Saturday, 25 June 2011

[Freedom from Fear 2] တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအရေး အမေရိကန်စိုးရိမ်

တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအရေး အမေရိကန်စိုးရိမ် 2011-06-25  ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ တခြား နယ်မြေတွေက ဒုက္ခသည်တွေ အရေးအတွက် အထူး စိုးရိမ်မိကြောင်း အမေရိကန် အစိုးရက မနေ့က ပြောလိုက်ပါတယ်။  KIO  ကချင်ပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လိုင်ဇာကို ထွက်ပြေးခိုလုံလာတဲ့ ကချင် တိုင်းရင်းသားဒေသခံတွေကို ကချင်လူမှုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ခိုလုံရေး စခန်းတွေမှာ ဇွန်လလယ်ပိုင်းမှာ တွေ့ရပုံ။  အမေရိကန် အစိုးရ အနေနဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့ အစည်းတွေ အနေနဲ့ ထွက်ပြေးနေရတဲ့ ဒေသခံ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တခြား လိုအပ်ချက်တွေကို ကူညီ စောင့်ရှောက်ပေးဖို့လည်း အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။  ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ တရုပ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံနေကြရပြီး တရုပ်အစိုးရ အနေနဲ့ ကြားဝင် စေ့စပ်ပေးဖို့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က တောင်းဆိုထားတယ်လို့ သိရပါတယ်။  Copyright © 1998-2011 Radio Free Asia. All rights reserved.
Lin Htein 25 June 18:59
တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအရေး အမေရိကန်စိုးရိမ်
2011-06-25

ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ တခြား နယ်မြေတွေက ဒုက္ခသည်တွေ အရေးအတွက် အထူး စိုးရိမ်မိကြောင်း အမေရိကန် အစိုးရက မနေ့က ပြောလိုက်ပါတယ်။

KIO

ကချင်ပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လိုင်ဇာကို ထွက်ပြေးခိုလုံလာတဲ့ ကချင် တိုင်းရင်းသားဒေသခံတွေကို ကချင်လူမှုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ခိုလုံရေး စခန်းတွေမှာ ဇွန်လလယ်ပိုင်းမှာ တွေ့ရပုံ။

အမေရိကန် အစိုးရ အနေနဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့ အစည်းတွေ အနေနဲ့ ထွက်ပြေးနေရတဲ့ ဒေသခံ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တခြား လိုအပ်ချက်တွေကို ကူညီ စောင့်ရှောက်ပေးဖို့လည်း အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ တရုပ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံနေကြရပြီး တရုပ်အစိုးရ အနေနဲ့ ကြားဝင် စေ့စပ်ပေးဖို့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က တောင်းဆိုထားတယ်လို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment