Monday, 20 June 2011
[လွပ်လပ်ခြင်း] New doc: လွတ်လပ်ခြင်းဆိုသည်မှာ ။
created the doc: "လွတ်လပ်ခြင်းဆိုသည်မှာ ။"
ကို ခိုင် created the doc: "လွတ်လပ်ခြင်းဆိုသည်မှာ ။"
                """ *** လွတ်လပ်ခြင်းဆိုသည်မှာ *** """   
လွတ်လပ်မှုကိုအလွဲသုံးစားမလုပ်မိဖို့ သိပ်အရေးကြီးပါတယ် ။ သူတစ်ပါူအကျိုးစီးပွါး  
ထိခိုက်အောင်လုပ်တာ ၊ ဆဲဆိုမိုက်ရိုင်းတာတွေဟာ လွတ်လပ်မှုမဟုတ်ဘူး ။  
"" ဥပဒေဆိုတာ လွတ်လပ်မှုကိုတားဆီးနိုင်တဲ့အရာ လို့ ဆိုနိုင်ပေမယ့် ဥပဒေမရှိပဲ
တွဲနေတယ် ။ ဥပဒေမရှိ စည်းကမ်းမရှိတဲ့ အသိုင်းအဝိုင်းမှာ လုံခြုံမှုမရှိဘူး ။ လုံခြုံမှုမရှိရင်
လည်း လွတ်လပ်မှုမရှိတော့ဘူး ။ လွတ်လပ်မှုပါဆိုပြီး သူတစ်ပါးကိုဆဲဆိုမိုက်ရိုင်းနေရင်  
ဒါလွတ်လပ်ခြင်းမဟုတ်တဲ့ စည်းကမ်းမဲ့မှု ။ ရိုင်းဆိုင်းမှု ။ ""  
လွတ်လပ်ခြင်း ရဲ့စစ်မှန်တဲ့အဓိပါယ်ကို နားလည်ဖို့ သိပ်အရေးကြီးတယ် ။ အတ္တစိတ်က
လိုချင်တဲ့ လွတ်လပ်မှုကတစ်မျိုး ၊ သတိနဲ့ ဥာဏ်ပါတဲ့ အတ္တစွဲကင်းတဲ့လူက လိုချင်တဲ့  
လွတ်လပ်ခြင်းကနောက်တစ်မျိုး ။  
အတ္တစွဲကင်းတဲ့လူက လိုချင်တဲ့လွတ်လပ်ခြင်းဟာ သူ့ တစ်ယျောက်ထဲအတွက်လိုချင်တဲ့
လွတ်လပ်ခြင်းမျိုးမဟုတ်ဘူး ။ လူ့ အသိုင်းဝိုင်းတစ်ခုလုံးအတွက် လွတ်လပ်စွာ ပြောဆို
ဆွေးနွေးနိုင်ပြီး စကားကိုယဉ်ကျေးစွာ မောင်နဲ့ နှမ ကြားကောင်းအောင် အားလုံး  
လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပြီး အယူအဆမူဝါဒ မတူညီသူများကို ဆဲဆိုခြင်းမပြုခြင်း  
ဖြင့် ကိုယ့်လွတ်လပ်ခြင်းနဲ့ အတူအများကိုပါလွတ်လပ်ခြင်းများဖြင့်ဆက်ဆံသော  
လွတ်လပ်ခြင်းဖြစ်သည် ။ ။
View Post on Facebook · Edit email settings · Reply to this email to add a comment.
No comments:
Post a Comment