Friday, 17 June 2011

[Information & Technology Network] New link

Naing Lin Aung 17 June 18:18

မနေနိုင်လို့ရေးသည်။
 
ကျွန်တော်တို့ အများစု မြန်မာနိုင်ငံမှာ ဈေးပေါပေါ (အခမဲ့နီးပါ) နဲ့ Windows ကို သုံးခဲ့ကြသည်။ Adobe ရဲ့ Products တွေ Office software တွေ အလကား ရခဲ့သလို သုံးစွဲခဲ့သည်။ ကိုယ်တိုင်တင်မဟုတ် ကိုယ့် မိသားစု၊ ကိုယ့် ပါတ်ဝန်းကျင်ကိုပါ မျှခဲ့သည်။
 
ကျွန်တော် Gaming ကို အသည်းအသန် လုပ်ခဲ့ဖူးတယ်။ အိမ်က အမေက Game ဆိုင်မှာ ထမင်းချိုင့် လာပေးရသည် အထိ ရူးသွပ်စွာ ဆော့ခဲ့ဖူးသည်။ အခုလည်း အပျင်းပြေ ဆော့ဖြစ်အောင် Game စက်လေးတစ်လုံးလောက် ဝယ်ထားပြီး ဘောလုံး တို့ မန်နေဂျာတို့ လောက်ပဲ legally ဝယ်ပြီး ဆော့ဖို့ ခဏခဏစဉ်းစားဖြစ်သည်။ ဒီညနေ ညစာစားရင်းနဲ့ ထမင်းဆိုင်မှာ PS2 စက်မြင်တော့ စက်ပိုင်ရှင် အစ်ကို တစ်ယောက်နဲ့ Game အကြောင်းပြောရင်ကနေ Game ခွေ original ကိစ္စအခြေခံပြီး Copy ကူးတဲ့ အကြောင်းထိရောက်သွားသည်။
 
ထိုသူသည် Copy ခိုးကူးသည် လုံးဝ ပြဿနာမဟုတ်ဟု ခံယူထားမှန်းသိလိုက်သည်။ PS2 စက်တန်ဖိုး ဘာမှမရှိတာ Game ခွေကို ဘာလို့ ဈေးကြီးပေးဝယ်ရမှာတုန်း ဟူဆိုလေသည်။ Software တွေလည်း သူများတွေလဲ ဒေါင်းလုပ် လုပ်နေတာပဲ ကိုယ်တစ်ယောက်တည်း လုပ်လို့ ဘာမှ မဖြစ်ဘူးဟု ဆိုလေသည်။ အားလုံးဒီလိုလုပ်နေတဲ့ အချိန်မှာ ကိုယ်တစ်ယောက်တည်း ခွဲထွက်တာ ရူးသွပ်ရာ ကျသည်ဟု ပြောလေသည်။ ကျွန်တော် သူ့ကို မေးခဲ့သည်။ Developer creator တစ်ယောက်အနေနဲ့ ဘယ်လို နေမလဲ? shop lifting ကော အပြင်မှာ လုပ်မလား? ဆိုတော့ သူ့အဖြေတွေက အဲဒိဟာတွေတော့ မလုပ် ဒါပေမယ့် ခိုးကူးတာကတော့ legally ကြသလိုဖြေသည်။ ရအောင်တားပါဟု ဆိုလေသည်။
 
သူ့ကို မေးခဲ့သည့် ကျွန်တော့်ကိုယ် ကျွန်တော်ပြန်စဉ်းစားကြည့်သည်။ ကိုယ်ကိုယ်တိုင်ကလဲ download copy နဲ့ မကင်းဖြစ်နေသည်။ Software တွေ ဒေါင်းလုပ်ချ သုံးသည်။ Movie တွေဆွဲချပြီး ကြည့်သည်။  ကိုယ့်ပတ်ဝန်းကျင်ကိုလဲ ပြန်မျှသည်။ ဒီအတွက်လဲ စိတ်ထဲမှာ ဘာမှ သိပ်မဖြစ်သလိုပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ တတ်နိုင်သလောက်တော့ ရှောင်ဖို့ ကြိုးစားနေတယ်။ လက်ရှိ သုံးနေတဲ့ iPod ကို JailBreak လုပ်မထားပဲ Games တွေ App တွေ (ဥပမာ ... ကျွန်တော်တို့ မြန်မာလူမျိုးထဲက Saturngod ထုတ်ထားတဲ့ Dictionary apps တွေ) ဝယ်သုံးဖြစ်တယ်။ Windows သုံးတော့ Kaspersky Internet security shield ကို ဝယ်သုံးတယ်။ Mac မှာလဲ App store ကနေ XCode ကို တစ်ရက်က ဝယ်လိုက်တယ်။ Airport Mania game လေးလဲ သူငယ်ချင်းရဲ့ Samsung galaxy မှာ ဆော့ရင်း သဘောကျလို့ ဝယ်သုံးဖြစ်တယ်။ ဒါပေမယ့် လက်ရှိ စက်ထဲမှာ ထည့်ထားတဲ့ Photoshop, lightroom တို့စတဲ့ ဈေးကြီးတဲ့ ဟာတွေကိုတော့ အခုထိ အရှက်မရှိ သုံးနေတုန်းပါပဲ။ တတ်မှ မတတ်နိုင်တာကိုး ... စိတ်ထဲမှာတော့ ကျိန်းထားတယ် ဝယ်နိုင်တဲ့ တစ်နေ့ ဝယ်သုံးမယ်။
 
လွန်ခဲ့တဲ့ နှစ်တွေက ရုံးမှာ ထိုင်းသူငယ်ချင်း တစ်ယောက်ပြောခဲ့တာ မှတ်မိတယ်။ သူ့ဆီက ထိုင်းသီချင်းနားထောင်ကောင်းလို့ ငါ့ကို File share ပေးပါလို့ ပြောမိတော့ ... သွားဝယ်တဲ့ ..ဟာ...လို့ ပြန်ပြောတော့ ... မင်းဝယ်မှ သူတို့ အနုပညာကို အသိအမှတ်ပြုရာရောက်သလို Music industry လဲတိုးတက်မယ်လို့ဆိုပါတယ်။ ဒီမှာလဲ မခိုးဘူးလားဆိုတော့ ခိုးတာပါပဲ။ အနည်းနဲ့ အများပေါ့။ သတိထားမိသလောက် IT Company တော်တော်များများ Illegal ခိုးသုံးတာကို ရှောင်တာပါပဲ။
 
IT နယ်ပယ်တွင်မဟုတ် တစ်ခြားနယ်ပယ်တွေလဲ ရှိတယ်။ သီချင်းတွေ ရုပ်ရှင်တွေ.... နဂိုမူရင်းတွေ ဘယ်လိုလုပ်သွားတယ်. ကိုယ်တိုင်က ဘယ်လို ကောင်းအောင် လုပ်မယ်ဆိုပြီး လေ့လာဆန်းစစ် အသစ်တစ်ခုကို တီထွင်မှု လုပ်မှာထက် ... တိုက်ရိုက်ကို ကူးချခဲ့သည်။ မူရင်းကို ကျော်ဖို့နေနေသာသာ ... စုတ်ပြတ်နေတာတွေ တစ်ပုံကြီး ... ဒါတွေဟာ ဟိုး ရှေးရှေးတုန်းကတည်းက အစပြုခဲ့ခြင်း ဖြစ်သည်။ ... ဒါတွေကို ကျွန်တော်တို့ သုံးတဲ့သူ ကြည့်တဲ့သူ အားပေးတဲ့သူတွေကိုယ်တိုင်က ပျော်ပျော်ကြီး အဟုတ်ကြီးထင်ပြီး အားပေးအားမြောက်ပြုခဲ့ကြသည်။ အဲဒိလိုလုပ်တဲ့တဲ့အတွက် နောက်လူတွေက ဂွင်ပဲဟေ့ဆိုပြီး ထပ်လုပ်ဖို့ လမ်းစ အဖြစ်မြင်သွားခဲ့ကြသည်။ အဲဒိအစား ကျွန်တော်တို့က .... BOO BOO ဆိုပြီး ရှုံ့ချမယ်ဆိုရင် ... လုံးဝလက်မခံနိုင်ဘူး ငါတို့ကို တီထွင်ဆန်းသစ်မှု အသစ်တွေ ပေးပါ။ ငါတို့လုံးဝ ကျေကျေနပ်နပ်ပြီး ပေးမယ်ဆိုပြီး ပြောရင်ကော ....
 
ထိုက်သင့်တဲ့ တန်ဖိုး အချိန် ရင်းနှီးမြုတ်နှံမှု ကို ပေးရင် တီထွင်ဆန်းသစ်မှုတွေ ရလာတယ် ... အဲဒိ တီထွင်ဆန်းသစ်မှုတွေကို ထပ်ပြီး အားပေးအားမြောက်လုပ်ရင် နောက်ထပ် တီထွင်ဆန်းသစ်မှုတွေကို ရလာလိမ့်မယ် ... အဲဒါဟာ တိုးတက်မှု တစ်ခုပဲ ...
 
Research တွေကို ကြည့်ပါ။ အရင့်အရင်ကလူတွေ ပြုစုထားတာတွေကို မှီညမ်းပြန်လည် ဆန်းသစ်ပြီး အသစ်တွေ ထွက်လာတယ်။ Windshield wiper ထွင်ခဲ့တဲ့ အကြောင်းကို ရိုက်ခဲ့တဲ့ Flash of Genius မကြည့်ရသေးရင် ကြည့်ပါ။ .. အဲဒိမှာ အမှုရင်ဆိုင်ရတုန်း ပြောထားတာတွေ သဘောကျတယ်။ ဥပမာဗျာ ... A ကနေ Z ထိပါတဲ့ Pangram ကို ရေးသလိုမျိုးပေါ့ ...
 
The Quick Brown Fox Jumps Over the Lazy Dog ...
 
The တို့ Quick တို့က သူထွင်ခဲ့တာမဟုတ်သလို T h e စာလုံးတစ်လုံးစီကလဲ သူထွင်ခဲ့တာ မဟုတ်ဘူး ... ဒါပေမယ့် သူလှပအောင် စီခဲ့တယ် ...
 
ကျွန်တော်တို့ မြန်မာမှာလဲ ရှိတယ် . ကကြီးက နေ အ အထိကို စာတစ်ကြောင်းနဲ့ အဓိပ္ပာယ်ရှိအောင် ရေးထားတဲ့ Pangram ... ကိုမောင်မောင်ဆန်း ရေးခဲ့တာ ...
 
သီဟိုဠ်မှ ဥာဏ်ကြီးရှင်သည် အာယုဝဎန ဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗါဒံပင်ထက် အဓိဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
 
ဆေးညွှန်စာ ဇလွန် စတဲ့ စာလုံးတွေ သူမထွင်ခဲ့ဘူး ... ဒါပေမယ့် အဲဒိလို သူလှပအောင် စီရီပြီး ရေးခဲ့ ထွင်ခဲ့ လုပ်ခဲ့တဲ့အတွက် သူ ဒေါ်လာ ၁၀၀ ရရှိခဲ့တယ်လို့ ကြားတယ်။ ဒါဟာ သူ့ရဲ့ Creation ကို အသိအမှတ်ပြုခဲ့လို့ပါပဲ။ Source: http://goo.gl/2by3q
 
အခု ကျွန်တော်တို့နိုင်ငံမှာ တကယ်အလုပ်လုပ်နေတဲ့ software company လက်ချိုးရေလို့ရတယ် ... ဘာကြောင့်လဲဆိုတော့ ရှင်းတယ်... ကိုယ်တိုင်ကလဲ copy ဆွဲသလို အားပေးအားမြောက်လုပ်တဲ့သူ မရှိလို့ပဲ။
 
ကျွန်တော်ပြောချင်တာက creator တွေကိုယ်တိုင်ကလဲ ကိုယ်စွမ်း ဥာဏ်စွမ်း ပညာ ကြိုးစားအားထုတ်သင့်ပြီး အသစ်အသစ်တွေ ဆန်းသစ်သလို အားပေးအားမြောက်လဲ ပြုလုပ်သင့်ပါတယ်။... ဒါမှသာ တိုင်းပြည် နဲ့ လူမျိုးရဲ့ အနာဂတ် တိုးတက်မှာဖြစ်ပါတယ်။
 
Myanmar Tutorial မှာရေးထားတဲ့
 
ကျွန်တော်တို့ ရှက်တတ်ဖို့ အရင်လုပ်ရဦးမယ်  http://goo.gl/hE0Ts
 
ဆိုတဲ့ ဟာလဲ ဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
 
ဒီလောက်နဲ့ပဲ ရပ်တော့မယ် ... ထပ်ရေးလဲ Copyright တွေ Pirate တွေ Creation တွေ Innovation တွေ ... နောက်ပိုင်း နိုင်ငံရေးတွေပါ ပါလာပြီး ပြီးမှာ မဟုတ်တော့ဘူး။
 
I have tagged some of people I know from IT fields. You can remove it if you don't want.

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment