Friday, 17 June 2011

[လွပ်လပ်ခြင်း] =============== ဒါ တကယ်ဖြစ်ခဲ့တဲ့သမိုင်းတွေပါ...

=============== ဒါ တကယ်ဖြစ်ခဲ့တဲ့သမိုင်းတွေပါ ===============    တချို့  လုပ်စားပြည်ပြေးများသည် တိုင်းပြည်ကိုအိမ်နီးခြင်းမိတ်ဆွေနိုင်ငံများနှင့်စီးပွါးရေး   လုပ်ဆောင်နေသည်ကိုအပြစ်တင်နေကြသဖြင့် ၄င်းတို့ အထင်ကြီးသော နိုင်ငံကြီး ဧ။်   တစ်ချိန်ကမြန်မာပြည်အပေါ်ထားရှိသောသဘောထားများကိုတင်ပြလိုက်ပါသည် ။     -----------------------------------------------------------------------------------------  အင်္ဂလိပ်တို့ မြန်မာပြည်သို့ လာခြင်းမှာ စီးပွါးရေးလောဘနှင့်ဖြစ်သည် ။ ၁၈၇၈ ခုနှစ်  အောက်တိုဘာလ (၁၇) ရက်စွဲဖြင့်  Lord Lytton ကအတွင်းဝန် Cranbrrok ထံသို့ ရေးလိုက်   သောစာကိုကြည့်လျှင် အင်္ဂလိပ်တို့ ဧ။်စီးပွါးရေးလောဘဇောတက်နေပုံကိုတွေ့ နိုင်သည် ။   ထိုစာတွင် -- "" ငါတို့ မြန်မာပြည်ကိုစိတ်ဝင်စားခြင်းမှာ စီးပွါးရေးသာအဓိကဖြစ်သည်""   ဟူ၍ပါလေသည် ။ ထိုဦးတည်ချက်အတိုင်းအင်္ဂလိပ်တို့ သည် သီပေါမင်းကိုအထက်မြန်မာပြည်  နှင့်ကုန်သွယ်ရေးကိစ္စတွင် သူတို့ အလိုကျချယ်လှယ်နိုင်အောင်အမျိုးမျိုးချုပ်ကိုင်ခဲ့လေသည် ။   ၁၈၈၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ တွင် ဖန်ချက်ဝန်ထောက်ခေါင်းဆောင်သော မြန်မာသံအဖွဲ့    သည် အင်္ဂလိပ်တို့ နှင့်ကုန်သွယ်ရေးစာချုပ် ချုပ်ရန် ဆင်းမလားသို့ သွားရောက်လေသည် ။   သို့ ရာတွင် ယင်းစာချုပ်ကိုလက်မှတ်မရေးထိုးရခင်မြန်မာသံအဖွဲ့ ကို သီပေါမင်းကပြန်ခေါ်   လိုက်လေသည် ။ ထို့ ကြောင့်မြန်မာသံအဖွဲ့ သည် ထိုနှစ် သြဂုတ်လ ၃၁ ရက်နေ့ တွင်  ဆင်းမလားမှပြန်လာခဲ့ကြသည် ။ မြန်မာအစိုးရသည်စာချုပ်မူကြမ်း ၂ စောင်ကို မန္တလေးမှ  အင်္ဂလိပ်တို့ ထံပေးပို့ လိုက်ရာ ယင်းစာချုပ်မူကြမ်း ၂ စောင်ကို ကော်မရှင်နာမင်းကြီးသည်   ယင်းနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင်ရရှိလေသည် ။ မူကြမ်းတစ်စောင်မှာမြန်မာဘုရင်နှင့်   ဗြိတိလျှ ဘုရင်မတို့ လက်မှတ်ရေးထိုးချုပ်ဆိုရန်ဖြစ်သည် ။ အခြားတစ်စောင်မှာ မြန်မာဘုရင်   နှင့် အိန္ဒိယဘုရင်ခံချုပ်တို့ လက်မှတ်ရေးထိုးချုပ်ဆိုရန်ဖြစ်သည် ။ စာချုပ်မူကြမ်း ၂ စောင်လုံး   ကို အင်္ဂလိပ်တို့ ကလက်မခံချေ ။ ထိုကိစ္စနှင့်ပတ်သက်၍ အိန္ဒိယပြည်ကြီးဧ။်အတွင်းဝန်  Lord kimberley က Lord Ripon ထံသို့ ပေးစာတွင် --  "" ခင်ဗျားဒီစာချုပ်ကိုငြင်းပယ်   ကန့် ကွက်လိုက်လို့  ကျုပ်သဘောတူကြောင်းကြေးနန်းရိုက်ပြီးပြီ ။ ဒီအရိုင်းအစိုင်းတွေနဲ့    ရန်ဘက်ဖြစ်နေတာ ကျုပ်တကယ်မလိုလားပါဘူး ။ ကျုပ်စာတစောင်ရေးလိုက်မယ် ။   ကျုပ်တို့ အတွက်ကျေနပ်စရာမကောင်းတဲ့ ဒီလိုစာချုပ်မျိုး နောက်ဘယ်တော့မှ မချုပ်တော့ဘူး   ဆိုတဲ့အကြောင်းပါ ""       """ ကျုပ်တို့ ရဲ့အဆင့်အတန်း ဂုဏ်သိက္ခာနဲ့ လိုက်ဖက်တဲ့ အချက်လက်မျိုးမှတစ်ပါး   မြန်မာပြည်လို တိုင်းငယ် ပြည်ငယ် နဲ့ ဆက်ဆံရတာ ကျုပ်တို့ အဖို့ (အင်္ဂလိပ်တို့ အဖို့ )   ယဉ်ကျေးတယ် ဂုဏ်သိက္ခာရှိတယ် လို့ ကိုမထင်ဘူး """ ဟုဖော်ပြထားလေသည် ။
ကို ခိုင် 17 June 20:55
=============== ဒါ တကယ်ဖြစ်ခဲ့တဲ့သမိုင်းတွေပါ ===============

တချို့  လုပ်စားပြည်ပြေးများသည် တိုင်းပြည်ကိုအိမ်နီးခြင်းမိတ်ဆွေနိုင်ငံများနှင့်စီးပွါးရေး
လုပ်ဆောင်နေသည်ကိုအပြစ်တင်နေကြသဖြင့် ၄င်းတို့ အထင်ကြီးသော နိုင်ငံကြီး ဧ။်
တစ်ချိန်ကမြန်မာပြည်အပေါ်ထားရှိသောသဘောထားများကိုတင်ပြလိုက်ပါသည် ။

-----------------------------------------------------------------------------------------

အင်္ဂလိပ်တို့ မြန်မာပြည်သို့ လာခြင်းမှာ စီးပွါးရေးလောဘနှင့်ဖြစ်သည် ။ ၁၈၇၈ ခုနှစ်
အောက်တိုဘာလ (၁၇) ရက်စွဲဖြင့် Lord Lytton ကအတွင်းဝန် Cranbrrok ထံသို့ ရေးလိုက်
သောစာကိုကြည့်လျှင် အင်္ဂလိပ်တို့ ဧ။်စီးပွါးရေးလောဘဇောတက်နေပုံကိုတွေ့ နိုင်သည် ။
ထိုစာတွင် -- "" ငါတို့ မြန်မာပြည်ကိုစိတ်ဝင်စားခြင်းမှာ စီးပွါးရေးသာအဓိကဖြစ်သည်""
ဟူ၍ပါလေသည် ။ ထိုဦးတည်ချက်အတိုင်းအင်္ဂလိပ်တို့ သည် သီပေါမင်းကိုအထက်မြန်မာပြည်
နှင့်ကုန်သွယ်ရေးကိစ္စတွင် သူတို့ အလိုကျချယ်လှယ်နိုင်အောင်အမျိုးမျိုးချုပ်ကိုင်ခဲ့လေသည် ။

၁၈၈၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ တွင် ဖန်ချက်ဝန်ထောက်ခေါင်းဆောင်သော မြန်မာသံအဖွဲ့ 
သည် အင်္ဂလိပ်တို့ နှင့်ကုန်သွယ်ရေးစာချုပ် ချုပ်ရန် ဆင်းမလားသို့ သွားရောက်လေသည် ။
သို့ ရာတွင် ယင်းစာချုပ်ကိုလက်မှတ်မရေးထိုးရခင်မြန်မာသံအဖွဲ့ ကို သီပေါမင်းကပြန်ခေါ်
လိုက်လေသည် ။ ထို့ ကြောင့်မြန်မာသံအဖွဲ့ သည် ထိုနှစ် သြဂုတ်လ ၃၁ ရက်နေ့ တွင်
ဆင်းမလားမှပြန်လာခဲ့ကြသည် ။ မြန်မာအစိုးရသည်စာချုပ်မူကြမ်း ၂ စောင်ကို မန္တလေးမှ
အင်္ဂလိပ်တို့ ထံပေးပို့ လိုက်ရာ ယင်းစာချုပ်မူကြမ်း ၂ စောင်ကို ကော်မရှင်နာမင်းကြီးသည်
ယင်းနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင်ရရှိလေသည် ။ မူကြမ်းတစ်စောင်မှာမြန်မာဘုရင်နှင့်
ဗြိတိလျှ ဘုရင်မတို့ လက်မှတ်ရေးထိုးချုပ်ဆိုရန်ဖြစ်သည် ။ အခြားတစ်စောင်မှာ မြန်မာဘုရင်
နှင့် အိန္ဒိယဘုရင်ခံချုပ်တို့ လက်မှတ်ရေးထိုးချုပ်ဆိုရန်ဖြစ်သည် ။ စာချုပ်မူကြမ်း ၂ စောင်လုံး
ကို အင်္ဂလိပ်တို့ ကလက်မခံချေ ။ ထိုကိစ္စနှင့်ပတ်သက်၍ အိန္ဒိယပြည်ကြီးဧ။်အတွင်းဝန်
Lord kimberley က Lord Ripon ထံသို့ ပေးစာတွင် -- "" ခင်ဗျားဒီစာချုပ်ကိုငြင်းပယ်
ကန့် ကွက်လိုက်လို့  ကျုပ်သဘောတူကြောင်းကြေးနန်းရိုက်ပြီးပြီ ။ ဒီအရိုင်းအစိုင်းတွေနဲ့ 
ရန်ဘက်ဖြစ်နေတာ ကျုပ်တကယ်မလိုလားပါဘူး ။ ကျုပ်စာတစောင်ရေးလိုက်မယ် ။
ကျုပ်တို့ အတွက်ကျေနပ်စရာမကောင်းတဲ့ ဒီလိုစာချုပ်မျိုး နောက်ဘယ်တော့မှ မချုပ်တော့ဘူး
ဆိုတဲ့အကြောင်းပါ ""

""" ကျုပ်တို့ ရဲ့အဆင့်အတန်း ဂုဏ်သိက္ခာနဲ့ လိုက်ဖက်တဲ့ အချက်လက်မျိုးမှတစ်ပါး
မြန်မာပြည်လို တိုင်းငယ် ပြည်ငယ် နဲ့ ဆက်ဆံရတာ ကျုပ်တို့ အဖို့ (အင်္ဂလိပ်တို့ အဖို့ )
ယဉ်ကျေးတယ် ဂုဏ်သိက္ခာရှိတယ် လို့ ကိုမထင်ဘူး """ ဟုဖော်ပြထားလေသည် ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment