Wednesday, 22 June 2011

[လွပ်လပ်ခြင်း] ↓ ↑ ↓ ↑ ↓ ↑

↓ ↑ ↓ ↑ ↓ ↑ Richelle Mon ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်ရင် အသက်အန္တရာယ်ရှိ  ဒေါ်စု မွေးနေ့ နောက်ပိုင်းမှာ နယ်ခရီးထွက်ဖို့ရှိတယ်လို့ ဒီတလော အင်တာနက်သတင်းတွေမှာ တွေ့ရပါတယ်။ ဝေဖန်မှု အမျိုးမျိုးရှိတယ်လို့လည်း သိရပါတယ်။  ဒီခရီးဟာ ဒေါ်စုအတွက် အသက်အန္တရာယ် အလွန်ကြီးမားတဲ့ခရီးဖြစ်နေလို့ မထွက်သင့်ကြောင်း သတိပေးတားမြစ် လိုပါတယ်။ တားမြစ်ရခြင်း အကြောင်းရင်းများမှာ -  ၁။ အာဏာရှင်ဟူသည်။  အာဏာရှင်ဆိုတာ ၎င်းတို့ (၁) အာဏာတည်မြဲရေး၊ (၂) ချမ်းသာကြွယ်ဝရေး အတွက်သာ အဓိကထား လုပ်နေ ကြတာဖြစ်ပါတယ်။ တိုင်းပြည် ဘယ်လောက်မွဲမွဲ၊ ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်ရောက် ဂရုစိုက်သူတွေမဟုတ်ပါ။ ဒီနေ့ ကမ္ဘာရှိ အာဏာရှင်တွေကြီးစိုးတဲ့ နိုင်ငံအားလုံးကိုကြည့်ရင် သိနိုင်ပါတယ်။  အာဏာရှင်နိုင်ငံတိုင်းမှာ ဥပဒေစိုးမိုးမှုမရှိ၊ သူတို့ ပါးစပ်ကထွက်တာတွေဟာ ဥပဒေတွေပါပဲ။ မင်းမဲ့စရိုက်ပုံစံမျိုးနဲ့ သဘောထားချင်း မတူတဲ့သူတွေကို လက်နက်၊ သြဇာအာဏာနဲ့ ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နင်း ကြတာချည်းပဲ ဖြစ်တယ်။ ဥပမာ- လတ်တလော ပြဿနာတွေဖြစ်နေတဲ့ အီဂျစ်၊ လစ်ဗျား၊ ဆူဒန်၊ ဆီးရီးယား၊ ယီမင်… စတဲ့ နိုင်ငံတွေကို ကြည့်ရင် သိသာထင်ရှားစွာတွေ့မြင်ရပါတယ်။  ၂။ နအဖ စစ်အာဏာရှင်။  မြန်မာနိုင်ငံဟာလည်း အထက်ဖေါ်ပြပါ နိုင်ငံတွေလို စစ်အာဏာရှင်တွေကြီးစိုးတဲ့နိုင်ငံ ဖြစ်တယ်။  အထူးသဖြင့် မြန်မာစစ်အာဏာရှင်တွေဟာ အခြားအာဏာရှင်တွေထက် အဆပေါင်းများစွာ ဆိုးသွမ်းပါတယ်။ မြန်မာစစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေး၊ ချမ်းသာကြွယ်ဝရေး သာမက သူတို့ရဲ့ အသိုင်းအဝိုင်းကိုပါ ချမ်းသာ ကြွယ်ဝအောင် လုပ်ပေးနေကြတဲ့အတွက် သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းထဲမှာ ပါဝင် နေပါတယ်။ မြန်မာကိုရော၊ ကမ္ဘာကိုပါ နည်းမျိုးစုံနဲ့ လိမ်ညာ၊ လှည့်ဖြား၊ ဖြားယောင်းနေတာလဲ သူတို့ပဲ။ ကတိဖျက်တာလဲ သူတို့ပဲ၊ လူသတ်တာ၊ ဘုန်းကြီးသတ်တာလဲ သူတို့ပဲ။ ဖမ်းဆီးထောင်ချ နှိပ်စက်ညှဉ်းပန်းတာ၊ သူတပါး ပစ္စည်းကိုလိုချင်ရင် ပစ္စည်းကိုပြန်မပေးချင်ရင် ပစ္စည်းယူ လူသတ်တာလည်းသူတို့ပဲ။ ( တက္ကသိုလ်ရိပ်သာလမ်းက ၅ လောင်းပြိုင် ပစ္စည်းယူ လူသတ်မှု)  ၃။ တိုင်းရင်းသားစည်းလုံးမှုမပြိုကွဲရေးတဲ့။  တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးလို့ ပါးစပ်က တဖွဖွပြောနေပေမယ့် လက်တွေ့မှာကျတော့ တိုင်းရင်းသား ခေါင်းဆောင်တွေကို အကြောင်းရှာဖမ်းဆီးထောင်ချ (ဦးခွန်ထွန်းဦး အစရှိတဲ့ တိုင်းရင်းသားတွေ) သလို၊ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အကြောင်းရှာပြီး တိုက်နေတာ ဒီနေ့အထိပါပဲ။ အလားတူ ငြိမ်းချမ်းစွာလှုပ်ရှားနေတဲ့ ဒီမိုကရေစီအင်အားစုတွေကိုလည်း အာဏာထိခိုက်စရာအကြောင်းရှိလို့ ပြဿနာရှာ၊ အမှုဆင် ပုဒ်မမျိုးစုံတပ်ပြီး နှစ်ရှည်ထောင်ချခဲ့တာပဲ။ (ဇာဂနာ၊ မင်းကိုနိုင်… စတဲ့ လူငယ်တွေကိုကြည့်ပါ။) လူသာမဟုတ် ရဟန်းသံဃာများလည်း ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ရင်း မေတ္တာသုတ်ရွတ်ဖတ်တာကိုလည်း ဖမ်းဆီးပြီးထောင်ချ၊ ရဲဘက်စခန်းပို့၊ လူဝတ်လဲ စတဲ့ မဖွယ်မရာတွေလုပ်ခဲ့တာပဲ။ (ဆရာတော် ဦးဣန္ဒက၊ ဆရာတော် ဦးဂမ္ဘီရ)  အစိုးရဆိုတာ တိုင်းပြည်တိုးတက်ကြီးပွားအောင်လုပ်ရမယ်၊့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန်ရှိတယ်။ ဒါပေမယ့် နအဖ အစိုးရက ဒါတွေကို မလုပ်၊ စိတ်မဝင်စား၊ သူတို့ အာဏာတည်မြဲဖို့နဲ့ ချမ်းသာကြွယ်ဝဖို့သာ စိတ်ဝင်စားတာ။ အမှန်တကယ်ပြောရရင် နအဖအဖွဲ့ဟာ အစိုးရအဖွဲ့မဟုတ်၊ လက်နက်ကိုင်အကြမ်းဖက်တဲ့ လူဆိုးသူခိုး ဂိုဏ်းအကြီးစားသာဖြစ်တယ်လို့ပြောရင် မှားမယ်မထင်ပါ။  ၃။ အတိတ်ကိုပြန်ကြည့်ပါ။  ၁၉၈၈ လူထုအုံကြွမှုကြီးအတွင်း ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူ ၃၀၀၀ ခန့်ကို ရက်ရက်စက်စက် သတ်ဖြတ်တာဟာ နဝတ စစ်အာဏာရှင်တွေ အာဏာတည်မြဲရေးအတွက် သတ်ဖြတ်တယ်ဆိုတာ ဒေါ်စု အသိပါ။  ၁၉၈၉ သြဂုတ်လ ဓနုဖြူမြို့ မှာ ဗိုလ်ကြီးမြင့်ဦး ဆိုသူနဲ့ ရဲဘော် ၆ ယောက်ဟာ ဒေါ်စု ကို ပစ်သတ်တော့မယ့် ဆဲဆဲမှာ ဗိုလ်မှူး ၂ ယောက်က ဝင်တားလို့ ဒေါ်စု အသက်ဘေးက သီသီလေး လွတ်ခဲ့ရတာလည်း ဒေါ်စု ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်ကြီးတစ်ခုပါ။ ဗိုလ်မှူး ၂ ယောက်က ဝင်တားလို့ ဒေါ်စု အသက်မသေ၊ ပြည်သူတွေလည်း ဒေါ်စု နဲ့အတူ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ဆက်လက်ဆောင်ရွက်နိုင်တာလည်း ဒေါ်စု ကိုယ်တွေ့ဖြစ်လို့ သတိရနိုင် ပါတယ်။  အကယ်၍များ အဲဒီတုန်းက ဗိုလ်မှူးတွေ ဝင်မတားရင် ဒီနေ့ ဒေါ်စု ဆိုတာလည်း မရှိတော့ပဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုလည်း ဆုံးခန်းတိုင်ချုပ်ငြိမ်းသွားမှာ သေချာပါတယ်။ ပြည်သူလူထုလည်း အရင်ကထက်ပိုပြီး နှိပ်စက်ညှဉ်းပန်းခံရမှာ မြေကြီးလက်ခတ်မလွဲပါ။  တဖန် ၂၀၀၃ ခု မေလ ၃၀ ရက် ည ဒီပဲယင်းမှာ နအဖ ဥက္ကဋ္ဌကြီး ကိုယ်တိုင် လျှို့ဝှက်စီမံတဲ့ လုပ်ကြံမှုကြီး အတွင်းမှာ ဒေါ်စု ကံကောင်းထောက်မလို့ အသက်မသေပေမယ့် ဒေါ်စု ကို ထောက်ခံသူနဲ့ တက်ကြွသူ ၂၈၂ ဦး အသက်ဆုံးရှုံးသွားရတယ်။ ဒါဟာလဲ နအဖ စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ဒေါ်စု ကို လုပ်ကြံတာပဲ ဖြစ်တယ်။ အဲဒီမှာ ဒေါ်စု မသေလို့ ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးအတွက် ဆက်လက်လှုပ်ရှားနိုင်ပြီး ကမ္ဘာရဲ့ဖိအားကလည်း ပိုများလာသလို ပြည်သူလူထုကြီး တစ်ရပ်လုံးလည်း ဒုက္ခ သုခ ခံစားရမှုလည်း လျော့ပါးခဲ့ရတယ်။  အကယ်၍များ ဒေါ်စု တိမ်းပါးသွားပါက ဒီလှုပ်ရှားမှုတွေအားလုံးရပ်စဲသွားတာနဲ့ ပြည်သူလူထုနဲ့ တိုင်းရင်းသား လူမျိုးစုတွေအားလုံး လူ့အခွင့်အရေးတွေကို ရက်ရက်စက်စက် ချိုးဖောက် ကျူးလွန်ခံရမှာ သေချာပါတယ်။ ဒါလဲ ဒေါ်စု သေဘေးက လက်မတင်လေးလွတ်မြောက်လာတာလည်း ဒေါ်စု အသိပါ။  ၄။ ဖြုတ်ထုတ်၊ ဖြုတ်ထုတ်သတ်၊ ဖြုတ်ထုတ်ချုပ်စနစ်။  လက်နက်မဲ့ သာမန်ပြည်သူလူထုကို မဆိုထားနဲ့၊ စစ်အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင် အချင်းချင်းလည်းပဲ အာဏာရရှိရေးနှင့် ပတ်သက်လာရင် ဘယ်သူ့ကိုမှ မညှာဘူး။ ဖြုတ်ထုတ် သတ်တာပဲ။  ဥပမာ- ၁။ ၁၉၉၂ ဧပြီလ က နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင် ကို ဗိုလ်သန်းရွှေ တို့အုပ်စုက လျှို့ဝှက်စီစဉ်ပြီး ဖြုတ်ထုတ်ခဲ့ပါတယ်။ ဒါဟာ ဗိုလ်သန်းရွှေ တို့အုပ်စု အာဏာရရှိရေး၊ အာဏာတည်မြဲရေးအတွက် လုပ်ခဲ့တဲ့ သာဓက တစ်ခုပါ။  ဥပမာ- ၂။ နအဖ တွင်း (၂) ဗိုလ်ချုပ်တင်ဦး ကို ဖယ်ရှားချင်လို့ ကမ္ဘာအေး ဘုရားအနီးမှာ ၂ ကြိမ် တိုင်တိုင် လုပ်ကြံတာပဲ။ ၁၉၉၆ ဒီဇင်ဘာလကုန်ပိုင်းမှာ တစ်ကြိမ်၊ ၁၉၉၇ ဧပြီလမှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ချိန်ကိုက်ဗုံးနဲ့ လုပ်ကြံခဲ့တယ်။ ကံကောင်းထောက်မလို့ ၂ ကြိမ်စလုံး သေဘေးက သီသီလေး လွတ်ခဲ့ရပေမယ့်၊ တတိယအကြိမ် ၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ မော်လမြိုင်မှ ဘားအံအသွား ရဟတ်ယာဉ်အတွင်း ပစ်ခတ်လုပ်ကြံခံလိုက်ရပါတယ်။ ဗိုလ်တင်ဦး နှင့်အတူ ကာကွယ်ရေးဌာန အရာရှိ ကြီးငယ် (၁၃)ယောက်လည်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ ကံဆိုတာ အမြဲတမ်း မကောင်းနိုင်ပါ။ လုပ်ကြံပါများရင် ကံဆိုတာ လုပ်ကြံမှုနောက်ပါသွားတယ်ဆိုတဲ့သဘောကို ပြသတာဖြစ်ပါတယ်။  ဥပမာ- ၃။ ၂၀၀၄ အောက်တိုဘာလမှာ နအဖ အတွင်းရေးမှူး(၁)လည်းဖြစ်၊ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွှန့် ကို မန္တလေးမြို့ကအပြန် မင်္ဂလာဒုံလေဆိပ်မှာ ထိန်းသိမ်းပြီး၊ နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှု အပါအဝင် အမှုပေါင်းများစွာနဲ့ စွပ်စွဲပြီး ဖြုတ်ထုတ်ချုပ်ခဲ့တာလည်း ဒီနေ့အထိပါ။  အထက်ပါဖြစ်ရပ်ကြီးတွေကို ကြည့်ခြင်းအားဖြင့် အာဏာနဲ့ပတ်သက်တယ်လို့ ထင်လာတာနဲ့ နအဖ ထိပ်ပိုင်း အချင်းချင်းလည်း အလွတ်မပေးဘူး။ သာမန်အရပ်သားဆိုရင် ပိုဆိုးတော့တာပေါ့။  အလားတူ ဒေါ်စု အနေနဲ့ တိုင်းပြည်တိုးတက်အောင် ဘယ်လောက်ပဲကောင်းအောင်လုပ်လုပ်၊ ပြည်သူလူထုက ဘယ်လောက်ပဲ ထောက်ခံထောက်ခံ၊ နိုင်ငံတကာက ဘယ်လောက်ပဲ ချီးမွမ်းချီးမွမ်း၊ ဘယ်လောက်ပဲ ဂုဏ်ပြုဂုဏ်ပြု အာဏာရှင်တွေက သူတို့အတွက် အာဏာထိပါးလာနိုင်တယ်လို့ ယူဆလာတဲ့အခါ ဒေါ်စု ကိုလည်း ချမ်းသာပေးမှာမဟုတ်။ ဒါတွေလည်း ဒေါ်စု ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါတွေကို သတိရပြီး ပြန်စဉ်းစားနိုင်ဖို့ သတိပေးရတာဖြစ်ပါတယ်။  ၅။ လာပြန်ပြီ အစိုးရသစ်တဲ့။  အခုတက်လာတဲ့ အစိုးရသစ်ဆိုတာလည်း နအဖ စစ်ဗိုလ်လူထွက်တွေချည်းပါပဲ။ စစ်ဝတ်ကနေ အရပ်ဝတ်ပြောင်း စွပ်တာကလွဲလို့ ဘာမှ မထူးပါဘူး။ ဒီပုတ်ထဲက ဒီပဲပါ ဆိုသလိုပါပဲ။ ဒီလူနဲ့ ဒီမူပါပဲ။ အခုအစိုးရသစ်ရဲ့ လုပ်ရပ်တွေဟာ အရင် နအဖ စစ်ဗိုလ်တွေရဲ့လုပ်ရပ်အတိုင်းပါပဲ။ အရပ်သားအစိုးရလို့ ပြောတာဟာ လူတွေကို လှည့်စားတာပါ။ ဒါကြောင့် ဒီအစိုးရသစ်ဆိုတာလည်း အရင်ကလူဆိုး၊ သူခိုးတွေဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အကြမ်းဖက် လူဆိုးဂိုဏ်းကြီးပါပဲ။  ၆။ အစိုးရသစ်ကိုယုံစားရင် အကုန်မှားလိမ့်မယ်။  ဘာကြောင့်လဲဆိုတော့ ဒီအစိုးရသစ်ထဲမှာ ပါသူတွေအားလုံးဟာ နအဖ စစ်ဗိုလ်ထွက်တွေ နဲ့ နအဖ မွေးစားထား တဲ့၊ နအဖနဲ့ စရိုက်ဆိုးတူ၊ အကျင့်ပျက်တူ ကြံ့ဖွတ်တွေချည်းပါပဲ။  အာဏာရှင်ဆိုတာ အာဏာတည်မြဲရေးအတွက် ကတိဖျက်သူချည်းပါပဲ။ အထင်ရှားဆုံး သာဓကတွေကတော့ (၁) နဝတ စစ်အာဏာရှင်တွေကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုကြည့်ပါ။ နိုင်တဲ့ပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားပြန်မယ်လို့ ကမ္ဘာသိ ကတိပေးခဲ့ပေမယ့် တကယ်တမ်းကျတော့ အနိုင်ရပါတီကို အာဏာလွှဲမပေးတဲ့ အပြင်၊ အမတ်လောင်းတွေကိုတောင် ဖမ်းဆီးထောင်ချခဲ့တယ်။ ဒါလည်း စစ်အာဏာရှင်တွေ ကတိမတည်ဘူး ဆိုတာ ဒေါ်စု ကိုယ်တွေ့အသိပါ။  (၂) ၂၀၀၃ မေလ ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်သန်းရွှေ အစိုးရနှင့် သဘောတူညီချက်တွေ ကို အာဏာပိုင်တွေဘက်က ကတိဖျက်ခဲ့တယ်လို့ ဒေါ်စု က ပြောကြောင်း ၂၉-၄-၂၀၁၁ ထုတ် RFA အင်တာနက် သတင်းမှာ တွေ့ရပါတယ်။ အဲ့ဒီဖျက်တဲ့ ကတိတွေက  ၁။ ဒီပဲယင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန် (ဒီနေ့ထိ စုံစမ်းစစ်ဆေးခြင်းမရှိပါ။)  ၂။ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ လျော်ကြေးပေးရန် (ဒီနေ့အထိ လျော်ကြေးမပေးပါ။)  ၃။ နောင်အခါ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့ နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်ရန် (ဒီနေ့အထိ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိပါ။  ၄။ ဒီပဲယင်းနှင့် ပတ်သက်လို့ အဖမ်းခံရသူတွေအားလုံးကို ပြန်လွှတ်ပေးရန် တို့ ဖြစ်ပါတယ်။ (မည်သူတွေကျန်မှန်း အတိအကျမသိရသေးပါ။)  ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီစစ်အာဏာရှင်တွေဟာ ပေးပြီးကတိတွေကို မတည်ဘူးဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်နေရသလို အရင်ကလည်း ကတိမတည် နောင်လည်း ကတိတည်မှာ မဟုတ်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်။  ဒါကြောင့် ကတိမတည်တဲ့ စစ်အာဏာတွေကြီးစိုးနေချိန်မှာ ဒေါ်စု အနေနဲ့ ရန်ကုန်ကလွဲရင် ဘယ်ကိုမှမသွားသင့်ပါ။ သွားရင် အရင်ထက်ပိုဆိုးမှာ စိုးရိမ်လို့ပါ။ ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင်တွေဟာ သူတို့ကိုယ်တိုင် ပြဋ္ဌာန်းတဲ့ ဥပဒေကို သူတို့ကိုယ်တိုင် လေးစားလိုက်နာခြင်း မရှိပါ။  အစိုးရဆိုတာ မိမိတိုင်းပြည်အတွင်းရှိ ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက် ရမယ့် တာဝန်ရှိပါလျက်နဲ့ တာဝန်ယူပြီးကာကွယ်စောင့်ရှောက်ခြင်း မရှိသည့်အပြင်၊ သူတို့ကပဲ ပြည်သူတွေကို တရားမဲ့ မင်းမဲ့စရိုက်တို့ဖြင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ပစ္စည်းယူလူသတ်ခြင်း စတဲ့ မကောင်းမှု ဒုစရိုက်တွေကို အမြဲတမ်း လိုလို ကျူးလွန်နေတာ တွေ့ရပါတယ်။  ဒါကြောင့် ဒီစစ်ဗိုလ်ထွက် အစိုးရသစ်က တာဝန်ယူတယ်ပြောလည်း မယုံပါနဲ့။ သူတို့တွေဟာ ဘယ်တော့မှ ကတိတည်သူတွေ မဟုတ်ပါ။  ဒီတခါ ဒေါ်စု ခရီးထွက်ရင် အရင် ၂၀၀၃ မေလတုန်းကလို လူရမ်းကား ၄၀၀၀၊ ၅၀၀၀ နဲ့ လုပ်ကြံမှာ မဟုတ်တော့ ဘူး။ လူ ၄ ယောက်၊ သေနတ် ၄ လက် နဲ့ အပြတ်ရှင်းပါလိမ့်မယ်။ အစိုးရသစ်ဆီမှာ အသံတိတ်သေနတ်တွေ၊ လေ့ကျင့်ပြီး သား လက်ဖြောင့် တပ်သားတွေ ရှိနေတယ်ဆိုတာလည်း ထည့်တွက်ဖို့လိုပါတယ်။ သူတို့ကို လျော့မတွက်စေချင်ဘူး။ အကယ်၍ လက်ဖြောင့် တပ်သားတွေ လက်ချက်နဲ့ ဒေါ်စု အသက်ထွက် သွားတာနဲ့ ပြည်သူလူထုအားလုံး မျှော်လင့်နေတဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းပျက်ပြားသွားမှာဖြစ်တယ်။ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။  ၇။ ဒု သမ္မတ တင်အောင်မြင့်ဦး ရဲ့ သဘောထား။  နိုင်ငံတကာ အဖွဲ့စည်း ကြီးငယ်တွေ၊ တက္ကသိုလ် ကောလိပ်တွေ၊ ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည် ကို အမျိုးသားခေါင်းဆောင်ကောင်း တစ်ဦးအနေနဲ့ လေးလေးစားစား ပြောဆိုဂုဏ်ပြု ချီးကျူးနေချိန်မှာ အစိုးရသစ် ဒု သမ္မတ တင်အောင်မြင့်ဦး က ဒေါ်စုကို သာမန်အရပ်သား တစ်ယောက်လို သဘောထားတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မတ်ကိန်း နဲ့ တွေ့ချိန်မှာ ပြောတာကိုတွေ့ရပါတယ်။ ( မြန်မာ့အလင်းသတင်းစာ၊ ယနေ့မြန်မာ ၃-ဇွန်လ-၂၀၁၁)  ဒါကိုကြည့်ခြင်းအားဖြင့် အရင် နအဖ စစ်ခေါင်းဆောင်တွေအတိုင်း ဒေါ်အောင်ဆန်းစုကြည် ကို အမျိုးသားခေါင်းဆောင် တစ်ဦးအဖြစ် သဘောမထားတာ တွေ့ရပါတယ်။ တနည်းအားဖြင့် ဒေါ်စု ကို အရပ်သား တစ်ယောက်အနေနဲ့ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ သဘောဆောင်နေတာ တွေ့ရပါတယ်။  ၈။ ဒေါ်စု မှ တပါး အခြားမရှိ။  ဒေါ်အောင်ဆန်းစုကြည် ကို အောက်ပါ ဂုဏ်ပုဒ်များကြောင့် ပြည်သူတစ်ရပ်လုံးက ယုံကြည်အားကိုးကြခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ  (၁) ခေတ်ပညာတတ် တစ်ယောက်ဖြစ်သလို၊ မှန်ကန်စွာ တွေးခေါ်မျှော်မြင်တတ်သူ၊ ဇဝန ဉာဏ်ရွှင်သူ  (၂) ရိုးသားဖြောင့်မတ်ပြီး သူတစ်ပါးအပေါ် သနားကြင်နာစိတ်ရှိသူ  (၃) မကြောက်မရွံ့ နောက်မတွန့်သော ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး လုံ့လဝီရိယ ရှိသူ  (၄) ခိုင်မာသော ယုံကြည်ချက်အခြေခံကို မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သူ  (၅) နိုင်ငံနဲ့ လူမျိုးကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်ဖို့၊ စည်းစိမ်ဥစ္စာစွန့်ဖို့၊ မိသားစုကို စွန့်ဖို့၊ နောက်ဆုံး အသက်စွန့်ဖို့ ဝန်လေးသူမဟုတ်ပါ။ (အားလုံးကိုစွန့်ပြီးဖြစ်)  (၆) ပြဿနာအရပ်ရပ်ကို အကြမ်းမဖက် ငြိမ်းချမ်းသော နည်းဖြင့် စိတ်ရှည်သည်းခံ၍ တွေ့ဆုံဆွေးနွေးလိုသူ ဖြစ်ပါတယ်။  ဒါကြောင့် ဘယ်သူနဲ့မှ နိုင်းယှဉ်လို့မရတဲ့ ဒေါ်စု ရဲ့ ထူးခြား စံယူလောက်တဲ့ ဂုဏ်ပုဒ်များကြောင့် တိုင်းရင်းသား လူမျိုးစုများအပါအဝင် တိုင်းသူပြည်သားအားလုံးက (လူဆိုး၊ သူခိုး၊ လူယုတ်မာများပါဝင် ဖွဲ့စည်းထားတဲ့ အကြမ်းဖက် လက်နက်ကိုင်အရပ်ဝတ် အစိုးရ မပါ) ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဦးဆောင်မှုကို ယုံကြည်အားကိုးကြခြင်း ဖြစ်ပါတယ်။  ဒါ့အပြင် ဒေါ်စု လိုထူးချွန် ထက်မြက်တဲ့ ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံတွင် ထပ်မံထွန်းကားနိုင်ဖွယ်ရာမရှိသလို အစားထိုးစရာလည်းမရှိပါ။  ထိုထိုသော ထူးချွန်ထက်မြက်ပြီး စံယူလောက်တဲ့ အရည်အချင်းနဲ့ ဂုဏ်ပုဒ်များကြောင့် ဆုံးရှုံးနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများ ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်သည်မှာ ဒေါ်အောင်ဆန်းစုကြည် မှတပါးအခြားမရှိပါ။  ၉။ နောင်တ နောက်မှမရစေလို။  နအဖ စစ်အစိုးရဟာ ပြည်သူ့အကျိုးထက် သူတို့အကျိုးကိုသာ ဦးစားပေးတယ်ဆိုတာ တစ်ကမ္ဘာလုံးအသိပါ။ သယံဇာတ အလွန်ကြွယ်ဝတဲ့ နိုင်ငံဟာ နှစ် ၂၀ ကျော်လာပေမယ့်လည်း ကမ္ဘာ့အဆင်းရဲဆုံး စာရင်းက မလွတ်ကင်းတဲ့ အပြင် ပိုမိုဆင်းရဲလာတာကိုကြည့်ရင် စစ်အစိုးရရဲ့ အာဏာပိုင်တွေ အကျိုးကိုသာ ကြည့်တတ်တာ ထင်ရှားပါတယ်။  အလားတူ အရပ်ဝတ် စစ်အစိုးရသစ်ဟာလည်း ဒီပုတ်ထဲက ဒီပဲ အတိုင်းပါပဲ။ သူတို့အာဏာထိပါး လာနိုင်မယ်လို့ ထင်သူတိုင်းကို အနှေးနဲ့အမြန် အပြတ်ရှင်းလေ့ရှိတာကြောင့် ဒေါ်စု အနေနဲ့ အပြတ်ရှင်းတဲ့ စာရင်းထဲ နောက်ထပ်မပါစေ လိုပါ။ နောင်မှ နောင်တရတာမျိုးမဖြစ်စေလို၍ ကြိုတင်သတိပေးရခြင်းပါ။  အရပ်ဝတ် စစ်အစိုးရသစ်ဟာ နအဖ ပုတ်ထဲကပဲဖြစ်လို့ ကတိတည်တဲ့ အစိုးရ မဟုတ်လို့ သူတို့ပြောတိုင်း မယုံကြည်ကြပါနဲ့။  ဒေါ်အောင်ဆန်းစုကြည် တယောက် ဆုံးရှုံးခြင်းဟာ သန်းပေါင်း(၆၀)သော ပြည်သူတရပ်လုံး ဆုံးရှုံးခြင်းဖြစ်၍ ဒေါ်စု လို ပုဂ္ဂိုလ်မျိုးကို အဆုံးရှုံးမခံသင့်ပါ။  ၁၀။ ပြည်သူက ဒေါ်စု ကို ချစ်ခင်ယုံကြည်လေးစားဆဲ၊ အားကိုးဆဲ။  ဒေါ်စု ရဲ့ စွမ်းရည်ကို သိထားကြတဲ့ ပြည်သူတစ်ရပ်လုံးက (ထိပ်ပိုင်းစစ်အဏာရှင်ကလွဲလို့) ဒေါ်စု အပေါ် ချစ်ခင်ယုံကြည်လေးစားမှု၊ ကြည်ညိုအားကိုးမှု လျော့နည်းမသွားပါ။ အခြေအနေအရပ်ရပ်ကို သဘောပေါက်ပြီးသားပါ။ နားလည်မှုပေးပြီးသားပါ။ ဒေါ်စု နောက်မှာပြည်သူတွေ အမြဲရှိနေတယ်ဆိုတာကို လူကြီးများယုံကြည်ပါ၊ စိတ်ချပါ။  နေအိမ်အကျယ်ချုပ်လွတ်ခါစ ဒေါ်စု ပြောခဲ့တဲ့
De Nay 22 June 20:29
↓ ↑ ↓ ↑ ↓ ↑
Richelle Mon
ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်ရင် အသက်အန္တရာယ်ရှိ

ဒေါ်စု မွေးနေ့ နောက်ပိုင်းမှာ နယ်ခရီးထွက်ဖို့ရှိတယ်လို့ ဒီတလော အင်တာနက်သတင်းတွေမှာ တွေ့ရပါတယ်။ ဝေဖန်မှု အမျိုးမျိုးရှိတယ်လို့လည်း သိရပါတယ်။

ဒီခရီးဟာ ဒေါ်စုအတွက် အသက်အန္တရာယ် အလွန်ကြီးမားတဲ့ခရီးဖြစ်နေလို့ မထွက်သင့်ကြောင်း သတိပေးတားမြစ် လိုပါတယ်။ တားမြစ်ရခြင်း အကြောင်းရင်းများမှာ -

၁။ အာဏာရှင်ဟူသည်။

အာဏာရှင်ဆိုတာ ၎င်းတို့ (၁) အာဏာတည်မြဲရေး၊ (၂) ချမ်းသာကြွယ်ဝရေး အတွက်သာ အဓိကထား လုပ်နေ ကြတာဖြစ်ပါတယ်။ တိုင်းပြည် ဘယ်လောက်မွဲမွဲ၊ ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်ရောက် ဂရုစိုက်သူတွေမဟုတ်ပါ။ ဒီနေ့ ကမ္ဘာရှိ အာဏာရှင်တွေကြီးစိုးတဲ့ နိုင်ငံအားလုံးကိုကြည့်ရင် သိနိုင်ပါတယ်။

အာဏာရှင်နိုင်ငံတိုင်းမှာ ဥပဒေစိုးမိုးမှုမရှိ၊ သူတို့ ပါးစပ်ကထွက်တာတွေဟာ ဥပဒေတွေပါပဲ။ မင်းမဲ့စရိုက်ပုံစံမျိုးနဲ့ သဘောထားချင်း မတူတဲ့သူတွေကို လက်နက်၊ သြဇာအာဏာနဲ့ ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နင်း ကြတာချည်းပဲ ဖြစ်တယ်။ ဥပမာ- လတ်တလော ပြဿနာတွေဖြစ်နေတဲ့ အီဂျစ်၊ လစ်ဗျား၊ ဆူဒန်၊ ဆီးရီးယား၊ ယီမင်… စတဲ့ နိုင်ငံတွေကို ကြည့်ရင် သိသာထင်ရှားစွာတွေ့မြင်ရပါတယ်။

၂။ နအဖ စစ်အာဏာရှင်။

မြန်မာနိုင်ငံဟာလည်း အထက်ဖေါ်ပြပါ နိုင်ငံတွေလို စစ်အာဏာရှင်တွေကြီးစိုးတဲ့နိုင်ငံ ဖြစ်တယ်။

အထူးသဖြင့် မြန်မာစစ်အာဏာရှင်တွေဟာ အခြားအာဏာရှင်တွေထက် အဆပေါင်းများစွာ ဆိုးသွမ်းပါတယ်။ မြန်မာစစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေး၊ ချမ်းသာကြွယ်ဝရေး သာမက သူတို့ရဲ့ အသိုင်းအဝိုင်းကိုပါ ချမ်းသာ ကြွယ်ဝအောင် လုပ်ပေးနေကြတဲ့အတွက် သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းထဲမှာ ပါဝင် နေပါတယ်။ မြန်မာကိုရော၊ ကမ္ဘာကိုပါ နည်းမျိုးစုံနဲ့ လိမ်ညာ၊ လှည့်ဖြား၊ ဖြားယောင်းနေတာလဲ သူတို့ပဲ။ ကတိဖျက်တာလဲ သူတို့ပဲ၊ လူသတ်တာ၊ ဘုန်းကြီးသတ်တာလဲ သူတို့ပဲ။ ဖမ်းဆီးထောင်ချ နှိပ်စက်ညှဉ်းပန်းတာ၊ သူတပါး ပစ္စည်းကိုလိုချင်ရင် ပစ္စည်းကိုပြန်မပေးချင်ရင် ပစ္စည်းယူ လူသတ်တာလည်းသူတို့ပဲ။ ( တက္ကသိုလ်ရိပ်သာလမ်းက ၅ လောင်းပြိုင် ပစ္စည်းယူ လူသတ်မှု)

၃။ တိုင်းရင်းသားစည်းလုံးမှုမပြိုကွဲရေးတဲ့။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးလို့ ပါးစပ်က တဖွဖွပြောနေပေမယ့် လက်တွေ့မှာကျတော့ တိုင်းရင်းသား ခေါင်းဆောင်တွေကို အကြောင်းရှာဖမ်းဆီးထောင်ချ (ဦးခွန်ထွန်းဦး အစရှိတဲ့ တိုင်းရင်းသားတွေ) သလို၊ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အကြောင်းရှာပြီး တိုက်နေတာ ဒီနေ့အထိပါပဲ။ အလားတူ ငြိမ်းချမ်းစွာလှုပ်ရှားနေတဲ့ ဒီမိုကရေစီအင်အားစုတွေကိုလည်း အာဏာထိခိုက်စရာအကြောင်းရှိလို့ ပြဿနာရှာ၊ အမှုဆင် ပုဒ်မမျိုးစုံတပ်ပြီး နှစ်ရှည်ထောင်ချခဲ့တာပဲ။ (ဇာဂနာ၊ မင်းကိုနိုင်… စတဲ့ လူငယ်တွေကိုကြည့်ပါ။) လူသာမဟုတ် ရဟန်းသံဃာများလည်း ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ရင်း မေတ္တာသုတ်ရွတ်ဖတ်တာကိုလည်း ဖမ်းဆီးပြီးထောင်ချ၊ ရဲဘက်စခန်းပို့၊ လူဝတ်လဲ စတဲ့ မဖွယ်မရာတွေလုပ်ခဲ့တာပဲ။ (ဆရာတော် ဦးဣန္ဒက၊ ဆရာတော် ဦးဂမ္ဘီရ)

အစိုးရဆိုတာ တိုင်းပြည်တိုးတက်ကြီးပွားအောင်လုပ်ရမယ်၊့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန်ရှိတယ်။ ဒါပေမယ့် နအဖ အစိုးရက ဒါတွေကို မလုပ်၊ စိတ်မဝင်စား၊ သူတို့ အာဏာတည်မြဲဖို့နဲ့ ချမ်းသာကြွယ်ဝဖို့သာ စိတ်ဝင်စားတာ။ အမှန်တကယ်ပြောရရင် နအဖအဖွဲ့ဟာ အစိုးရအဖွဲ့မဟုတ်၊ လက်နက်ကိုင်အကြမ်းဖက်တဲ့ လူဆိုးသူခိုး ဂိုဏ်းအကြီးစားသာဖြစ်တယ်လို့ပြောရင် မှားမယ်မထင်ပါ။

၃။ အတိတ်ကိုပြန်ကြည့်ပါ။

၁၉၈၈ လူထုအုံကြွမှုကြီးအတွင်း ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူ ၃၀၀၀ ခန့်ကို ရက်ရက်စက်စက် သတ်ဖြတ်တာဟာ နဝတ စစ်အာဏာရှင်တွေ အာဏာတည်မြဲရေးအတွက် သတ်ဖြတ်တယ်ဆိုတာ ဒေါ်စု အသိပါ။

၁၉၈၉ သြဂုတ်လ ဓနုဖြူမြို့ မှာ ဗိုလ်ကြီးမြင့်ဦး ဆိုသူနဲ့ ရဲဘော် ၆ ယောက်ဟာ ဒေါ်စု ကို ပစ်သတ်တော့မယ့် ဆဲဆဲမှာ ဗိုလ်မှူး ၂ ယောက်က ဝင်တားလို့ ဒေါ်စု အသက်ဘေးက သီသီလေး လွတ်ခဲ့ရတာလည်း ဒေါ်စု ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်ကြီးတစ်ခုပါ။ ဗိုလ်မှူး ၂ ယောက်က ဝင်တားလို့ ဒေါ်စု အသက်မသေ၊ ပြည်သူတွေလည်း ဒေါ်စု နဲ့အတူ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ဆက်လက်ဆောင်ရွက်နိုင်တာလည်း ဒေါ်စု ကိုယ်တွေ့ဖြစ်လို့ သတိရနိုင် ပါတယ်။

အကယ်၍များ အဲဒီတုန်းက ဗိုလ်မှူးတွေ ဝင်မတားရင် ဒီနေ့ ဒေါ်စု ဆိုတာလည်း မရှိတော့ပဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုလည်း ဆုံးခန်းတိုင်ချုပ်ငြိမ်းသွားမှာ သေချာပါတယ်။ ပြည်သူလူထုလည်း အရင်ကထက်ပိုပြီး နှိပ်စက်ညှဉ်းပန်းခံရမှာ မြေကြီးလက်ခတ်မလွဲပါ။

တဖန် ၂၀၀၃ ခု မေလ ၃၀ ရက် ည ဒီပဲယင်းမှာ နအဖ ဥက္ကဋ္ဌကြီး ကိုယ်တိုင် လျှို့ဝှက်စီမံတဲ့ လုပ်ကြံမှုကြီး အတွင်းမှာ ဒေါ်စု ကံကောင်းထောက်မလို့ အသက်မသေပေမယ့် ဒေါ်စု ကို ထောက်ခံသူနဲ့ တက်ကြွသူ ၂၈၂ ဦး အသက်ဆုံးရှုံးသွားရတယ်။ ဒါဟာလဲ နအဖ စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ဒေါ်စု ကို လုပ်ကြံတာပဲ ဖြစ်တယ်။ အဲဒီမှာ ဒေါ်စု မသေလို့ ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးအတွက် ဆက်လက်လှုပ်ရှားနိုင်ပြီး ကမ္ဘာရဲ့ဖိအားကလည်း ပိုများလာသလို ပြည်သူလူထုကြီး တစ်ရပ်လုံးလည်း ဒုက္ခ သုခ ခံစားရမှုလည်း လျော့ပါးခဲ့ရတယ်။

အကယ်၍များ ဒေါ်စု တိမ်းပါးသွားပါက ဒီလှုပ်ရှားမှုတွေအားလုံးရပ်စဲသွားတာနဲ့ ပြည်သူလူထုနဲ့ တိုင်းရင်းသား လူမျိုးစုတွေအားလုံး လူ့အခွင့်အရေးတွေကို ရက်ရက်စက်စက် ချိုးဖောက် ကျူးလွန်ခံရမှာ သေချာပါတယ်။ ဒါလဲ ဒေါ်စု သေဘေးက လက်မတင်လေးလွတ်မြောက်လာတာလည်း ဒေါ်စု အသိပါ။

၎။ ဖြုတ်ထုတ်၊ ဖြုတ်ထုတ်သတ်၊ ဖြုတ်ထုတ်ချုပ်စနစ်။

လက်နက်မဲ့ သာမန်ပြည်သူလူထုကို မဆိုထားနဲ့၊ စစ်အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင် အချင်းချင်းလည်းပဲ အာဏာရရှိရေးနှင့် ပတ်သက်လာရင် ဘယ်သူ့ကိုမှ မညှာဘူး။ ဖြုတ်ထုတ် သတ်တာပဲ။

ဥပမာ- ၁။ ၁၉၉၂ ဧပြီလ က နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင် ကို ဗိုလ်သန်းရွှေ တို့အုပ်စုက လျှို့ဝှက်စီစဉ်ပြီး ဖြုတ်ထုတ်ခဲ့ပါတယ်။ ဒါဟာ ဗိုလ်သန်းရွှေ တို့အုပ်စု အာဏာရရှိရေး၊ အာဏာတည်မြဲရေးအတွက် လုပ်ခဲ့တဲ့ သာဓက တစ်ခုပါ။

ဥပမာ- ၂။ နအဖ တွင်း (၂) ဗိုလ်ချုပ်တင်ဦး ကို ဖယ်ရှားချင်လို့ ကမ္ဘာအေး ဘုရားအနီးမှာ ၂ ကြိမ် တိုင်တိုင် လုပ်ကြံတာပဲ။ ၁၉၉၆ ဒီဇင်ဘာလကုန်ပိုင်းမှာ တစ်ကြိမ်၊ ၁၉၉၇ ဧပြီလမှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ချိန်ကိုက်ဗုံးနဲ့ လုပ်ကြံခဲ့တယ်။ ကံကောင်းထောက်မလို့ ၂ ကြိမ်စလုံး သေဘေးက သီသီလေး လွတ်ခဲ့ရပေမယ့်၊ တတိယအကြိမ် ၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ မော်လမြိုင်မှ ဘားအံအသွား ရဟတ်ယာဉ်အတွင်း ပစ်ခတ်လုပ်ကြံခံလိုက်ရပါတယ်။ ဗိုလ်တင်ဦး နှင့်အတူ ကာကွယ်ရေးဌာန အရာရှိ ကြီးငယ် (၁၃)ယောက်လည်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ ကံဆိုတာ အမြဲတမ်း မကောင်းနိုင်ပါ။ လုပ်ကြံပါများရင် ကံဆိုတာ လုပ်ကြံမှုနောက်ပါသွားတယ်ဆိုတဲ့သဘောကို ပြသတာဖြစ်ပါတယ်။

ဥပမာ- ၃။ ၂၀၀၄ အောက်တိုဘာလမှာ နအဖ အတွင်းရေးမှူး(၁)လည်းဖြစ်၊ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွှန့် ကို မန္တလေးမြို့ကအပြန် မင်္ဂလာဒုံလေဆိပ်မှာ ထိန်းသိမ်းပြီး၊ နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှု အပါအဝင် အမှုပေါင်းများစွာနဲ့ စွပ်စွဲပြီး ဖြုတ်ထုတ်ချုပ်ခဲ့တာလည်း ဒီနေ့အထိပါ။

အထက်ပါဖြစ်ရပ်ကြီးတွေကို ကြည့်ခြင်းအားဖြင့် အာဏာနဲ့ပတ်သက်တယ်လို့ ထင်လာတာနဲ့ နအဖ ထိပ်ပိုင်း အချင်းချင်းလည်း အလွတ်မပေးဘူး။ သာမန်အရပ်သားဆိုရင် ပိုဆိုးတော့တာပေါ့။

အလားတူ ဒေါ်စု အနေနဲ့ တိုင်းပြည်တိုးတက်အောင် ဘယ်လောက်ပဲကောင်းအောင်လုပ်လုပ်၊ ပြည်သူလူထုက ဘယ်လောက်ပဲ ထောက်ခံထောက်ခံ၊ နိုင်ငံတကာက ဘယ်လောက်ပဲ ချီးမွမ်းချီးမွမ်း၊ ဘယ်လောက်ပဲ ဂုဏ်ပြုဂုဏ်ပြု အာဏာရှင်တွေက သူတို့အတွက် အာဏာထိပါးလာနိုင်တယ်လို့ ယူဆလာတဲ့အခါ ဒေါ်စု ကိုလည်း ချမ်းသာပေးမှာမဟုတ်။ ဒါတွေလည်း ဒေါ်စု ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါတွေကို သတိရပြီး ပြန်စဉ်းစားနိုင်ဖို့ သတိပေးရတာဖြစ်ပါတယ်။

၅။ လာပြန်ပြီ အစိုးရသစ်တဲ့။

အခုတက်လာတဲ့ အစိုးရသစ်ဆိုတာလည်း နအဖ စစ်ဗိုလ်လူထွက်တွေချည်းပါပဲ။ စစ်ဝတ်ကနေ အရပ်ဝတ်ပြောင်း စွပ်တာကလွဲလို့ ဘာမှ မထူးပါဘူး။ ဒီပုတ်ထဲက ဒီပဲပါ ဆိုသလိုပါပဲ။ ဒီလူနဲ့ ဒီမူပါပဲ။ အခုအစိုးရသစ်ရဲ့ လုပ်ရပ်တွေဟာ အရင် နအဖ စစ်ဗိုလ်တွေရဲ့လုပ်ရပ်အတိုင်းပါပဲ။ အရပ်သားအစိုးရလို့ ပြောတာဟာ လူတွေကို လှည့်စားတာပါ။ ဒါကြောင့် ဒီအစိုးရသစ်ဆိုတာလည်း အရင်ကလူဆိုး၊ သူခိုးတွေဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အကြမ်းဖက် လူဆိုးဂိုဏ်းကြီးပါပဲ။

၆။ အစိုးရသစ်ကိုယုံစားရင် အကုန်မှားလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ဒီအစိုးရသစ်ထဲမှာ ပါသူတွေအားလုံးဟာ နအဖ စစ်ဗိုလ်ထွက်တွေ နဲ့ နအဖ မွေးစားထား တဲ့၊ နအဖနဲ့ စရိုက်ဆိုးတူ၊ အကျင့်ပျက်တူ ကြံ့ဖွတ်တွေချည်းပါပဲ။

အာဏာရှင်ဆိုတာ အာဏာတည်မြဲရေးအတွက် ကတိဖျက်သူချည်းပါပဲ။ အထင်ရှားဆုံး သာဓကတွေကတော့ (၁) နဝတ စစ်အာဏာရှင်တွေကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုကြည့်ပါ။ နိုင်တဲ့ပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားပြန်မယ်လို့ ကမ္ဘာသိ ကတိပေးခဲ့ပေမယ့် တကယ်တမ်းကျတော့ အနိုင်ရပါတီကို အာဏာလွှဲမပေးတဲ့ အပြင်၊ အမတ်လောင်းတွေကိုတောင် ဖမ်းဆီးထောင်ချခဲ့တယ်။ ဒါလည်း စစ်အာဏာရှင်တွေ ကတိမတည်ဘူး ဆိုတာ ဒေါ်စု ကိုယ်တွေ့အသိပါ။

(၂) ၂၀၀၃ မေလ ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်သန်းရွှေ အစိုးရနှင့် သဘောတူညီချက်တွေ ကို အာဏာပိုင်တွေဘက်က ကတိဖျက်ခဲ့တယ်လို့ ဒေါ်စု က ပြောကြောင်း ၂၉-၄-၂၀၁၁ ထုတ် RFA အင်တာနက် သတင်းမှာ တွေ့ရပါတယ်။ အဲ့ဒီဖျက်တဲ့ ကတိတွေက

၁။ ဒီပဲယင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန် (ဒီနေ့ထိ စုံစမ်းစစ်ဆေးခြင်းမရှိပါ။)

၂။ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ လျော်ကြေးပေးရန် (ဒီနေ့အထိ လျော်ကြေးမပေးပါ။)

၃။ နောင်အခါ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့ နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်ရန် (ဒီနေ့အထိ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိပါ။

၎။ ဒီပဲယင်းနှင့် ပတ်သက်လို့ အဖမ်းခံရသူတွေအားလုံးကို ပြန်လွှတ်ပေးရန် တို့ ဖြစ်ပါတယ်။ (မည်သူတွေကျန်မှန်း အတိအကျမသိရသေးပါ။)

ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီစစ်အာဏာရှင်တွေဟာ ပေးပြီးကတိတွေကို မတည်ဘူးဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်နေရသလို အရင်ကလည်း ကတိမတည် နောင်လည်း ကတိတည်မှာ မဟုတ်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်။

ဒါကြောင့် ကတိမတည်တဲ့ စစ်အာဏာတွေကြီးစိုးနေချိန်မှာ ဒေါ်စု အနေနဲ့ ရန်ကုန်ကလွဲရင် ဘယ်ကိုမှမသွားသင့်ပါ။ သွားရင် အရင်ထက်ပိုဆိုးမှာ စိုးရိမ်လို့ပါ။ ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင်တွေဟာ သူတို့ကိုယ်တိုင် ပြဋ္ဌာန်းတဲ့ ဥပဒေကို သူတို့ကိုယ်တိုင် လေးစားလိုက်နာခြင်း မရှိပါ။

အစိုးရဆိုတာ မိမိတိုင်းပြည်အတွင်းရှိ ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက် ရမယ့် တာဝန်ရှိပါလျက်နဲ့ တာဝန်ယူပြီးကာကွယ်စောင့်ရှောက်ခြင်း မရှိသည့်အပြင်၊ သူတို့ကပဲ ပြည်သူတွေကို တရားမဲ့ မင်းမဲ့စရိုက်တို့ဖြင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ပစ္စည်းယူလူသတ်ခြင်း စတဲ့ မကောင်းမှု ဒုစရိုက်တွေကို အမြဲတမ်း လိုလို ကျူးလွန်နေတာ တွေ့ရပါတယ်။

ဒါကြောင့် ဒီစစ်ဗိုလ်ထွက် အစိုးရသစ်က တာဝန်ယူတယ်ပြောလည်း မယုံပါနဲ့။ သူတို့တွေဟာ ဘယ်တော့မှ ကတိတည်သူတွေ မဟုတ်ပါ။

ဒီတခါ ဒေါ်စု ခရီးထွက်ရင် အရင် ၂၀၀၃ မေလတုန်းကလို လူရမ်းကား ၄၀၀၀၊ ၅၀၀၀ နဲ့ လုပ်ကြံမှာ မဟုတ်တော့ ဘူး။ လူ ၄ ယောက်၊ သေနတ် ၄ လက် နဲ့ အပြတ်ရှင်းပါလိမ့်မယ်။ အစိုးရသစ်ဆီမှာ အသံတိတ်သေနတ်တွေ၊ လေ့ကျင့်ပြီး သား လက်ဖြောင့် တပ်သားတွေ ရှိနေတယ်ဆိုတာလည်း ထည့်တွက်ဖို့လိုပါတယ်။ သူတို့ကို လျော့မတွက်စေချင်ဘူး။ အကယ်၍ လက်ဖြောင့် တပ်သားတွေ လက်ချက်နဲ့ ဒေါ်စု အသက်ထွက် သွားတာနဲ့ ပြည်သူလူထုအားလုံး မျှော်လင့်နေတဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းပျက်ပြားသွားမှာဖြစ်တယ်။ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

၇။ ဒု သမ္မတ တင်အောင်မြင့်ဦး ရဲ့ သဘောထား။

နိုင်ငံတကာ အဖွဲ့စည်း ကြီးငယ်တွေ၊ တက္ကသိုလ် ကောလိပ်တွေ၊ ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည် ကို အမျိုးသားခေါင်းဆောင်ကောင်း တစ်ဦးအနေနဲ့ လေးလေးစားစား ပြောဆိုဂုဏ်ပြု ချီးကျူးနေချိန်မှာ အစိုးရသစ် ဒု သမ္မတ တင်အောင်မြင့်ဦး က ဒေါ်စုကို သာမန်အရပ်သား တစ်ယောက်လို သဘောထားတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မတ်ကိန်း နဲ့ တွေ့ချိန်မှာ ပြောတာကိုတွေ့ရပါတယ်။ ( မြန်မာ့အလင်းသတင်းစာ၊ ယနေ့မြန်မာ ၃-ဇွန်လ-၂၀၁၁)

ဒါကိုကြည့်ခြင်းအားဖြင့် အရင် နအဖ စစ်ခေါင်းဆောင်တွေအတိုင်း ဒေါ်အောင်ဆန်းစုကြည် ကို အမျိုးသားခေါင်းဆောင် တစ်ဦးအဖြစ် သဘောမထားတာ တွေ့ရပါတယ်။ တနည်းအားဖြင့် ဒေါ်စု ကို အရပ်သား တစ်ယောက်အနေနဲ့ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ သဘောဆောင်နေတာ တွေ့ရပါတယ်။

၈။ ဒေါ်စု မှ တပါး အခြားမရှိ။

ဒေါ်အောင်ဆန်းစုကြည် ကို အောက်ပါ ဂုဏ်ပုဒ်များကြောင့် ပြည်သူတစ်ရပ်လုံးက ယုံကြည်အားကိုးကြခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ

(၁) ခေတ်ပညာတတ် တစ်ယောက်ဖြစ်သလို၊ မှန်ကန်စွာ တွေးခေါ်မျှော်မြင်တတ်သူ၊ ဇဝန ဉာဏ်ရွှင်သူ

(၂) ရိုးသားဖြောင့်မတ်ပြီး သူတစ်ပါးအပေါ် သနားကြင်နာစိတ်ရှိသူ

(၃) မကြောက်မရွံ့ နောက်မတွန့်သော ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး လုံ့လဝီရိယ ရှိသူ

(၄) ခိုင်မာသော ယုံကြည်ချက်အခြေခံကို မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သူ

(၅) နိုင်ငံနဲ့ လူမျိုးကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်ဖို့၊ စည်းစိမ်ဥစ္စာစွန့်ဖို့၊ မိသားစုကို စွန့်ဖို့၊ နောက်ဆုံး အသက်စွန့်ဖို့ ဝန်လေးသူမဟုတ်ပါ။ (အားလုံးကိုစွန့်ပြီးဖြစ်)

(၆) ပြဿနာအရပ်ရပ်ကို အကြမ်းမဖက် ငြိမ်းချမ်းသော နည်းဖြင့် စိတ်ရှည်သည်းခံ၍ တွေ့ဆုံဆွေးနွေးလိုသူ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူနဲ့မှ နိုင်းယှဉ်လို့မရတဲ့ ဒေါ်စု ရဲ့ ထူးခြား စံယူလောက်တဲ့ ဂုဏ်ပုဒ်များကြောင့် တိုင်းရင်းသား လူမျိုးစုများအပါအဝင် တိုင်းသူပြည်သားအားလုံးက (လူဆိုး၊ သူခိုး၊ လူယုတ်မာများပါဝင် ဖွဲ့စည်းထားတဲ့ အကြမ်းဖက် လက်နက်ကိုင်အရပ်ဝတ် အစိုးရ မပါ) ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဦးဆောင်မှုကို ယုံကြည်အားကိုးကြခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်စု လိုထူးချွန် ထက်မြက်တဲ့ ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံတွင် ထပ်မံထွန်းကားနိုင်ဖွယ်ရာမရှိသလို အစားထိုးစရာလည်းမရှိပါ။

ထိုထိုသော ထူးချွန်ထက်မြက်ပြီး စံယူလောက်တဲ့ အရည်အချင်းနဲ့ ဂုဏ်ပုဒ်များကြောင့် ဆုံးရှုံးနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများ ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်သည်မှာ ဒေါ်အောင်ဆန်းစုကြည် မှတပါးအခြားမရှိပါ။

၉။ နောင်တ နောက်မှမရစေလို။

နအဖ စစ်အစိုးရဟာ ပြည်သူ့အကျိုးထက် သူတို့အကျိုးကိုသာ ဦးစားပေးတယ်ဆိုတာ တစ်ကမ္ဘာလုံးအသိပါ။ သယံဇာတ အလွန်ကြွယ်ဝတဲ့ နိုင်ငံဟာ နှစ် ၂၀ ကျော်လာပေမယ့်လည်း ကမ္ဘာ့အဆင်းရဲဆုံး စာရင်းက မလွတ်ကင်းတဲ့ အပြင် ပိုမိုဆင်းရဲလာတာကိုကြည့်ရင် စစ်အစိုးရရဲ့ အာဏာပိုင်တွေ အကျိုးကိုသာ ကြည့်တတ်တာ ထင်ရှားပါတယ်။

အလားတူ အရပ်ဝတ် စစ်အစိုးရသစ်ဟာလည်း ဒီပုတ်ထဲက ဒီပဲ အတိုင်းပါပဲ။ သူတို့အာဏာထိပါး လာနိုင်မယ်လို့ ထင်သူတိုင်းကို အနှေးနဲ့အမြန် အပြတ်ရှင်းလေ့ရှိတာကြောင့် ဒေါ်စု အနေနဲ့ အပြတ်ရှင်းတဲ့ စာရင်းထဲ နောက်ထပ်မပါစေ လိုပါ။ နောင်မှ နောင်တရတာမျိုးမဖြစ်စေလို၍ ကြိုတင်သတိပေးရခြင်းပါ။

အရပ်ဝတ် စစ်အစိုးရသစ်ဟာ နအဖ ပုတ်ထဲကပဲဖြစ်လို့ ကတိတည်တဲ့ အစိုးရ မဟုတ်လို့ သူတို့ပြောတိုင်း မယုံကြည်ကြပါနဲ့။

ဒေါ်အောင်ဆန်းစုကြည် တယောက် ဆုံးရှုံးခြင်းဟာ သန်းပေါင်း(၆၀)သော ပြည်သူတရပ်လုံး ဆုံးရှုံးခြင်းဖြစ်၍ ဒေါ်စု လို ပုဂ္ဂိုလ်မျိုးကို အဆုံးရှုံးမခံသင့်ပါ။

၁၀။ ပြည်သူက ဒေါ်စု ကို ချစ်ခင်ယုံကြည်လေးစားဆဲ၊ အားကိုးဆဲ။

ဒေါ်စု ရဲ့ စွမ်းရည်ကို သိထားကြတဲ့ ပြည်သူတစ်ရပ်လုံးက (ထိပ်ပိုင်းစစ်အဏာရှင်ကလွဲလို့) ဒေါ်စု အပေါ် ချစ်ခင်ယုံကြည်လေးစားမှု၊ ကြည်ညိုအားကိုးမှု လျော့နည်းမသွားပါ။ အခြေအနေအရပ်ရပ်ကို သဘောပေါက်ပြီးသားပါ။ နားလည်မှုပေးပြီးသားပါ။ ဒေါ်စု နောက်မှာပြည်သူတွေ အမြဲရှိနေတယ်ဆိုတာကို လူကြီးများယုံကြည်ပါ၊ စိတ်ချပါ။

နေအိမ်အကျယ်ချုပ်လွတ်ခါစ ဒေါ်စု ပြောခဲ့တဲ့ "ပြည်သူများရဲ့စကားကို အရင်နားထောင်ပါမယ်။" ဆိုတဲ့ စကားကို ပြန်သတိရပါ။ ဒေါ်စု အတွက် အသက်အန္တရာယ်ရှိနိုင်မှန်းသိလို့ မြန်မာရော ကမ္ဘာကပါ လောလောဆယ်ခရီးမထွက်စေချင် ကြပါ။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို ချစ်ခင်ကြည်ညို လေးစားယုံကြည်အားကိုးကြသော ပြည်သူလူထုရဲ့ စေတနာနဲ့ ဆန္ဒကို လေးစားသောအားဖြင့်၊ တုံ့ပြန်သောအားဖြင့် နယ်ခရီးထွက်မယ့် အစီအစဉ်ကို အခြေအနေကောင်းလာ ချိန်အထိ စောင့်ဆိုင်းဖို့ မေတ္တာရပ်ခံအပ်ပါကြောင်း ။ ။

ရွှေပြည်စိုး

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment