Friday, 24 June 2011

[လွပ်လပ်ခြင်း] New doc: လွတ်လပ်ခြင်းမှ ညီအစ်ကို မောင်နှမ အားလုံး ခင်ဗျာ

created the doc: "လွတ်လပ်ခြင်းမှ ညီအစ်ကို မောင်နှမ အားလုံး ခင်ဗျာ"
De Nay created the doc: "လွတ်လပ်ခြင်းမှ ညီအစ်ကို မောင်နှမ အားလုံး ခင်ဗျာ"

↓ ↑ ↓ ↑ ↓ ↑

အခုလို ဂရုထဲမှာ ဒီလို ကိစ္စတွေ ဖြစ်လာတဲ့အတွက် စိတ်မကောင်းပါဖူး။ စည်းကမ်းဆိုတာ လူ့တန်ဖိုးပါ။ ဒီဂရုထဲမှာ ရှိနေတဲ့သူတိုင်းဟာ ဒီဂရုရဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်တယ်လို့ ယူဆထားပါတယ်။ ကျနော သိပ်ပြီးတော့ ရှည်ရှည်ဝေးဝေးမပြောချင်ပါဖူး။ ဂရုမှာ ညစ်ညမ်းတဲ့စကား၊ ရိုင်းရိုင်းစိုင်းစိုင်းစကားတွေ မပြောဖို့လဲ အကြိမ်ကြိမ် သတိပေးခဲ့ပြီးပါပြီး။ ကျနောထင်ပါတယ် 'သတိမမူ ဂူမမြင်'ဆိုတဲ့ စကားအတိုင်း ဒီစည်းကမ်းချက်တွေကို မေ့လျော့နေခဲ့တာ ဖြစ်ပါလိမ့်မယ်… သို့ပါ၍ မန်ဘာများအားလုံး နောက်တစ်ကြိမ် လွတ်လပ်ခြင်းက စည်းကမ်းချက်များကို ပြန်လည်ဖတ်ကြဖို့ တိုက်တွန်းလိုပါတယ်။

 

စည်းကမ်း

 

၁။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ပညာရေး၊ကျန်းမာရေး၊ အနုပညာ၊ အားကစား၊ လူငယ့်ရေးရာ၊အမျိုးသမီးရေးရာ ကဏ္ဍမျိုးစုံနှင့် ပက်သက်သော၊ လူငယ်များအတွက်ဗဟုသုတရစေနိုင်သောသတင်း၊ ဆောင်းပါးများတင်ရန်။

 

(သတင်းဌာနဖြော်ပရန်၊ဆောင်းပါးဖြစ်ပါက ရေးသူဖော်ပြရန်)

 

၂။ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်မရွေး၊ ၀ါဒမရွေး၊ပုဂ္ဂိုလ်မရွေး add ရန်။

 

၃။ Comment များတွင် လွတ်လပ်စွာရေးသားတင်ပြရန်။ (လွတ်လပ်စွာဆဲဆိုခြင်းခွင့်မပြု)

 

၎။ ဆဲလျှင် ဘမ်းမည်။ (စဆဲတဲ့သူဘမ်းမည်)

 

၅။ ရိခြင်း၊ ထေ့ခြင်း၊ ငေါ့ခြင်း၊ တဘက်သားမခံနိုင်အောင် ပိသုဏ၀ါစာ မသုံးပဲ ဖရုသ၀ါစာအစရှိသည့်

 

အသုံးအနှုန်း၊ အပြောအဆိုများ ခွင့်မပြု။

 

၆။ ပုဂ္ဂိုလ်ရေးထိခိုက်ခြင်း၊ ကိုယ်ရေးကိုယ်တာများကိုထိခိုက်ပြောဆိုခြင်း(ပို့စ်)များ ခွင့်မပြု။

 

၇။ လွတ်လပ်သော သတင်းမီဒီယာကဏ္ဍဖြစ်သည့်အတွက် ပြည်သူလူထုကို

 

သတင်း၊ နည်းပညာ အချိန်နှင့် တပြေးညီပေးသိနိုင်ရန်။

 

၈။ ပုဂ္ဂိုလ်ရေးပြဿနာများဖြေရှင်းခြင်း၊ ကိုယ်ရေးကိုယ်တာပြဿနာများဖြေရှင်းခြင်းခွင့်မပြု။

 

၉။ စစ်ဘက်၊ဒီမိုဘက်မှ ဘယ်သူမဆို ရုပ်ပြောင်ကာတွန်းများကိုခွင့်မပြု...။

 

လေးစားစွာဖြင့်

 

 

လွတ်လပ်ခြင်း(updated: 30.03.2011)

 

နောက်ဆုံး ကျနောပြောချင်တာကတော့ ဒီစည်းကမ်းချက်တွေကို ဖတ်ပြီးပြီးဆိုရင်တော့ ဒီဂရုရဲ့ စည်းကမ်းချက်တွေကို မလိုက်နာနိုင်ဖူး ထင်တဲ့ မန်ဘာများက (ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်မထိန်းနိုင်ဖူးထင်တဲ့ မန်ဘာများ) အက်ဒမင်တွေက မထုတ်ခင် ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ထွက်လိုက်တာကောင်းပါတယ်။ မဟုတ်ရင်တော့ ကျနောတို့ ဘက်ကနေ ထုတ်ပယ်ရမှာ ဖြစ်ပါတယ်။ ကျနေပြောချင်တာ ဒီလောက်ပါပဲ။

('} ~

'ဒီလေး။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment