Saturday, 2 July 2011

[Big Brothers & Sisters] Part II

Part II  နောက်ဆုံးတော့ အသိစွမ်းအား (Capacity) ပဲ။     အသိစွမ်းအာဒ (Capacity) ဆိုတာ နေ့တွင်းညတွင်းချင်း ဖြည့်လို့ရတာမဟုတ်။     အိုဗားမား က ရပ်ကွက် လူစွမ်းကောင်း (Community Activist) အဆင့်ကလာတာ စီနိတ်တာ ခဏလုပ်ထူးတာ။ ။ စီးပွားရေး နားမလည်။ တရုတ်ခေါင်းဆောင်တွေက တသက်လုံး ပိုးမွေးသလို မွေးလာတာ။ တရုတ် ရဲ့ စီးပွားရေးပေါ်လစီ နဲ့ အမေရိကန် စီးပွာေးရး ပေါ်လစီ ယှဉ်ကြည့် ရင် တခြားစီပဲ။     Capacity မပြည့်ရင် လေ့လာပေမဲ့လည်း နားမလည် နိုင်။ နားမလည် တော့ မလေ့လာ။ ရွာလည်နေတတ်တယ်ဆိုတာလည်းမေ့၍ မရ  ရာဇဓမ္မ သင်္ဂဟ ကျမ်းမှာ free trade လွပ်လပ်စွာကူးသန်းခွင့် ကို အရေးပေးရေးခဲ့တဲ့ ယောအတွင်း ၀န် ဦးဘိုးလှိုင်က စီးပွားရေးအမြင်နဲ့ သီပေါ မင်းလက်ထက်မှာ ဘုရင်ကအစ မင်းမှုထမ်း အားလုံး လစာချွေတာယူကြရန်လျှောက်ထားခဲ့တယ်။ ဒီမှာ တင်
Bo K Nyein 03 July 01:55
Part II

နောက်ဆုံးတော့ အသိစွမ်းအား (Capacity) ပဲ။



အသိစွမ်းအာဒ (Capacity) ဆိုတာ နေ့တွင်းညတွင်းချင်း ဖြည့်လို့ရတာမဟုတ်။



အိုဗားမား က ရပ်ကွက် လူစွမ်းကောင်း (Community Activist) အဆင့်ကလာတာ စီနိတ်တာ ခဏလုပ်ထူးတာ။ ။ စီးပွားရေး နားမလည်။ တရုတ်ခေါင်းဆောင်တွေက တသက်လုံး ပိုးမွေးသလို မွေးလာတာ။ တရုတ် ရဲ့ စီးပွားရေးပေါ်လစီ နဲ့ အမေရိကန် စီးပွာေးရး ပေါ်လစီ ယှဉ်ကြည့် ရင် တခြားစီပဲ။



Capacity မပြည့်ရင် လေ့လာပေမဲ့လည်း နားမလည် နိုင်။ နားမလည် တော့ မလေ့လာ။ ရွာလည်နေတတ်တယ်ဆိုတာလည်းမေ့၍ မရ

ရာဇဓမ္မ သင်္ဂဟ ကျမ်းမှာ free trade လွပ်လပ်စွာကူးသန်းခွင့် ကို အရေးပေးရေးခဲ့တဲ့ ယောအတွင်း ၀န် ဦးဘိုးလှိုင်က စီးပွားရေးအမြင်နဲ့ သီပေါ မင်းလက်ထက်မှာ ဘုရင်ကအစ မင်းမှုထမ်း အားလုံး လစာချွေတာယူကြရန်လျှောက်ထားခဲ့တယ်။ ဒီမှာ တင် " ရှင်ဘုရင်လုပ်ရတာ ငလှိုင်ပေးသရွေ့ နဲ့ စားရမှာတဲ့လား။ ဒီလိုဖြင့် ရှင်ဘုရင်တောင် မလုပ်ချင်တော့ ဖူးလို့" အထင်အမှားခံခဲ့ ရဖူးတယ်။



အသိစွမ်းအား မတူတာကြောင့် ပညာတတ်တွေဟာ အရင်ကတည်းက အမျက်ရှ ခံကြရရှာတယ်။



လူငယ်လေးတွေကို စဉ်းစားစေချင်တယ်။



အစိုးရကို ဆဲမှ အစိုးရ ကို အတိုက်ခံပြော မှ လက်ခုပ်တီးချင်ကြတယ်။



အစိုးရကို ခါးစီးခံပြော မှ ဆရာတင်ချင်ကြတယ်။



တခြားပြောတာနဲ့ သစ္စာဖေါက် ၊ အစိုးရ အလိုတော်ကြီး ၊ အစိုးရဖက်လိုက် စုံနေအောင် စွပ်စွဲကြမယ်။ ရိသဲ့သဲ့ ကလိကြမယ်။

ဒီလို ပေါက်တတ်ကရ အော်နေတဲ့ လူတွေကို စဉ်းစားတတ်တဲ့ ပညာတတ် လူတော်တွေ ဘယ်လာ ကူညီပေါင်းလုပ်ကြမှာလဲ? လူတော်တွေ ရှောင်တော့ ဘာအတွေ့အကြုံ ဘာအဖြစ်မှမရှိ အသိ စွမ်းအားမပြည့် တဲ့ ၀ဲစား တွေပဲ အော်ရင်း စိတ်အာ သာဖြေ နေကြတာ သက်သက်ပဲ ဖြစ်မနေဖူးလား?



(မာတယ်ကွ) အော်နေကြ တဲ့ ဆရာကြီးတွေ ဘာ ဗျူဟာ၊ ဘာအစီအစဉ် တွေနဲ့ စစ်အစိုးရ ကိုပြောင်းလဲမှာလဲ? ဒေါ်စု ကိုစောင့်နေတဲ့ အချိန်တွေမှာ လူငယ်လေးတွေ တိုးတက်အောင် capacity မြင့်မားအောင် ဘာတွေ လုပ်ဆောင်ပေးခဲ့ကြလို့လဲ?



မနက်ဖန် NLD အစိုးရဖွဲ့ ရမယ် ရော့အာဏါ တိုင်းပြည် သွားအုပ်ချုပ်ကြ ဆိုရင် ဘယ်မှာလဲ နားလည်တတ်ကျွမ်းသူတွေ? ပညာရှင်တွေ? အုပ်ချုပ်ရေးမှုးတွေ? ကဲ ဒေါ်စု က အကြမ်းမဖက် ၀ါဒ ကို စွန့်လွှတ်လိုက်ပြီ လမ်းပေါ်ထွက်ကြဟေ့ ဆိုရင်လည်း ဘယ်မှာလဲ လှုံ့ဆော်မဲ့ agitator တွေ။ တိုက်စစ်မှူးတွေ။ ဗျူဟာမှူးတွေ ။ နယ်မြေခေါင်းဆောင်တွေ။ logistics နားလည်သူတွေ။ အန်ကယ်ကြီးတွေကိုပဲ အပြစ်ပုံချလို့မရ။ ဒေါ်စု မရှိတဲ့ အချိန်မှာ ဒေါ်စု ပြန်ထွက်အလာကို ပဲ ထိုင်စောင့် ၍မရ။ အားလုံးမှာ တာဝန်ရှိတယ်။



ဗမာကွန်မြူနစ်တွေဟာ (ဆဲ) တာ (ဆန့်ကျင်တာ) ၀ါဒဖြန့်ချီတာက လွဲရင် ရေရှည် ကို မတွက်တတ်။ (လေ) တော်လှန်ရေးပဲရတယ်။ ဒီ လက်ဝဲ ဆရာကြီးတွေ စကားနားယောင် နေသူ တွေဟာလည်း ဆရာကြီးတွေ လျောက် ခဲ့တဲ့လမ်းပဲ လိုက်ကြပြီး ငိုကြ ယိုကြ ဆဲကြ ဆိုကြ လက်သီးလက်မောင်းတန်းရင်း မြေကြီးထဲ ရောက် ကုန်ကြ မှာပဲ။



ရပ်တည်ချက် မှန် တိုင်း ၊ အတွေးအခေါ်မှန်တယ် ပြောလို့မရ။



နိုင်ငံရေးမှာ ဥါဏ်မရှိပဲ နိုင်ငံရေးဗျူဟာ မဖေါ်ထုတ်နိုင်ပဲ အောင်မြင်မှု ရဖို့ မလွယ်လှ



အခုလိုရေးတော့ ပုဂ္ဂိုရ် ရေုးကိုပဲကြည့်ပြီး လက်မခံသူရှိသလို ၊ ၀ါဒရေး မျက်စိ သက်သက်နဲ့ ကြည့်ပြီး နှာခေါင်ရှုံ့သူတွေလည်း ရှိမှာပါပဲ။ အမြင်ကျဉ်းတဲ့ ပုဂ္ဂိုရ်ရေး ၀ါဒရေးတွေကို အလေးမထားပဲ သိချင်လိုမှု လောဂျစ် critical thinking ရှိသူတွေ၊ ဥါဏ်ရှိရှိ အချက်အလက် အကျိုးအကြောင်း ကိုမူတည်ပြီး ချင့်ချင့် ချိန်ချိန် စဉ်းစားနိုင်သူတွေ လည်း ရှိကြပါလိမ့်မယ်။ စာရေးသူဟာ Quantity ကိုမကြည့် လို Quality ကိုသာ အရေးထားပါတယ်။



တချို့အတွက် ကတော့ ကျွဲပါးစောင်းတီး နွားပလာတာ ကျွေးသလို ဖြစ်မယ်ဆိုတာ မျှော် လင့်ပြီးသားပါ။



အမှတ်မထင် facebook ပေါ်မှာပဲ လူငယ် တယောက်ကို သိခွင့်ရခဲ့တယ်။ စာပေနယ်ထဲကပါပဲ။ အသက် ၃၀ မပြည့်သေးဖူး။ စာဖတ်အားကောင်းတယ်။ (အသိစွမ်းအား) မြင့်တယ်။ ဆွေးနွေး နိုင်တဲ့ စွမ်းအား က သာမန်လူကြီး တွေထက်မြင့်မားတယ်။ ဦးဘို ဒါကိုဘယ်လိုထင်သလဲ? ဒါကိုတော့ ဘ၀င်မကျဖူး ရဲရဲပြောနိုင်တယ်။ ဒါဖတ်ကြည့်ပါလား ဆိုရင် ရအောင် ရှာဖတ်လာတယ်။ နောက် တယောက် က ၃၀ကျော် ၄၀ ၀န်းကျင် the new left အုပ်စု ထဲကလို့ ပြောလို့ရမယ်ထင်တယ်။ စာဖတ် အားကောင်း သလား မပြောနဲ့။ နောက်တယောက်ကတော့ ကွန်မြူနစ် လိုလားသူ တဖြစ်လဲ။ ဆွေးနွေး လို့ကောင်း တယ်။ အပြင်နဲ့ ကွာတာက အပြင်မှာက လွပ်လပ်မှုရှိတော့ ကြိုးစားပြီး (အသိ) ရှာလိုတဲ့သူ နဲ တယ်လို့ထင်မိတယ်။ ရှိတော့ရှိတယ်။ ရှားတယ်။ အတွင်းမှာက လွပ်လပ်မှုလည်း နဲ အခက်အခဲ ကြားက (အသိ) ကိုရှာကြရတော့ တန်ဖိုးထားရမှန်းသိကြတယ် လို့ခံစားရမိတယ်။ ဗမာလူငယ် တွေအတွက် အားရမိတယ်။



ဗိုလ်ချုပ်အောင်ဆန်းတို့ကို ကွန်မြူနစ်တွေက အင်္ဂလိပ် အလိုတော်ကြီးတွေလို့ စွပ်စွဲခဲ့ကြတယ်။ နောက်ဆုံး (အချိန်) က အဆုံးအဖြတ်ပေးခဲ့ပြီ။ ရာဇ၀င် က သက်သေထူခဲ့ပြီ။



ဗိုလ်ချုပ် တို့လို လူမျိး တယောက် ကို ကွန်မြူနစ် တထောင် နဲ့ မလဲနိုင်ပေါင်။



လူတော် တယောက် က လူတော် တရာကို (ပွား) နိုင်တယ်။ လူရှော် တထောင်က လူတော် တယောက် ကို မမွေးပေး နိုင်ဖူး။



ဒါကြောင့် (အရည်အတွက်) ထက် (အရည်အသွေး) ကို တန်ဖိုးထား ရတာပါ။



လူငယ်လေးတွေ အသိစွမ်းအား capacity အကြောင်းနားလည်နိုင်ကြပါစေ။ ၀ မရှိ ပဲ ၀ိ မလုပ်နိုင်။



အားလုံးကျမ်းမာကြပါစေ အသိတိုးပွားကြပါစေ။



ဘိုဘိုကျော်ငြိမ်း



**************************************



မအ အောင်လို့ . . .

စ ကတည်းက အမြတ်အဓိက လို့ ကြွေးကြော်ပြီး ဒီနေ့အထိ အဲဒီ အရင်းရှင်စနစ် သက်ဆိုးရှည်လာစေတဲ့ အဓိက အချက်က တဦးချင်းလွတ်လပ်ပိုင်ခွင့်ကို ကာကွယ်ပေးတဲ့ အခြေခံလူ့အခွင့်အရေးတွေကြောင့်ပဲလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဒါပေမယ့် အဒမ်စမစ်ရဲ့ အမြတ်ပဓာန အရင်းရှင်စနစ်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာပဲ ကိုလိုနီစနစ်နဲ့အတူ ကမ္ဘာပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းသွားခဲ့တယ် လို့ ပြတ်ပြတ်သားသား မြင်ပါတယ်။ ၂၀ ရာစုမှာ လက်ဝဲ လက်ယာ အားပြိုင်မှုနဲ့ ဘာလင်တံတိုင်းပြိုပြီး လက်ဝဲအလုံးစုံကျဆုံးမှုဟာ သိသာထင်သာမြင်သာပေမယ့် တကယ့်တကယ်တန်း ပြန်ကြည့်လိုက်ရင် အဒမ်စမစ်ရဲ့အမြတ်ပဓာနအရင်းရှင်စနစ်က ဒုတိယကမ္ဘာစစ်ပြီးကတည်းက ချုပ်ငြိမ်းခဲ့ပြီးသားပါ။ လက်ယာအုပ်စုတွေဟာ အဆုံးစွန်ကိုလိုနီထိရောက်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေကို မဖြစ်မနေလုပ်ခဲ့ကြပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်လို့မဖြစ်အောင်လည်း သူတို့ကို ကွန်မြူနစ်လက်ဝဲ၀ါဒက တွန်းအားပေးခဲ့တယ်။ ကွန်မြူနစ်တွေဟာ ရုရှားမှာ မဟာအောက်တိုဘာတော်လှန်ရေးနဲ့အတူ အောင်ပွဲခံခဲ့၊ ဇာဘုရင်ရဲ့အဖြစ်ဆိုးကို သူတို့ သင်ခန်းစာရခဲ့တယ်။ ဒါကြောင့် အမေရိကနဲ့ဗြိတိန်တို့ဟာ ပါလီမာန်တွင်းပြုပြင်ပြောင်းလဲမှုတွေ၊ အလုပ်သမားအခွင့်အရေးပြုပြင်မှုတွေ ကို လုပ်ပြီး ကွန်မြူနစ်ခြေကုပ်မယူနိုင်အောင် ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့တယ်။ အမေရိကမှာတော့ အထက်လွှတ်တော်အမတ် ဂျိုးဇက်မက္ကာသီ က စီအိုင်အေ နဲ့ပေါင်းပြီး ဥပဒေမဲ့ကို ကိုင်တွယ် ရှင်းလင်းခဲ့တယ်။ အမေရိကန်တွေကြောက်လန့်စရာကောင်းလောက်အောင် ကမ္ဘာတခြမ်းက နေ့ချင်းညချင်း လက်ဝဲ စနစ်ကို ထူထောင်ခဲ့ကြတယ်။ ကွန်မြူနစ်တစ္ဆေအခြောက်ခံနေတဲ့ အမေရိကန်တွေဟာ အရှေ့တောင်အာရှ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုရီးယားကျွန်းဆွယ်တွေမှာ အမှားတွေ လူမဆန်တဲ့ လုပ်ရပ်တွေအများကြီးလုပ်ခဲ့တယ်။ တချိန်တည်း ကွန်မြူနစ်တွေကလည်း တော်လှန်ရေးကြီးအောင်မြင်ဖို့ ဆိုပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အဓမ္မမှုတွေ လုပ်ခဲ့တယ်။ သမိုင်းစာမျက်နှာတွေကို ဖြတ်သန်းဖတ်ကြည့်တဲ့အခါ ကမ္ဘာဟာ အရမ်းကိုအထိ နာခဲ့တာပါ။ ဘယ်သူတွေနာခဲ့တာလဲ ဆိုတော့ ပြည်သူတွေပါ။ ဂျိုးဇက်မက္ကာသီ ကြောင့် ယိုင်နဲ့ခဲ့ရတဲ့ ဒီမိုကရေစီကို အချိန်မီပြုပြင်ပြီး လူ့အခွင့်အရေးတွေနဲ့ အချိန်မီဆေးကုအဖတ်ဆည်ခဲ့နိုင်လို့ပေါ့။ နို့မို့ဆို အဖြေက တမျိုးတောင်ဖြစ်သွားနိုင်တယ်လို့ကျနော်သုံးသပ်မိတယ်။ အမေရိကရဲ့ကောင်းမွန်တဲ့ အတုယူစရာစနစ်က အဲဒါပါပဲ။ ပြုပြင်ပြောင်းလဲမှု ရှိတာပါ။ ပြုပြင်ပြောင်းလဲမှု ဆိုတာရှိမှ ယဉ်ကျေးမှု လို့ခေါ်တယ် ဆိုသလိုပဲ၊ အမေရိကန်တွေရဲ့ အရင်းရှင်စနစ်ဟာ အဒမ်စမစ်ရဲ့ အမြတ်အဓိက ကိုလိုနီစနစ်ကနေ ပြန်လည်ပြင်ဆင်ရေးတွေနဲ့ ဈေးကွက်စီးပွားရေး ဆီထိပြောင်းလဲရွေ့ လျားလာပါတယ်။ ဒီနေ့အမေရိကန်ပြည်ထောင်စုထဲမှာ ကော်ပိုးရေးရှင်းတွေ၊ ကုမ္ပဏီတွေကို မလှုပ်နိုင်မယှက်နိုင်အောင် ဥပဒေတွေအမျိုးမျိုးနဲ့ ကန့်သတ်ထားတာ တကယ့်ကို ဆိုရှယ်လစ်ဆန်ဆန်ဖြစ်ဖြစ်နေပါပြီ။ လက်ရှိ ကမ္ဘာမှာ အလုပ်သမားအခွင့် အရေး အများဆုံးရထားတာလည်း အမေရိကပါ။ အဲဒီတော့ ပစ္စည်းမဲ့လူတန်းစားတွေအတွက် ပစ္စည်းမဲ့အာဏာကိုထူထောင်မယ်၊ အလုပ်သမားနိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ လက်ဝဲနိုင်ငံတွေမှာ ပါတီကို ပြန်မပြောရဲ၊ သမဂ္ဂဆိုတာ လွတ်လပ်စွာဖွဲ့ခွင့်မရှိနဲ့ နှိုင်းယှဉ်လိုက်တော့ လက်ဝဲတွေ ဘာကြောင့်ကျဆုံးပြီး၊ လက်က်ျာတွ ဘာကြောင့် ကျန်ခဲ့တယ် ဆိုတာ မြင်သာပါပြီ။ ဈေးကွက် စီးပွားရေးစနစ်ဆိုတာ အရင်းရှင်စီးပွားရေးစနစ်နဲ့ မတူပါဘူး။ အနှစ်သာရမှာ အရမ်းကို ကွဲပြားပါတယ်။ အမည်နာမ အခေါ်အဝေါ်မှာတင် သိသိသာသာ ကွဲပြားပါတယ်။ အရင်းရှင်စီးပွားရေးစနစ်မှာ အရင်းရှင်လူတန်းစားကို ဗဟိုပြုဖွဲ့စည်းထားတာဖြစ်ပါတယ်။ အရင်းရှင်စနစ်မတိုင်မီက မြေရှင်စနစ်၊ အဲဒီမတိုင်မီက ပဒေသရာဇ်စနစ်၊ သမိုင်းကို နောက်ပြန်သွားကြည့်ရင် ဘယ်လိုတွေ တိုးတက် ပြောင်းလဲလာတယ်ဆိုတာကို အထင်အရှားတွေ့ရလိမ့်မယ်။ အဲဒီလို တိုးတက်ပြောင်းလဲမှုတွေဟာ အလကားအချည်းနှီးပြောင်းလာတာတော့မဟုတ်ပါဘူး။ကျနော်တို့ လူသားတွေဟာ သမိုင်းဦး ဘုံမြေခေတ်မှာ အတူတကွ စုပေါင်းနေထိုင်ရင်း လူမျိုးစုတွေ ဖြစ်ခဲ့တယ်။ သားရဲတိရစ္ဆာန် တွေရဲ့အန္တရာယ်တွေ၊ တခြားလူမျိုးစုတွေရဲ့ အန္တရာယ်တွေ၊ သဘာဝဘေးအန္တရာယ်တွေကို ဦးဆောင်ကာကွယ်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းကို ခေါင်းဆောင်တင်မြှောက်ရာက ဘုရင်စနစ်ကို တီထွင်ပြီးသားဖြစ်ခဲ့တယ်။ ဘုရင်သေတော့ သူ့သားကို အစဉ်အဆက်အုပ်ချုပ်ခိုင်းရာကနေ အဲဒီ ဘုရင်နဲ့ အဲဒီ ဘုရင်ရဲ့အမျိုးတွေ ဖိနှိပ်မှုတွေကို မခံနိုင်စရာတွေပေါ်လာတယ်။ အရင်ဆုံး သူတို့အမျိုးအချင်းချင်း(နယ်စားပယ်စားတွေရဲ့ မကျေနပ်မှုနဲ့စခဲ့တာ) ၁၂၁၅ မှာ အင်္ဂလန်မှာ ဂျွန်ဘုရင် နဲ့ ပြည်သူတွေ မဂ္ဂနာကာတာ စာချုပ်ကိုချုပ်တာက စလို့စည်းမျည်းခံဘုရင်စနစ်ကို စ ခဲ့တယ်။ ဒါပေမယ့် အဲဒီစာချုပ်ကို အဲဒီ ဘုရင်တွေက ချက်ခြင်းလက်ခံတာမဟုတ်ဘူးနော်။ နှစ်တရာလောက် နည်းအမျိုးမျိုးနဲ့ဖေါက်ဖျက်ခဲ့သေးတယ်။ ဒီလိုနဲ့ ပါလီမန်စည်းမျည်းခံ ဘုရင်စနစ်ကို တီထွင်ရာကနေ ပါလီမန်ထဲ မြေရှင်တွေက သြဇာရှိနေရာ ၀င်ယူလာကြတယ်။ မြေရှင်တွေ ဘယ်လိုနည်းနဲ့ သြဇာဝင်ယူလာသလဲ လို့မေးရင် စီးပွားရေးစနစ်ကြောင့်ဆိုတာ သုံးသပ်ရပါတယ်။ စိုက်ပျိုးရေးအဓိက စီးပွားရေးစနစ်ခေတ်ကြီးမှာ မြေသြဇာကောင်းတဲ့ မြေယာတွေပိုင်ဆိုင်တဲ့သူတွေဟာ အလိုအလျောက်ကြွယ်ဝပြီး သြဇာရှိလာတယ်။ သူတို့ရဲ့ကြွယ်ဝမှု၊ သြဇာရှိမှုတွေက ပါလီမန်ထဲမှာ သူတို့စိတ်တိုင်းကျ ခြယ်လှယ်နိုင်ခဲ့စေတယ်။ ပါလီမန်ဟာ မြေရှင်တွေကြီးစိုးတဲ့ မြေရှင် ပဒေ သရာဇ်စနစ်ကိုမွေးထုတ်ပေးတဲ့ ပါလီမန်ဖြစ်ခဲ့တယ်။ မြေရှင်တွေဆိုတာလည်း ပဒေသရာဇ်တွေနဲ့ သူတို့အမျိုးတွေ၊ ပဒေသရာဇ်တွေကို သစ္စာစောင့်သိပြီးစစ်တိုက်ပေးထားတဲ့ စစ်ဗိုလ်တွေကို မြေယာတွေအပိုင်စားပေးထားတာတွေပါ။ ဒီတော့ ပါလီမန်ထဲမှာ သူတို့အကျိုးစီးပွားကို ကာကွယ်တဲ့ဥပဒေတွေကိုပဲ ရေးဆွဲ ပြဌာန်းခဲ့ကြတယ်။ အများစု ဖြစ်တဲ့ပြည်သူတွေကတော့ နင်းပြားဘ၀မှာပါပဲ။ပြည်သူတွေဟာ မြေယာကိုမှီပြီး နေထိုင်ရ၊ ထွန်ယက် စိုက်ပျိုးလုပ် ကိုင် စားသောက်ရတယ်။ မြေရှင်တွေ ဖိနှိပ်သမျှခံခဲ့ရတယ်။ အဲဒီလို နေနေရတုန်းမှာပဲ ၁၇၇၀ ၀န်းကျင်လောက်မှာ ဂျိမ်းဝပ်ဆိုတဲ့ လူ တယောက်ရေနွေးအိုးအတည်ကောင်းတာက အစပြုပြီး အင်ဂျင်ဆိုတာကို တီထွင်လာနိုင်၊ အဲဒီနောက် စက်မှုတော်လှန်ရေးကြီးပေါ်လာပြီး မြေကြီးပိုင်တိုင်း သြဇာမရှိတော့တဲ့ ဘ၀ကို မြေရှင်တွေ ရင်ဆိုင်လိုက်ရတယ်။ ဒီနေရာမှာ စဉ်းစားစရာက ဒီလိုဖြစ် မယ်မှန်းသာ စောစောကြိုသိခဲ့ရင် မြေရှင်တွေဟာ ဘယ်သူမှ ရေနွေးအိုးမတည်ရ လို့ ပါလီမန်ထဲမှာ အမိန့်တွေပြဋ္ဌာန်းခဲ့မှာ သေချာတယ်ဗျ။ ခုခေတ် အီလက်ထရွန်နစ် ဥပဒေတို့ ဘာတို့လို ရေနွေးအိုး ဥပဒေ တို့ ဘာတို့ ပြဋ္ဌာန်းခဲ့လောက်တယ်။ ဥပမာ ရေနွေးမတည်ရ၊ သတ်မှတ်ချိန်မှာ သတ်မှတ် သလောက်ပဲတည်ရမယ်၊ တည်ရင်း မစဉ်းစားရ တို့ဘာတို့ပေါ့ဗျာ။စက်မှုတော်လှန်ရေးဆိုတာ ပညာရှင်တွေကြောင့်ပေါ်လာတာပါ။ ဒါပေမယ့် ပညာရှင်တွေက ဒီတော်လှန်ရေးဖြစ်စေ လို့ လုပ်ခဲ့တာမဟုတ်သလို အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ်ပေါ် ကောင်းစေတော့ရယ်လို့ လုပ်ခဲ့ တာမဟုတ်ပါဘူး။ဒါပေမယ့် ပေါ်ခဲ့တယ်။ အဲဒီနောက်မှာတော့ အရင်းရှင်တွေဟာ ပါလီမန်ထဲ အာဏာတွေယူလာပြီး အရင်းရှင်တွေကို ကာကွယ်မယ့် ဥပဒေအမျိုးမျိုးကိုေ၇းဆွဲပြဋ္ဌာန်း ကြပြန် ပါလေရော။ အရင်းရှင် စနစ်မှာ အရင်းရှင်က အဓိက အခရာပါ။ ဒီတော့ သူ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးတဲ့ အစိုးရ၊ ပါလီမန်၊ စစ်တပ်တို့နဲ့ တည်ဆောက်လာကြတယ်။ ထုံးစံအတိုင်း ပြည်သူတွေကတော့ နင်းပြားပါ။ ကျနော်တို့ သမိုင်းမှာ သင်ခဲ့ရတဲ့ ရေနံမြေအလုပ်သမားတွေလို အလုပ်ချိန် ၁၂ နာရီထိခိုင်းတာ၊ မ၀တ၀ လစာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုတွေ နဲ့ လူအများအပြားဟာ ဆင်းရဲတွင်းနက်ခဲ့ရတယ်။ အလုပ်သမားတွေရဲ့ ကလေးအများစု ဟာ ပညာကောင်းကောင်းသင်ခွင့်မရခဲ့ဘူး။ ဒီတော့ အရွယ်ရောက်လာရင် အလုပ်သမားပဲပြန်ဖြစ်ကြပေါ့။ သမိုင်းဆိုတာ သေချာနားလည် သဘောပေါက်အောင်လေ့လာမယ်ဆိုရင် စာနာစိတ်ကလေးနဲ့ လေ့လာဖို့လိုပါတယ်။ ခုခေတ် မြန်မာပြည်မှာ ပြည်သူအများစု ဟာ ဆင်းရဲတွင်းနက်နေကြတယ်။ မိန်းကလေးငယ်လေးတွေ ဘ၀တွေပျက်ကြရတဲ့အထိ အဖြစ်ဆိုးတွေ ကြုံနေရတယ်။ လူငယ်လေး တွေဟာ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်နေရတယ်။ ဒါပေမယ့် ဘ၀အာမခံချက်ဘာမှ မရှိဘူး။ ဒီလိုပဲ အတတ်ပညာရှင်၊အသိပညာရှင်တွေဟာလည်း ငွေကြေးရင်းနှီးလုပ်ကိုင်နေသူတွေလောက် အခွင့် အရေးမရကြဘူး။ ဘယ်လိုလူတွေက ဘယ်လို အာဏာတွေ၊ ဘယ်လိုစည်းစိမ်တွေနဲ့ ဘယ်လို အခွင့်ကောင်းယူ အမြတ်ထုတ်ပြီး ဘယ်သူတွေက ကာကွယ်ပေးနေသလဲ ဆိုတာ သမိုင်းနဲ့ ယှဉ်ပြီးဆင်ခြင်ပါ။သမိုင်းအဆက်ဆက် ဥပဒေပြုခွင့်တွေ၊ အုပ်ချုပ်ခွင့်အာဏာတွေ၊ တရားစီရင်မှုတွေကို လူတန်းစားတရပ်ကသာ ချုပ်ကိုင်ထားပြီး၊ အာဏာနဲ့ စည်းစိမ်ချမ်းသာမှုကို လူတန်းစားတရပ်၊ အလွှာ တခုကသာ ချုပ်ကိုင်ထားပြီး ပြည်သူအများစုဟာ ဆင်းရဲနိမ့်ပါး ဖိနှိပ်ခံခဲ့ရတာ ခုချိန်ထိ မလွတ် မြောက် သေးပါဘူး။ အရင်းရှင်တွေဟာ အစွန်းရောက်ဖိနှိပ်မှုအပြင် ဘယ်လောက်ထိ လူသားချင်းစာနာစိတ် ကင်းမဲ့ခဲ့သလိုဆို ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကာလမှာ အလျှံပယ်သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ၊ ဂျုံအိတ်တွေကို နောက်တရာသီပေါ်တဲ့အချိန်မှာဈေးကျမှာ စိုးလို့ ပင်လယ်ထဲ စွန့်ပစ်တဲ့ အထိ ရိုင်းပျခဲ့တယ်။ အဲဒီအချိန်မှာ ဈေးကွက်ထဲ ဂျုံဈေးနှုန်းတွေက အရမ်းမြင့်မားနေတော့ ဆင်းရဲသား ပြည်သူအများစု ၀ယ်မစားနိုင်ခဲ့ဘူး။ အရင်းရှင်တွေ ကုန်ကြမ်းရဖို့နဲ့ ကုန်ချောပြန်ရောင်းဖို့ ကိုလိုနီစနစ်ပေါ်လာတာကိုတော့ အကျယ်တ၀င့်ရေးမနေတော့ပါဘူး။ သင်ရိုးညွှန်းတမ်းမှာလည်း အပ်ကြောင်းထပ်အောင် သင်ခဲ့ပြီးသားပါ။ လူတွေ ငတ်မွတ်ခေါင်းပါးနေတာကို လျစ်လျူရှုပြီး အမြတ်ရဖို့ အဓိကသာ မောင်းနှင်ခဲ့တဲ့ အရင်းရှင်စနစ်ဟာ အဆုံးစွန် ရိုင်းပျခဲ့တာကတော့ နာဇီတွေ၊ ဖက်ဆစ်တွေပေါ်လာတဲ့ အထိဖြစ်ခဲ့ပါတယ်။ ကားလ်မာ့ခ်စ် ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေကို လက်တဆုပ်စာလူတန်းစားတရပ်ကပဲ ခေတ်အဆက်ဆက် ကိုင်တွယ်ခဲ့ပြီး သူတို့ကိုယ်ကျိုးစီးပွားကို ကာကွယ်တဲ့ဥပဒေတွေနဲ့ ပြည်သူလူထုအများစုကို ဖိနှိပ်ခဲ့တာကို တန်ပြန်တဲ့အနေနဲ့ ပြည်သူလူထုဟာ အာဏာကို လက်ဝယ်ရရင် ဘယ်တော့မှ လူတန်းစားတရပ်လက်ထဲကိုပြန်မရောက်အောင် ဆိုပြီး တပါတီစနစ်ကို ရေးဆွဲခဲ့တယ်။ ဒါပေမယ့် ကားလ်မာ့ခ်စ် ရဲ့ တပါတီစနစ်ဟာ အာဏာရှင်စနစ် မဟုတ် ဘူး။ ပါတီတွင်း လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်တွေ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆို ခွင့် တွေ အပြည့်ပါတယ် ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ထားတဲ့ တပါတီစနစ်ပဲဖြစ်ပါတယ်။ ဆရာဦးစိန်ဝင်း ဆိုလိုချင်တာလည်း အဲဒီ သဘောပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါကလည်း ထုံးစံအတိုင်း စာအုပ်ထဲမှာ ပဲ ရှိပါတယ်။(မမေ့ဖို့က ကားလ်မာ့ခ်စ် ကိုယ်တိုင် ဘယ်တော်လှန်ရေးမှာမှ မပါခဲ့ဘူး) တကယ့်တကယ်တမ်း လူတွေက အာဏာနဲ့ထိတွေ့တဲ့အခါ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ရှိလာတဲ့အခါ အဲဒီတပါတီစနစ်ဟာ ကြောက်စရာအကောင်းဆုံး အာဏာရှင်စနစ်ကို ပြန်မွေးထုတ်ပြန်တော့တာပါပဲ။ အရင် ဆိုဗီယက်တို့ ၊ တရုတ်တို့မှာ ခေါင်းဆောင်ကြီးဆို ဧရာမဓါတ်ပုံကြီးတွေနဲ့ လူတွေကလည်း ဘယ်တော့မှ ထမင်းမ၀တဲ့ ရှုသိုးသိုး မျက်နှာကြီးတွေနဲ့ မှတ်မိကြဦးမှာပါ။ ကျနော်ကတော့ ဒီလူကြီးတွေမျက်နှာ ကို မှတ်မိနေသေးတယ်။ ဆိုဗီယက် က ဘရက်ဇညက်တို့၊ မော်စီတုန်းတို့၊ မဆလက ဦးစန်းယုတို့ အမြဲတမ်း ရှုတည်တည် မျက်နှာကြီး တွေလေ။ လူတဦးချင်းတယောက်ချင်း ပုဂ္ဂလိက လွတ်လပ်ခွင့်တွေ ဆိပ်သုဉ်းပြန်တော့ အဲဒီတော်လှန် ရေး ဆိုတာကြီးတခါ ကျဆုံးပြန်တာပေါ့။ ဒီလိုနဲ့ ကမ္ဘာကြီးဟာ စနစ်တွေ အမျိုးမျိုးပြောင်းပြီး ခုထိ ပြည်သူအများစုရဲ့ ဘ၀တွေကတော့ မကောင်းသေးပါဘူး။ ခု အရင်းရှင်စနစ်ကနေ အမျိုးမျိုး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ထားတဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာ နဲ့ ဒီမိုကရေစီ စနစ်နဲ့ ကမ္ဘာကို ပဲထိန်း မောင်းနှင်နေပါတယ်။ဈေးကွက်စီးပွားရေးဆိုတာ အရင်းရှင်စီးပွားရေးလုံးဝ မဟုတ်ပါဘူး။ အရင်း ရှင် စီးပွားရေး ဟာ အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ်ကိုသာ ကိုယ်စားပြုတည်ဆောက်ထားတဲ့စနစ်ပါ။ ဈေးကွက်စီးပွားရေးမှာတော့ ဈေးကွက်သာ ပဓါနကျတဲ့စနစ်ပါ။ ဒါဆိုဈေးကွက်ဆိုတာ ဘာလဲ လို့ မေးခွန်းထုတ်ကြည့်ပါ။ ဘောဂဗေဒမှာ ဈေးကွက်ဆိုတာ လူ တွေ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ Market is people.တဲ့။ ဒီတော့ ဈေးကွက်စီးပွားရေးဟာ လူတွေ တနည်းအားဖြင့် စားသုံးသူပဓါန စီးပွား ရေးစနစ် လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒီတော့ ရှင်းပြီပေါ့။ ဈေးကွက်လိုအပ်ချက်က ဘာလဲ ဆို.. စားသုံးသူတွေဟာ အကောင်းဆုံးအရည်အသွေးကို၊ အချိုသာဆုံးဈေးနှုန်းနဲ့၊ ပေါပေါများများ လွယ်လွယ်ကူကူ ၀ယ်ချင် ပါတယ် တဲ့။ အဲဒါ ခေတ်အဆက်ဆက် စားသုံးသူတွေရဲ့ လိုအပ်ချက်ပါပဲ။ ဒါကိုပဲ အဓိကထား ယှဉ်ပြိုင ထုတ်လုပ် နေ၊ ရောင်းချနေရတာပါ။ ကုန်စည်တွေကိုမှ ဒါမျိုးလိုချင်တာမဟုတ်ဘူး။ လူတွေရဲ့ဆန္ဒက နယ်ပယ် အသီးသီးမှာ ၀န်ဆောင်မှုအပါအ၀င် နယ်ပယ်အသီးသီးမှာလည်း အဲဒီ စံသတ်မှတ်ချက် အတိုငးပဲ လိုချင်ပါတယ်။ ဘယ်အထိ လိုချင်သလဲ ဆိုရင် အုပ်ချုပ်တဲ့ စနစ်၊ အုပ်ချုပ်တဲ့အစိုးရကိုလည်း အဲဒီ လိုပဲ လိုချင်ပါတယ်။ အစိုးရဆိုတာ ဟိုလိုနေ၊ ဒီလိုနေ အမိန့်တွေ ပေးပြီး ကန့်သတ်မယ့် လူမျိုးတွေကို မလိုချင်တော့ဘူး။ ကျနော်တို့လိုချင်တဲ့အစိုးရဟာ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီလို အဖွဲ့အစည်းမျိုးပဲလိုချင်တယ်။ လွယ်လွယ်ကူကူ ဥပမာ တခုပေးပါမယ်။ လှိုင်သာယာ က အက်ဖ်အမ်အိုင်မြို့ မှာ နေကြည့်ပါ။(အရင်တုန်းက ခုတော့ နည်းနည်းမကောင်းတော့ဘူးပြောတယ်) မြို့ထဲဝင်လာတာနဲ့ ခင်ဗျားဟာ မြို့နေမြို့သူမြို့သားဆိုတာနဲ့ လုံခြုံရေးဝန်ထမ်းက ခင်ဗျားကို အလေးပြုပြီး ၀င်းတံခါးဖွင့်ပေးမယ်။ ခင်ဗျားအိမ်ရှေ့မှာ ရေမ၀ပ်စေရဘူး၊ လမ်းမီးတွေလင်းရမယ်။ အမှိုက်မရှိစေရဘူး။ တကယ်လို့ အမှိုက်တွေ့ရင်၊ လမ်းမီးမလင်းရင်၊ ရေ၀ပ်နေရင် အဲဒီ မြို့အုပ်ချုပ်တဲ့ ကော်မီတီကို ခင်ဗျား ဖုန်းနဲ့လှမ်းဆဲလို့ရတယ်။ သူတို့ ချက်ခြင်း လာပြီးဝန်ဆောင်မှုပေးမယ်။ တောင်းပန်မယ်။ ခင်ဗျားဘက်က လိုတာက လစဉ်ကြေးမှန်မှန်ပေးဖို့ပါပဲ။ အရင် အက်ဖ်အမ်အိုင်မှာ လူနေကျဲတုန်းက မြို့ကော်မီတီဟာ စည်းကမ်းအမျိုးမျိုးနဲ့နေထိုင်သူတွေကို ကန့်သတ်ခဲ့တယ်။ ဆေးအရောင်မသုတ်ရ၊ မြို့ထဲမှာ ဆိုင်မဖွင့်ရ၊ တချို့ မုန့်ဟင်းခါးဆိုင်လေးဘာလေး ကိုယ့် အိမ်ထဲ ဖွင့်ရင် လုံခြုံရေးက လာပြီး ဆိုင်ကို သိမ်းသွားတာမျိုးတွေ ရှိခဲ့တယ်။ တဖြည်းဖြည်း လူနေစိတ်လာ တဲ့အခါမှာတော့ မြို့နေတွေက မြို့မိမြို့ဘများကော်မီတီဆိုတာ ဖွဲ့ပြီး အဲဒီ မြို့သာယာရေးကော်မီတီနဲ့ အပြိုင် စကားပြောလာတယ်။ ငါတို့ဆိုင်တွေဖွင့်မယ် ကအစ ပေါ့။ ခုတော့ အက်ဖ်အမ်အိုင်ဟာ လမ်းတိုင်းမှာ ဆိုင်တွေနဲ့ စည်လို့ကားလို့။ အဲဒါ ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံပါ။ဒီမိုကရေစီ စနစ်မှာ၊ ဈေးကွက်စီးပွားရေးဟာ အင်မတန်မှ သဟဇာတ စနစ်ဖြစ်တယ်။ (စစ်ဖို့တော့ လိုပါသဗျာ)။ ပြည်သူလူထုရဲ့ အဆုံးစွန်သော အန္တိမလိုချင်တဲ့ အစိုးရပုံစံကတော့ အစိုးရမလို၊ စည်ပင်သာယာပဲ လိုတယ် ဆိုတာပါပဲ။ ကျနော်တို့ကို ဟိုဟာလုပ်၊ ဒီဟာလုပ် အမိန့်ပေးတဲ့အစိုးရမျိုးကို မလိုချင်ဘူး။ ကျနော်တို့ လိုချင်တာကို ဖြည့်ဆည်းပေးမယ့် အဖွဲ့အစည်းပဲ လိုချင်တယ်။ စိတ်တိုင်းမကျရင် အချိန်မရေးဖြုတ်လို့ရရမယ်။ နောက်တဖွဲ့ကို စမ်းခန့်ကြည့်မယ်။ အကောင်းဆုံးဝန်ဆောင်မှု၊ အကောင်းဆုံးပြည်သူ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ အဖွဲ့အစည်းဟာ အစိုးရသက်တမ်းကြာမှာပဲ။ အဲဒါ အတိုင်းတိုင်းအပြည်ပြည်က ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရည်မှန်းချက်ပဲ ဖြစ်ပါကြောင်းဗျာ။ ။ ချိုတူးဇော်

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment