Wednesday, 22 June 2011

[Freedom from Fear 2] ဗုဒ္ဓဟူး, 22 ဇွန် 2011

ဗုဒ္ဓဟူး, 22 ဇွန် 2011 အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်နဲ့ ဒေါ်စု တွေ့ဆုံ  By ဗွီအိုအေ (မြန်မာဌာန) အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် နီရူပမား ရာအိုဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့တုန်းက တွေ့ဆုံခဲ့ပါတယ်။  အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား (S.M Krishna) ရဲ့ ၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ မစ္စတာ ရာအိုတို့ အခုလို တွေ့ဆုံမှု ရှိခဲ့တာပါ။  သူတို့ရဲ့ မြန်မာပြည် ခရီးစဉ်ကတော့ ဒီနေ့မှာပဲ ပြီးဆုံးသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ရာအိုတို့ တွေ့ဆုံစဉ် ပြောဆိုမှုတွေထဲမှာ နှစ်ဘက် ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းနဲ့ တိုးတက်မှုတွေ ရှိဖို့ လိုလားတဲ့ အကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။  မြန်မာပြည်မှာ အရပ်သား အစိုးရ တက်လာပြီး နောက်ပိုင်း အိန္ဒိယဘက်က အဆင့်မြင့် အရာရှိတွေ ပထမဦးဆုံးအကြိမ် ရောက်လာခဲ့တဲ့ ခရီးစဉ်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ် တွေ့ဆုံမှုကို အိန္ဒိယဘက်က လုပ်လာခဲ့တာပါ။  တဘက်မှာလည်း မြန်မာအစိုးရနဲ့ အိန္ဒိယတို့ အကြားမှာ နှစ်နိုင်ငံ သဘောတူ စာချုပ် စာတမ်း လက်မှတ်ရေးထိုးမှုတွေ ရှိခဲ့ပါတယ်။ နှစ်နိုင်ငံကြား လုံခြုံရေးကိစ္စ ပူးတွဲ ဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး စီးပွားရေး ကိစ္စတွေကို တိုးမြှင့်ပြီး ဆောင်ရွက်သွားကြဖို့ မြန်မာအစိုးရနဲ့ အိန္ဒိယ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။  နှစ်ဘက် ဆက်ဆံရေး အခြေအနေတွေက ကောင်းမွန်တယ်၊ အပြုသဘောဆောင်တယ်၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အလားအလာကောင်းတွေ ရှိတယ်လို့လည်း အိန္ဒိယဘက်က မှတ်ချက်ပေး ပြောဆိုပါတယ်။
Lin Htein 22 June 19:17
ဗုဒ္ဓဟူး, 22 ဇွန် 2011
အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်နဲ့ ဒေါ်စု တွေ့ဆုံ

By ဗွီအိုအေ (မြန်မာဌာန)
အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် နီရူပမား ရာအိုဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့တုန်းက တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား (S.M Krishna) ရဲ့ ၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ မစ္စတာ ရာအိုတို့ အခုလို တွေ့ဆုံမှု ရှိခဲ့တာပါ။

သူတို့ရဲ့ မြန်မာပြည် ခရီးစဉ်ကတော့ ဒီနေ့မှာပဲ ပြီးဆုံးသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ရာအိုတို့ တွေ့ဆုံစဉ် ပြောဆိုမှုတွေထဲမှာ နှစ်ဘက် ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းနဲ့ တိုးတက်မှုတွေ ရှိဖို့ လိုလားတဲ့ အကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ အရပ်သား အစိုးရ တက်လာပြီး နောက်ပိုင်း အိန္ဒိယဘက်က အဆင့်မြင့် အရာရှိတွေ ပထမဦးဆုံးအကြိမ် ရောက်လာခဲ့တဲ့ ခရီးစဉ်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ် တွေ့ဆုံမှုကို အိန္ဒိယဘက်က လုပ်လာခဲ့တာပါ။

တဘက်မှာလည်း မြန်မာအစိုးရနဲ့ အိန္ဒိယတို့ အကြားမှာ နှစ်နိုင်ငံ သဘောတူ စာချုပ် စာတမ်း လက်မှတ်ရေးထိုးမှုတွေ ရှိခဲ့ပါတယ်။ နှစ်နိုင်ငံကြား လုံခြုံရေးကိစ္စ ပူးတွဲ ဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး စီးပွားရေး ကိစ္စတွေကို တိုးမြှင့်ပြီး ဆောင်ရွက်သွားကြဖို့ မြန်မာအစိုးရနဲ့ အိန္ဒိယ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဘက် ဆက်ဆံရေး အခြေအနေတွေက ကောင်းမွန်တယ်၊ အပြုသဘောဆောင်တယ်၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အလားအလာကောင်းတွေ ရှိတယ်လို့လည်း အိန္ဒိယဘက်က မှတ်ချက်ပေး ပြောဆိုပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment