Monday, 20 June 2011

[လွပ်လပ်ခြင်း] မေမေ့ မွေးနေ့မှာ အမင်္ဂလာ စကားတွေ...

မေမေ့ မွေးနေ့မှာ အမင်္ဂလာ စကားတွေ မပြောချင်ပေမယ့်... မြန်မာပြည်မြောက်ဖျားက ကျွန်တော်တို့ ညီအကိုတွေ စစ်ဘေးဒဏ် ခံနေရပြီ ဆိုတာ. . .ပြောပါရစေ. . . သူတို့တွေ အိုးအိမ်တွေ ပျက်စီး                ဘ၀တွေ ပျက်စီး                အသက်တွေလည်း ပျက်စီး နေကုန်ကြပြီ တဲ့။   မေမေရေ.. ကျွန်တော်တို့   နာ မှာ မစိုးရိမ်ပါနဲ့..။   ကျွန်တော်တို့ ရင်ထဲနာ                   စိတ်ထဲနာ                 အသည်းတွေနာ ခဲ့ရတာ ကြာလှပေါ့ ။   နာကျင်မှုတွေ နဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းထဲ လူဖြစ်နေရတာထက် နာ စရာ မရှိတော့ပါဘူး မေမေ ။   မေမေရေ.. ကျွန်တော်တို့ နာ မှာ မစိုးရိမ်ပါနဲ့ . . ။   မေမေ့ရင်ခွင်ထဲ ထွေးထားရုံသက်သက်နဲ့တော့ ကျွန်တော်တို့ ကလေးတွေ ပြန်မဖြစ်သွားနိုင်တော့ဘူး၊ ကစားကွင်းဆိုတာလည်း မရှိ စာသင်ကျောင်းဆိုတာလည်း ကင်းမဲ့ ကောင်းကင်ပြာ လည်း မထွန်းလင်းတဲ့ နေရာမှာ ရယ်မော ပျော်ရွှင်နေတဲ့ ကလေးတွေ ဆိုတာ ဘယ်လို ရှိ နိုင်တော့မှာလဲ..။   မေမေရေ. . . ကျွန်တော်တို့  နာ မှာ မစိုးရိမ်ပါနဲ့ . . ။   မေမေ့သားသမီးတွေ အတွက် မေမေဟာစိတ်ပူ သိန်းစွန်ရဲတွေမကြာခဏ၊ အသုတ်ခံ ရ လို့ ကြောင့်ကြစိတ်နဲ့ အုပ်စီး၊ ကြက်သားအုပ်မကြီးလို ကာကွယ်ပေးနေတာ သားတို့သိပါတယ်.. ဒါပေမယ့် မေမေ.. မေမေ့သားသမီးတချို့   ဟောဟိုက နံရံလေးဘက်တွေနောက်မှာ ရှိနေသေးတယ်၊ မေမေ့သားသမီးတချို့   နယ်စပ်ကတောကြီးမျက်မည်း ကျည်ဆံတွေအောက်မှာ ပြေးလွှားရှင်သန်လို့။ နောက် မေမေက မမြင်ဖူးပေမယ့် မေမေ့ကို ရည်စူး အားကိုးမျှော်လင့်နေကြတဲ့ မေမေ့မြေးတွေ.. သူစိမ်းတရံစာတွေတောထဲ မွေးဖွား ရှင်သန် ကြီးပြင်း လာလိုက်တာ ၂၀ ၀န်းကျင် လူပျိုကြီးအပျိုကြီးဖါးဖါးတွေကို ဖြစ်လို့ မြန်မာနိုင်ငံသား မဟုတ်တဲ့ မြန်မာကလေးတွေလေ.. ဒုက္ခသည်စခန်းတွေက တဆင့် တတိယမြေ ကိုရောက် .. ဒုက္ခသည်အမည်ပေါက်နဲ့ ..လုပ်ကိုင်စားသောက်နေကြရင်း အိမ်ပြန်ချင်နေကြတဲ့သူတွေ.. သူတို့တွေ အားလုံး နာကျင်နေကြပါတယ် . . . သူတို့တွေ အားလုံး မှာ နာကျင် စရာ မရှိတော့ပါဘူး . . .။   မေမေရေ. . . ကျွန်တော်တို့    နာ မှာ မစိုးရိမ်ပါနဲ့ . ။   မေမေ.. ကျွန်တော်တို့  မေမေ့ကိုချစ်ပါတယ်။ မေမေ.. မေမေဟာ ကျွန်တော်တို့ရဲ့ကောင်းကင်               ကျွန်တော်တို့ရဲ့နေ               ကျွန်တော်တို့ရဲ့လ ကျွန်တော်တို့ ဘ၀တွေ လွတ်မြောက်ဖို့  တခုတည်းသော အားကိုရာ..စကြာဝဠာ၊   မေမေ့ အသက် ၆၆ နှစ် နောက် ၄ နှစ်ဆို ၇၀ နောင် ဘယ်နှနှစ်ထိ ကျွန်တော်တို့ကို ရင်ငွေ့ပေးနိုင်မလဲ . . .။   ထမ်းပိုးတွေအောက်က ကျွန်တော်တို့ ဘ၀တွေ.. လွတ်မြောက်ချင်ပါရဲ့. . . ကျွန်တော်တို့ .. . ကျွန်တော်တို့ . . .နာကျင်လှပြီ မေမေ. .။   မေမေရေ. . . ကျွန်တော်တို့  နာ မှာ မစိုးရိမ်ပါနဲ့. . .။   မေမေရေ.. ကျွန်တော်တို့ နာကျင် မှာကို  မစိုးရိမ်ပါနဲ့ . . .။   ကျွန်တော်တို့တွေ ရင်ထဲနာ                         စိတ်ထဲနာ                        အသည်းတွေနာ ခဲ့ရတာ ကြာလှပေါ့ . . .။           နာကျင်မှုတွေ နဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းထဲ လူဖြစ်နေရတာထက် နာ စရာ မရှိတော့ပါဘူး မေမေ ။          ။     ချိုတူးဇော်
De Nay 20 June 18:37

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment