Friday, 24 June 2011

[Freedom Burma] New doc: စီမံချက်=ခွင့်ရက်ရှည် ????

created the doc: "စီမံချက်=ခွင့်ရက်ရှည် ????"
Min Thura created the doc: "စီမံချက်=ခွင့်ရက်ရှည် ????"

စီမံချက်…………..

ကျုပ်တို့မြန်မာတွေအတွက်ရင်းနှီးနေတဲ့စကားလုံးလေးပါ။ ကျူပ်တို့မြန်မာတွေရဲ့စိတ်ထဲမှာလဲ စီမံချက်လို့ကြား လိုက်ရင် ခွင့်ရက်ရှည်ရသွားတဲ့ ၀န်ထမ်းတယောက်လို ခံစားနေကြတာကလား။ ခွင့်ရက်ကုန်ရင် လုပ်ငန်းခွင် ပြန်ဝင်မယ်ဆိုတဲ့ပုံစံနဲ့ အေးအေးသက်သာပါပဲဗျာ။ ပိုက်ဆံလက်ထဲစုမိဆောင်းမိရှိတဲ့လူက အပန်းဖြေကမ်းခြေ တောင်သွားလိုက်သေးဗျ။ ပိုက်ဆံမစုမိတဲ့လူကတော့ နဲနဲလေးဗျာများသပေါ့ဗျာ။

 

မင်းကလဲခြေဆင်းတွေရှည်လျားလိုက်တာလို့မတွေးပါနဲ့အုံး။ ပြောချင်တာက စီမံချက်လို့ကြားရင် မြန်မာပြည်သူ တွေခံစားရတဲ့စိတ်လေးကို အရင်သိစေချင်လို့ပါ။ အားလုံးလဲကြားမယ်ထင်ပါတယ်။ အနှိပ်ခန်း ပပျောက်ရေး စီမံချက်။ ချဲ နှစ်လုံး ပပျောက်ရေးစီမံချက်။ လမ်းဘေးဈေးသည်ပပျောက်ရေး စီမံချက်။ ကျောင်းအပ်လက်ခံ ငွေမကောက်ခံရေးစီမံချက်။ ဘာစီမံချက် ညာစီမံချက်…။ ကြားရတာတွေများနေပြီဗျာ။

 

အစိုးရသစ်ဆိုတော့လဲ သူရို့ လုပ်ဆောင်ချက်လေးတွေပြချင်ထင်ပါရဲ့ဗျာ။ ဟုတ်တာပေါ့။ အသစ်ဆိုတဲ့အဖွဲ့မျိုး ကတတ်ကြွ ကြတာကလား။ ဘယ်နေမလဲ လုပ်ဆောင်ချက်တွေ ပြီးမြောက်သွား ရန်ကုန်မှာများ အနှိပ်ခန်းဆို တာမရှိ။ ချဲ နှစ်လုံး ဆိုတာမရှိဖြစ်ရောပါကလားဗျာတို့ရဲ့။ အံမယ် ချဲဒိုင်တွေက ဘာပြောမှတ်သတုန်းဗျ။ အကိုတို့ အမတို့ ထိုးချင်ရင် ခဏတော့သည်းခံနော် လောလောဆယ်စီမံချက်ကာလလေးမလို့တဲ့။ ဟော ဦးရဲကြီး တို့ ဒန လို့ခေါ်တဲ့ ဒုစရိုက်နှိမ်နင်းရေး တို့က ဘာပြောတယ်မှတ်လဲ။ ဒိုင်တွေကိုလေဗျာ။ အကိုတို့ ခဏတော့ရပ်ထားပေးပါတဲ့။ စီမံချက်ကာလလေးမလို့ပါတဲ့။ ကဲကောင်းရော။

 

စီမံချက်ဆိုတာလေးတွေကို အကောင်အထည်ဖော်ကြတဲ့ လူကြီးမင်းများကို ကျုပ်ဖြင့်အကြံလေးများပေလို့ ရရင် ပေးလိုက်ချင်ပါရဲ့။ လောလောဆယ် စီမံချက်ဆိုတဲ့ စကားလုံးလေးကိုမသုံးဘဲ တခြားစကားလုံးလေးကို အရင် ရွေးချယ်သုံးကြပါလို့။ မဟုတ်ဘူးလားဗျာ။ လူတိုင်းစိတ်ထဲမှာ ဒီစကားလုံးကို ခွင့်ရက်ရှည်လိုသဘောထားနေ သရွေ့ လူကြီးမင်းတို့ စီမံချက်တွေအောင်မြင်မှာ မဟုတ်ပါဘူးခင်ဗျာ ရယ်လို့။

 

လောလောဆယ် အကောင်အထည်ဖော်နေတဲ့ စီမံချက်တွေမကောင်းဘူးလားပြောရင် ကောင်းပါတယ်ပေါ့ဗျာ။ ငွေဖြစ်လွယ်

လူကိုအကျင့်စာရိတ္တပျက်စေတဲ့ လုပ်ငန်းတွေမဟုတ်လားဗျာတို့။ ဒီလိုလုပ်ငန်းတွေ ပပျောက်သွား တာ ကျုပ်တို့က ကြိုက်သဗျာ။ ဒါပေမယ့်ပေါ့ဗျာ။ နှစ်ပေါင်း ဆယ်ချီ အခြေကျလာတဲ့အလုပ်တခုကို ရက်ပိုင်း လောက်စီမံချက်လေးနဲ့ ပပျောက်သွားမယ်ဆိုတာတော့ဗျာ။ ကျုပ်ဖြင့်မယုံနိုင်သေးပါဘူး။

 

ပြီးတော့ပေါ့ဗျာ။ အခြေကျနေတဲ့ အလုပ်မှာ လုပ်ကိုင်စားသောက်နေကြတဲ့ မိသားစုတွေကို နဲနဲလောက်ငဲ့ညှာ သင့်တယ်လို့ရော ခင်ဗျားတို့မြင်မလားမသိဘူး။ ကျုပ်ပြောချင်တာက သူတို့တွေလုပ်တာမှန်တယ်လို့ မဆိုလို ဘူးနော်။ သူတို့ရဲ့ ကျွမ်းကျင်ရာ အလုပ်အကိုင်ကဒါနဲ့အသားကျနေပီဗျာ။ သူတို့အလုပ်အကိုင် အခွင့်အလမ်း လေးတွေဖန်တီးခွင့်ရဖို့ ပညာပေးကာလ အချိန်အပိုင်းအခြားလေးတခု အရင်ပေးပြီးရင် ဥပဒေတခုကို လွှတ်တော်မှာတင်သွင်းပြီး ဥပဒေကနေထိထိရောက်ရောက် အရေးယူရင် ပိုမကောင်းဘူးလားလို့ပါ။

 

လမ်းဘေးဈေးသည် နှစ်လုံး ဘောလုံး ချဲဒိုင်နဲ့ အနှိပ်ခန်းတွေရဲ့ နောက်မှာ မှီခိုနေတဲ့မိသားစုတွေဟာ ကျွန်တော်တို့ နိုင်ငံသားတွေဆိုတာ မမေ့အပ်ဘူးပေါ့ဗျာ။ စီမံချက်လေး အကောင်အထည်ဖော်တာနဲ့  ဟခလောင်းဆိုပြီး ပပျောက်သွားပါပြီတဲ့ဗျာ။ ဒီအပေါ်မှီခိုနေတဲ့ ဘ၀တွေကို ဘယ်လို့ စီမံပေးကြမှာလဲ။ ဒီမိုကရေစီဆိုတာ ကိုယ့်တာဝန်ကိုယ်ယူကြတာပါ။ ဒါပေမယ့်လဲပေါ့ဗျာ………………………………


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment