိုက်တွေကို သုံးမှာ ဖြစ်ပါတယ် . . ."

"ဒီစီမံကိန်းမှာ သုံးမယ့် ပိုက်တွေက အိန္ဒိယနဲ့ တရုတ်ကုမ္ပဏီက ပိုက်တွေကို သုံးမှာဖြစ်ပါတယ်။ ကွန်ကရစ်နဲ့ ပေါ်လီသနင်း coating အတွက် pipe coating yard ရှိတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံမှာ Sub Contractor ကုမ္ပဏီက ပြုလုပ် မှာဖြစ်ပါတယ်"ဟုလည်း အဆိုပါစီမံကိန်းတွင် ပါဝင်သူတစ်ဦးက ပြောပြ ခဲ့သည်။

"ပိုက်တွေကို ရန်ကုန် (သီလ၀ါ)ဆိပ်ကမ်းမှာ CPPB ကုမ္ပဏီက ပိုက်သိုလှောင်ရာဌာန (pipestocking yard) ဒါမှမဟုတ် transfer station အဖြစ် သိုလှောင်ပြီးတော့ နယ်စပ်အထိကိုတော့ Jiegoo ကုမ္ပဏီကလည်း CPPB အတိုင်းဆောင်ရွက်မှာဖြစ်ပါ တယ်။ ကျောက်ဖြူဘက်မှာ ချမယ့် ပိုက်တွေကို ထူးကုမ္ပဏီက သယ်ယူ ခွင့်ရရှိတာဖြစ်ပြီးတော့ မန္တလေးဘက်မှာ ချမယ့်ပိုက်တွေကိုတော့ Jiegoo ကုမ္ပဏီက ဆောင်ရွက်ခွင့်ရရှိတာပဲ ဖြစ်ပါတယ်" ဟုလည်း အဆိုပါစီမံကိန်းနှင့် နီးစပ်သူတစ်ဦး က ပြောပြခဲ့သည်။

"သီလ၀ါ ဆိပ်ကမ်းကနေ ကျောက်ဖြူမြို့အထိ သယ်ဖို့ကိုတော့ ထူးကုမ္ပဏီက ဆောင်ရွက်မှာဖြစ်ပါ တယ်။ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း မှာ အသုံးပြုမယ့်ပိုက်တွေသယ်ဖို့ကို တော့ Jiegoo က ဆောင်ရွက် မှာဖြစ်ပါတယ်။ ပိုက်သယ်တာကို Barge နဲ့ဖြစ်ဖြစ်၊ တချို့နေရာတွေ မှာတော့ Coastal Barge နဲ့သယ်မှာပါ။ ကျောက်ဆည်အထိ မီးရထားနဲ့ သယ်မယ်လို့လည်း သိရပါတယ်။ Logistic လွယ်ကူမှုအတိုင်း work -side အထိ သယ်မယ်လို့လည်း သိရတယ်။ လောလောဆယ်တော့ ဒါတွေ နဲ့ပတ်သက်ပြီး ဆောင်ရွက်ခွင့်ရရှိသူ တွေကိုသာ အတည်ပြုနိုင်သေးတာပါ။ ကျန်တာတွေကိုတော့ မသိရ သေးပါဘူး"ဟုလည်း ပိုက်လိုင်းစီမံကိန်းတွင် ပါဝင်သူတစ်ဦးက ပြောပြခဲ့သည်။

News by Eleven Media Group

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment