Monday, 27 June 2011

[လွပ်လပ်ခြင်း] လက်နက်ခဲယမ်းနှင့် စစ်သားများ ရောက်လာသဖြင့်...

Facebook
လက်နက်ခဲယမ်းနှင့် စစ်သားများ ရောက်လာသဖြင့် မြစ်ကြီးနားလူထု စိုးရိမ် Published on June 27, 2011 by ဒီဗွီဘီ  အခုလ ၂၅-၂၆ ရက်နေ့တွေမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားကို စစ်လက်နက် ခဲယမ်းတွေနဲ့ စစ်သားတွေ ရောက်ရှိလာလို့ မကြာခင် စစ်ဖြစ်ပွားတော့မယ်ဆိုပြီး ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။ မီးရထားဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ မြစ်ကြီးနားမြို့ခံတဦးက
De Nay 27 June 19:09
လက်နက်ခဲယမ်းနှင့် စစ်သားများ ရောက်လာသဖြင့် မြစ်ကြီးနားလူထု စိုးရိမ်
Published on June 27, 2011 by ဒီဗွီဘီ

အခုလ ၂၅-၂၆ ရက်နေ့တွေမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားကို စစ်လက်နက် ခဲယမ်းတွေနဲ့ စစ်သားတွေ ရောက်ရှိလာလို့ မကြာခင် စစ်ဖြစ်ပွားတော့မယ်ဆိုပြီး ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။
မီးရထားဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ မြစ်ကြီးနားမြို့ခံတဦးက "တနေ့ညက က...ုန်ရထားတစီးဝင်တယ်။ အဲဒီကုန်ရထားပေါ်မှာ ညချည်းချတာ အကုန်လုံး လက်နက်တွေပဲ၊ လက်နက်ကြီးကျည်ဆန်နဲ့ လက်နက်ငယ်တွေ ဖြစ်နေတယ်တဲ့။ ရထားလုပ်ငန်းမှာ လုပ်နေသူတွေ သူတို့ကိုယ်တိုင် ကုန်တင်ကုန်ချ လုပ်ပေးရတာ။ သံသေတ္တာပါတယ်၊ သေတ္တာကြမ်းနဲ့ ရိုက်ထားတဲ့ သေတ္တာတွေပါတယ်။ အကုန်လုံး ထမ်းနိုင်တဲ့ ဟာတွေပဲ။ ပြီးတော့ မနေ့ညကလည်း ရထားနဲ့ ရောက်ခဲ့တယ်လေ။ ရဲဘော်တွေ၊ စစ်သားတွေချည်းပဲ" လို့ ပြောပါတယ်။

စစ်လက်နက်ပစ္စည်းတွေကိုတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်ကို သယ်ယူသွားပြီး အခုရောက်ရှိလာတဲ့ တပ်တွေကတော့ ဘယ်ကဆိုတာ မသိရသေးကြောင်း မြစ်ကြီးနားမြို့ခံက ပြောပါတယ်။

မကြာသေးမီက ယခင် ဆက်သွယ်ရေး၊ စာတိုက်၊ ကြေးနန်ဝန်ကြီးဟောင်း ဦးသိန်းဇော်က ကချင်အတိုင်ပင်ခံကောင်စီမှတဆင့် မြန်မာစစ်တပ်နဲ့ တိုက်ပွဲ ပြန်ဖြစ်နေတဲ့ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)ကို အပစ်ရပ်ကမ်းလှမ်းခဲ့ပြီး အခုလို စစ်လက်နက်တွေနဲ့ စစ်သားတွေ ရောက်ရှိလာတာမို့ ဒေသခံလူထုတွေ စိုးရိမ်မှုတွေ ရှိလာနေတယ်လို့ အဆိုပါ မြို့ခံက ပြောပါတယ်။

"သူတို့က ငြိမ်းချမ်းရေးကမ်းလှမ်းနေတဲ့အချိန်မှာ ဒီလိုမျိုး တပ်က တိုးချဲ့ ပို့လာတဲ့ခါကျတော့ ဒေသခံလူထုတွေက စိုးရိမ်နေတာပေါ့။ တချို့လည်း အိမ်မွေး တိရစ္ဆာန်တွေ ရောင်းသင့်တဲ့ဟာ ရောင်း၊ ရိက္ခာတွေ စုစုဆောင်းဆောင်းနဲ့ ဟိုဝှက် ဒီဝှက် လုပ်နေကြတယ်။ မြစ်ကြီးမြို့မှာ တိုက်ပွဲတွေ ဖြစ်လာတော့မယ်၊ မြို့ပေါ်မှာ ပေါက်ကွဲမှုတွေ ရှိလာတော့မယ်၊ အမြောက်ကျည်ဆန်တွေ ကျလာမယ် ဘာညာပေါ့၊ အဲဒါ တထိန်တလန့် ဖြစ်နေတာ။ ဗန်းမော်လမ်းပေါ်ကလူတွေ ဒီဘက်ပြေးလာတာ ဇီးလွန်ဘုရားကျောင်းမှာ လူအယောက် ၁ဝဝ ကျော်၊ ၂ဝဝ လောက် ရှိသွားပြီ။"

ကေအိုင်အိုအဖွဲ့နဲ့ မြန်မာစစ်တပ်တို့ အပစ်ရပ်ခဲ့တဲ့ ၁၇ နှစ်တာကာလမှာ သေနတ်သံ၊ မိုင်းဗုံးသံတွေ တိတ်ဆိတ်နေတဲ့ ကချင်ပြည်နယ်အတွင်း အခုလ ၉ ရက်နေ့ကစလို့ နေရာအသီးသီးမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေသလို ဗုံးခွဲမှုတွေလည်း မြစ်ကြီးမြို့လယ်ခေါင်အထိ ဖြစ်ပွားလာတာမို့ ဒေသခံလူထုတွေ စိုးရိမ်မှုတွေ တိုးပွားလာနေတာ ဖြစ်ပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment