ကျော်သူထမင်း ကျော်သူဟင်း၊ ဇာဂနာထမင်း ဇာဂနာဟင်း ဆိုတာ နာဂစ်ဒုက္ခသည်တွေရဲ့ ရင်တွင်းဖြစ်စကားတွေပါ။ သူတို့ရှိတဲ့ နေရာတွေဆီအရောက် ဒုက္ခအမျိုးမျိုးခံပြီး သွားခဲ့တဲ့လှူဒါန်းတဲ့ ကိုဇာဂနာအဖွဲ့၊ ကိုကျော်သူ ဦးစီးတဲ့ နာရေးကူညီမှူအဖွဲ့ပေးတဲ့ မိုးကာဖျင်နဲ့ ယာယီတည်းစခန်းဆောက်တယ်။ သူတို့ပေးတဲ့ ဆန်ဆီဆား၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်ကို ချက်စားရတယ်။ အခြားပုဂ္ဂလိက အလှူရှင်တွေရဲ့ ပစ္စည်းတွေနဲ့လည်း သူတို့ အသက်ဆက်ကြတယ်။ ဒီထဲကမှ သူတို့ချစ်တဲ့ အနုပညာရှင်တွေကို ဗီဒီရိုထဲမှာ မဟုတ်ဘဲ အပြင်မှာ လက်တွေ့ဆက်ဆံနေထိုင်နေရတဲ့အခါ သူတို့ဝမ်းသာပြီး ခံစားနေရတဲ့ ဒုက္ခကို ခဏမေ့သွားတယ်။ ကျေးဇူးတင်ကြတယ်။ သာဓုခေါ်ကြတယ်။ သူတို့ခံစားရတဲ့အတိုင်း တုံ့ပြန်ကြတယ်။ ဒီလိုလေဘေးသင့် ဒုက္ခသည်တွေကို ရှေ့ခရီးအတွက်လိုအပ်မယ့် လုပ်ငန်းသုံးလယ်ထွန်စက်၊ ငါးဖမ်းလှေတွေ လှူဒါန်းဖို့ပြင်ဆင် နေဆဲမှာပဲ ကိုဇာဂနာကို စစ်အာဏာရှင်က မတရားဖမ်းဆီးလိုက်ပါတယ်။ ကိုဇာဂနာ မဖမ်းခံရတဲ့ သတင်းကိုကြားတော့ ရန်ကုန်၊ မြစ်ဝကျွန်းပေါ်က နာဂစ်ဒုက္ခသည်တွေ အံ့သြတုန်လှူပ်သွားကြတယ်။ သူတို့အားလုံးအားထားနေရတဲ့သူတွေ ဖမ်းဆီးခံ၊ တားမြစ်ခံရတော့ သူတို့ရှေ့ခရီးကို ဘယ်လိုအထောက်အပံ့နဲ့ ဘယ်လိုခရီးဆက်ရပါ့မ... ကိုဇာကနာ ရဲ့ အနုပညာကြောင့် လူထုတွေ ပျော်ရွှင်ရသလို။ ကိုဇာဂနာရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လူထုတွေ
|
No comments:
Post a Comment