Wednesday, 15 June 2011

[Freedom Burma] ကိုယ်ကောင်းလျှင် ခေါင်းဘယ်မျှမရွေ့

ထက် နိုင် posted in Freedom Burma
ကိုယ်ကောင်းလျှင် ခေါင်းဘယ်မျှမရွေ့ ကိုကိုအောင်(ဆန်ဖရန်စ္စကို) -15-6, 2011။-  (ပီတိရိုက်ချိုးခံရသူ ကိုကျော်သူသို့)  ကိုကျော်သူခင်ဗျား  ကိုယ်ကောင်းလျှင် ခေါင်းဘယ်မျှမရွေ့တဲ့ ကိုယ်တွေ့ကြုံလာသမျှ ကိစ္စအ၀၀ကို ပရမတ္တနဲ့သာတိုင်း ဘယ်တော့မှမရိုင်းပါ လှိုင်းကြီးတော့ လှေအောက် တောင်ကြီးတော့ ဖ၀ါးအောက်တဲ့။  မာန်မဲတဲ့သူကို ခံဆဲမနေနဲ့ အံခဲသာထား အသံကျဲသွားတာနဲ့ ဆဲစကားလဲ အလိုလိုတိတ် ဖြဲထားတဲ့ပါးစပ်လဲ အလိုလိုပိတ်သွားပါလိမ့်။  ကိုယ်မှန်တယ်ထင် တရားပေတံနဲ့သာယှဉ် ယှဉ်လို့ အမှန်ထွက် ဆက်လက်သာချီတက် အမှန်ဖက်ရပ်တည် လဲလို့သာ သေပစေ နေသမျှ အနေတတ်မှ သေပါက အသေလှလိမ့်မယ်။  မည်သို့နေမှ အနေလှပြီး မည်သို့သေမှ အသေလှပါသလဲ။  လောဘ ဒေါသ မောဟနဲ့ပေါင်းဖေါ်နေ သေတဲ့အခါ အသေမလှ။  အနိစ္စ ဒုက္ခ အနတ္တ မုချမသွေ ဆင်ချင်နေ သေတဲ့အခါ အသေလှ။  နေတတ် သေတတ် မသွေမှတ်ပါလေ။  ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်။  မှန်လှပါသည် ကိုကျော်သူ။ စိုသောလက် မခြောက်စေနဲ့။  ခွေးဟောင်တိုင်းထမကြည့်နဲ့။  ကိုယ့်လှေကိုယ်ထိုးပဲခူးရောက်ရောက် ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် တောက်လျှောက်မကွာ လုပ်သွားပါ ကမ္ဘာလူသား လူအများက အားပေး မဖေါက်ပြန် ထောက်ခံသွားမည်။  ကိုကိုအောင်(ဆန်ဖရန်စ္စကို)
ထက် နိုင် 15 June 17:56
ကိုယ်ကောင်းလျှင် ခေါင်းဘယ်မျှမရွေ့
ကိုကိုအောင်(ဆန်ဖရန်စ္စကို)
-15-6, 2011။-

(ပီတိရိုက်ချိုးခံရသူ ကိုကျော်သူသို့)

ကိုကျော်သူခင်ဗျား

ကိုယ်ကောင်းလျှင်
ခေါင်းဘယ်မျှမရွေ့တဲ့
ကိုယ်တွေ့ကြုံလာသမျှ
ကိစ္စအ၀၀ကို
ပရမတ္တနဲ့သာတိုင်း
ဘယ်တော့မှမရိုင်းပါ
လှိုင်းကြီးတော့ လှေအောက်
တောင်ကြီးတော့ ဖ၀ါးအောက်တဲ့။

မာန်မဲတဲ့သူကို ခံဆဲမနေနဲ့
အံခဲသာထား အသံကျဲသွားတာနဲ့
ဆဲစကားလဲ အလိုလိုတိတ်
ဖြဲထားတဲ့ပါးစပ်လဲ
အလိုလိုပိတ်သွားပါလိမ့်။

ကိုယ်မှန်တယ်ထင်
တရားပေတံနဲ့သာယှဉ်
ယှဉ်လို့ အမှန်ထွက်
ဆက်လက်သာချီတက်
အမှန်ဖက်ရပ်တည်
လဲလို့သာ သေပစေ
နေသမျှ အနေတတ်မှ
သေပါက အသေလှလိမ့်မယ်။

မည်သို့နေမှ အနေလှပြီး
မည်သို့သေမှ အသေလှပါသလဲ။

လောဘ ဒေါသ မောဟနဲ့ပေါင်းဖေါ်နေ
သေတဲ့အခါ အသေမလှ။

အနိစ္စ ဒုက္ခ အနတ္တ
မုချမသွေ ဆင်ချင်နေ သေတဲ့အခါ အသေလှ။

နေတတ် သေတတ်
မသွေမှတ်ပါလေ။

ကိုယ်ပြုသောကံ ပဲ့တင်သံ
ကိုယ့်ထံပြန်လာမည်။

မှန်လှပါသည် ကိုကျော်သူ။
စိုသောလက် မခြောက်စေနဲ့။

ခွေးဟောင်တိုင်းထမကြည့်နဲ့။

ကိုယ့်လှေကိုယ်ထိုးပဲခူးရောက်ရောက်
ကိုယ့်မြင်းကိုယ်စိုင်း
စစ်ကိုင်းရောက်ရောက်
တောက်လျှောက်မကွာ လုပ်သွားပါ
ကမ္ဘာလူသား လူအများက
အားပေး မဖေါက်ပြန် ထောက်ခံသွားမည်။

ကိုကိုအောင်(ဆန်ဖရန်စ္စကို)

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment