Monday, 20 June 2011

[Freedom Burma] New link

Parpargyi Wai 20 June 20:09
နိုင်ငံရေး ဆိုပြီး ပြောဆိုနေကြ တိုက်ခိုက်နေကြ ဘုမသိဘ မသိများ ဘာကြောင့်ရှိနေတာလဲ...???လက်ရှိ စံနမူနာပြ နိုင်ငံရေး လုပ်ဆောင်နေသည့် အသက် (၆၆) နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည် (ခေါ်) အမေစုကို အားနာကြပါ ရန်...
 
           ပြည်ထောင်စု သမ္မတနိုင်ငံတော်တွင်းမှ အင်တာနက်ပေါ်ရှိ သတင်းအရပ်ရပ်တို့အား အချိန်မှန်မှန်သိရှိနိုင်ရန်အတွက်၊ လူထုဆက်သွယ်ရေး ကဏ္ဍဖြစ်သော Media များနှင့်
          ရုရှားသို့ ပညာတော်သင် သွားရောက် သင်ကြားနေတဲ့    ဗိုလ်လောင်းများတွင်လည်း အချိန်များပိုနေ၍
အွန်လိုင်းပေါ် တက်ပြီး  မိမိသန်ရာ Q Q လုပ်သူများ နှင့် နိုင်ငံရေး ဝင်ရောက်ပြောဆိုနေသည့် သူများအပြင်.........
 
          နိုင်ငံရပ်ခြားသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံ၍ နိုင်ငံတိုက်ခိုက်မူ့ ပြုသူများ၊ နိုင်ငံရပ်ခြားသို့ ပညာသွားရောက်သင်ယူ နေစဉ်အတွင်း အသိအမြင် တိုးတက်လာမူ့အပေါ် လူ့အခွင့်အရေး ဆိုင်ရာ ရပိုင်ခွင့် တောင်းဆိုလိုလား သူများအပြင်၊ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ် နေထိုင်နေသူများမှာလည်း သိမြင်လာသည့် လူအခွင့်အရေးရပိုင်ခွင့်များအား တောင်းဆိုသူများနှင့်
         မြန်မာ ပြည်တွင်း နေထိုင်းပြီး အင်တာနက် စတင်သုံးစွဲ လာချိန်မှ နိုင်ငံရပ်ခြား သတင်းများအား ဖတ်ရှု့၍ သိမြင်လာသည့် အမြင်များဖြင့် နိုင်ငံအပေါ် ဝေဖန်တိုက်ခိုက်မူ့ ပြုသူများ စသဖြင့်.....
        လူပေါင်း မြောက်များစွာ လူမူ့ကွန်ယက် သုံးစွဲနေကြခြင်း အပေါ် လူမူ့ကွန်ယက် သုံးရခြင်း၏ မတူညီသော ရပ်တည်ချက် ဦးတည်ချက်တို့ အမျိုးမျိုး ရှိသည်မှာ ဆန်းကြယ်လှသော ကိစ္စရပ် မဟုတ်သော်လည်း...............
 
        ထိုသို့ များစွာသော လူမူ့ကွန်ယက် သုံးစွဲသူများ အနက်မှ နိုင်ငံအပေါ် ဝေဖန်တိုက်ခိုက်သည့်
ပြည်တွင်း၊ ပြည်ပမှ ဦးတည်ချက်၊ ရပ်တည်ချက်၊ ရည်ရွယ်ချက် တူညီသူအများစု၏ ဝေဖန်တိုက်ခိုက်မူ့အပေါ်
 
         မြန်မာနိုင်ငံတွင်းမှ သတင်း အရပ်ရပ်တို့အား တာဝန်အရ စောင့်ကြည့် သတင်းပေး၍ တိုက်ခိုက်မူ့များအား ပြန်လည် ချေပမူ့ပြုနေရသော Media များအပြင်၊
ရုရှားရောက် အကျင့်ပျက် ပညာသင်သား အနည်းစုနှင့်
        ပြည်တွင်းရှိ အစိုးရဝန်ထမ်း အနည်းစုတို့၏ ပြန်လည်ချေပမူ့ တိုက်ခိုက်မူ့များနှင့် ဆွေးနွေးမူ့များ စသည်တို့မှာ လူမူ့ကွန်ယက်ဖြစ်သည့် Facebook တွင် အများစု တွေ့မြင်ရပါတတ်ပါတယ်...........
 
       ထိုသို့ တိုက်ခိုက်မူ့များအား လူမူ့ကွန်ယက်ပေါ်တွင် ဘာကြောင့် အခုလို
တွေ့ရှိ နေရတာလည်း ဆိုသည့် အချက်ကို သေချာပြန်စဉ်းစား ကြည့်မယ် ဆိုရင်   (လူအများစု) မှာ
အချိန်ပိုပြီး အား နေလို့ပါပဲ......
 
       ဘာကြောင့် အခုလို အချိန်ပိုပြီး အား နေတာလဲ ဆိုတာကို ပြန်စဉ်းစား ကြည့်မယ် ဆိုရင်တော့ အလုပ်လုပ် ချင်စိတ် ကြိုးစားအားမူ့ နည်းပါ တာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်.....
 
          အခုလို ကိုယ်တိုင် ကိုယ်၌က အလုပ်လုပ် ချင်စိတ်နည်းပါးနေပြီး အားနေတဲ့ အပေါ်မှာ
နိုင်ငံရေး ဆိုပြီး ပြောဆိုနေသူအားလုံး ကျွန်တော် အပါအဝင် ပြင်ပလူ့လောက၌ အလုပ်ကြိုးစား အားထုတ်၍ တိုတောင်းလှတဲ့ လူ့ဘဝကို ဖြတ်သန်းနေချိန်အတွင်း နိုင်ငံရေးကို အားတက်သရော ဆောင်ရွက်နိုင်ခြင်း မပြုနိုင်သရွေ့၊
 
         နိုင်ငံရေး နိုင်ငံရေးနှင့် အော်နေရခြင်းအပေါ် အတော သတ်၍ အမှန်တကယ် နိုင်ငံရေးကို စိတ်အား ထက်သန်ပါမှ နိုင်ငံရေးဝေဖန်မူ့များ လေ့လာ အားထုတ်၍ နိုင်ငံ့အပေါ် သို့မဟုတ် မိမိနေထိုင်ရာ ပတ်ဝန်ကျင် စသဖြင့် မိမိတတ်နိုင်သလောက် အကောင်အထည်ဖော်ကာ ဆောင်ရွက်၍ အားထုတ်မူ့ပြုရင်း အများအကျိုးအား ကိုယ်ကျိုးစွန့် သယ်ပိုးနိုင်သည့် အလေ့အကျင့် ရရှိပြီး......
 
         နိုင်ငံရေး ပြုလုပ်ရန်  စိတ်ဆုံးဖြတ်ချက် ချနိုင်ပါမှ နိုင်ငံရေးအား စိတ်အား ထက်သန်စွာဖြင့် ဆောင်ရွက်သင့်ကြောင်း ထင်မြင်မိပါတယ်........
 
         သို့မှသာလျှင် တိုတောင်းလှသည့် လူ့ဘဝတွင် လူအဖြစ် ရှင်သန်နေထိုင်ရသည်မှာ အဓိပ္ပါယ်ရှိလာမည်ဟု ထင်မြင်မိပါတယ်.....
 
 

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment