Monday, 20 June 2011

[လွပ်လပ်ခြင်း] ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၅ ၏...

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၅ ၏ အကာအကွယ်ကို မရနိုင်သော နအဖ ကျူးလွန်ထားသည့် ပြစ်မှုများ  ၂၀၁၀ခုနှစ်၊ နိုဝင်ဘာတွင် ရွေးကောက်ပွဲကျင်းပပြီးသည့်နောက်ပိုင်းနှင့် လွှတ်တော်များကျင်းပနေသည့် အချိန်များတွင် နအဖ သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ – ၄၄၃အရ ဥပဒေများကို ဆက်တိုက်ပြဌာန်းလာသည်ကို တွေ့ရသည်။ နိုင်ငံတော်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို နှစ်စဉ် များသောအားဖြင့် မတ်လ (၂၀) ရက်နေ့နောက်ပိုင်းတွင်မှ ထုတ်ပြန်လေ့ရှိသော်လည်း၊ ယခုနှစ်တွင် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ကတည်းက နိုင်ငံတော်ပြန်တမ်းဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ယင်းသို့ထုတ်ပြန်ကြေငြာရာတွင်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ – ၄၄၃ တွင်
De Nay 20 June 18:34
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၄၄၅ ၏ အကာအကွယ်ကို မရနိုင်သော နအဖ ကျူးလွန်ထားသည့် ပြစ်မှုများ

၂၀၁၀ခုနှစ်၊ နိုဝင်ဘာတွင် ရွေးကောက်ပွဲကျင်းပပြီးသည့်နောက်ပိုင်းနှင့် လွှတ်တော်များကျင်းပနေသည့် အချိန်များတွင် နအဖ သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ – ၄၄၃အရ ဥပဒေများကို ဆက်တိုက်ပြဌာန်းလာသည်ကို တွေ့ရသည်။ နိုင်ငံတော်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို နှစ်စဉ် များသောအားဖြင့် မတ်လ (၂၀) ရက်နေ့နောက်ပိုင်းတွင်မှ ထုတ်ပြန်လေ့ရှိသော်လည်း၊ ယခုနှစ်တွင် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ကတည်းက နိုင်ငံတော်ပြန်တမ်းဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ယင်းသို့ထုတ်ပြန်ကြေငြာရာတွင်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ – ၄၄၃ တွင် "ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အကောင်အထည်ဖေါ်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဌာန်းပေးထားသည့်အလျောက်" ဆိုသည်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက် ဥပဒေများကို ရေးဆွဲပြဌာန်းနေခြင်းဖြစ်ကြောင်း တွေ့ရှိသည်။

နိုင်ငံတော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြဌာန်းခြင်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခခံဥပဒေ အကောင်အထည်ဖေါ်ရေးအတွက် န.အ.ဖ အနေဖြင့် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်း ဟုတ်သည်/မဟုတ်သည်ဆိုသည်မှာ အငြင်းပွားစရာ ပြဿနာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း န.၀.တ၊န.အ.ဖ အစိုးရလက်ထက်တွင် -

(၁) ၁၉၈၉ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၈/၈၉ အဖြစ် (၂၂.၃.၁၉၈၉) ရက်နေ့တွင် လည်းကောင်း၊

(၂) ၁၉၉၀ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၄/၉၀ အဖြစ် (၁၅.၃.၁၉၉၀) ရက် နေ့တွင်လည်းကောင်း၊

(၃) ၁၉၉၀ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၅/၉၀ အဖြစ် (၂၉.၃.၁၉၉၀) ရက်နေ့တွင် လည်းကောင်း၊

(၄) ၁၉၉၁ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၃/၉၁ အဖြစ် (၁၉.၃.၁၉၉၁) ရက် နေ့တွင်လည်းကောင်း၊

(၅) ၁၉၉၁ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၄/၉၁ အဖြစ် (၂၈.၃.၁၉၉၁) ရက်နေ့တွင် လည်းကောင်း၊

(၆) ၁၉၉၂ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၃/၉၂ အဖြစ် (၂၆.၃.၁၉၉၂) ရက် နေ့တွင်လည်းကောင်း၊

(၇) ၁၉၉၂ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၄/၉၂ အဖြစ် (၂၀.၃.၁၉၉၂) ရက်နေ့တွင် လည်းကောင်း၊

(၈) ၁၉၉၃ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၂/၉၃ အဖြစ် (၂၅.၃.၁၉၉၃) ရက် နေ့တွင်လည်းကောင်း၊

(၉) ၁၉၉၃ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၃/၉၃ အဖြစ် (၂၉.၃.၁၉၉၃) ရက်နေ့တွင် လည်းကောင်း၊

(၁၀) ၁၉၉၄ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၂/၉၄ အဖြစ် (၂၄.၃.၁၉၉၄) ရက် နေ့တွင်လည်းကောင်း၊

(၁၁) ၁၉၉၄ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၃/၉၄ အဖြစ် (၂၈.၃.၁၉၉၄) ရက်နေ့တွင် လည်းကောင်း၊

(၁၂) ၁၉၉၅ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၂/၉၅ အဖြစ် (၂၄.၃.၁၉၉၅) ရက် နေ့တွင်လည်းကောင်း၊

(၁၃) ၁၉၉၅ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၃/၉၅ အဖြစ် (၂၉.၃.၁၉၉၅) ရက်နေ့တွင် လည်းကောင်း၊

(၁၄) ၁၉၉၆ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၃/၉၆ အဖြစ် (၂၅.၃.၁၉၉၆) ရက် နေ့တွင်လည်းကောင်း၊

(၁၅) ၁၉၉၆ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၄/၉၆ အဖြစ် (၂၉.၃.၁၉၉၅) ရက်နေ့တွင် လည်းကောင်း၊

(၁၆) ၁၉၉၇ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၇/၉၇ အဖြစ် (၂၅.၃.၁၉၉၇) ရက် နေ့တွင်လည်းကောင်း၊

(၁၇) ၁၉၉၇ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၈/၉၇ အဖြစ် (၂၉.၃.၁၉၉၇) ရက်နေ့တွင် လည်းကောင်း၊

(၁၈) ၁၉၉၈ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၅/၉၈ အဖြစ် (၂၈.၃.၁၉၉၈) ရက် နေ့တွင်လည်းကောင်း၊

(၁၉) ၁၉၉၈ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၆/၉၈ အဖြစ် (၃၀.၃.၁၉၉၈) ရက်နေ့တွင် လည်းကောင်း၊

(၂၀) ၁၉၉၉ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၁/၉၉ အဖြစ် (၁၀.၃.၁၉၉၉) ရက် နေ့တွင်လည်းကောင်း၊

(၂၁) ၁၉၉၉ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၂/၉၉ အဖြစ် (၃၀.၃.၁၉၉၉) ရက်နေ့တွင် လည်းကောင်း၊

(၂၂) ၂၀၀၀ပြည့်နှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၃/၀၀ အဖြစ် (၁၆.၃.၂၀၀၀) ရက် နေ့တွင်လည်းကောင်း၊

(၂၃)၂၀၀၀ပြည့်နှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပဒေကိုဥပဒေအမှတ်-၄/၀၀ အဖြစ် (၂၈.၃.၂၀၀၀) ရက်နေ့တွင် လည်းကောင်း၊

(၂၄) ၂၀၀၁ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၃/၀၁ အဖြစ် (၁၆.၃.၂၀၀၁) ရက် နေ့တွင်လည်းကောင်း၊

(၂၅) ၂၀၀၁ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပဒေကိုဥပဒေအမှတ်-၄/၀၁ အဖြစ် (၂၈.၃.၂၀၀၀) ရက်နေ့တွင် လည်းကောင်း၊

(၂၆) ၂၀၀၂ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၄/၀၂ အဖြစ် (၁၂.၃.၂၀၀၂) ရက် နေ့တွင်လည်းကောင်း၊

(၂၇) ၂၀၀၂ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပဒေကိုဥပဒေအမှတ်-၅/၀၂ အဖြစ် (၂၆.၃.၂၀၀၂) ရက်နေ့တွင် လည်းကောင်း၊

(၂၈) ၂၀၀၃ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၅/၀၃ အဖြစ် (၁၅.၃.၂၀၀၃) ရက် နေ့တွင်လည်းကောင်း၊

(၂၉) ၂၀၀၃ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပဒေကိုဥပဒေအမှတ်-၆/၀၃ အဖြစ် (၂၈.၃.၂၀၀၃) ရက်နေ့တွင် လည်းကောင်း၊

(၃၀) ၂၀၀၄ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၂/၀၄ အဖြစ် (၁၇.၃.၂၀၀၃) ရက် နေ့တွင်လည်းကောင်း၊

(၃၁) ၂၀၀၄ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပဒေကိုဥပဒေအမှတ်-၃/၀၄ အဖြစ် (၃၀.၃.၂၀၀၃) ရက်နေ့တွင် လည်းကောင်း၊

(၃၂) ၂၀၀၆ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၁/၀၆ အဖြစ် (၂၂.၃.၂၀၀၆) ရက် နေ့တွင်လည်းကောင်း၊

(၃၃) ၂၀၀၆ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပဒေကိုဥပဒေအမှတ်-၄/၀၆ အဖြစ် (၂၈.၃.၂၀၀၆) ရက်နေ့တွင် လည်းကောင်း၊

(၃၄) ၂၀၀၇ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၃/၀၇ အဖြစ် (၂၂.၃.၂၀၀၇) ရက် နေ့တွင်လည်းကောင်း၊

(၃၅) ၂၀၀၇ ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပဒေကိုဥပဒေအမှတ်-၄/၀၇ အဖြစ် (၂၉.၃.၂၀၀၇) ရက်နေ့တွင် လည်းကောင်း၊

(၃၆) ၂၀၀၈ခုနှစ် နောက်ထပ်နိုင်ငံဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာဥပဒေကို ဥပဒေအမှတ် – ၃/၀၈ အဖြစ် (၂၀.၃.၂၀၀၈) ရက် နေ့တွင်လည်းကောင်း၊

(၃၇) ၂၀၀၈ ခုနှစ်၊နိုင်ငံတော်ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာဥပဒေကိုဥပဒေအမှတ်-၄/၀၈ အဖြစ် (၂၄.၃.၂၀၀၇) ရက်နေ့တွင် လည်းကောင်း၊

စသည်အားဖြင့် ထုတ်ပြန်ခဲ့သည်။ (နှစ်အလိုက်လိုအပ်သည့် ဥပဒေများကို ထပ်မံဖေါ်ပြပါမည်။) ဘဏ္ဍာရေးနှစ်အလိုက် အရသုံး ဆိုင်ရာစာရင်းနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးတို့အတွက် ထုတ်ပြန်ခြင်းဖြစ်ရာ အထူးသဖြင့် ဘဏ္ဍာရေးနှစ်စ၊ ဧပြီလ(၁)ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည့် ဥပဒေများကို မတ်လနှောင်းပိုင်းနှင့် မတ်လကုန်ပိုင်းတွင်သာ ထုတ်ပြန်လေ့ရှိသည်မှာ အစဉ်အလာဖြစ်သည်။ သို့ရာတွင် ယခုနှစ်တွင် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာငွေ ရ/သုံး ဥပဒေကို ဖေဖေါ်ဝါရီလအတွင်း စောလျင်စွာ နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖေါ်ြ

စောကျော်ကျော်မင်း

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment