Friday, 17 June 2011

[လွပ်လပ်ခြင်း] မြန်မာစစ်တပ် မှားပစ်၍ အမျိုးသမီးတစ်ဦး သေဆုံး

မြန်မာစစ်တပ် မှားပစ်၍ အမျိုးသမီးတစ်ဦး သေဆုံး Friday, 17 June 2011 23:30 သျှမ်းသံတော်ဆင့် E-mail Print  ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA နှင့်မြန်မာ စစ်တပ်တို့ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားရာကချင်ပြည် နယ် ဗန်းမော် ခရိုင် မံစီမြို့နယ်ဟန်ထက်ရွာ နှင့် ကွေ့ကြီးရွာ အကြား တံတားတစ်ခုတွင် ယမန်နေ့ည ၈ နာရီကျော်ခန့်က  မြန်မာစစ်တပ် မှလူမှားပစ်ခတ် သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးသွားပြီးအမျိုးသား တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည် ။  အဆိုပါ အပစ်ခံရသူနှစ်ဦးမှာ စာဝတီးရွာသား လင်မယားစုံတွဲနှစ်ဦးဖြစ်ပြီး ဟန်ထက်ရွာမှ အပြန်လမ်းတွင် ခမရ ၁၀၅ မှ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သေဆုံးသူနှင့်နီးစပ်သည့် ဟန်ထက်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
Justin Bawmying 17 June 18:29
မြန်မာစစ်တပ် မှားပစ်၍ အမျိုးသမီးတစ်ဦး သေဆုံး
Friday, 17 June 2011 23:30 သျှမ်းသံတော်ဆင့်
E-mail Print

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA နှင့်မြန်မာ စစ်တပ်တို့ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားရာကချင်ပြည် နယ် ဗန်းမော် ခရိုင် မံစီမြို့နယ်ဟန်ထက်ရွာ နှင့် ကွေ့ကြီးရွာ အကြား တံတားတစ်ခုတွင် ယမန်နေ့ည ၈ နာရီကျော်ခန့်က မြန်မာစစ်တပ် မှလူမှားပစ်ခတ် သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးသွားပြီးအမျိုးသား တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည် ။

အဆိုပါ အပစ်ခံရသူနှစ်ဦးမှာ စာဝတီးရွာသား လင်မယားစုံတွဲနှစ်ဦးဖြစ်ပြီး ဟန်ထက်ရွာမှ အပြန်လမ်းတွင် ခမရ ၁၀၅ မှ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သေဆုံးသူနှင့်နီးစပ်သည့် ဟန်ထက်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"သူတို့က ဟန်ထက်ကို ကျွန်းကယ်ရီသွားပို့တာ ဘာဖြစ်လို့ ဒီအချိန်ကြီး ပြန်သလဲမသိဘူး ။ အခုကာဖျူး ထုတ်ထားတာ ။ ဟန်ထက်နဲ့ ကွေ့ကြီးရွာကြား တံတားမှာ တပ်က ပစ်တာ ခမရ၁၀၅ လို့ပြောတယ် ။ မိန်းမကတော့ ပွဲချင်းပြီး သေတယ်။ ယောက်ကျားကတော့ ဒဏ်ရာရပြီး မံစီဆေးရုံကိုညတွင်းချင်းပို့ လိုက်တယ် " ဟု ပြောသည် ။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၈နှစ်အရွယ် ဒေါ်သောင်းသောင်း ဖြစ်ပြီး ခင်ပွန်းမှာဦးထွန်းအေးကျော် ဖြစ်ကြောင်း သားသမီး ၃ ဦးရှိ ကြောင်း သိရသည် ။

၄င်းနေ့ညက ဟန်ထက်ရွာအနီးရှိ မြန်မာကင်းစခန်းတစ်ကို ကေအိုင်အေတပ်က၀င်ရောက်ပစ်ခတ်ခဲ့သေး ကြောင်း သိရသည် ။

ယခုလ ၁၄ ရက်နေ့ကလည်း မံစီမြို့နယ် မိုင်းခေါင်ကျေးရွာအနီး KIA နှင့်နအဖတပ်တို့ တပ်ပွဲဖြစ်ပွားခဲ့ သေးရာ ရေကူး - မန့်ခန်ရွာသား အဖွား အိုတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေနတ်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည် ။

စစ်မက်ဖြစ်ပွားနေမှုအပေါ် စိုးရိမ်နေကြသည့် ဒေသခံများက ယခုအခါ ဆန် ၊ ဆီ ၊ ဆားများ၀ယ်ယူစုဆောင်း နေသဖြင့် မြို့ ပေါ်ဆိုင်များတွင် ရိက္ခာများ အထူး အရောင်းသွက်နေကြောင်း သိရသည် ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment