Monday, 27 June 2011

[လွပ်လပ်ခြင်း] အပျော်စီး လေသင်္ဘောကြီး ပျက်ကျရာ ခရီးသည်...

Facebook
အပျော်စီး လေသင်္ဘောကြီး ပျက်ကျရာ ခရီးသည် သုံးဦးစလုံးကို လွတ်မြောက်အောင် ပြုလုပ် ပေးနိုင်ခဲ့သည့် လေယာဉ်မှူး သေဆုံး  ဇွန်လ ၁၃ ရက်နေ့ ညက ဂျာမနီနိုင်ငံ ဖရိုင်းဘတ်မြို့တွင် Goodyear အမည်ရှိ အပျော်စီး လေသင်္ဘောကြီး ပေါက်ကွဲ မီးလောင်ပြီး ပျက်ကျရာ လေယာဉ်မှူးသည် ခရီးသည် သုံးဦးစလုံး ခုန်ချ၍ လွတ်မြောက်အောင် ပြုလုပ် ပေးနိုင်ခဲ့ သော်လည်း ၎င်းကိုယ်တိုင်မူ သေဆုံး သွားကြောင်း သိရသည်။ လေသင်္ဘောသည် မီးလောင်လျက် မြေပြင် နှင့် ထိရန် ခြောက်မီတာ (၂၀ ပေ)အလိုတွင် လေယာဉ်မှူးက ခရီးသည် သုံးဦး စလုံးကို ခုန်ချရန် အမိန့်ပေး ခဲ့ခြင်း ဖြစ်သည်။ ခရီးသည် သုံးဦး စလုံးမှာ သတင်းထောက်များ ဖြစ်ကြောင်း သိရသည်။ လေယာဉ်မှူးသည် ခရီးသည် သုံးဦးစလုံး လုံခြုံစွာ မြေပေါ်သို့ ရောက်ရှိပြီး နောက် လေသင်္ဘောဖြင့် အပေါ်သို့ ပြန်တက် သွားခဲ့ရာ လေထဲ၌ တစ်စင်းလုံး မီးလောင်ပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည် ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်မှူးမှာ သြစတြေးလျ နိုင်ငံသား မိုက်နီရန်ဇစ် (၄၂ နှစ်) ဖြစ်ကြောင်း သိရသည်။
De Nay 27 June 19:15
အပျော်စီး လေသင်္ဘောကြီး ပျက်ကျရာ ခရီးသည် သုံးဦးစလုံးကို လွတ်မြောက်အောင် ပြုလုပ် ပေးနိုင်ခဲ့သည့် လေယာဉ်မှူး သေဆုံး

ဇွန်လ ၁၃ ရက်နေ့ ညက ဂျာမနီနိုင်ငံ ဖရိုင်းဘတ်မြို့တွင် Goodyear အမည်ရှိ အပျော်စီး လေသင်္ဘောကြီး ပေါက်ကွဲ မီးလောင်ပြီး ပျက်ကျရာ လေယာဉ်မှူးသည် ခရီးသည် သုံးဦးစလုံး ခုန်ချ၍ လွတ်မြောက်အောင် ပြုလုပ် ပေးနိုင်ခဲ့ သော်လည်း ၎င်းကိုယ်တိုင်မူ သေဆုံး သွားကြောင်း သိရသည်။ လေသင်္ဘောသည် မီးလောင်လျက် မြေပြင် နှင့် ထိရန် ခြောက်မီတာ (၂၀ ပေ)အလိုတွင် လေယာဉ်မှူးက ခရီးသည် သုံးဦး စလုံးကို ခုန်ချရန် အမိန့်ပေး ခဲ့ခြင်း ဖြစ်သည်။
ခရီးသည် သုံးဦး စလုံးမှာ သတင်းထောက်များ ဖြစ်ကြောင်း သိရသည်။ လေယာဉ်မှူးသည် ခရီးသည် သုံးဦးစလုံး လုံခြုံစွာ မြေပေါ်သို့ ရောက်ရှိပြီး နောက် လေသင်္ဘောဖြင့် အပေါ်သို့ ပြန်တက် သွားခဲ့ရာ လေထဲ၌ တစ်စင်းလုံး မီးလောင်ပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည် ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်မှူးမှာ သြစတြေးလျ နိုင်ငံသား မိုက်နီရန်ဇစ် (၄၂ နှစ်) ဖြစ်ကြောင်း သိရသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment