Wednesday, 15 June 2011

[Freedom Burma] ထာဝရ နှင်းဆီ ( သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် (...

ထက် နိုင် posted in Freedom Burma
ထာဝရ နှင်းဆီ ( သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် ( မောင်မောင်ဝမ်း ) june14,11  - ပန်းဆိုတာ နွမ်းတတ်တယ် ပန်းဆိုတာ ညှိုးတတ်တယ် ဒါပေမယ့်…… မညှိုးတဲ့ ပန်း…မနွမ်းတဲ့ နှင်းဆီဆိုတာ ရှိတယ်… အဲဒါ……ထာဝရ နှင်းဆီ။  ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထက် နှစ်ဆသာသွားပြီ …ဟုတ်တယ်…..နှစ်ဆသာသွားပြီ။  ဗိုလ်ချုပ်ကျဆုံးသွားတော့ သူ့အသက်က ၃၃ နှစ်ပဲရှိသေးတယ်လေ ၊ အခု အန်တီစု အသက်က ၆၆ ဆိုတော့...ဘာပဲဖြစ်ဖြစ်...ဖခင်ဗိုလ်ချုပ်ထက်တော့ လူ့ဘ၀မှာ နှစ်ဆနေခွင့်ရသွားပြီ..။(နေခွင့်ရသွားပြီလို့  ပြောလိုက် တာက နေခွင့်မရအောင် ကြိုးစားတဲ့သူတွေရှိလို့ပါ ။)  အငြိုးအတေးများနဲ့ ဦးနေ၀င်း....။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အသံကြားရင် ဒေါသတွေမွှန်လာတတ်တဲ့ န.၀.တ အတွင်းရေးမူး ( ၂ ) ဗိုလ်ချုပ်ကြီး တင်ဦး...။ သေနတ်နဲ့သေအောင်ပစ်သတ်ခိုင်းတဲ့….ဗိုလ်ချုပ်မြင့်အောင်။ တုတ်နဲ့လူမဆန်စွာ ရိုက်သတ်ခိုင်းတဲ့….ဗိုလ်ချုပ်စိုးဝင်း။  သူတို့တတွေ…….သူတို့တတွေ ...ငရဲပြည်မှာဆုံစည်းနေကြရင်….တကမ္ဘာလုံးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပတော့မယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကြည့်ရင်း ဒေါသတွေနဲ့ ကျိန်ဆဲနေရှာရော့မယ်……။
ထက် နိုင် 15 June 17:39
ထာဝရ နှင်းဆီ ( သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် ( မောင်မောင်ဝမ်း ) june14,11

- ပန်းဆိုတာ နွမ်းတတ်တယ်
ပန်းဆိုတာ ညှိုးတတ်တယ်
ဒါပေမယ့်……
မညှိုးတဲ့ ပန်း…မနွမ်းတဲ့ နှင်းဆီဆိုတာ ရှိတယ်…
အဲဒါ……ထာဝရ နှင်းဆီ။

ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထက် နှစ်ဆသာသွားပြီ …ဟုတ်တယ်…..နှစ်ဆသာသွားပြီ။

ဗိုလ်ချုပ်ကျဆုံးသွားတော့ သူ့အသက်က ၃၃ နှစ်ပဲရှိသေးတယ်လေ ၊ အခု အန်တီစု အသက်က ၆၆ ဆိုတော့...ဘာပဲဖြစ်ဖြစ်...ဖခင်ဗိုလ်ချုပ်ထက်တော့ လူ့ဘ၀မှာ နှစ်ဆနေခွင့်ရသွားပြီ..။(နေခွင့်ရသွားပြီလို့  ပြောလိုက် တာက နေခွင့်မရအောင် ကြိုးစားတဲ့သူတွေရှိလို့ပါ ။)

အငြိုးအတေးများနဲ့ ဦးနေ၀င်း....။
ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အသံကြားရင် ဒေါသတွေမွှန်လာတတ်တဲ့ န.၀.တ အတွင်းရေးမူး ( ၂ ) ဗိုလ်ချုပ်ကြီး တင်ဦး...။
သေနတ်နဲ့သေအောင်ပစ်သတ်ခိုင်းတဲ့….ဗိုလ်ချုပ်မြင့်အောင်။
တုတ်နဲ့လူမဆန်စွာ ရိုက်သတ်ခိုင်းတဲ့….ဗိုလ်ချုပ်စိုးဝင်း။

သူတို့တတွေ…….သူတို့တတွေ ...ငရဲပြည်မှာဆုံစည်းနေကြရင်….တကမ္ဘာလုံးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပတော့မယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကြည့်ရင်း ဒေါသတွေနဲ့ ကျိန်ဆဲနေရှာရော့မယ်……။

"တို့တွေက သူ့ကို မသေသေအောင်သတ်တာ….သူက မသေဘူး…..ငါတို့က အရင်သေကုန်ကြတယ်…..။ အောင်မာ…။ ၆၆ နှစ် မွေးနေ့ပွဲတောင် ကျင်းပနေပါ့လား….တောက် "

သူတို့ထက် ပိုခံစားရမှာက………
မကျယ့်တကျယ်နဲ့ နေနေရတဲ့….ဗိုလ်ချုပ်ထွန်းကြည် တို့…..ကျော်ဘ တို့လို လူတွေ။
ထောင်ထဲမနေရရုံတမယ် နေနေရတဲ့ ……မာယာများတတ်တဲ့…..ဗိုလ်ချုပ်ခင်ညွန့်လိုလူတွေ။

သူတို့တတွေကတော့ ပြောနေရော့မယ်…..။
"လူကြီးသူမတွေပြောတဲ့…ဆံပင်ဆိုတာ ဒါမျိုးများလား..။ရိတ်လေ.. သန်လေ ...တဲ့….။ ရိတ်တဲ့သူတွေသာ အရိတ်ခံလိုက်ရတယ်…ဆံကတော့ သန်ဆဲပါပဲလား……"

နေပြည်တော်ဆိုတဲ့အရပ်ဒေသရဲ့…..လုံခြုံရေးအစောင့်ရှောက်များ။(နောက်များမကြာမှီ သူတို့တတွေ ဟာ ထောင်ဝန်ထမ်း အစောင့်များနဲ့လည်း ဖြစ်လာကောင်းဖြစ်လာနိုင်ပါသည်။) ကြားက စံနန်းတော်ကြီး ပေါ်မှာ ဗိုလ်ချုပ်မူးကြီးဟောင်း သန်းရွှေ ကတော့……..ဖြစ်ပျက် တရားကိုရှုရင်း…….။

ဖြစ်လာခဲ့တဲ့ အရာတွေဟာ ပျက်တော့မှာ ပါ့လား….ဆိုတဲ့ သံဝေဂ လေသံအပြည့်နဲ့ မြည်တွန် နေဆဲ……။ အာရုံ ထဲမှာ သူ့လူတွေက သူ့ကို အာဏာဖီဆန် တော့မယ့် နိမိတ်ပုံရိပ်….။သူသတ်ခဲ့တဲ့ သံဃာတွေ (ပြည်သူတွေ)ရဲ့ခြောက်လှန့်နေမှူ့များကြားက………။
"အော်….(မ)စုကြည်တောင်…..၆၆နှစ်ပြည့်ပြီပဲ….။ ငါတို့လည်း နေ၀င်ချိန်နီးပါပေါ့.."ဆိုပြီး သင်ခန်းစာတွေရနေမလား…….။
"အတိုက်အခံဆို လက်ညှိုးထိုးကောင်ရုံလောက်ထား...။ကျန်တာရှင်း...တလက်မ မှ တက်မလာစေနဲ့..."ဆိုတဲ့ ဒေါသစိတ်တွေနဲ့ ကန်လန့်ကာ နောက်ကွယ်က မုန်ယိုနေမလား...။

ဘယ်လိုပဲဖြစ်ဖြစ် ...ထာဝရနှင်းဆီရဲ့ရနံ့တွေကြိုင်သင်းနေတာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။

ကျနော် ၈၈ လူထုအရေးတော်ပုံကြီးဖြစ်နေတော့ ..( ဒေါ်အောင်ဆန်းစုကြည်လည်း ပေါ်ထွက်မလာသေးဘူး။) စိတ်ထဲမှာ ခွန်အားတခုဖြစ်မိတာရှိတယ်………။
မြန်မာပြည်လူထုအရေးတော်ပုံကြီးကို ဦးဆောင်ဖို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသား အောင်ဆန်းဦး ရောက်လာတော့မယ်..တဲ့ ။
ကျနော်တို့ ၀မ်းသာမိခဲ့တာအမှန်ပါ…..။
ဒါပေမယ့် ဒါတွေဟာ ကောလဟာလတွေဖြစ်ပြီး သမိုင်းကို ပြောင်းပြန်ဖန်တီးသူ ဖြစ်သွားတယ် ဆိုတာ နောက်ထပ် ဆယ်နှစ်လောက်အကြာမှာ သိလိုက်ရပါတော့တယ်။

တကယ်တော့ မြန်မာ လူထုတော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကို သိပ်မျှော်တွေးမထားမိကြဘူး။အရင်ဆုံး မျှော်လင့်ခဲ့မိသူက အကိုဖြစ်သူ…ဦးအောင်ဆန်းဦး ကိုပါ………….။

လွဲတဲ့အခါလည်း….လွဲပေမပေါ့…………

ဒေါ်အောင်ဆန်းစုကြည် ဆို ပြီး ဖြစ်တည်လာခဲ့မှူ့မှာ…ဗိုလ်ချုပ်အောင်ဆန်း အရိပ်ပါ ပါတယ်…။ဒါပေမယ့် လုံးလုံးလျားလျားကြီးကြီးတော့ မဟုတ်ပါဘူး…….။

သတ္တိတွေ၊ရိုးသားမှူ့တွေ၊အနစ်နာခံမှူ့တွေ မရှိခဲ့ရင်…….လူထုခေါင်းဆောင်ဖြစ်လာနိုင်ပါ့မလား…. ။ဗိုလ်ချုပ်အောင်ဆန်း ရင်သွေးမို့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ချစ်မြတ်နိုးလေးစားကြည်ညိုနေတယ်ဆိုရင်……
သားကြီး ဦးအောင်ဆန်းဦးကိုရော လူထုက ဒီလိုသဘောထား တထပ်တည်းရှိပါသလား………။

တခါ မြန်မာ့ဒီမိုကရေစီလှူပ်ရှားမှူ့သက်တမ်းအနှစ်၂၀ကျော်ကာလ ရောက်လာတဲ့အခါ သူ့အပေါ် အပြစ်ဖို့သူတွေကဖို့……..။
ဆရာကြီးလေသံတွေနဲ့ "ဟိုဟာလုပ်ပါ့လား….ဒီဟာလုပ်ပါ့လား….ဟိုဟာမလုပ်ခဲ့လို့…ဒီလိုဖြစ်တာပေါ့…။
ဒီဟာ မလုပ်လို့…ဟိုဟာ မဖြစ်တာပေါ့….။"
စသည်..စသည်ဖြင့်……သေချာတာတခုကတော့….ယောက္ခမ သေမယ်မှန်းသိရင်…နွားအကြွေးဝယ် လိုက်တာပေါ့ဗျာ………..။

တမျိုးက…ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့လို့လဲ...တဲ့………။ ဘာမှ လုပ်ခွင့်မရအောင် လုပ်ထားမှတော့….တိုင်းပြည်ကို ချစ်တဲ့စိတ်….အနစ်နာခံမှူ့တွေကလွဲလို့ ဘာလုပ်ပြနိုင်မှာလဲ…………။

ပါးစပ်ကို ပိတ်ထားပြီးမှ "သီချင်းလည်း မဆိုဘူး "...ဆိုတာမျိုးလား……….။
မျက်စိဖွင့်ပြီး အိပ်ကြည့်စမ်းပါ ဆိုတဲ့ သီချင်းလိုလား………။

တိုင်းပြည်အတွက် လုပ်ခွင့်ရအောင်….၀ိုင်းဝန်းပံ့ပိုးပေးကြပါ့လား…..ပြည်သူလူထုကြီးရေ………..
- သူလုပ်ပြပါလိမ့်မယ် ….. ကျနော်ပြောရဲတယ်ဗျာ….သူတကယ် လုပ်ပြပါလိမ့်မယ်……….

ဒါပေမယ့် ……အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့တဲ့ ဂျော့ဝါရှင်တန်ကတော့ ပြောခဲ့ဖူးတယ်…..။"စနစ်တခုကို ကူးပြောင်းဖို့ တော်လှန်ရေးလုပ်တယ်ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်…….ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ့ စနစ်ကို အောင်မြင်စွာတည်ဆောက်နိုင်ဘို့ အခွင့်အလမ်းတွေ သင့်ဆီကို ရောက်လာခဲ့ရင်……သင့်ရဲ့ သားစဉ်မြေးဆက် အမွေဆက်ခံနိုင်မှာမို့ပါ.."တဲ့…….။

------ သူ့ကို ချစ်တဲ့သူ
သူ့ကို မုန်းတဲ့သူ
သူ့ကို ကြောက်တဲ့သူ
သူ့ကို ဘယ်လိုမှ မနေနိုင်အောင်လုပ်တဲ့သူ………အားလုံးအတွက်
ထာဝရနှင်းဆီရဲ့ ရနံ့များ သင်းပြန့်နေတာကတော့……..၆၆ နှစ်တိုင်ခဲ့လေပြီ။

အားလုံးကို လေးစားစွာဖြင့်--

မောင်မောင်ဝမ်း

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment