Monday, 4 July 2011

[Big Brothers & Sisters] မှတ်သားသင့် လေ့လာဖတ်ရှုသင့်ကြသည်။

မှတ်သားသင့် လေ့လာဖတ်ရှုသင့်ကြသည်။ လောကီရေး။ လူမှု ရေး ။ နိုင်ငံရေး တို့တွင် ဘာသာရေးအား အဓိကထားရပေမည်။ ဘာသာရေးနှင့် ကင်းသော လောကီရေး လူသားရေးများသည် ။ လောဘ ။ ဒေါသ ။ မောဟ များကြောင့် ပျက်စီးဆုံးရှုံးရသည်။ မသိသူ ကျော်သွား သိသူဖေါ်စား ဆိုသည့်အတိုင်း နိုင်ငံရေးပညာတွင် မြှုပ်ကွက်ဖြစ်နေသော ယဉ်ကျေးမှု ပိုင်းဆိုင်ရာ သဒါတရားအမှန် အကန်တို့သည်သာ -တိုးတက် ပြောင်းလွဲတတ်သည့် -သဘောတရားအမှန် အလုပ်အမှန်သို့ ရောက်မည်သာဖြစ်သည်။                 ကိုယ်ပိုင်ဘ၀တခု၏ စစ်မှန်သော အနိမ့်အမြင့်၊ ဘ၀များစွာတို့၏ အနိမ့်အမြင့်သည် ကိုယ်ရည် ကိုယ်သွေး၊ စိတ်ရည်စိတ်သွေးနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ကိုယ်ရည်ကိုယ်သွေးဟူသည် လုပ်ရည်ကိုင်ရည် အရည်အချင်းဖြစ်သည်။ ထိုအရည်အချင်းသည် ဥာဏ်ရည်ဥာဏ်သွေး နှင့်လည်းဆိုင်သည်။  မည်မျှသိသနည်း။  မည်မျှတတ်သနည်း။   သိခြင်း၊  တတ်ခြင်းကြောင့်  ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်ရသည်။ ဥာဏရည်ဥာဏ်သွေး ဟူသည်မှာလည်း ဥာဏ်နီဥာဏ်နက်ကို မဆိုလို။ အဖြူရောင်ဥာဏ်၊ အလင်းရောင်ဥာဏ်ကိုသာ ဆိုလိုသည်။ အတ္တ၊ ပရ နှစ်ဝကောင်းကျိုး မီးမောင်းထိုးပြနိုင် သော ဥာဏ်ကိုသာ ဆိုလိုသည်။        စိတ်အရောင်အား ပြောင်းလဲစေရေးသည် သဒါ တရားသာဖြစ်သည် ဘာသာအယူဝါဒ နှင့် နီးစပ် မှု ဆက်စပ်မှု ရှိပါမှ -ယုံကြည်မှု သဒါတရားကို တွေ့မြင်ရပါမည် အရောင်အမျိုးမျိုး ဖြစ်လာပြီဖြစ်သော လူ့စိတ်ကို အဖြူရောင်ပြန်ဖြစ်ရန် သဒါတရား ယုံကြည်မှုဖြစ်ပြီးမှ- လောဘ။ဒေါသ။ မာန။ တရားအား ဖြတ်နိုင်ရန် နည်းနိုင်ရန် တရားတို့ဖြင့် ဆေးကြောပြုပြင်ရပါမည်။ မှားခြင်း မှန်ခြင်း ကို နားလည်နိုင်ရန်။ ကုသိုလ် နှင့် အကုသိုလ် ကို သိရန်လိုအပ်ပါသည်။ ထိုမှတဆင့် အကုသိုလ်၏ ဒုစရိုက်တရား ကုသိုလ်၏ သုစရိုက်တရားက ခွဲပေးလိမ့်မည်။ ဒုစရိုက်-၁၀-ပါးတွင် ကာယ ဒုစရိုက် (ပါး) ၀စီ ဒုစရိုက် -(၄)ပါး -မနောဒုစရိုက်-(၃)ပါး တွင်-မနောဒုစရိုက်-(၃)ပါးသည် အဒိက ဖြစ်သည်။ အဘိဇာ-ဗျာဗါဒ- မိ စ္ဆာဒိဌိ- ဖြစ်သည်။ မိမိရရှိပြီး၊ ပိုင်ဆိုင်ပြီး စည်းစိမ်ဥစ္စာများ သူတပါးတို့နှင့် ဆက်ဆံသွားမည်ကို လည်းကောင်း၊ အကြောင်းတစ်စုံတစ်ခုကြောင့် မိမိပိုင်ဆိုင်မှု ဆုံးရှုံးသွား၍ သူတပါးလက်သို့ ရောက်ရှိသွားမည်ကို လည်းကောင်း တွေးတောစိုးရိမ်၍ စိတ်မချမ်းမသာ ဖြစ်မှုသည် ရရှိပိုင်ဆိုင်ပြီး စည်းစိမ်ကို စွဲ၍ မစြွရိယ ဖြစ်ခြင်းတည်း။          ၄င်းသည် အဘိဇာ တရားဖြစ်သည် အဘိဇာ ကြောင့် စိုးရိမ်ကြေင့်ကျ မှုဖြစ်ရ၏ ထိုကြောင့်  ဣသာမစွိရိယ သည်ဖြစ်ရ၏  ကိုယ်ပိုင်ဟု ခံယူထားသော ကိုယ့်ပစ္စည်း၊ ကိုယ့်ဥစ္စာ၊ ကိုယ့်ရပိုင်ခွင့်၊ ကိုယ့်လုပ်ပိုင်ခွင့်ကို မမျှလို၊ မဝေလို၊ မစွန့်လို၊ မပေးလို၊ နှမြောတွန့်တိုနေခြင်းသည် လာဘမစြွရိယဖြစ်သည်။ ဂုဏ်သတင်း ကျော်စောခြင်းနှင့်စပ်၍ ကိုယ့်လို သူများကို မဖြစ်စေခြင်တာ ၀ဏ္ဍမစြွရိယ ဖြစ်သည်။ ကိုယ်တတ်သလို သူများကို မသိမတတ်စေချင်တာ ဓမ္မမစြွရိယ ဖြစ်သည်          စိုးရိမ် ကြောင့်ကြခြင်းမှန်သမျှသည် လည်း ဗျာဗါဒ တရားကို ဖြစ်စေသည်။  ထိုထိုသော အကြောင်းတရားများကြောင့်  စိတ်၏ မဖြူစင် ခြင်း မနာလိုခြင်း စိုးရိမ်ခြင်း ။ညှိုးငယ်ခြင်း သိမ်ငယ်ခြင်း အကုသိုလ်စိတ် မှန်သမျှသည်သာ အဘိဇာ ဗျာဗါဒ  မိစ္ဆာဒိဌိ  ဆိုသော  မနော-ဒုစရိုက် (၃)ပါးကိုဖြစ်သည်။                                                                        တရားဖြင့် ဆေးကြောခြင်းသည်သာ မွန်မြတ်လှ၏
UZa Wana 05 July 02:13
မှတ်သားသင့် လေ့လာဖတ်ရှုသင့်ကြသည်။
လောကီရေး။ လူမှု ရေး ။ နိုင်ငံရေး တို့တွင် ဘာသာရေးအား အဓိကထားရပေမည်။
ဘာသာရေးနှင့် ကင်းသော လောကီရေး လူသားရေးများသည် ။ လောဘ ။ ဒေါသ ။ မောဟ များကြောင့် ပျက်စီးဆုံးရှုံးရသည်။
မသိသူ ကျော်သွား သိသူဖေါ်စား ဆိုသည့်အတိုင်း နိုင်ငံရေးပညာတွင် မြှုပ်ကွက်ဖြစ်နေသော ယဉ်ကျေးမှု ပိုင်းဆိုင်ရာ သဒါတရားအမှန်
အကန်တို့သည်သာ -တိုးတက် ပြောင်းလွဲတတ်သည့် -သဘောတရားအမှန် အလုပ်အမှန်သို့ ရောက်မည်သာဖြစ်သည်။

ကိုယ်ပိုင်ဘ၀တခု၏ စစ်မှန်သော အနိမ့်အမြင့်၊ ဘ၀များစွာတို့၏ အနိမ့်အမြင့်သည် ကိုယ်ရည် ကိုယ်သွေး၊ စိတ်ရည်စိတ်သွေးနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ကိုယ်ရည်ကိုယ်သွေးဟူသည် လုပ်ရည်ကိုင်ရည် အရည်အချင်းဖြစ်သည်။ ထိုအရည်အချင်းသည် ဥာဏ်ရည်ဥာဏ်သွေး နှင့်လည်းဆိုင်သည်။ မည်မျှသိသနည်း။ မည်မျှတတ်သနည်း။ သိခြင်း၊ တတ်ခြင်းကြောင့် ဥာဏ်ရည်
ဥာဏ်သွေး ထက်မြက်ရသည်။ ဥာဏရည်ဥာဏ်သွေး ဟူသည်မှာလည်း ဥာဏ်နီဥာဏ်နက်ကို မဆိုလို။ အဖြူရောင်ဥာဏ်၊ အလင်းရောင်ဥာဏ်ကိုသာ ဆိုလိုသည်။ အတ္တ၊ ပရ နှစ်ဝကောင်းကျိုး မီးမောင်းထိုးပြနိုင် သော ဥာဏ်ကိုသာ ဆိုလိုသည်။
စိတ်အရောင်အား ပြောင်းလဲစေရေးသည် သဒါ တရားသာဖြစ်သည် ဘာသာအယူဝါဒ နှင့် နီးစပ် မှု ဆက်စပ်မှု ရှိပါမှ -ယုံကြည်မှု
သဒါတရားကို တွေ့မြင်ရပါမည် အရောင်အမျိုးမျိုး ဖြစ်လာပြီဖြစ်သော လူ့စိတ်ကို အဖြူရောင်ပြန်ဖြစ်ရန် သဒါတရား ယုံကြည်မှုဖြစ်ပြီးမှ-
လောဘ။ဒေါသ။ မာန။ တရားအား ဖြတ်နိုင်ရန် နည်းနိုင်ရန် တရားတို့ဖြင့် ဆေးကြောပြုပြင်ရပါမည်။
မှားခြင်း မှန်ခြင်း ကို နားလည်နိုင်ရန်။ ကုသိုလ် နှင့် အကုသိုလ် ကို သိရန်လိုအပ်ပါသည်။ ထိုမှတဆင့် အကုသိုလ်၏ ဒုစရိုက်တရား
ကုသိုလ်၏ သုစရိုက်တရားက ခွဲပေးလိမ့်မည်။ ဒုစရိုက်-၁၀-ပါးတွင် ကာယ ဒုစရိုက် (ပါး) ၀စီ ဒုစရိုက် -(၄)ပါး -မနောဒုစရိုက်-(၃)ပါး
တွင်-မနောဒုစရိုက်-(၃)ပါးသည် အဒိက ဖြစ်သည်။ အဘိဇာ-ဗျာဗါဒ- မိ စ္ဆာဒိဌိ- ဖြစ်သည်။
မိမိရရှိပြီး၊ ပိုင်ဆိုင်ပြီး စည်းစိမ်ဥစ္စာများ သူတပါးတို့နှင့် ဆက်ဆံသွားမည်ကို လည်းကောင်း၊ အကြောင်းတစ်စုံတစ်ခုကြောင့် မိမိပိုင်ဆိုင်မှု ဆုံးရှုံးသွား၍ သူတပါးလက်သို့ ရောက်ရှိသွားမည်ကို လည်းကောင်း တွေးတောစိုးရိမ်၍ စိတ်မချမ်းမသာ ဖြစ်မှုသည် ရရှိပိုင်ဆိုင်ပြီး စည်းစိမ်ကို စွဲ၍ မစြွရိယ ဖြစ်ခြင်းတည်း။
၎င်းသည် အဘိဇာ တရားဖြစ်သည် အဘိဇာ ကြောင့် စိုးရိမ်ကြေင့်ကျ မှုဖြစ်ရ၏ ထိုကြောင့်

ဣသာမစွိရိယ သည်ဖြစ်ရ၏

ကိုယ်ပိုင်ဟု ခံယူထားသော ကိုယ့်ပစ္စည်း၊ ကိုယ့်ဥစ္စာ၊ ကိုယ့်ရပိုင်ခွင့်၊ ကိုယ့်လုပ်ပိုင်ခွင့်ကို မမျှလို၊ မဝေလို၊ မစွန့်လို၊ မပေးလို၊ နှမြောတွန့်တိုနေခြင်းသည် လာဘမစြွရိယဖြစ်သည်။ ဂုဏ်သတင်း ကျော်စောခြင်းနှင့်စပ်၍ ကိုယ့်လို သူများကို မဖြစ်စေခြင်တာ ၀ဏ္ဍမစြွရိယ ဖြစ်သည်။ ကိုယ်တတ်သလို သူများကို မသိမတတ်စေချင်တာ ဓမ္မမစြွရိယ ဖြစ်သည်

စိုးရိမ် ကြောင့်ကြခြင်းမှန်သမျှသည် လည်း ဗျာဗါဒ တရားကို ဖြစ်စေသည်။ ထိုထိုသော အကြောင်းတရားများကြောင့်

စိတ်၏ မဖြူစင် ခြင်း မနာလိုခြင်း စိုးရိမ်ခြင်း ။ညှိုးငယ်ခြင်း သိမ်ငယ်ခြင်း အကုသိုလ်စိတ် မှန်သမျှသည်သာ အဘိဇာ ဗျာဗါဒ မိစ္ဆာဒိဌိ ဆိုသော မနော-ဒုစရိုက် (၃)ပါးကိုဖြစ်သည်။

တရားဖြင့် ဆေးကြောခြင်းသည်သာ မွန်မြတ်လှ၏

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment