Thursday, 23 June 2011

[လွပ်လပ်ခြင်း] လွတ်လပ်ခြင်း မိတ်ဆွေများ၊ အဖွဲ့ဝင်များနှင့်...

လွတ်လပ်ခြင်း မိတ်ဆွေများ၊ အဖွဲ့ဝင်များနှင့် ရဲဘော်ရဲဘက် ညီအစ်ကို မောင်နှမများခင်ဗျား။  ဒီကနေ့မနက် မလေးရှားစံတော်ချိန် (၅)နာရီခန့်တွင် မလေးရှားနိုင်ငံ   ကွာလာလမ်ပူမြို့သို့ ချောချောမောမော ပြန်ရောက်ခဲ့ပါသည်။ မိတ်ဆွေများ   ပို့သသောမေတ္တာကြောင့် ခရီးစဉ်တလျှောက် အနှောက်အယှက် အခက်အခဲမရှိပဲ အဆင်ပြေ  ချောမွေ့ခဲ့ပါသည်။ လွတ်လပ်ခြင်း Group ကိုလည်း ရှေ့လျှောက် အရှည်သဖြင့်   ရပ်တည်သွားနိုင်ဖို့ လူငယ်များအတွက် အသိပညာ၊   ဗဟုသုတ ပေးနိုင်တဲ့ နေရာလေး ဖြစ်လာအောင် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့   အားထုတ်သွားဖို့ ရည်ရွယ်ထားပါသည်။ ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ သြဇာကိုယ်မှ   ခံသွားမည်မဟုတ်။ လူငယ်များကိုဝါဒဖြန့်ရန်နေရာမဖြစ်အောင် ဂရုစိုက်သွားမည်ဖြစ်ကြောင်း၊   လိုအပ်ချက်များကိုလည်း အဖွဲ့ဝင်များ၏ သဘောထား၊ အကြံပြုချက်များ၊ ဝေဖန်ချက်များကို   လည်း လက်ခံသွားပါမည်။ အားလုံးဟာ ပြည်ထောင်စုဘွားတိုင်းရင်းသား   ညီအစ်ကို မောင်နှမများ ဖြစ်လင့်ကစား၊ တိုင်းပြည်အတွက် အရေးကြီးဆုံးအချိန်တွင် မည်သို့   မည်ပုံဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို မိမိတို့၏ ဝေဖန်အကြံပြုချက်များဖြင့်   ကယ်တင်နိုင်သလောက် ကယ်တင်သွားရန်။ အာဏာရှင် အကြောက်ဆုံးသော အရာမှာ   မီဒီယာကဏ္ဍ ဖြစ်သည်ကို မငြင်းနိုင်ပါ။ လွတ်လပ်ခြင်းရဲ့ ရည်ရွယ်ချက်တွေ၊   စည်းကမ်းချက်တွေကိုလည်း အချိန်အခါအလျှောက် ပြင်ဆင်ဖြည့်စွက်သွားဖို့   ရည်ရွယ်ထားပါသည်။ အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်များကို အမြဲတမ်း   ကြိုဆိုနေပါမည်။ ကျွန်တော်ကိုယ်တိုင် အဖွဲ့ဝင်များနှင့်အတူတူ တသားတည်း ရှိနေပါမည်။  လွတ်လပ်ခြင်းအဖွဲ့ဝင်များ ကျန်းမာ၊ချမ်းသာကြပါစေဟု ဆုတောင်းလျက်  လေးစားစွာဖြင့်  ထက်အောင်
Htet Aung 24 June 02:00
လွတ်လပ်ခြင်း မိတ်ဆွေများ၊ အဖွဲ့ဝင်များနှင့် ရဲဘော်ရဲဘက် ညီအစ်ကို မောင်နှမများခင်ဗျား။

ဒီကနေ့မနက် မလေးရှားစံတော်ချိန် (၅)နာရီခန့်တွင် မလေးရှားနိုင်ငံ

ကွာလာလမ်ပူမြို့သို့ ချောချောမောမော ပြန်ရောက်ခဲ့ပါသည်။ မိတ်ဆွေများ

ပို့သသောမေတ္တာကြောင့် ခရီးစဉ်တလျှောက် အနှောက်အယှက် အခက်အခဲမရှိပဲ အဆင်ပြေ

ချောမွေ့ခဲ့ပါသည်။ လွတ်လပ်ခြင်း Group ကိုလည်း ရှေ့လျှောက် အရှည်သဖြင့်

ရပ်တည်သွားနိုင်ဖို့ လူငယ်များအတွက် အသိပညာ၊

ဗဟုသုတ ပေးနိုင်တဲ့ နေရာလေး ဖြစ်လာအောင် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့

အားထုတ်သွားဖို့ ရည်ရွယ်ထားပါသည်။ ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ သြဇာကိုယ်မှ

ခံသွားမည်မဟုတ်။ လူငယ်များကိုဝါဒဖြန့်ရန်နေရာမဖြစ်အောင် ဂရုစိုက်သွားမည်ဖြစ်ကြောင်း၊

လိုအပ်ချက်များကိုလည်း အဖွဲ့ဝင်များ၏ သဘောထား၊ အကြံပြုချက်များ၊ ဝေဖန်ချက်များကို

လည်း လက်ခံသွားပါမည်။ အားလုံးဟာ ပြည်ထောင်စုဘွားတိုင်းရင်းသား

ညီအစ်ကို မောင်နှမများ ဖြစ်လင့်ကစား၊ တိုင်းပြည်အတွက် အရေးကြီးဆုံးအချိန်တွင် မည်သို့

မည်ပုံဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို မိမိတို့၏ ဝေဖန်အကြံပြုချက်များဖြင့်

ကယ်တင်နိုင်သလောက် ကယ်တင်သွားရန်။ အာဏာရှင် အကြောက်ဆုံးသော အရာမှာ

မီဒီယာကဏ္ဍ ဖြစ်သည်ကို မငြင်းနိုင်ပါ။ လွတ်လပ်ခြင်းရဲ့ ရည်ရွယ်ချက်တွေ၊

စည်းကမ်းချက်တွေကိုလည်း အချိန်အခါအလျှောက် ပြင်ဆင်ဖြည့်စွက်သွားဖို့

ရည်ရွယ်ထားပါသည်။ အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်များကို အမြဲတမ်း

ကြိုဆိုနေပါမည်။ ကျွန်တော်ကိုယ်တိုင် အဖွဲ့ဝင်များနှင့်အတူတူ တသားတည်း ရှိနေပါမည်။

လွတ်လပ်ခြင်းအဖွဲ့ဝင်များ ကျန်းမာ၊ချမ်းသာကြပါစေဟု ဆုတောင်းလျက်

လေးစားစွာဖြင့်

ထက်အောင်

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment