Saturday, 18 June 2011

[လွပ်လပ်ခြင်း] New photo

De Nay 18 June 20:06
Wall Photos
ကျွန်မအခု ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ ကျွန်မတို့ရဲ့ တိုင်းပြည်ကို ကြည့်ပြီး စိတ်ဓာတ်ကျချင် ကြတာ ဖြ<span class="text_exposed_hide">...</span><span class="text_exposed_show">စ်မှာပဲ။ ရှိမှာပဲ။ အခုထက်ထိ ဘယ်မှ မရောက်သေး ပါလား။ အခုထက်ထိ ဘာမှလည်း တိုးတက်မှုမရှိပါလားဆိုတဲ့ စိတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ ကြိုးစားရမယ်။ ဝီရိယဆိုတာဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ခပ်ကြမ်းကြမ်းပဲ ဝီရိယထုတ်ရမယ်။အလုပ်စလုပ်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် အလယ်ပိုင်းရောက်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် နောက်ဆုံးပိုင်း ရောက်ခါနီးမှာ ဝီရိယ ထုတ်ရမယ်။ အလုပ်ဆိုတာ ပြီးတယ်ရယ်လို့ မရှိဘူး။ အလုပ်တစ်ခု ပြီးရင်လည်း နောက်အလုပ်က ပေါ်လာမှာပဲ။ (လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်) အားလုံးကို လိုက်ပြီးတော့ ထမင်းဝေဖို့ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ် ဝအောင် ရှာနိုင်တဲ့ အရည်အချင်းတွေ၊ အခွင့် အလမ်းတွေ ရှိဖို့။ (လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်) တစ်ချို့တွေ ထင်သလို လက်သီးလက်မောင်း တန်းပြီးတော့ ရှေ့ကနေ ပြီးတော့ ဟီးရိုးကြီး လုပ်တာ။ အဲဒါမျိုးက သတ္တိ မဟုတ်ဘူး။ သတ္တိ ဆိုတာဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို ဖြစ်မြောက်အောင်လို့ ပင်ပန်းခံပြီးတော့ လုပ်နိုင်တာ။ ဒါမှ အဲဒီလို သတ္တိမျိုးတွေ မွေးရမယ်။ တကယ်တော့ သတ္တိဆိုတာ နိစ္စဓူဝ လုပ်နေရမှာ။ (လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်) It is not power that corrupts but fear. Fear of losing power corrupts those who wield it and fear of the scourge of power corrupts those who are subject to it. (Aung San Suu Kyi) Dedicated to Daw Aung San Suu Kyi's 66th Birthday (19 June 2011) မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့် မွေးနေ့ (မြန်မာအမျိုးသမီးများနေ့)</span>
Colourful Ones

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment