Sunday, 3 July 2011

[Big Brothers & Sisters] New doc: တကယ့် ပညာတတ်ဖြစ်စေဖို့...........

created the doc: "တကယ့် ပညာတတ်ဖြစ်စေဖို့..........."
Cloud Cuckoo Land created the doc: "တကယ့် ပညာတတ်ဖြစ်စေဖို့..........."

ကျနော်တို့  နိုင်ငံမှာ ပညာရေးကို အရမ်းအားပေးသလို ဘွဲ့ရတဲ့  လူတွေအရမ်းပေါပါတယ်..။ ပြီးတော့....

ကျနော်တို့ လူမျိုးတွေ ဟာအရမ်းတော်ကြပါတယ်...နိုင်ငံတကာကိုဖြန့်ကျက်ကြည့်လိုက်ရင် မြန်မာလူမျိုးပညာရှင်တွေ

အများကြီးရှိသလိုမြန်မာပြည်က.ကျောင်းသားတွေဟာလည်း .နိုင်ငံတကာက ကျောင်းသားတွေနဲ့ ရင်ဘောင်တန်းနိုင်

အောင်ကို တော်ကြပါတယ်...။  ဒါပေမယ့်  ပညာတတ်တွေထက်ဘွဲ့ ရတွေသာလူဦးရေများနေကြပါတယ်...။

     သူများနိုင်ငံတွေမှာ ဘွဲ့ တစ်ခုရပြီဆိုရင် သူရတဲ့  ဘွဲ့ နဲ့  ပတ်သတ်ပြီးတကယ်ကို သိနားလည်ကြပါတယ်..။

ကျနော်တို့ နိုင်ငံမှာကောဘွဲ့  ရတဲ့  သူတွေဟာ..တကယ်ကို ကိုယ့် ဘာသာရပ်တွေ မှာတတ်ကျွမ်းကြရဲ့ လား..။

တတ်ကြတဲ့  သူတွေတော့  ရှိမှာပါ....။ဒါပေမယ့်  လတ်မှတ်တစ်ခုပဲ ပိုင်ဆိုင်လိုက်တဲ့ သူတွေကများနေတာ

ပတ်ဝန်းကျင်ကိုသတိထားကြည့်ရင်သိမှာပါ.....။

            မိဘတွေကော ကျောင်းသားတွေကပါ.ကျောင်းတတ်ပြီဆိုရင် .... အချိန်တန်ရင်စာရဖို့ရယ်  စာမေးပွဲအောင်

ဖို့ရယ်လောက်သာဦးစားပေးနေကြတာကြောင့် ပါ.။ငါ့  သားလေးသမီးလေးကတော့  စာမေးပွဲကိုတစ်နှစ်တစ်တန်း

အောင်ရမယ်.အတန်းထဲမှာ အဆင့် ဘယ်လောက်ရ ရမယ်ဆိုတာလောက်ကို စဉ်းစားနေကြတာများပါတယ်....။

စာတတ်ဖို့ ထက်စာမေးပွဲအောင်ဖို့ သာဦးစားပေးနေကြတာ...။

         တကယ်တော့  ပညာတွေသင်ကြတာက စားမေးပွဲအောင်ဖို့  တစ်ခုတည်းမှာ မဟုတ်တာ ...အဓိကနဲ့  သာမည

ကို မှားယွင်းနေကြလို့  ဘွဲ့ ရပြီးစာမတတ်တဲ့  သူတွေ များနေကြတာပါ.။တကယ်တော့ ပညာသင်တယ်ဆိုတာက

      အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ  ဦနှောက်အရည်အသွေးတွေ မြှင့်  မားလာဖို့  ၊

      စဉ်းစားဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်ချနိုင်ဖို့  ၊

 

      ဗဟုသုတတွေ တိုးပွားလာဖို့ ၊

      ဆင့် ပွားတွေခေါ်တတ်ဖို့   ၊  အလေ့အကျင့်  တွေ ဖြစ်စေဖို့ အစရှိတဲ့  အချက်တွေ ကြောင့်ပါ..။

ဒီလို အချက်မျိုးတွေကိုကိုယ်တိုင် သိပြီးလိုက်လုပ်နိုင်မှသာ တကယ့် ပညာတတ်ဖြစ်လာမှာပါ..။

            ကျနော်တို့  တော်တော်များများဟာ စာမေးပွဲ ဖြေပြီးရင် စာတွေကိုမေ့ပစ်လိုက်ကြတာများပါတယ် ။

မမေ့ပစ်ဘဲ ထားလိုက်တဲ့ သူတွေကလည်း စာတွေကို ဘဝထဲထိခေါ်လာဖို့  မေ့နေကြပါတယ်.။

           ဥပမာ ..ကျနော်တို့ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ စာတွေမှာ  ပထဝီဝင်မှာဆို မြန်မာနိုင်ငံရဲ့  တည်နေရာ ၊

မျက်နှာသွင်ပြင် ၊အိမ်နီးချင်းစတဲ့  အချက်အလက်ပေါင်းများစွာ သင်ကြားရပါတယ် .သမိုင်းဆိုလည်းမြန်မာကော 

ကမ္ဘာနဲ့ ပတ်သတ်တဲ့ဟာတွေပါသင်ခဲ့ ရပါတယ်..။တကယ်တော့ ဒါတွေဟာ  စာမေးပွဲဖြေပြီးရင်မေ့လိုက်ဖို့  မှ

မဟုတ်တာ တသက်လုံးသိနေရမယ့်  ဟာတွေပါ..။

            English စာဆိုရင်လဲ ဟိုးသူငယ်တန်းကနေစပြီး  တက္ကသိုလ် အထိသင်ကြားရပါတယ်.။ ကျောင်းပြီးသွား

ရင်ကော ဆယ်စုနှစ်တစ်ခုကျော်သင်ခဲ့ ရတဲ့   English ကို ကျွမ်းကျင်ကျင်ရေးတတ်ပြောတတ်ကြရဲ့လား ???

တကယ်တော့  ဒီအချိန်ကာလဟာဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ဖို့လုံလောက်တာ

ထက်ကိုပိုနေပါတယ်..။ ကျနော် တို့  အများစုဟာ၁၀နှစ်ကျော်ကာလမှာ စားမေးပွဲအောင်ဖို့  တစ်ခုနဲ့  သာလုံးပန်းရင်း

အချိန်ကုန်လွန်နေခဲ့  ကြလို့  ပါ.။ စာမေးပွဲအောင်ဖို့  ဟာအရေးကြီးပေမယ့်   စာတကယ်တတ်ဖို့လောက်တော့ 

အရေးမကြီးပါဘူး..။

          သင်ထားခဲ့တဲ့  စာတွေကို ဘဝထဲထိခေါ်လာရပါမယ်..။ဥပမာ  Chemistry မှာဆိုရင် equation တွေ အဆတွေ

စတာတွေသင်ကြားရပါတယ်..။လက်တွေ့ မှာတော့  Chemistry ဆိုရင် ဓါတုဗေဒ နဲ့ပတ်သတ်တဲ့ လုပ်ငန်းတွေနဲ့ သာ

ဆက်စပ်ပြီးစဉ်းစားမိတတ်ကြပါတယ်..။တကယ်တော့  ဒီလိုဘာသာတွေသင်ခဲ့ရတာဟာသူနဲ့ တိုက်ရိုက်ဆိုင်တဲ့ 

လုပ်ငန်းတွေနဲ့  မှာသာသုံးနိုင်မဟုတ်ပါဘူး .။မိမိ ဘဝအတွက်လည်း ဒီဘာသာရပ်တွေကို အခြေခံ ပြီး equation  တွေ

ထုတ်နိုင်ရပါမယ်..။ အဆတွေကို အခြေခံ ပြီး လူတစ်ယောက်ကိုမြင်လိုက်တာနဲ့   

ကောက်ကျစ်ခြင်း ဘယ်နှစ်ဆ ၊

ရိုးသားခြင်းဘယ်နှစ်ဆ ၊

ထက်မြက်ခြင်း  ဘယ်နှစ်ဆ ၊

တွေဝေခြင်း ဘယ်နှစ်ဆ ၊

ပျင်းရိခြင်း ဘယ်နှစ်ဆ ၊

ကြိုးစားခြင်း ဘယ်နှစ်ဆ စတာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိရပါမယ်...။ဒါမှ တကယ့်  ပညာတတ်တစ်

ယောက်ဖြစ်လာမှာပါ.......။

 

 အားပေးတဲ့  သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်..။တကယ့်  ပညာတတ်ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ....ဗျာ...

 

 

(ကျနော့်  အတွေ့ အကြုံလေးတွေ နဲ့  ယှဉ်ရေးထားတာမို့   အမှားပါရင် ခွင့်လွှတ်စေချင်ပါတယ်...)

 

Posted by whitelovemagician


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment