Friday, 24 June 2011

[လွပ်လပ်ခြင်း] New doc: ထွေလီကာလီ.. တောင်အီအီမြောက်အီအီ..

created the doc: "ထွေလီကာလီ.. တောင်အီအီမြောက်အီအီ.."
Willian Lynn created the doc: "ထွေလီကာလီ.. တောင်အီအီမြောက်အီအီ.."

ဒီနေ့.. ကြက်ဥ ခြောက်လုံးချဉ်ရည်ချက်တယ်.. ၃ ရက်စာ.. တနင်္ဂနွေနေ့ထိ..အတွက်..

ခြမ်းလိုက်တော့.. ၁၂ ခြမ်းရတယ်.. ဟင်းအိုးကျက်တော့.. အနှစ်တွေ ကြေကုန်တယ်..  ငပိရည်၊ တို့စရာ နဲ့စားတယ်.. ထမင်းကုန်သွားတယ်.. ကြက်ဥ တစ်ခြမ်းပိုသေးတယ်.. ဝေစုတစ်နပ်စာထဲကကျန်တဲ့တခြမ်းကို .. ဒီတိုင်းစားပစ်လိုက်တယ်.. ငါတို့ နိုင်ငံက လူငယ်တွေ.. အကုန်လုံး.. ပညာတတ်ပြီး.. စဉ်းစားတွေးခေါ်နိုင်ကြရင်ကောင်းမယ်လို့.. တွေးမိတယ်.. ငါအပါအ၀င်.. ငါ့အပေါင်းအသင်းတော်တော်များများ အပျင်းကြီးတယ်.. အလုပ်ကြမ်းသမားက တစ်ရက်စာပဲ အလုပ်လုပ်တယ်.. ပျံကျဈေးသည်က.. နေ့ပြန်တိုးယူတဲ့ဘ၀က လွတ်အောင် မစဉ်းစားဘူး.. ဆိုက်ကားဆရာက.. အုံနာခရရင်.. တစ်ရေးအိပ်တယ်.. ဘ၀ကိုသေချာချင်တဲ့သူက ဆယ်တန်းအောင်လို့... အမှတ်ကောင်းကောင်းမရရင် ဒီအက်စ်အေ တက်ဖို့ပဲစဉ်းစားလို့ရတယ်.. သချာင်္နဲ့ ဘွဲ့ရတဲ့သူက ချဲရောင်းဖို့ပဲ စဉ်းစားတယ်.. တခြားအလုပ်လုပ်ရင်.. လုံချည်ဝယ်မ၀တ်နိုင်ဘူး.. ပိုက်ဆံမရှိတဲ့သူက ပညာသင်ဖို့ခက်တယ်.. လယ်သမားတွေကို.. အစိုးရက မြေသြဇာ ရောင်းမပေးဘူး.. ဘဏ်တွေကလည်း ငွေမချေးတော့ဘူး.. စပါးပေး (မိုးတွင်းဘက်တွင်.. ပေါက်ဈေး၏တစ်ဝက်ဖြင့် ကြိုတင်ဝယ်ယူခြင်း) ပေးတဲ့သူတွေချမ်းသာလာတယ်.. ပိုက်ဆံ နည်းနည်းပိုရင်.. ဆိုင်ကယ်ဝယ်စီးတယ်.. ကနောင်မင်းသား ကို မြင်ကွန်း၊ မြင်းခုန်တိုင် မင်းသာတို့ သတ်တယ်.. ၁၇၇၆ မှာ.. နောင်တော်ကြီးမင်းကို သူ့ညီ မြေးဒူမင်း (ဆင်ဖြူရှင်မင်း) သတ်တယ်.. ၊ စဥ့်ကူးမင်းကို တူတော်.. ဖောင်းကားစားမောင်မောင်သတ်တယ်.. ဖောင်းကားစားကို ပင်းတလဲမင်းသားသတ်.. ပင်းတလဲ မင်းသားကို ဘိုးတော်ဘုရားသတ်တယ်.. နောက်သူ့သား.. ဘကြီးတော် (စစ်ကိုင်းစား) ကို သာယာဝတီမင်းသားပုန်ကန်တယ်.... သာယာဝတီမင်းပြီး သားတော် ပုဂံမင်းသားနန်းတက်တယ်.. (ပုဂံမင်းလက်ထက်မှာ.. အောက်မြန်မာပြည်ကုန်နေပြီ) ပုဂံမင်းသားကို မင်းတုန်းမင်းသာပုန်ကန်.. နန်းမတော်မယ်နု(ဘကြီးတော်ဘုရားရဲ့မိဖုရား.. ငါးစိမ်းသည်မဟုဆို) ရဲ့သမီး.. ဆင်ဖြူရှင်မမိဖုရားက မင်းသား (၄၀) ကိုသတ်ပြီး သီပေါမင်းကို နန်းတင်တယ်.. (သီပေါမင်းလက်ထက်.. တနိုင်ငံလုံးကုန်).. ၁၉၂၂ မှာ ဂျီစီဘီအေ နှစ်ခြမ်းကွဲတယ်.(ရှစ်စိတ်ထိကွဲဟုဆို). ၁၉၃၈ မှာ တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲတယ်.၁၉၄၅ မှာ.ကွန်မြူနစ်ပါတီ ၂ ခြမ်းကွဲတယ်... ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းကို ဂဠုန်ဦးစောသတ်တယ်.. ၁၉၅၈ မှာ ဖဆပလ နှစ်ခြမ်းကွဲတယ်. ရောင်စုံသူပုန်တွေသောင်းကျန်းတယ်..  ၁၉၆၂ မှ ၁၉၈၈ ထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) အုပ်ချုပ်တယ်..တံခါးပိတ်စီးပွားရေးကျင့်သုံးတယ်.. ငွေစက္ကူတွေကို တရားမ၀င်အဖြစ် (၃) ကြိမ်ကြေငြာတယ်.. နောက်ဆုံးအကြိမ်က ၁၉၈၇၊  ၁၉၇၄ မှာ ဦးသန့် အရေးအခင်းဖြစ်တယ်.. ၁၉၈၈ မှာ ၈လေးလုံး အရေးအခင်းဖြစ်တယ်.. နောက် ၁၉၈၈-၂၀၁၁ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်အဖွဲ့ (န၀တ) မှတဆင့်.. နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ).. ၂၀၁၁ မှာ ဦးသိန်းစိန် အစိုးရတက်တယ်.. (ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ) .. ကချင်ပြည်နယ်မှာ စစ်တွေဖြစ်တယ်.. ကရင်ပြည်နယ်မှာ စစ်တွေဖြစ်တယ်.. ဒီနေ့ မန္တလေးမှာ ဗုံးကွဲတယ်.. နေပြည်တော်မှာ ဗုံးကွဲတယ်.. ပြင်ဦးလွင်မှာ ဗုံးကွဲတယ်.. ခုငါက ကြက်ဥချဉ်ရည်ဟင်းအိုးလေးကို.. ရေခဲသေတ္တာထဲထည့်လိုက်တယ်.. မနက်ဖန် ပြန်နွှေးစားမယ်.. အဟိ... :D

(Willian Lynn)


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment