Sunday, 19 June 2011

[လွပ်လပ်ခြင်း] အမေရေ….

အမေရေ…. နေရောင်မ၀င် လရောင်မလင်း မှောင်မိုက်အခန်းကျဉ်းလေးရဲ.အကြား အမေ.သတင်းများ ဝင်ရောက်လာတော. ကျနော်လေ… မျက်ရည်များတောင် ဝဲမိပါရဲ. ။ ။  မဲမှောင်မှုန်ကုပ်လို.နေတဲ. အလျားရှည်ရှည် အနံမျောမျော ကျောတစ်ခင်းစာ နေရာကလေးမှာ ကျနော်ဟာ ဒီနေ့ကို စောင့်မျှော်တမ်းတ နေခဲ့တာပါ။ ။  နေရောင်ခြည်ကိုမရ လအလင်းကမဖြာ ကျနော်မရှုရှိုက်ရလည်း ရှိပါစေ… ပြည်သူတွေအတွက် အလင်းရောင် ပြည်သူတွေအတွက် မီးရှုးတန်ဆောင် ဟိုး … အမှောင်တိုက်တွေကို ဆုပ်ဖြဲလို့ ထွန်းပနေလိုက်ပုံများ ကျနော်.အခန်းလေးထဲကြား ဖြာလင်းသွားလေသလား….။ ။  ဇေယျာသော် (ကော့သောင်းအကျဉ်းထောင်တွင်း၌ ရေးဖွဲ.ပါသည်)
De Nay 19 June 20:11
အမေရေ….
နေရောင်မ၀င် လရောင်မလင်း
မှောင်မိုက်အခန်းကျဉ်းလေးရဲ.အကြား
အမေ.သတင်းများ ဝင်ရောက်လာတော.
ကျနော်လေ…
မျက်ရည်များတောင် ဝဲမိပါရဲ. ။ ။

မဲမှောင်မှုန်ကုပ်လို.နေတဲ.
အလျားရှည်ရှည် အနံမျောမျော
ကျောတစ်ခင်းစာ နေရာကလေးမှာ
ကျနော်ဟာ
ဒီနေ့ကို စောင့်မျှော်တမ်းတ နေခဲ့တာပါ။ ။

နေရောင်ခြည်ကိုမရ လအလင်းကမဖြာ
ကျနော်မရှုရှိုက်ရလည်း ရှိပါစေ…
ပြည်သူတွေအတွက် အလင်းရောင်
ပြည်သူတွေအတွက် မီးရှုးတန်ဆောင်
ဟိုး … အမှောင်တိုက်တွေကို ဆုပ်ဖြဲလို့
ထွန်းပနေလိုက်ပုံများ
ကျနော်.အခန်းလေးထဲကြား
ဖြာလင်းသွားလေသလား….။ ။

ဇေယျာသော်
(ကော့သောင်းအကျဉ်းထောင်တွင်း၌ ရေးဖွဲ.ပါသည်)

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment