Wednesday, 22 June 2011

[လွပ်လပ်ခြင်း] မြစ်ကြီးနားမြို့ မှာ ဗုံးပေါက်မှု နှစ်မှု ဖြစ်ပွါး

မြစ်ကြီးနားမြို့ မှာ ဗုံးပေါက်မှု နှစ်မှု ဖြစ်ပွါး 2011-06-22  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ မနေ့ ည ၁၀ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု နှစ်မှု ဖြစ်ပွါး ခဲ့တယ်လို့  သတင်း ရရှိပါတယ်။  RFA  မြစ်ကြီးနားဈေး မြင်ကွင်း ဖြစ်ပါသည်။ ဓါတ်ပုံ - RFA  ပထမတစ်လုံးက ရဲစခန်းရှေ့ မှာ ရှိတဲ့ ဆိုင်ခန်းဟောင်းတွေမှာ ပေါက်ကွဲတာ ဖြစ်ပြီး၊ နောက်တလုံးက လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ပေါက်ကွဲတာလို့  ဒေသခံ တဦးက ပြောပါတယ်။  ဒါပေမယ့် ထိခိုက် ဒဏ်ရာ ရတာ မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မြို့တွင်းမှာ အခုမနက် အသွားအလာ အရောင်းအဝယ်တွေလည်း ပုံမှန်အခြေအနေ မှာ ရှိတယ်လို့ သိရပါတယ်။  ကချင် လွတ်မြောက်ရေး အဖွဲ့  KIO နဲ့ ဦးသိန်းစိန် အစိုးရကြား စစ်ရေးအရ တင်းမာနေတဲ့ အချိန်မှာ အခုလို ပေါက်ကွဲမှု ဖြစ်တဲ့ အတွက် ဒါဟာ ဘယ်သူဘယ်ဝါ ရဲ့ ဆောင်ရွက်ချက်လည်း ဆိုတာ ရှင်းရှင်းလင်း မသိရသေးပါဘူး။  လက်ရှိကာလမှာ အစိုးရတပ်တွေ အင်အားဖြည့်တာကို တားဆီးနိုင်ဖို့  ပျောက်ကြား စနစ်နဲ့  ခုခံစစ် ဆင်နွှဲနေတဲ့ KIA အနေနဲ့ တချို့လမ်းတွေ၊ တံတားတွေကို ဖြတ်တောက်တာတွေတော့ ရှိတယ်လို့  ဦးလာနန်းက ပြောပါတယ်။  စနေနေ့ထုတ် အစိုးရထုတ် သတင်းစာမှာတော့ KIA က ချိုးဖျက်လိုက်တဲ့ တံတားပေါင်း (၂၅) စင်း ရှိနေပြီး ဒေသတွင်း ဖွံ့ ဖြိုးရေးတွေကို KIA က နှောက်ယှက်နေတယ်လို့ ရေးသားထား ပါတယ်။  Copyright © 1998-2011 Radio Free Asia. All rights reserved.
De Nay 22 June 20:04
မြစ်ကြီးနားမြို့ မှာ ဗုံးပေါက်မှု နှစ်မှု ဖြစ်ပွါး
2011-06-22

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ မနေ့ ည ၁၀ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု နှစ်မှု ဖြစ်ပွါး ခဲ့တယ်လို့  သတင်း ရရှိပါတယ်။

RFA

မြစ်ကြီးနားဈေး မြင်ကွင်း ဖြစ်ပါသည်။ ဓါတ်ပုံ - RFA

ပထမတစ်လုံးက ရဲစခန်းရှေ့ မှာ ရှိတဲ့ ဆိုင်ခန်းဟောင်းတွေမှာ ပေါက်ကွဲတာ ဖြစ်ပြီး၊ နောက်တလုံးက လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ပေါက်ကွဲတာလို့  ဒေသခံ တဦးက ပြောပါတယ်။

ဒါပေမယ့် ထိခိုက် ဒဏ်ရာ ရတာ မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မြို့တွင်းမှာ အခုမနက် အသွားအလာ အရောင်းအဝယ်တွေလည်း ပုံမှန်အခြေအနေ မှာ ရှိတယ်လို့ သိရပါတယ်။

ကချင် လွတ်မြောက်ရေး အဖွဲ့  KIO နဲ့ ဦးသိန်းစိန် အစိုးရကြား စစ်ရေးအရ တင်းမာနေတဲ့ အချိန်မှာ အခုလို ပေါက်ကွဲမှု ဖြစ်တဲ့ အတွက် ဒါဟာ ဘယ်သူဘယ်ဝါ ရဲ့ ဆောင်ရွက်ချက်လည်း ဆိုတာ ရှင်းရှင်းလင်း မသိရသေးပါဘူး။

လက်ရှိကာလမှာ အစိုးရတပ်တွေ အင်အားဖြည့်တာကို တားဆီးနိုင်ဖို့  ပျောက်ကြား စနစ်နဲ့  ခုခံစစ် ဆင်နွှဲနေတဲ့ KIA အနေနဲ့ တချို့လမ်းတွေ၊ တံတားတွေကို ဖြတ်တောက်တာတွေတော့ ရှိတယ်လို့  ဦးလာနန်းက ပြောပါတယ်။

စနေနေ့ထုတ် အစိုးရထုတ် သတင်းစာမှာတော့ KIA က ချိုးဖျက်လိုက်တဲ့ တံတားပေါင်း (၂၅) စင်း ရှိနေပြီး ဒေသတွင်း ဖွံ့ ဖြိုးရေးတွေကို KIA က နှောက်ယှက်နေတယ်လို့ ရေးသားထား ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment