Sunday, 19 June 2011

[Freedom Burma] New link

Moe Ye 19 June 18:42

12/6/2011 နေ့က ဗဟန်းမြို့နယ်ယာဉ်တိုက်မှူကို ကြားရတာ စိတ်မကောင်းလွန်းလို့ပါ။ ၃ ဦးသေဆုံပြီး ၂ ဦး ပြင်းထန်စွာဒဏ်ရာရခဲ့ပေမဲ့
 ခံရတဲ့ သူတွေသေဆုံးခဲ့သူတွေအတွက် နစ်နာကြေးတွေ လျှော်ကြေးတွေမပြောပါနဲ့။ လာရောက်နှစ်သိမ့်မူ့တွေတောင်မရရှာပါဘူးဗျာ။ တိုက်ခံရတဲ့ကားကတက္ကဆီဖြစ်ပြီး ယာဉ်မောင်းတစ်ဦးနဲ့ လိုက်ပါသူခရီးသည် ၂ ဦး (စုစုပေါင်း ၃ ဦးသေဆုံး) ခဲ့ရပြီး၊
၃ ဦးဒဏ်ရာ ပြင်းထန်စွာရခဲ့ပါတယ်ဗျာ။
 
တိုက်တဲ့ကားကတော့ ၂ဂ/၂၈၂၅ TOYOTA MARK II အမျိုးအစား မောင်းသူကတော့ သက်အောင်ကို ဆိုတဲ့နာမည်ပဲသိရပြီး၊ ကျန်တာကိုတော့ ဘယ်လိုမှစုံစမ်းလို့မရတော့ပါဘူး။ သူကလမ်းမှားပြီး taxi ကိုဝင်တိုက်သွားခဲ့တာပါ။ တော်တော်လေးအရှိန်ပြင်းတယ်။ ကားငယ်ချင်း တိုက်တာတောင် 3 ယောက် သေရတဲ့အရှိန်က 120km အထက်မှာပဲရှိတယ်။ တိုက်ခံရတဲ့ taxi ကရုပ်ရှင်တွေထဲကလို လေထဲမြောက်တတ်သွားပြီးမှ ပြန်ကျလာပြီးမှောက်သွားတယ်လို့ မျက်မြင်တွေ့လိုက်တဲ့ သူတွေကပြောကျတယ်။
 
တိုက်ခံရတဲ့ taxi နဲ့အလောင်းတွေကို မရှင်းခင်မှာတိုက်တဲ့ကား MARK II ကိုလာဆွဲသွားကျတာ တော်တော်လေး ထူးဆန်းတယ်။ Taxi ခေါင်းခန်းကတစ်ဦးကတော့ ညပ်နေလို့တော်တော်နဲ့ထုတ်မရခဲ့ဘူး။ crane နှစ်စီးနဲ့ရှေ့နောက်ဆွဲပြီးမှထုတ်လိုက်ရတယ်။
 
သေဆုံးသူများမှာ လိမ္မာတဲ့ကလေးတွေဖြစ်ပြီး (၂) ဦးအနက် တစ်ဦးမှာမိခင်တစ်ယောက်ကို လုပ်ကျွးနေရတဲ့သားတစ်ဦးမို့ကြားရတာ ၀မ်းနည်းစရာပဲဗျ။ တိုက်တဲ့ကားကိုသိတယ် လူကိုလဲသိတယ် မိလည်းမိပေမဲ့ ဒါပေမဲ့ ကျန်တာတွေကို ဘယ်လိုမှစုံစမ်းလို့မရတာတော့ ထူးဆန်းနေတယ်ဗျ။ ယာဉ်ထိန်းကိုမေးတော့ အမှူ့ဖွင့်ထားပါတယ်ဆိုသလိုလို... အမှုပိတ်လိုက် သလိုလို...
 
 
သေဆုံးသူဆွေမျိုးထဲမှ သူငယ်ချင်းရဲ့ပြောပြချက်ြဖစ်ပါတယ်

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment