Wednesday, 29 June 2011

[လွပ်လပ်ခြင်း] ပထမဆုံး အားလုံးကို မင်္ဂလာပါလို့...

ပထမဆုံး အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်.. ဒီစာလေး ရေးဖို့ ဖြစ်လာတဲ့ အကြောင်းရင်းကတော့ ကိုဘုန်းကျော်ရေးသားတဲ့ နိုင်ငံရေးဆိုတာ လန်းလေ ကောင်းလေပဲ ဆိုတဲ့ ဆောင်းပါးတိုလေးကြောင့် ပဲ ဖြစ်ပါတယ်...... ကျွန်မ က ဒီလို နိုင်ငံရေးအကြောင်းတွေ ၀င်ဆွေးနွေးဖို့ လုံးဝ ( လုံးဝ) စိတ်ကူးမရှိခဲ့ပါဘူး......အစွန်းရောက်တွေကို စိတ်ပျက်လွန်းလို့ပါ..... ကိုယ်နဲ့ ခံယူချက်မတူရင်ဆဲမယ်... ခံယူချက်တူရင်သွေးသောက်ဖွဲ့မယ် .. အဲဒါတွေက ကျွန်မကို တကယ် စိတ်ပျက်စေခဲ့ပါတယ်... အဲဒါကြောင့် လွတ်လပ်ခြင်းမှာ ရောက်နေတာ ကြာပေမယ့် like လုပ်တာလောက်က လွဲပြီး ဘာမှ မရေးဖြစ်သလောက်ပါပဲ.......ဒါကြောင့် ခုကျွန်မရဲ့ ထင်မြင်ယူဆချက်နဲ့ ကိုဘုန်းကျော်ရဲ့ ထင်မြင်ယူဆချက် ၊ အယူကွဲလွဲနေမှုများကို အပြုသဘောနဲ့ ရေးသားလိုက်ရပါတယ်....ဒီရေးသားချက်ဟာ မည်သူတစ်ဦး တစ်ယောက် ကိုမျှ ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာစေချင်လို့ မဟုတ်ဘူးဆိုတာ ပထမဆုံး ပြောလိုပါတယ်..... ကဲ... စရင် NLD က စရပါလိမ့်မယ်.. ဟုတ်ပါတယ်.. ကိုဘုန်းကျော်ပြောတာမှန်ပါတယ်....
April Lay 29 June 19:08
ပထမဆုံး အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်.. ဒီစာလေး ရေးဖို့ ဖြစ်လာတဲ့ အကြောင်းရင်းကတော့ ကိုဘုန်းကျော်ရေးသားတဲ့ နိုင်ငံရေးဆိုတာ လန်းလေ ကောင်းလေပဲ ဆိုတဲ့ ဆောင်းပါးတိုလေးကြောင့် ပဲ ဖြစ်ပါတယ်...... ကျွန်မ က ဒီလို နိုင်ငံရေးအကြောင်းတွေ ၀င်ဆွေးနွေးဖို့ လုံးဝ ( လုံးဝ) စိတ်ကူးမရှိခဲ့ပါဘူး......အစွန်းရောက်တွေကို စိတ်ပျက်လွန်းလို့ပါ..... ကိုယ်နဲ့ ခံယူချက်မတူရင်ဆဲမယ်... ခံယူချက်တူရင်သွေးသောက်ဖွဲ့မယ် .. အဲဒါတွေက ကျွန်မကို တကယ် စိတ်ပျက်စေခဲ့ပါတယ်... အဲဒါကြောင့် လွတ်လပ်ခြင်းမှာ ရောက်နေတာ ကြာပေမယ့် like လုပ်တာလောက်က လွဲပြီး ဘာမှ မရေးဖြစ်သလောက်ပါပဲ.......ဒါကြောင့် ခုကျွန်မရဲ့ ထင်မြင်ယူဆချက်နဲ့ ကိုဘုန်းကျော်ရဲ့ ထင်မြင်ယူဆချက် ၊ အယူကွဲလွဲနေမှုများကို အပြုသဘောနဲ့ ရေးသားလိုက်ရပါတယ်....ဒီရေးသားချက်ဟာ မည်သူတစ်ဦး တစ်ယောက် ကိုမျှ ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာစေချင်လို့ မဟုတ်ဘူးဆိုတာ ပထမဆုံး ပြောလိုပါတယ်.....
ကဲ... စရင် NLD က စရပါလိမ့်မယ်.. ဟုတ်ပါတယ်.. ကိုဘုန်းကျော်ပြောတာမှန်ပါတယ်...." ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး အတိုက်အခံကို ပြပါဆိုလျှင် NLD ကို ပြရပါလိမ့်မယ် " တဲ့...
မငြင်းပါဘူး.... ဘဘ ဦးတင်ဦးတို့ ဘဘ ဦးဝင်းတင်တို့ ဆိုတာ နိုင်ငံရေးလုပ်ဖို့ တော်တော် မသင့်တော့တဲ့ အရွယ်တွေဖြစ်ပါတယ်.... ဒါပေမယ့်ဘာကြောင့်သူတို့တွေ လုပ်နေကြလဲ....သူတို့ ရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကြောင့်ဖြစ်ပါတယ်...... သူတို့ လုပ်နိုင်တဲ့အရွယ်က ဘာတွေလုပ်နေကြလဲ??? သူတို့ ထောင်ထဲ ရောက်နေကြပါတယ်....... သူတို့ရဲ့ ခံယူချက်တွေကြောင့် နှစ်ပေါင်းများစွာ ထောင်ထဲမှာပေးဆပ်ခဲ့ရပါတယ်.......နောင်လဲ ပေးဆပ်နေရမယ့် ၈၈ ကျောင်းသားခေါင်းဆောင်တွေရှိနေဆဲပါ.. သူတို့တွေ ထောင်ကျခါစက ၃၀ ၀န်းကျင်တွေပါ..... ချခံရတဲ့နှစ်က ၆၅ နှစ်လေ.... ဘယ်လောက်ရင်နာစရာကောင်းလိုက်လဲ.... ထောင်ထဲက ထွက်လာလို့ အသက်ရှိနေသေးရင်တောင် ဘဘ ဦးတင်ဦးတို့လို သက်ကြီးရွယ်အိုတွေ ဖြစ်နေပီလေ......မတူညီတဲ့ ခံယူချက်အတွက် အင်အားကြီးသူက အင်အားနည်းသူကို ပိုးစိုးပက်စက် လုပ်ရက်တာဟာ ကြီးနိုင်ငယ်ညှင်းလို့ ထင်မြင်ယူဆမိပါတယ်.......အဲလိုကြီးနိုင်ငယ်ညှင်း စနစ်ကျင့်သုံးနေတဲ့ နိုင်ငံတစ်ခုဟာ ဘယ်တော့မှ စည်းလုံးညီညွတ်မှုဆိုတာ မရှိနိုင်ပါဘူး........ ချစ်ခြင်းမေတ္တာဆိုတာ တဖြည်းဖြည်းပျောက်ကွယ်လာပါလိမ့်မယ်........" သာတုန်းတော့ လုပ်ထားဦးပေါ့.. ငါသာမှတွေ့မယ် " ဆိုတဲ့ စိတ်ဓာတ်တွေ ဘယ်နှစ်ယောက်လောက်ပြန့်ပွားနေပါပြီလဲ.....ကဲ ဒါက ထားပါတော့.. နိုင်ငံရေးလုပ်တာ လန်းမှဖြစ်မယ်ဆိုတော့ ခုခေတ်က အလန်းခေတ်ဆိုတော့ ကျွန်မကိုယ်တိုင်လဲ ခပ်ကြိုက်ကြိုက်ပါပဲ.... ဒါပေမယ့် မလုပ်နဲ့ ကိုယ့်လူ..... ၆၅ နှစ်နော်..... ( ဒီလိုမျိုး အယူအဆတွေ ဘယ်နှစ်ယောက်လောက် ရှိပါသလဲ ) ဒု နဲ့ ဒေးပါ.... လူငယ်တွေက နိုင်ငံရေးကို စိတ်မ၀င်စားလို့ မဟုတ်ပါဘူး...... နိုင်ငံရေးရဲ့ နောက်ကွယ်က ထောင်ဆိုတဲ့ အရာ ရွံမုန်းကြလို့ ဆိုတာ သိစေချင်ပါတယ်........နိုင်ငံရေးမလုပ်နဲ့... လုပ်တာနဲ့ ထောင်ထဲသွင်းမယ်ဆိုတာ လူငယ်တွေစိတ်ထဲမှာ တော်တော် အရိုးစွဲနေပါပီ.....ကဲ ... ကိုယ့်လူ... ဒါဆိုနောက်တစ်မျိုး ပြန်စဉ်းစားကြည့်ရအောင်.... အိုကေ.. မြန်မာနိုင်ငံမှာ နိုင်ငံရေး ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးတယ်လို့ သတင်းထုတ်ပြန်ကြည့်ပါလား......ဒါမှမဟုတ် University တွေမှာ Political subject တွေ ထည့်သွင်းပြီး Political System 16 မျိုးကို သင်ကြားတာမျိုး မျက်စိဖွင့်ပေးကြည့်ပါလား.........ဘာတွေဖြစ်လာမယ်ထင်လဲ..... ကိုယ့်လူလိုချင်တဲ့ အလန်းလေးတွေ နိုင်ငံရေးသမားအလန်းလေးတွေ ဖလန်းဖလန်းထနေတာ မြင်တွေ့ရပါလိမ့်မယ်......မြန်မာနိုင်ငံတွင်းမှာ ရှိကြတဲ့ ပိုက်ဆံမတတ်နိုင်ကြတဲ့ ကလေးအများစုဟာ သူတို့ရဲ့ နားတွေ ပါးစပ်တွေပိတ်ထားခြင်းကို ခံနေပါတယ်လို့ ပြောရင် ကိုယ့်လူ ငြင်းမှာလား.....ကျွန်မ ဘ၀နဲ့ ယှဉ်ပြီးပဲပြောချင်ပါတယ်...... ကျွန်မက သာမန် အရပ်သားပြည်သူတစ်ယောက်ပါ... ပိုက်ဆံလဲမချမ်းသာပါဘူး....... အသက် ၂၁ နှစ်ရောက်တဲ့အထိ နိုင်ငံရေးဆိုတာ ဂျိုနဲ့ လားလို့ မေး ယူရလောက်တဲ့အထိ တုံးအတဲ့သူပါ.....ကျွန်မသိတာ စာကြိုးစားမယ်... မိဘကို လုပ်ကျွေးမယ်.. ဒါပဲ... ကျန်တာ ဘာမှ စိတ်မ၀င်စားဘူး.... social life ဆိုတာလဲမရှိဘူး... အိမ်နဲ့ ကျောင်း.... ကျောင်းနဲ့အိမ်.... အဲဒါ တက္ကသိုလ်ရောက်တဲ့အထိပဲ....ဒါနဲ့ ကံကောင်းချင်တာလား ကံဆိုးချင်တာလားတော့မသိဘူး..... အလုပ်ကိစ္စနဲ့ အသက် ၂၂ နှစ်အရွယ်မှာ စင်္ကာပူကို ပထမဆုံးအကြိမ် ရောက်ခဲ့ပါတယ်..... စ လုံးကို ရောက်တော့ ထူးထူးခြားခြား ခံစားမိတာ တစ်ခုက တိုးတက်လိုက်တာ ဆိုတာပါပဲ..... နိုင်ငံချစ်စိတ်ကလေးကလဲ ရှိနေတော့ ငါတို့ နိုင်ငံ သူတို့လို ဘာလို့မဖြစ်တာလဲလို့ တွေးတွေးပြီး တစ်ယောက်တည်း တောက် တစ်ခေါက်ခေါက်နဲ့ စိတ်မကောင်းဖြစ်မိတဲ့ရက်တွေ မရေမတွက်နိုင်အောင်များခဲ့ပါတယ်......ဒါနဲ့ ကျွန်မ ယှဉ်ကြည့်မိတယ်... သူတို့ ဘာတွေများ သာနေလို့လဲပေါ့...... မြေ ... ရေ.. အားလုံးကျွန်မတို့ နိုင်ငံက သာတယ်ဆိုတဲ့အဖြေပဲထွက်လာတယ်...... အဲဒီမှာ ဇာတ်လမ်းက စတော့တာပဲ.......နှမြောစရာကောင်းတာက ပညာတတ်သူတွေရော မတတ်သူတွေရော ပုံနေအောင်တွေ့ခဲ့တာပါပဲ...... ကျွန်မ အပါအ၀င် ကျွန်မတို့ရဲ့ လုပ်အားတွေ သူများနိုင်ငံမှာ ပေးဆပ်နေကြတာ တကယ်နှမြောစရာကောင်းပါတယ်....မြန်မာနိုင်ငံကို ပြန်ရောက်တော့ မေမေ သမီး နိုင်ငံရေးလုပ်ချင်တယ်လို့ မွေးမိခင်ဆီမှာ ခွင့်တောင်းခဲ့ပါတယ်..... မေမေ က လုံးဝသဘောမတူပါဘူး.... ရှိတာကလဲ ဒီအမေနဲ့ ဒီ သမီးပဲရှိတာကိုး... ကျွန်မ အစိုးရကို ဆန့်ကျင်တာမဟုတ်ဘူး... ဒါပေမယ့် ကျွန်မ မကြိုက်တဲ့ နည်းတွေကို မရရ အောင် တင်ပြမယ်... လူတွေကို မျက်စိဖွင့်ပေးမယ် ( ငယ်ငယ်တုန်းက စိတ်ကူးလေးတွေပါ ... တကယ်လုပ်နိုင်မလုပ်နိုင်ဆိုတာတော့ တကယ်မလုပ်ခဲ့တော့ မသိခဲ့ရပါဘူး ).. ...
ကျွန်မ အမေကို အရမ်းချစ်ပါတယ်.... အမေမကြိုက်တာ ဘာမှ မလုပ်ချင်ပါဘူး.. သူမျက်ရည်ကျအောင် တစ်ခါ လုပ်ခဲ့လို့ တစ်သက်လုံးနောင်တရမဆုံးဖြစ်နေတာ နောက်တစ်ခါ ထပ်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး.......ရွှေဝါရောင် တော်လှန်ရေးတုန်းက ကျွန်မ မြန်မာနိုင်ငံမှာ ရှိနေပါတယ်.....ကျွန်မတို့ ညီအစ်မနှစ်ယောက်အရမ်းသွားချင်ခဲ့ပါတယ်... မေမေက အိမ်တံခါးကို သော့ ခတ်ထားပါတယ်... ဘယ်မှ မသွားခဲ့ရပါဘူး....၈၈ အဖြစ်အပျက်က သူ့ကို ခြောက်လှန့် နေတာလေ.....သေကြတာမှ သောက်သောက်လေဆိုတာ ကမ္ဘာအသိပဲလေ.... ဟုတ်တယ်မလား....... ကဲ ကျွန်မ အမေလို အမေတွေ တောင်ပုံယာပုံဆိုတာ အမေတိုင်းသိကြပါတယ်...... ထားပါတော့.... ပြောချင်တာက ကျွန်မတို့အကြောင်းမဟုတ်ဘူး.... အခြေအနေကို သုံးသပ်စေချင်တာပါ....... Obama နိုက်ကလပ်မတက်ရဘူးလို့ ဘယ်သူမှ ပညတ်မထားသလို အသက်ကြီးသူ နိုင်ငံရေးမလုပ်ရဘူး.၊ မလုပ်သင့်ဘူးလို့ ဘယ်ဥပဒေမှာ မှ ပြဌာန်းမထားပါဘူး...... အသက် ၆၀ ကျော်ရင် ပင်စင်ယူရမယ်ဆိုတာပဲ နိုင်ငံတော်ရဲ့ ပြဌာန်းချက်ထဲမှာပဲ သိခဲ့ဖူးပါတယ်.....ယူတာ မယူတာ ကိုယ့်အပိုင်းပေါ့နော်.... :-)
လူငယ်ဆိုတာ စူးစမ်းချင်စိတ်ရှိကြတဲ့သူတွေပါ... သူတို့ကို လမ်းဖွင့်ပေးရုံပဲ လိုနေတာပါ...... လောလောဆယ်ဖွင့်ထားတဲ့လမ်းကတော့ လွဲနေတယ်.. စိတ်မကောင်းပါဘူး.... ဘယ်လိုလွဲနေတာဆိုတော့ ( စာမေးပွဲမှာ စာဘယ်လို ကူးချရမလဲ.... ထန်းရည်ဘယ်လိုသောက်ရမလဲ.... ဘီယာသောက်တယ်ဆိုတာ ဘာလဲ...) မဟုတ်က ဟုတ်က တွေမှာ စိတ်ဝင်စားနေကြတယ်....အဲလို စိတ်ဝင်စားမယ့်အစား ဥပမာ.. အင်္ဂလိပ်စာလုံး တလုံး ..ထားပါတော့ စာလုံး B နဲ့ စတဲ့ တိရစ္ဆာန် ၅ မျိုးလောက်ရှာတတ်တဲ့ အလေ့အကျင့်မျိုး... အဲလိုမျိုးလေးအနည်းဆုံးရှိတယ် ဆိုရင်တောင်မှ တိုင်းပြည်တိုးတက်ဖို့ ၆၀% လောက်သေချာနေပါပြီ....ဒါ ဥပမာပြောတာနော်.... လူငယ်တော်တော်များများ တလွဲဆံပင်ကောင်းဖြစ်နေတယ်လို့ မြင်မိပါတယ်......တိုင်းပြည်တစ်ပြည်က ဘာနဲ့တူလဲဆိုရင် အိမ်ကြီးတစ်လုံးနဲ့ တူပါတယ်... နိုင်ငံတော်အုပ်ချူပ်သူက မိဘနဲ့ တူပြီး ပြည်သူပြည်သားတွေက သားသမီးတွေနဲ့ တူပါတယ်...... ဒါဆို အိမ်ကြီးတစ်လုံးထဲမှာ အတူနေထိုင်ကြတဲ့ မိသားစုတွေပေါ့.... ဒီ သားသမီးတွေထဲမှာ လိမ္မာတဲ့လူရှိမယ်.. ဆိုးတဲ့လူရှိမယ်.... စရိုက်အမျိုးမျိုးရှိမယ်..... ဒီလို လူအမျိုးမျိုး စရိုက်အဖုံဖုံကို ပါးနပ်စွာ ထိန်းသိမ်းထားနိုင်ဖို့က ၅ နည်းပဲရှိပါတယ်..

၁. သဘောထားကြီးရမယ်.
၂. လွတ်လပ်စွာတွေးခေါ်တတ်သူဖြစ်ရမယ်..
၃.မိမိကိုယ်တိုင် စံပြ ဖြစ်ရမယ်.....
၎. အနစ်နာခံရမယ် ....ပေးဆပ်ရမယ်.....
၅.ခေါင်းဆောင်ကောင်းဖြစ်ရမယ်..

အဲလို မိဘတစ်ဦး အုပ်ချုပ်တဲ့အိမ်ဟာ လုံးဝကို သာယာလှပတဲ့အိမ်ဖြစ်တယ်.... အိမ်သာယာရင် စီးပွားတက်တယ်ဆိုတာ အခြေံခံ သဘာဝမို့ ထပ်ပြီး ရှင်းပြနေစရာမလိုတော့ပါဘူး........အဲဒါနဲ့ ပတ်သက်ပြီး နောက်တစ်ခု ကိုယ့်ဘ၀နဲ့ ယှဉ်ပြီးပြောချင်တာလေး ရှိလာပါတယ်.....ကျွန်မ ခု ဒူဘိုင်းရောက်နေပါတယ်.... ကိုယ်ပိုင်အိမ်မဟုတ်တဲ့ အငှားအိမ်ပေါ့....ဒူဘိုင်းဆိုတဲ့ နေရာက လွန်ခဲ့တဲ့ ၁၀ နှစ်က သဲကန္တာရပါ ....... ခုတော့ ဘာမှမရှိခဲ့တဲ့ Sheikh Zayed Road ပေါ်မှာ မိုးပျံခေတ်မီတိုက်ကြီးတွေပေါလို့ပါလား.. မိုးပျံရထားတ၀ီဝီ နဲ့ ဟုတ်နေတာပဲ.... ( အကြွေးတင်တာမတင်တာ သူတို့အပိုင်းပေါ့နော်... ကျွန်မ စိတ်မ၀င်စားပါ ) ... ပြောချင်တာက သူတို့မှာ ကျင့်သုံးနေတဲ့စနစ်ကောင်းတယ်... လူတွေညံ့တယ်.... သူတို့ local ထဲမှာ သုံးစားလို့ရတဲ့လူနည်းတယ်.....ကျွန်မ သူတို့လူမျိုးကို လူနည်းစုလောက်ကလွဲပြီး လုံးဝအထင်မကြီးပါဘူး.....ကောင်းပါတယ်... သူတို့ညံ့လို့လဲ Asian တွေ လုပ်စားလို့ ရနေတာပေါ့ ......သူတို့ နိုင်ငံက ကျင့်သုံးနေတဲ့စနစ်က တော်တော်ကောင်းပါတယ်.. ရေနံထွက်တယ်..ရောင်းတယ်... ရတဲ့ငွေနဲ့ သားသမီးတွေကို ရှယ်ထားတယ်.. အလန်းလေးတွေထားတယ်ပေါ့... ( လူလန်းမလန်းတော့မသိဘူး... ပိုက်ဆံကတော့ရေလည်လန်းတယ်ကိုယ့်လူ ) :-) လူမကောင်းရင် စနစ်ကောင်းမှ ဖြစ်မယ်... စနစ်မကောင်းရင် လူကောင်းမှဖြစ်မယ်.... နှစ်ခုလုံးကောင်းရင်တော့ အတိုင်းထက်အလွန်ပေါ့ ..... မြန်မာနိုင်ငံမှာ ကျွန်မအမြင်ပြောရရင် လူကောင်းတယ်.... စနစ်မှားနေတယ်...သေဆုံးသွားတဲ့ ဘဘဦးနေ၀င်းလက်ထက်က ကျင့်သုံးခဲ့တဲ့ တံခါးပိတ်ဝါဒ ဟာ ခုထိကို မပွင့်နိုင်တော့ပါဘူး...... လူဆိုတာ အမှားမကင်းပါဘူး... မှားသွားလို့ ရှက်စရာမဟုတ်ပါဘူး.... တောက်လျှောက်ဆက်မမှားနေဖို့ပဲ လိုပါတယ်.....အချိန်မီ ပြင်လို့ရပါတယ်.... ရဲရဲ မှားခွင့်ရှိပါတယ်... အရေးကြီးတာ ခိုးကြောင်ခိုးဝှက်မလုပ်ဖို့ပဲ လိုပါတယ်........ ပြောရရင်တော့ ဆုံးမှာမဟုတ်တော့ပါဘူး...... အလုပ်ထဲမှာ တစ်နေကုန်ကွန်ပျူတာ ကြည့်ထားလို့ မျက်စိလဲတော်တော်ညောင်းနေပါပြီ.... စာကလဲ ရေးချင်တော့ ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုဖြစ်နေတယ်...ကဲ.... အချူပ်ပြောရရင်တော့ မြန်မာနိုင်ငံက ခု ဆူပူတော်လှန်တဲ့နိုင်ငံရေးမျိုးကနေ ငြိမ်းချမ်းစွာ လှူဒါန်းကြတဲ့ ပရဟိတ နိုင်ငံရေးကို အသွင်ကူးပြောင်းနေတယ်ဆိုတာ အားလုံးမျက်မြင်ပါပဲ....... ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ နိုင်ငံရေးမျိုး ( ဆူပူအုံကြွမှ နိုင်ငံရေးမဟုတ်ဘူး.. .ထမင်းစားတာလဲ နိုင်ငံရေးပဲ... ရေသောက်တာလဲ နိုင်ငံရေးပဲ ) ကို ကိုယ့်လူကြိုက်တဲ့အလန်းလေးတွေ လုပ်နေကြတယ်ဆိုတာ ကိုယ့်လူ သိမသိတော့မသိဘူး..... ကျွန်မကတော့ ခဏခဏ အလှူခံလာလို့ ထည့်ရတာမနည်းတော့ပါဘူး... မလှူချင်လို့ပြောတာမဟုတ်ဘူးနော်....... ပရဟိတ အဖွဲ့တွေ နာဂစ် ဖြစ်ပြီးကတည်းက ပေါများလိုက်တာ.. အားရစရာ..... ကဲ.. နိုင်ငံ့အကျိုးကို ပရဟိတ လုပ်ငန်းတွေနဲ့ ထမ်းရွက်နေတဲ့ ညီအစ်ကို မောင်နှမများ.... အားပေးတယ်...... CHEERS !

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment