Sunday, 3 July 2011

[Big Brothers & Sisters] New doc: သားကောင်များ

created the doc: "သားကောင်များ"
Cloud Cuckoo Land created the doc: "သားကောင်များ"

 

ဘာကြောင့်ပါလဲ…..။  သူမ လုံးဝ နားမလည်နိုင်ခင်မှာပဲ ကောင်းကင်ဘုံမှာရောက်နေတာ သိလိုက်သည်။ ကောင်းကင်ဘုံမှာ ပြောနေကြတယ်…… သမီးက ကိုယ်ဝန်ဖျက်ချ ခံလိုက်ရတဲ့ သမီးတစ်ယောက်တဲ့။ သမီးကြေကြေကွဲကွဲ ငိုနေတယ် မေမေ။ သမီးကို ဘာလို့ မလိုချင်ရတာလဲ။ သမီးက မေမေ့ သွေးသားလေ မေမေ ရဲ့။ မေမေ စဉ်းစားကြည့်ပါဦး။ သမီးက မေမေ့ကို စိတ်ဆင်းရဲအောင်လုပ်မိလို့လား မေမေရဲ့။ မေမေ နဲ့ ဖေဖေ ရဲ့ အချစ်နယ်ကျွံမှု မှာ သမီးက ဓားစာခံဖြစ်ခဲ့ရတယ်နော် မေမေ။

  

အမှန်တကယ် သမီး မေမေ့ ကလေး ဖြစ်ချင်တယ် မေမေ။ သမီး ကိုယ်သမီး မေမေ့ ဗိုက်ထဲမှာ တည်ရှိနေတာကို သိလိုက်တဲ့  အချိန်က စပြီး အရမ်း ပျော်တာပဲ မေမေ။ မေမေ့ကို ပျော်စေချင်တဲ့စိတ်ကလေးလည်း သမီးမှာ ရှိနေတယ်မေမေ။ မေမေ့ကို သိပ်ချစ်တာပဲ မေမေ။

  

မှောင်မဲနေပေမယ့် မေမေ့ ဗိုက်က သမီးအတွက် နွေးထွေးတယ်။ ဒီအခန်းကျဉ်းလေးထဲမှာ သမီး ရှိနေတယ် မေမေ။ သမီး နားထဲတွင် ကြားနေရသည့် အသံတွေ ကို သမီး ခွဲခြားနိုင် တယ် မေမေရဲ့။ အများဆုံးကြားရတာက မေမေ့ အသံနော်။ ဟုတ်လား မေမေ။ ခုလေ တဖြည်းဖြည်းနဲ့ သမီးရဲ့ လက်လေးတွေ ခြေထောက်လေးတွေ တဖြည်းဖြည်းထင်ရှားလာပြီ မေမေရဲ့။ ဒီနေရာကို စွန့်ခွာပြီး လောကကြီးထဲ လူသားအဖြစ် ဝင်ဖို့တော့ အချိန်စောနေပါသေးတယ် မေမေရယ်။

  

ခုတလော မေမေ အမြဲ ငိုနေတာပဲနော်။ ဘာလို့ များလဲ သမီးမစဉ်းစားတတ်ဖူးမေမေရယ်။ ဒီနေ့ တစ်နေ့လုံးငိုနေတာပဲနော်။ မေမေ့ အတွက် သမီးလဲ နာကျင်ကြေကွဲနေရပါတယ်မေမေရယ်။ မေမေငိုတော့ သမီးလေ မေမေ့ ဗိုက်ထဲမှာ အမြဲငိုနေတယ်ဆိုတာကော မေမေ သိနိုင်မလား။

 

ဒီနေ့  ဒီနေ့ ပေါ့…….. သမီးနေထိုင်ရာ နွေးထွေးတဲ့ ကမ္ဘာလေးထဲကို အရမ်း ကြောက်စရာ ကောင်းတဲ့  အရာတစ်ခု ဝင်လာတယ်မေမေ။ ကြောက်လိုက်တာ မေမေ။ သမီး အရမ်းကြောက်တာပဲ မေမေရယ်။ သမီး အော်ဟစ် ငိုနေတယ်။ အကျယ်ကြီး အော်ငိုနေတယ်လေ မေမေ။ မေမေ သမီးကို ကယ်ပါဦးမေမေရယ်……..။ မေမေက လုံးဝ မကယ်ဖူးနော် …. မကြားလို့လား မေမေရယ်။

 

အဲဒီ မကောင်းဆိုးဝါးကြီး သမီးနား ရောက်လာပြီ မေမေ….။ သမီး အော်သံသေးသေးလေးနဲ့ အော်နေတယ်လေ…. မေမေ။ သမီး မေမေကြားအောင် အော်တာပါပဲ။ သမီး မအော်နိုင်တဲ့ အထိ ၊ အသံ ပျောက်သွားတဲ့ အထိ အော်နေတယ်မေမေ။ မေမေ ကြားရဲ့လား….။

 

"မေမေ ….. မေမေ ….. ကယ်ပါဦးမေမေ…… ကြောက်တယ် အရမ်းကြောက်တယ် မေမေ…. "

 

သမီး တစ်ခါမှ မကြုံ ဖူးတဲ့ နှိပ်စက်ခြင်း ကို ကြုံတွေ့လိုက်ရတယ် မေမေ။  အဲဒီ မကောင်းဆိုးဝါး ကြီးက သမီးရဲ့ လက်တစ်ဖက်ကို ဖဲ့ခြွေဆုတ်ဖြဲသွားတယ် မေမေ။ ပြောမပြနိုင်အောင် နာတယ် မေမေ။ မခံ မရပ်နိုင်အောင် နာလှချည်ရဲ့…….။

 

ထပ်မရက်စက်ပါနဲ့တော့ ၊ တော်ပါတော့…… လို့ သမီး ငိုပြီး တောင်းပန်တယ်။ ဒါလည်း မရဘူးမေမေ။ သူထပ်ပြီး ရှေ့တိုးလာတယ် မေမေ။ သမီး ဘယ်လို တောင်းပန်ရမလဲ ဟင်။

 

သမီးရဲ့ ခြေထောက် သေးသေးလေးတွေ ကို ထပ်ပြီး လှီးထုတ်ယူသွားပြီ မေမေ။ သမီး မခံ နိုင်လောက် အောင် နာကျင်လွန်းပါပြီ…..။ သမီးရဲ့ ခန္ဓာကိုယ် သေးသေးလေး တစ်ပိုင်းစီ ပဲ့ကျပြီး ….. သမီး သေဆုံးသွားခဲ့ပါပြီ မေမေ။

 

ရက်စက်လှချည်လား…. မေမေ။ သမီးမှာ သာ အသက်ရှိနေခဲ့ရင် သမီး ဘယ်လောက်နာကျင်ခဲ့သလဲ ဆိုတာ မေမေ့ကို ပြောပြချင်တယ် မေမေ။ သမီးကို မလိုချင်ရင် အစတည်းက ခေတ်မီဆေးဝါးတွေ ၊ ပစ္စည်းတွေနဲ့ တားခဲ့ကြပါလားမေမေ။ သမီး ရှိလာမှ နှိပ်စက်ကြတာကို သမီးနားမလည် တော့ဘူးမေမေ။

သမီး မေမေ့ကို ချစ်တယ်လို့ ပြောခွင့်မရတာတော့ သမီးရင် အနာဆုံးပဲ မေမေ။

 

သမီးလို ဘဝတူ ကလေးတွေအများကြီးပါပဲ မေမေရယ်။ မေမေ သမီးတို့ ပုံလေးတွေ မြင်ရင် ပဲ သမီးလို လူ့လောက ထဲ မရောက်မီ ဗိုက်ထဲမှာတည်းက စုတ်ဖြဲ သတ်ဖြတ်ခံ ရတဲ့ ကလေးမျိုးတွေ ရဲ့ ဘဝကို သနား ညှာတာစာနာပေးကြပါ နော် မေမေ။ သမီးက နောက်ဆုံး သားကောင်သာ ဖြစ်ပါစေတော့ မေမေရယ်….။

  

စာဖတ်သူ ရင်ထဲကို တစ်ခုခုပေးနိုင်မည်ဟု မျှော်လင့်လျက်......

မေသိမ့်သိမ့်ကျော်


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment